JACO ရဲ့ ကျောက်ကပ်တွေဟာအလုပ်မလုပ်တော့ပဲ ခြေထောက်တွေလည်းမဲပြီးတော့ ပုပ်လာပါတယ်။
Jaco Nel ဆိုတဲ့အသက် ၅၀ အရွယ်အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ခွေး Harvey နဲ့ဆော့ကစားရင်း လက်မှာ ခြစ်မိသွားတာကိုသတိထားမိပေမဲ့ ပေါ့ပေါ့လျော့လျော့နေခဲ့ပါတယ်။ နှစ်ပတ်အကြာမှာတော့ ခြေထောက်နှစ်ဖက်လုံးဖြတ်လိုက်ရပါရောလား။ ဘာကြောင့်လဲဆိုတော့ ခွေးရဲ့ သွားရည်က ရောဂါပိုးကြောင့်ပါတဲ့။ ခြေထောက်တွေတင်မက လက်ချောင်းတွေကိုပါ ဖြတ်ပစ်ရတာပါ။ ဒီရောဂါပိုးကိုတော့ Sepsis လိုခေါ်ပြီး သေလောက်အောင် နေမကောင်းဖြစ်တဲ့ အခြေအနေဖြစ်အောင် တွန်းပို့ခဲ့ပါတယ်။
“ဒီခွေးက ကျွန်တော့်ခွေးပါပဲ။ ကျွန်တော်တို့ကစားရင်းနဲ့ လက်ကိုခြစ်မိသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်ရေဆေးပြီးတော့ ပေါ့ပေါ့လျော့လျော့နေမိသွားတယ်။ ရောင်ကိုင်းလာတာမျိုး ပြည်တည်တာမျိုးလည်းမရှိဘူး ” လို့ သူကပြောခဲ့ပါတယ်။
နှစ်ပတ်အကြာ ရောဂါလက္ခဏာအပြင်းအထန်ခံစားလာရတဲ့နောက်မှာတော့ သူ့ရဲ့လက်ထောက်ကို ချိန်းထားတာတွေအကုန်လုံးဖျက်ခိုင်းပြီး အိပ်ယာထဲမှာခွေနေခဲ့ရပါတယ်။
ပထမတော့ ကိုယ်တွေပူပြီးဖျားတာပဲ ဘယ်လောက်ပဲစောင်ခြုံခြုံမနွေးလာဘူး။ ပြီးတော့ တစ်ကိုယ်လုံးယားနေတာ…သာမန်အဖျားတစ်ခုပဲထင်ပြီးတော့ ကျွန်တော်အိပ်ယာထဲမှာပဲ ခွေနေခဲ့တယ်။ လက်ထောက်ကိုလည်း အလုပ်မလာတော့ဘူး ချိန်းထားတာတွေ ဖျက်လိုက်တော့ စာပို့ခဲ့သေးတယ်။ နောက်တစ်နေ့မှတော့ ကျွန်တော်အဖျားတွေတက်နေပြီး ထူးထူးဆန်းဆန်းတွေဖြစ်နေတယ်။ လက်သန်းကြွယ်လှုပ်လို့မရတဲ့ဘူးလို့ ပြောတဲ့အချိန်မှာတော့ ကျွန်တော်လက်ထောက်ကစပြီးတော့ စိုးရိမ်လာတယ်။ ဖုန်းတွေမြည်တာလည်းမသိတော့ဘူး ကျွန်တော့်ပါတနာ မိုက်ကယ် အိမ်ရောက်လာတဲ့အခါမှာတော့ ကျွန်တော်မတ်တပ်တောင်မရပ်နိုင်တော့ဘူး။ စကားလည်းမပြောနိုင်သလို လက်တွေလည်းလှုပ်လို့မရတော့ဘူး။ အဲ့ဒီအချိန်တော့ သူက ကျွန်တော့်ကို ဆေးရုံကို ခေါ်သွားတော့တာပါပဲ။”
Jaco ရဲ့ခန္ဓာကိုယ်ပေါ်မှာအနီစက်တွေတွေ့နေရတယ်။ ဒါဟာ Sepsis ရဲ့ လက္ခဏာဖြစ်တဲ့အတွက် ဆေးရုံရောက်ရောက်ချင်းပဲ အရေးပေါ်အခြေအနေအဖြစ်ဆောင်ရွက်ခဲ့ရပါတယ်။
