Popular Posts!

Wednesday, January 23, 2019

မြန်မာ မိန်းခလေးတွေ မတိုးတက်ရခြင်း (၅ ) ချက်





  1. Culture 
  2. Risk
  3. Confidence 
  4. Depression 
  5. Courage 


1: Culture ( ဓလေ့ )


  • ကျုပ်တို့က Culture နဲ့ Tradition ကို သေချာနားမလည်ကြပါဘူး၊ Culture ဆိုတာ ဓလေ့တခုဖြစ်ပြီး ပြောင်းယူလို့ ရနိုင်ပေမယ့် Tradition ဆိုတဲ့ ရိုးရာကျတော့Law တခုလိုပဲ ချိုးဖောက်မိက အရေးယူလို့ ရပါတယ်၊ကျုပ်တို့ မြန်မာ မိန်းခလေးတွေရဲ့ တိုးတက်မှုကို အဓိက တားဆီးထားတာ Culture ပါပဲ၊
  • ဥပမာ-မိန်းခလေးတယောက် ယောင်္ကျားလေးတယောက်နဲ့အတူသွားလာတာပဲဖြစ်ဖြစ် အခြားမိန်းခလေးသူငယ်ချင်းတွေနဲ့ ညအိပ်ညနေ ခရီးထွက်တာဖြစ်ဖြစ် ဒါကို ကျုပ်တို့က မကောင်းဘူးလို့ ယူဆကြတယ်၊တားမြစ်ကြတယ်၊ ဘာကြောင့်လဲ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီလို့ပါ၊ မတူညီတာတွေကို တူညီအောင်ကြိုးစားနေကြတဲ့ ခေတ်ကြီးမှာ ကျုပ်တို့က မကိုက်ညီဘူးဆိုတဲ့ Culture တခုကြောင့် သူတို့ရဲ့ စိတ်ဓာတ်ကို အဲနေရာမှာ သတ်ပစ်ကြတယ်၊ ကျုပ်နားလည်တဲ့ ဓလေ့ဆိုတာ လိုက်နာရမယ်ကျင့်သုံးစရာမလိုဘူး နေရာတိုင်းမှာ မလိုအပ်ဖူးထင်တယ်။


2: Risk  ( စွန့်စားမှု) 


  • No Risk No Skill ပါ ကျုပ်တို့ မြန်မာမိန်းခလေးတော် တော်များက စွန့်စားချင်တယ် လောကကြီးကို ယောင်္ကျားတွေနဲ့ တန်းတူ ဖြတ်သန်းချင်ကြတယ်လို့ မိန်းခလေးတွေ အများစုက ပြောစမှတ်ရှိကြတယ်၊ ပြီးတော့ သူတို့မှာ သီအိုရီလေးတခုရှိသေးတယ်ဗျာသူတို့ကို ယောင်္ကျားတွေက တန်းတူအခွင့်အရေး မပေးကြဘူးလို့ သူတို့က ယူဆထားကြတယ်။
  • တကယ်တော့ အခွင့်အရေးဆိုတာ ဖန်တီးခြင်းပဲတကယ်လို့ ယောင်္ကျားများနဲ့ တန်းတူအခွင့်အရေးရချင်ရင် ယောင်္ကျားများနဲ့ တန်းတူ မလုပ်နိုင်ရင်တောင်နီးပါးလောက်ကို လုပ်ပြနိင်ရမယ်: လုပ်ပြတဲ့ သူတွေကိုယောင်္ကျားတွေက တန်းတူဆက်ဆံကြတယ်ဆိုတာစီးပွားရေးရှင် မိန်းခလေးများ သေချာသိပါတယ်။
  • ကျုပ်တို့ မြန်မာမိန်းခလေးတွေမှာ Risk မရှိကြပါဘူး ဘယ်လောက်တောင် Risk အားနည်းလည်းဆိုရင် လမ်းထိပ်က စာအုပ်ဆိုင်တောင် တယောက်တည်မသွားရဲ့တဲ့ ဘဝလေးတွေပါ။


3: Confidence ( ယုံကြည်မှု) 


  • Confidence ဆိုတာ သူ့အလိုလို ပေါက်ဖွားလာတဲ့ အရာမဟုတ်ပါဘူး၊ သူများဆီကသင်ယူလို့ရတဲ့ အရာလည်း မဟုတ်ပါဘူး၊ Confidence ဆိုတာ ခင်ဗျားရဲ့Skill နဲ့ Experience ပေါ် မူတည်ပြီး ဖြစ်လာတာပါ၊ ကျုပ်တို့ မြန်မာမိန်းခလေးတွေ ဘာကြောင့် Self-Confidence နည်းလဲ because of Wrong Mind-set လူတိုင်းမှာ mindset ဆိုတာရှိတတ်ပါတယ်။
  • ဥပမာ - မိဘကို ပြန်ပြောရင် ငရဲကြီးတယ် မိဘကို ပြန်ပြောလို့တော့ ငရဲမကြီးလောက်ပါဘူး၊ အဆိုးအကောင်း အမှန် အမှားလောက်ကိုတော့ ကျုပ်တို့ မိဘတွေနဲ့ ဆွေးနွေးလို့ ရနိုင်ပါသေးတယ်၊ သူတို့လည်း ခွင့်ပြုမှာပါ မိန်းမတို့ အိနြေ္ဒရွှေပေးလို့ မရဆိုတဲ့ ဆောင်ပုဒ်လေးရှိတော့ ဘာပဲ လုပ်လုပ် အဲရွှေလေးကို သွားမြင်တတ်တဲ့ mindset လေးရှိနေတော့ Confidence က နည်းပါးကြတယ်၊  ကိုယ်မှန်နေရင်တောင် ပြန်မပြောရဲဒီလို ကိစ္စတွေကြောင်း ရွှေဈေးတက်လာသလားလို့ ကျုပ်ထင်မိတယ်ဗျာ ( just kidding) 


