သေဘာၤသားမ်ားအား ကားတင်သွင်းပေးမှုတွင် အကျိုးဆောင် ပေးသူ အချို့ တွက်ချေမကိုက်
တရားဝင် သတ်မှတ်ချက်များနှင့် ကိုက်ညီ သည့် နိုင်ငံခြား သင်္ဘောသား များအား ကားတင်သွင်း ရန် အကျိုး ဆောင် ပေးသူအချို့တွက်ချေ မကိုက်ဖြစ် နေကြောင်း အဆိုပါ အကျိုးဆောင်များ ထံမှ သိရသည်။
လက်ရှိတွင် မော်တော်ယာဉ် တင် သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ က သတ်မှတ်ချက် များနှင့် ကိုက်ညီပြီး ဘဏ်စာရင်းတွင် အနည်းဆုံး အမေရိ ကန်ဒေါ်လာ ၁၀,၀၀၀နှင့်အထက်ရှိ သော နိုင်ငံခြား သင်္ဘောသားများကို ၂၀၀၇ မော်ဒယ်မှ ၂၀၁၂ မော်ဒယ် အထိ ဘယ်မောင်း၊ ညာမောင်းကန့် သတ်ချက် မထားဘဲ တင်သွင်းခွင့်ပြု ထားကြောင်း၊ သင်္ဘောသား များ အတွက် ယာဉ်အစီး ရေ ၃,၀၀၀ အထိ တင်သွင်း ခွင့်ပြုမည်ဖြစ်ပြီး ဇန်န၀ါရီလ ဆန်းမှစ၍ ဒေါပုံမြို့နယ် ရှိသင်္ဘောသား အလုပ် အကိုင်ကြီးကြပ်ရေး ရုံးသို့ သတ် မှတ်ချက်များနှင့် လာရောက် လျှောက် ထားခွင့်ပြုခဲ့ရာ ဇန်န၀ါရီ ၂၆ ရက်တွင် သတ်မှတ် လျှောက်ထားခွင့်ရှိ သည့် အစီး ရေ ၃,၀၀၀ အတွက်ပြည့်မီသွားပြီးဖြစ် ကြောင်း သိရှိရသည်။
“အခု တချို့သင်္ဘောသားတွေက ကားသွင်းဖို့ ဘဏ်စာအုပ်မှာ သတ်မှတ် ထားတဲ့ ဒေါ်လာ ၁၀,၀၀၀ မရှိဘူး၊ ဒါပေမဲ့ အကျိုးဆောင်တွေက တရားဝင် သင်္ဘောသားဖြစ်ကြောင်း အခွန်ဆောင် ပြီးတဲ့ စာအုပ်ပါ လာရင် ဘဏ်ထဲကို ဒေါ်လာ ၁၀,၀၀၀ Money Changer ကနေ၀ယ်ပြီးထည့်ပေးတယ်။ ပြီးရင် လျှောက်ပေးတယ်။ SECD ကလျှောက် လွှာလက်ခံ ထားပြီဆိုရင် ကားသွင်းခွင့် အတွက် စီးပွား ကူးသန်း သွားလျှောက် ပေးတယ်။ တင်သွင်းခွင့် စလစ်ကျပြီဆို ရင် အဲဒီစလစ် တစ်စောင်က အခုသိန်း ၆၀ အထက်မှာ ပေါက်ဈေးရှိတယ်။ အခု အကျိုးဆောင် တွေက သင်္ဘောသား တွေဆီမှ သင်္ဘောသား ဖြစ်ကြောင်း သက်သေခံအခွန် ဆောင်ထားတဲ့ စာအုပ်ရှိတယ် ဆိုတာနဲ့တင် အခု ၁၆ သိန်းလောက် ပေါက်ဈေးရှိတယ်။ ဒီတော့ သင်္ဘောသားကို ၁၆ သိန်းပေး ပြီး စလစ် ရအောင်လိုက်လုပ်ပြီး ကား သွင်းချင်တဲ့သူ ဆီကိုပြန်ရောင်း တာပေါ့ ဗျာ၊ အခုက အကျိုးဆောင် တချို့က စာရွက်အကြမ်းကို ၁၆ သိန်းနဲ့ ၀ယ်ထား ပြီး ပြန်လျှောက်တဲ့ အခါ သတ်မှတ်ထား တဲ့ ၃,၀၀၀ ပြည့်သွားတော့ လျှောက် လို့မရတော့ဘူး၊ အဲ့ဒီတော့ ၀န်ဆောင် စရိတ်တွေအပါ သိန်း ၂၀ လောက်ရှုံး ကုန် တာပေါ့”ဟု အကျိုးဆောင်တစ်ဦး က ရှင်းပြသည်။