A&E ကိုရောက်တဲ့အချိန်မှာ Jaco ဟာ မေ့မြောနေခဲ့ပါပြီ။ Septic ရောဂါကြောင့်သတိမေ့သွားတဲ့သူဟာ အသက်ရှင်နိုင်ချေ ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။ ကူးစက်ပိုးဟာ သွေးခဲစေတဲ့အတွက် ကိုယ်ထဲမှာ သွေးခဲအသေးစားလေးတွေ ဖြစ်လာစေပြီး ခန္ဓာကိုယ်ကို သွေးပို့ဆောင်မှုတွေ၊ သွေးလည်ပတ်မှုတွေကို ပိတ်ဆို့စေပါတယ်။ သွေးပေါင်ချိန်ကိုလည်း ဆိုးဆိုးရွားရွား အန္တရာယ်အခြေအနေထိ ထိုးကျစေတာပေါ့။
Jaco ရဲ့ ကျောက်ကပ်တွေဟာအလုပ်မလုပ်တော့ပဲ ခြေထောက်တွေလည်းမဲပြီးတော့ ပုပ်လာပါတယ်။
Jaco ရဲ့ ကျောက်ကပ်တွေဟာအလုပ်မလုပ်တော့ပဲ ခြေထောက်တွေလည်းမဲပြီးတော့ ပုပ်လာပါတယ်။
“ကျွန်တော်လဲလျောင်းနေရင်း ညိုမဲနေတဲ့ခြေထောက်နဲ့လက်ချောင်းတွေကိုကြည့်နေခဲ့တယ်။ ကျွန်တော်အကုန်လုံးကိုဆုံးရှုံးရတော့မယ်ဆိုတာသိတယ်….တစ်ရှူးတွေသေနေပြီဆိုတာ ကျွန်တော်သိတယ်။
ဆရာဝန်တွေ ကျွန်တော့်ကို ဖျောင့်ဖျပေမဲ့လည်း ဘယ်လောက်ဆိုးရွားမယ်ဆိုတာ ကျွန်တော်သိပါတယ်”
ဆရာဝန်တွေ ကျွန်တော့်ကို ဖျောင့်ဖျပေမဲ့လည်း ဘယ်လောက်ဆိုးရွားမယ်ဆိုတာ ကျွန်တော်သိပါတယ်”
ဆေးရုံတက်ပြီး လေးလအကြာမှာတော့ Jaco ဟာ ခြေထောက်နှစ်ချောင်းလုံးကို ဒူးအောက်ပိုင်းကနေ ဖြတ်ထုတ်လိုက်ရပါတယ်။ ပြီးတော့ ညဘက်လက်က လက်ချောင်းအားလုံးဖြတ်ထုတ်လိုက်ရပြီး ဘယ်ဘက်လက်ကနေ လက်တစ်ချောင်းဖြတ်ထုတ်လိုက်ရတယ်။ ဒါ့အပြင် မျက်နှာကိုလည်း လိုအပ်တဲ့ခွဲစိတ်မှုတွေပြုလုပ်ခဲ့ရပါတယ်။
အသက် ၅၂ နှစ်အရွယ်မှာခြေထောက်အတုတွေနဲ့လမ်းလျောက်တတ်အောင်သင်ယူခဲ့ရပြီး ခုချိန်မှာတော့ တစ်ယောက်တည်း ရပ်တည်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ မျက်နှာပျက်စီးသွားခဲ့တာကတော့ သူ့အတွက် ဖြေသာစရာမရှိတဲ့ ဆုံးရှုံးမှုပါပဲ။
“ကျွန်တော့်ကိုယ် ကျွန်တော် သေချာဂရုမစိုက်ခဲ့မိလို့ အခုလိုဖြစ်သွားရတာပါ” လို့သူကဆိုပါတယ်။
ဒါပေမဲ့လည်း ဒီလိုဖြစ်သွားတာက ကျွန်တော် အသက်ရှင်နေရခြင်းရဲ့ အကြောင်းရင်းကို မပြောင်းလဲသွားစေပါဘူး.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကတော့ နည်းသွားတာပေါ့။ အဆိုးဆုံးကတော့ ကျွန်တော့မျက်နှာနဲ့ ပုံစံ ပျက်စီးသွားတာပါပဲ။ ဒါအတွက်တာ့ ကျွန်တော်လည်း ဘာမှလုပ်မရဘူးလေ။ ”
