Sunday, 29 January 2012 14:19 |
“လတ်တလော အခြေအနေမှာ အီးယူကတော့လာမယ့် ဧပြီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အနေအထား ကို ကြည့်ပြီး စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ ပြောနေကြတာရှိပါတယ်။ အခုဆို နော်ဝေ က ၀င်လာပြီဆိုတော့ တခြားအီးယူ နိုင်ငံတွေလည်း ၀င်လာဖို့ကြိုးစားတာရှိမှာပဲ။ ပြည်တွင်းမှာ ငွေကြေး လဲလှယ်နှုန်း အမျိုးမျိုးဖြစ်နေတဲ့ ကိစ္စတွေကိုလည်း မကြာခင် ပြင်ဆင်သွားမယ်လို့ သိရတယ်ဆိုတော့ လက်ရှိ အခြေအနေအတိုင်း ဆက်သွားရင် မြန်မာ့စီးပွားရေး တိုးတက်လာနိုင်ပါတယ်။ ပြီးတော့ IMF ကိုယ်တိုင် မြန်မာ့စီးပွားရေးကို စိတ်ဝင်စားနေတဲ့ အပိုင်းလည်းရှိတယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောပြခဲ့သည်။ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ် တွင်မူ ကာကွယ်ရေး အသုံးစရိတ် GDP ၏ ၂၅ ရာခိုင်နှုန်းအထိ သုံးထားပြီး ပညာရေးတွင် ၄ ရာခိုင်နှုန်းနှင့် ကျန်းမာရေးတွင် ၁ ဒသမ ၄ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ကြောင်း သိရှိရသည်။ ထို့အတူ တစ်ဒေါ်လာပေါက်ဈေး ခြောက်ကျပ်အစား ကျပ် ၈၀၀ နှင့် ပြင်ဆင်သတ်မှတ်သည့် ကိစ္စနှင့် ပတ်သက်၍လည်း အဆင်ပြေသွားမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ဒုတိယ ဥက္ကဋ္ဌဦးသန်းလွင်က ပြောပြခဲ့သည်။ “အရင်တုန်းက ခြောက်ကျပ်နဲ့လဲနေရာကနေ တရားဝင်လဲလှယ်နှုန်းကိုကျပ် ၈၀၀ နဲ့ လဲလှယ်မယ်ဆိုတော့ ဘက်ဂျက်အပေါ်မှာတော့ သက်ရောက်မှုရှိလိမ့်မယ်။ ဗဟိုဘဏ်ကလည်းဝင်ပြီး ထိန်းကျောင်းဖို့ လိုလိမ့်မယ်။ IMF အပြင် တခြား ပညာရှင်တွေရဲ့အမြင်ကိုလည်း ယူသွားဖို့ရှိပါတယ်။ အခုလည်း ဈေးကွက်ထဲမှာ ကျပ် ၈၀၀ နဲ့ပဲလည်ပတ်နေတာ ဆိုတော့လာမယ့် ဘဏ္ဍာရေးနှစ် အစလောက်မှာတော့ အဆင် ပြေသွားလိမ့်မယ်လို့ ယူဆပါတယ်”ဟု ဦးသန်းလွင်က ပြောပြခဲ့သည်။ |
Popular Posts!
-
စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ ( အခမဲ့ ) သင်တန်း V ...
-
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ VOA တွေ့ဆုံမေးမြန်းခန်း နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာဘယ်သူဆီမှာရှိ့သလဲအတိအကျအထောက်အထားနဲ့တကွရှင်းပြထားတဲ့ေ...
-
ကမ္ဘာကျော် Internet Muti -Level Marketing Advertising နည်းလေးတွေပါ... အခုနာမည်ကျော် facebook နှင့် Google တွေမှာလဲ သုံးနေတဲ့ နည်းတွေပါ...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
အမျိုးသမီး သတင်းထောက် တယောက် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသဖြင့် ဆန္ဒပြနေကြသော အာသံပြည်နယ် ဓာတ်ပုံ သတင်းထောက်များ အသင်းမှ အဖွဲ့ဝင်များ (ဓာတ်...
-
သမတ အိုဘားမား မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ခန်းမတွင် အာဆီယံ လူငယ်ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ – Reuters)...
-
**** တစ်နိုင်တစ်ပိုင် သောက်ရေစစ်နည်း **** ဤနည်းသည် ရေရှားသော အရပ်ဒေသများတွင် အသုံးပြုရန် အသင့်တော် ဆုံးသော နည်းဖြစ်ပါသည်။ ရေ(အ၀ါရေ...
-
အွန်လိုင်းတွေမှာဈေးရောင်းကြည့်ရအောင်! ကဲ! အွန်လိုင်းကအပေါင်းအသင်းများအတွက်ဝမ်းသာစရာလေးတခုလေးပါဘဲ? အွန်လိုင်းပေါ်က မိမိရဲ့ကိုယ်ပိုင...
Tuesday, January 31, 2012
အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက်ပေါက်ဈေး ဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်
Subscribe to:
Post Comments (Atom)
1 comment:
တရားဝင်ဒေါ်လာနှုန်း ၈၀၀(အဆပေါင်း၇၀၀ ကျော်ကွာတာ) နှင့် အခွန် % တက်တာနှင့် အားလုံးဈေးတက်ကုန်ပြီးပေါ့
Post a Comment