“ကျွန်တော် ကတော့ စာရွက် အကြမ်းရောင်းဖို့ လုပ်ထားတာအဆင် မပြေသေးဘူး၊ ပွဲစားကအခုထပ် လျှောက်လို့ရ မရမကျိန်းသေသေး တော့ မ၀ယ်တော့ဘူးပြောတယ်၊ ကျွန်တော် ကကိုယ်တိုင်ကားသွင်းဖို့ မဟုတ်ဘူး”ဟု နိုင်ငံခြား သင်္ဘောသားတစ်ဦးက ဆို သည်။ အချို့သော သင်္ဘောသားများ အနေဖြင့် အမှန်တကယ် အသုံးပြုရန် လျှောက်ထားသူများလည်းရှိကြောင်း၊ အချို့သော သင်္ဘောသားများအနေဖြင့် ကားသွင်းခွင့် စလစ်ကိုတစ်ဆင့် ပြန် ရောင်းရန် ရည်ရွယ်ပြီး အကျိုးဆောင် များနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ခြင်း များလည်းရှိကြောင်း၊ အချို့ကားတင် သွင်းသည့် ကုမ္ပဏီများ ကလည်း ဘဏ် စာရင်းတွင် ဒေါ်လာ ၁၀,၀၀၀ မရှိသည့် သင်္ဘောသား များကို ဘဏ်စာရင်း တွင် ငွေထည့်ပေးပြီး ကားသွင်းခွင့်ရရှိရန် ၀န်ဆောင်ပေးမှု များလည်း ရှိကြောင်း၊ လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထား သော နိုင်ငံခြား သင်္ဘောသားများမှာ သောင်းနှင့် ချီရှိနေကြောင်း၊ တရားဝင် ဖွင့်ခွင့်ရ ကားအရောင်းပြခန်း များက လည်း ကားစလစ် ရှိသူများကို ရောင်းချ ပေးခြင်း၊ ကားတင်သွင်းခွင့် စလစ်များ ၀ယ်ယူ၍ ကားသီးသန့်ပြန်ရောင်းချ ပေးခြင်းကို ပြီးခဲ့ သည့် MCC ကားပြ ပွဲတွင်ရောင်းချပေးခဲ့ကြောင်း သိရ သည်။
ထွန်းလင်း-the myanmarpost
Popular Posts!
-
မောင်ကျေးရေ ကယ်လီဖိုးနီယား ဇန္န၀ါရ်ီလ ၅၊၂၀၁၃။ စကားဦး သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်က...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
မြင့်လှိုင်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၂ အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of America ၊ JPMorgan Chase ၊ Wells Fargo ၊ US Bank နဲ့ PNC ...
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
(၁) ဆရာသမီးကကျီးဘောင်ဖြစ်နေတာပါသမီးဂုတ်မှာဖြစ်နေတာပါ။ သမီးဆေးကုနေတာစုံနေပါပြီ။ သမီးက အရမ်း အကြောတတ်တာပဲ။ အမြဲနှိပ်နေရတယ်ဆရာ။ နည်လမ်းလေးသမ...
-
How Much Do You Need To Earn To Survive In Singapore? Do you earn enough to survive in Singapore? I did some calculations to try to fi...
-
အွန်လိုင်းပေါ်မှာ ၀င်ငွေရှာနည်းလမ်း အပိုင်း(၈) Credit@ Ko Nge ဘာဖြစ်လို့ဒီလိုအွန်လိုင်းပေါ်မှာ ၀င်ငွေရှာဖို့တောက်လျှောက်ရေးတင်...
Subscribe to:
Post Comments (Atom)
1 comment:
သိန်း၄၄ ??
Post a Comment