ဆရာဝန်တွေက ရောဂါရဲ့ဇစ်မြစ်ကိုစစ်ဆေးတဲ့အခါမှာတော့ ခွေးရဲ့ သွားရည်က ဘတ်တီးရီးယားတစ်ကောင်ကြောင့်ဖြစ်ကြောင်းသိရပါတယ်။
Harvey ရဲ့ တံတွေးထဲမှာ ဒီဘက်တီးရီးယားက နေထိုင်တာပေါ့။
Jaco နဲ့ Micheal အတွက်တော့ ခွေးကို ရှင်းပစ်ဖို့က ခက်ခဲတဲ့ဆုံးဖြတ်ချက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
“တခြားလူတွေကို ကူးစက်သွားတာမျိုးမဖြစ်စေချင်ပါဘူး။ ခွေးကိုက်မှဖြစ်တာမဟုတ်ဘူး။ သွားရည်က တစ်ဆင့်ကူးစက်တာဆိုတော့ ကလေးတစ်ယောက်ကိုလျက်မိသွားရင်ဘယ်လိုလုပ်မလဲ။ တကယ်ကိုကြောက်ဖို့ကောင်းသွားလိမ့်မယ်
ကံကောင်းတာကတော့ သူလည်းခွေးအိုကြီးဖြစ်နေပါပြီ မကြာခင်မှာပဲ သူ့အတွက်နေဝင်ချိန်ရောက်လာတော့မှာပါ “လို့ jaco ကပြောပါတယ်
ကံကောင်းတာကတော့ သူလည်းခွေးအိုကြီးဖြစ်နေပါပြီ မကြာခင်မှာပဲ သူ့အတွက်နေဝင်ချိန်ရောက်လာတော့မှာပါ “လို့ jaco ကပြောပါတယ်
“ကျွန်တော် ဒေါသတွေနဲ့ သူ့ကိုအော်ခဲ့တဲ့အချိန်တွေ ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်တို့နှစ်ယောက်လုံးကံဆိုးတာပါ။ အဓိကတရားခံကတော့ ဘတ်တီးရီးယားပါပဲ”
Jaco ဟာ တောင်အာဖရိကနေ ၂၀၀၁ ခုနှစ်မှာပြောင်းလာခဲ့တာဖြစ်ပြီးတော့ ၁၈ လအကြာမှာ Sepsis ရောဂါဖြစ်ပွားခဲ့တာပါ။ ဆရာဝန်တွေက သူ့အတွက်ဘဝတစ်ကွေ့ဖြစ်သွားတဲ့ပြောင်းလဲမှုတွေအတွက်စိုးရိမ်နေကြပေမယ့်သူကတော့
မျှော်လင့်ချက်အပြည့်နဲ့ ဆက်လက်အသက်ရှင်နေတာပါ။
မျှော်လင့်ချက်အပြည့်နဲ့ ဆက်လက်အသက်ရှင်နေတာပါ။
“ကျွန်တော်အခုလိုဖြစ်ပြီးနောက်ပိုင်းမှာ မိတ်ဆွေတွေနဲ့ပိုရင်းနှီးလာတယ်။ ကျွန်တော့်အပေါ် မိတ်ဆွေတွေနဲ့မိသားစုက အခုလိုဂရုစိုက်တဲ့အတွက်ဝမ်းသာမိတယ်။ ပြီးတော့ ကျွန်တော့်အတွက်လည်း စိတ်ခွန်အားတွေပေးခဲ့ကြတယ်။ သေဖို့နီးစပ်လာတဲ့အခါ ပြီးတော့ ခန္ဓာကိုယ်အစိတ်အပိုင်းချို့တဲ့သွားတဲ့အခါမှာ ဘယ်လိုခံစားရလဲ ကျွန်တော်သိတယ်။ ဒီတော့ လူနာတွေကို နားလည်သဘောပေါက်အောင် ကျွန်တော်ပြောပြသင့်တယ်ထင်တယ်လေ။ ဒီတော့ ကျွန်တော်လူတွေကိုကူညီမယ် ….အခုလိုဖြစ်သွားပေမယ့်လည်း ဘဝအတွက်ကောင်းတာတွေအများကြိးဖြစ်နိုင်သေးတာဆိုကိုလူတွေကိုပြသသွားမယ်” လို့ပြောကြားခဲ့ပါတယ်။
Min Thu ( The Lifestyle Myanmar )
တလွဲဆံပင်ကောင်းနေတတ်တဲ့ ရွှေဗမာတွေတာဝန်ယူမှုနှင့်တာဝန်ခံမှုဆိုတာ သိလားဗျ!