4: Depression ( စိတ်ဓာတ်ကျဆင်းမှု)


  • ကျုပ်တို့ မြန်မာ မိန်းခလေးအများက Depression အရမ်းများတယ်၊ ဒါလည်း စိတ်ဝေဒနာတခုလိုပါပဲ၊ပညာရှင်တွေ အများစုက ပြောကြတယ် ကမ္ဘာမှာ Depression အဖြစ်များဆုံးက မသန်စွမ်းသူတွေပဲ၊ သူတို့မှာ အလိုလိုနေရင်း အော် ငါ့ဟာ မပြည့်စုံပါလား၊ ဘယ်လိုပဲ စိတ်ဓာတ်ခိုင်မာပါစေ ဒီခံစားချက်တော့ဖြစ်ကြလေ့ရှိတာ တွေ့ရပါတယ်၊ ကျုပ်တို့ မြန်မာ
  • မိန်းခလေးတွေလည်း ထို့အတူပါပဲ၊မိန်းခလေးတွေဟာ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေပါ

ဆိုတဲ့ ခေါင်းစဉ်းလေးအောက်မှာ ပျော်ရွှင်နေကြပေမယ့် သဘောထားကြီးမှုမှာကျတော့ ယောင်္ကျားတွေနဲ့ မယှဉ်နိုင်ဖြစ်ရောဗျာ၊ ဒီလို Depression တွေကိုStrong mind နဲ့ ပေါင်းလိုက်ရင် ရှေ့ဆုံးကို ရောက် န်ုင်မှာ သေချာပါပဲ။


5: Courage ( သတ္တိ)


  • Courage ဆိုလို့ ပြောရရင် မြန်မာ့မိန်းခလေးတွေကလုံးဝကို မရှိတာလို့ ခင်ဗျားထင်လိမ့်မယ်၊တကယ်တော့ သူတို့ဟာ ကျပ်တို့ ယောင်္ကျားလေးတွေထက်သတ္တိရှိကြပါတယ်၊ဒါမယ့် မဖော်ထုတ်ရဲတာ တခုပါသူတို့ရဲ့ သတ္တိတွေကို အမျိးမျိုးကြောင်း ဖုံးကွယ်ထားကြတယ်၊ အမျိုးမျိုးဆိုသည်မှာ ဓလေ့တွေလည်းပါတာပေါ့။
  • ယောကျာင်္းလေးတယောက် လမ်းပေါ် အရက်သောက်ပီး မူးနေရင် Normal ဖြစ်ပေမယ့်မိန်းခလေးတယောက် ဘီယာလေးသောက်ရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ ဓလေ့တွေ ယောင်္ကျားလေးတွေက သတ္တိတွေ လုပ်ရပ်တွေကို ငယ်ကတည်းက သုံးပြုလာတော့ ကြာလေ အားကောင်းလေ ဖြစ်ပေမယ့် မိန်းခလေးတွေကျတော့ ကြာလေပျောက်ကွယ်လေပါပဲ။
  • ပြီးတော့ ကိုယ်လုပ်ချင်တဲ့ အရာကို လုပ်ချင်စိတ်ရှိရင်တောင် လုပ်ရဲတဲ့ သတ္တိမရှိကြတာ တွေ့ရပါတယ်၊ Influences ဖြစ်နေတဲ့ အရာတွေက ထွက်ပြေးနိုင်မှ သတ္တိရှိရှိနဲ့ အရာရာကို ကိုင်တိုင် ဆုံးဖြတ်ချက်ရနိုင်တဲ့ အောင်မြင်တဲ့ သူတယောက်ဖြစ်မှာပါ။


ဒီလို အချက် ၅ ချက်ကို ကျော်လွှားနိုင်ရင် အောင်မြင်တဲ့ သူတယောက်ဖြစ်နေပါပြီ၊ အောင်မြင်မှုဆိုတာ ငွေကြေး ဥစ္စာထက်Daily life မှာ ပျော်ရွှင်စွာ နေနိုင်ဖို့ အရေးကြီးပါတယ်။ ဟန်ဆောင်မှု ကင်းရှင်းစွာနဲ့ ဘဝကို ဖြတ်သန်းချင်ရင်ဒီ အရာတွေ လိုက်နာဖို့ မြင့်တင်ဖို့ မမေ့ပါနဲ့ ကျုပ်သိသလောက် တင်ပြထားတာမို့ လိုအပ်တာရှိရင်လွတ်လပ်စွာ  ဆွေးနွေးလို့ ရပါတယ်။




Ref:https://www.facebook.com/1609405785997412/posts/2266760183595299/

    No comments:

    *** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

    ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!