ဘာမှမဖြစ် ဘာမှမဖြစ်ဖူး အကယ်၍ လူတွေကို အန္တရာယ်ဖြစ်စေမဲ့ရောဂါပိုးရှိရင်ျကာ ဘာများတာဝန်ယူပေးကျလဲ လမ်းလေးခွေးတွေ ကျွေးမွှေးစောင့်ရှောက်နေသူတွေ
ခွေးရဲ့ တံတွေးမှကူးစက်ရောဂါပိုးကြောင့် ခြေထောက်နှစ်ဘက် အပါအဝင် လက်ချောင်းတွေပါ ဖြတ်ပစ်လိုက်ရတဲ့အမျိုးသား
ခွေးကိုက်ခံရခြင်းနဲ့ ခွေးရူးပြန်ရောဂါအကြောင်း
အခုတလော ခွေးကိုက်ခံရပြီး ရလာတဲ့ ဒဏ်ရာတွေကို ရမ်းကုဆေးခန်းတွေကနေ ချုပ်ပေးလိုက်တာကို တွေ့နေရပါတယ်။အနာမကျက်မှ ဆေးရုံ၊ဆေးခန်းဆီ ပြေးလာကြတယ်။တိရစ္ဆာန်အကိုက်ခံရရင် အနာကို ဘယ်လောက် ကြီးကြီး ချုပ်မပေးရပါဘူး။ သက်ရှိတစ်ကောင်ကောင်ရဲ့ သွားရည်ဟာ အကိုက်ခံရသူ သွေးထဲဝင်ရင်မတည့်ပါဘူး။ ဒါ့အပြင် မေးခိုင်ရောဂါပိုးဟာ လေမဝင်နိုင်တဲ့ နေရာမှာ ပိုပြီး ရှင်သန်ပွားများနိုင်ပါတယ်။ အနာအရမ်းကြီးလို့ မဖြစ်မနေ ချုပ်ရမယ်ဆိုရင်တောင် အနာကို ပိုးသန့်အောင်အရင် လုပ်ရပါမယ်။ နေ့စဉ် ဆေးကြောသန့်စင်ပြီး အသားနု ကောင်းကောင်း တက်လာအောင်စောင့်ပြီးမှ ပြန်ချုပ်ပေးရပါတယ်။
"လက်ပံပွင့်ချိန် ခွေးရူးချိန်"ဆိုပြီး အများစုက ပြောကြပါတယ်။ တကယ်တော့ အဲဒီစကားဟာ မှားပါတယ်။ ရေးဘီးဗိုင်းရပ်(rabies virus) သယ်ဆောင်ထားတဲ့ တိရစ္ဆာန် (အစွယ်ရှိသော တိရစ္ဆာန်)တွေ အကိုက်ခံရရင် မည်သည့်အချိန်မှာမဆို ခွေးရူးပြန်ရောဂါပိုး ကူးစက်နိုင်ပါတယ်။
ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ် လူဦးရေ ၆၀,၀၀၀ ၀န်းကျင်ခန့် သေဆုံးနေရပါတယ်။ ခွေးရူးပြန်ရောဂါကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်မှာ တွေ့ရှိရပါတယ်။ အဓိကအားဖြင့် အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။
ခွေးရူးပြန်ရောဂါပိုး(ရေးဘီးဗိုင်းရပ်) က တိရစ္ဆာန်တွေအားလုံးမှာ ရှိနေနိုင်ပေမယ့် ခွေး၊ လင်းနို့၊ ရက်ကွန်း၊ မြေခွေး၊ ခွေးအ၊ ကြောင်၊ မြွေပါ၊ ၀ံပုလွေတို့မှာ အများဆုံး ကူးစက်ဖြစ်ပွား နေတတ်ပါတယ်။
ရေးဘီးဗိုင်းရပ် (rabies virus) ပိုးရှိတဲ့ တိရစ္ဆာန်
ကိုက်ရာကသော်လည်းကောင်း၊ ယင်းတိရစ္ဆာန်ရဲ့ တံတွေး (သွားရည်)တွေက လူ့မျက်စိ၊ လူ့ပါးစပ်ထဲ ၀င်ရာကသော် လည်းကောင်း၊ သို့မဟုတ် ပိုးရှိတဲ့ တိရစ္ဆာန်ရဲ့ သွားရည်(တံတွေး) တွေက မိမိခန္ဓာကိုယ်ရဲ့ ပေါက်ပြဲနေတဲ့ အရေပြားကို ထိမိရင်သော်လည်းကောင်း လူ့ခန္ဓာကိုယ်ထဲကို ခွေးရူးပြန်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ မျက်ကြည်လွှာကို အစားထိုးကုသမှု ခံယူခဲ့ရင်လည်း ကူးစက်နိုင်ပါတယ်။ ခွေးရူပြန်ရောဂါဖြစ်နေတဲ့လူက တခြားလူကို ထပ်ကိုက်ရင်လည်း ကူးစက်နိုင်ပါတယ်။ အကိုက်မခံရပေမဲ့ ပိုးပါတဲ့ တံတွေးက သွေးထဲ၊ ပါးစပ်ထဲ၊ နှာခေါင်းထဲ၊ မျက်စိထဲဝင်လာရင် ကူးနိုင်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ ရေးဘီးဗိုင်းရပ်ရောဂါပိုး ကူးစက်ခြင်းကို ခံရပြီးပြီးချင်း ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေက ချက်ချင်း ပေါ်မလာတတ်ပါဘူး။ အကိုက်ခံရတဲ့နေရာ၊ ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့ ဗိုင်းရပ်စ်ပိုး အနည်း အများပေါ် မူတည်ပြီး ရောဂါလက္ခာတွေက အစောဆုံး ၄ ရက်ကနေ အကြာဆုံး ၁၉ နှစ်အတွင်း ပေါ်လာတတ်ပါတယ်။ ဒါကို ရောဂါပျိုးချိန်လို့ ခေါ်ပါတယ်။ ပျမ်းမျှရောဂါပိုးချိန်ကို ၂ပတ်ကနေ ၁၂ပတ် လို့ သတ်မှတ်ထားပါတယ်။ ပျမ်းမျှအားဖြင့်  ရောဂါပိုး ကူးစက်ခံရပြီး ရက်ပေါင်း ၂ပတ်မှ ၁၂ပတ် အတွင်း ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ယေဘုယျအားဖြင့် အကိုက်ခံရတဲ့နေရာ (ရောဂါပိုးဝင်ရောက်တဲ့နေရာ)က ဦးခေါင်းအနီးတစ်ဝိုက်မှာ ဆိုရင် ၂၇ ရက်အကြာမှာ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပြီး ခြေထောက်မှာ အကိုက်ခံရရင် ၆၄ရက်အကြာမှာ ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။
အကိုက်ခံရတဲ့နေရာက ဦးနှောက်နဲ့နီးလေလေ ရောဂါလက္ခဏာ
စောစောပြလေပါပဲ။ ရောဂါပျိုးချိန်က အလွန် အရေးကြီးပါတယ်။ ရောဂါပျိုးချိန်အတွင်း ကာကွယ်ဆေးထိုးပြီး ခွေးရူးပြန်ရောဂါကို ကာကွယ်နိုင်ပါတယ်။ခွေးကိုက်ခံရပြီးပြီးချင်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မထိုးဖြစ်ခဲ့ရင် တတ်နိုင်သမျှ မြန်မြန်ထိုးပါ။ ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေ ပေါ်လာမှ ဆေးထိုးမယ်ဆိုရင် ရောဂါကို ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။ ကုရာနတ္တိ ဆေးမရှိဘဲ အသက် ဆုံးရှူံးနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရစ္ဆာန် အကိုက်ခံရပြီးရင် ခွေးရူးပြန်ကာကွယ်ဆေးကို အကြိမ်အရေအတွက် ပြည့်အောင်ထိုးဖို့ လိုအပ်ပါတယ်။ ဆေးထိုးရမယ့် အကြိမ်အရေအတွက်က ထိုးနည်းအမျိုးအစားပေါ်မူ တည်ပြီး ၃ကြိမ် သို့မဟုတ် (၄)ကြိမ် (သို့မဟုတ်) ၅ကြိမ် ဖြစ်နိုင်ပါတယ်။ ကိုက်တဲ့ခွေးက ခွေးရူး ဟုတ် မဟုတ် မသေချာရင်လည်း ခွေးရူး ပြန်ကာကွယ်ဆေး ထိုးသင့်ပါတယ်။
ခွေးနဲ့ ထိရုံ၊ အစာကြွေးမိရုံ၊ လျှာနဲ့ထိမိရုံကတော့ ဆေးကုစရာမလိုပါဘူး။ အဝတ်အစားဖုံး မထားတဲ့နေရာမှာ ကုပ်မိ၊ ခြစ်မိခံရရင်၊ အနာအဆာရှိတဲ့နေရာကို လျှာနဲ့ အယက်ခံရရင် ကာကွယ်ဆေးထိုးရပါမယ်။အကိုက်ခံရ၊ ကုပ်ဆွဲခံရရင်၊ ဒဏ်ရာက သွေးထွက်ရင်၊ ခွေးကလည်း ရူးတဲ့ လက္ခဏာတွေရှိရင်
ချက်ချင်း အကိုက်ခံရတဲ့နေရာကို ဆေးကြောသန့်ရှင်းပြီး ချက်ချင်းခွေးရူးပြန် ကာကွယ်ဆေးထိုးရပါမယ်။ ခွေးက ရူးနေတယ်ဆိုရင် ခွေးရူးပြန်ကာကွယ်အား(RIG) (ဂလိုဗြူလင်) ကိုလည်း ထိုးဖို့လိုအပ်ပါတယ်။
ရောဂါပိုးတွေက စတင်ဝင်ရောက်လာတဲ့ အရေပြားအတွင်းမှာ
ပွားများပါတယ်။ ရောဂါပိုးတွေက အဲဒီနေရာအနီးမှာရှိတဲ့ အာရုံကြောအမျှင်တွေကတစ်ဆင့် ကျောရိုးမကြီးဆီကို ရောက်ရှိပျံ့နှံ့သွားပါတယ်။ကျောရိုးအာရုံကြောမကြီးကနေ ဦးနှောက်ဆီကို ပျံ့ နှံ့  ပါတယ်။ ဦးနှောက်အညှာ(brain stem)၀န်းကျင်နဲ့ ကျောရိုးအာရုံကြော တစ်လျှောက်မှာ ရောဂါပိုးတွေက ပွားများ နေရာယူကြပါတယ်။ ထိုမှတစ်ဆင့် အရေပြား၊ နှလုံးနဲ့ တခြားအဂါင်္တွေဆီ (အထူးသဖြင့် တံတွေးအိတ်)တွေ ဆီရောက်ရှိပြီး ဆက်လက် ပွားများ ပါတယ်။
ရောဂါပျိုးချိန်အပြီးမှာ စဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကတော့
အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အကိုက်ခံရသော နေရာတွင် ယားခြင်း၊နာခြင်း၊ကျဉ်ခြင်းတို့ ဖြစ်တတ်ပါတယ်။အထက်ပါ ရောဂါလက္ခဏာတွေ ခံစားရပြီးနောက် လူနာက ဒေါသထွက်လွယ်၊စိတ်တိုလွယ်လာပြီး ဂနာမငြိမ်ဖြစ်လာတတ်ပါတယ်။ လူနာအနည်းစုကတော့ ငြိမ်သက် နေတတ်ပါတယ်။ မရှိတဲ့အရာကို မြင်တာ၊ အသံ မဟုတ်ဘဲ ကြားတာ၊လည်ချောင်းကြွက်သားများ ကျုံ့ညှစ်ပြီး နာကျင်တာ၊ ရေမျိုရခက်တာ၊ အသက်ရှူရခက်တာ၊ ရေထိရမှာကြောက်တာ၊ လေထိရမှာကြောက်တာ၊ အလင်းရောင်ကို ကြောက်တာ၊ တံတွေးအထွက်များကာ သွားရည်တများများကျတာ ၊တတ်တာတွေ ဖြစ်တတ်ပါတယ်။တချို့လူနာတွေမှာ ကြွက်သားများ ပျော့လာခြင်း၊ကြွက်သားများ ခံစားမှုမသိတော့ခြင်း ၊ကြွက်သားများ လှုပ်ရှားမှု မရှိတော့ခြင်း(လည်ချောင်း ကြွက်သားကတော့ ကျုံ့အား များနေတတ်ပါတယ်)၊သတိလစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် သတိလစ်ရာမှ နှစ်ပတ်အတွင်း သေဆုံးသွားကြပါတယ်။
ခွေးကိုက်ခံရပြီးပြီးချင်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။
(ဟိုအရင်ကတော့ )အကြောင်း အမျိုးမျိုးကြောင့် မထိုးဖြစ်ခဲ့ရင် မိမိအား ကိုက်ခဲ့တဲ့ခွေးကို ၁၀ရက်မှ ၁၄ရက်အထိ စောင့်ကြည့်ခိုင်းပါတယ်။ ခွေးရူးဆိုပါက အောက်ပါလက္ခဏာများပြပြီး ၁၀ရက်အတွင်း ခွေးက သေဆုံးသွားတတ်ပါတယ်။
၁။ဂနာမငြိမ်ဘဲ သွားနေခြင်း
၂။အစာ မစားခြင်း
၃။မြင်သမျှပစ္စည်းများအား ကိုက်ခြင်း
၎။တစ်ကိုယ်လုံးအကြောဆွဲခြင်း
၅။အောက်မေးရိုးကျပြီး သွားရည်ကျခြင်း
၆။မျက်စိစောင်းခြင်း
၇။အမြီးကုပ်ခြင်း
မိမိကို ကိုက်ခဲ့တဲ့ခွေးမှာ အထက်ပါရောဂါ လက္ခဏာတွေတွေ့ခဲ့ရင် ချက်ချင်း ကာကွယ်ဆေးနဲ့ ကာကွယ်အား ဆေးနှစ်မျိုးစလုံး ထိုးပါ။ ခွေး ရူးအကိုက်ခံရရင် ဒဏ်ရာကို မန်းမှုတ်တာ၊ ခွေးအန်ဖတ်နဲ့ အုန်းသီးဆံရော ကျွေးတာ၊ ဒဏ်ရာထဲ အိုးမဲ၊ ဆီနဲ့ နနွင်းမှုန့် ထည့်တာတွေ မလုပ်ရပါဘူး။ဒဏ်ရာကို ရေများများနဲ့ အချိန်၁၅မိနစ်ခန့် ဆေးကြောပါ။ ဆပ်ပြာနဲ့ဆေးနိုင်ပါတယ်။ ထို့နောက် ဘီတာဒင်းထည့်ခြင်းတွေလုပ်ပါ။ ဒဏ်ရာကို ချုပ်ခြင်း၊ပတ်တီးစီးခြင်းတွေ မပြုလုပ်ရပါဘူး။ ထို့နောက် နီးစပ်ရာ ဆေးခန်းကို ပြပါ။
ခွေးရူးပြန်ရောဂါက ကြိုတင်ကာကွယ်ထားလို့ ရတာကြောင့် တိရစ္ဆာန် ဆရာဝန်များ၊ တိရစ္ဆာန်နဲ့ အနီးကပ်နေရသူများ၊ တိရစ္ဆာန်ရုံဝန်ထမ်းများ၊ ခွေးရူးပြန်လူနာကို ကုသပေးနေသော ဆရာဝန်များက ကြိုတင်ကာကွယ်ဆေးအကြိမ် အရေအတွက် အပြည့်ထိုးထားရပါမယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးရပါမယ်။ ခွေးရူးပြန်ရောဂါက ကုရာနတ္တိ ဆေးမရှိတာမို့ ခွေးကိုက်ခံရတဲ့အခါ မပေါ့ဆသင့်ကြောင်း၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို အကြိမ်အရေအတွက်ပြည့်အောင် အချိန်မီ ထိုးရမည်ဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။
ဟမ်စိုင်း(ဆေး-မန်း)
No comments:
Post a Comment