Popular Posts!

Tuesday, January 15, 2019

ကမာၻ႔ပထမဆံုးဓာတ္အား ကီလိုဝပ္ တစ္သန္းအထိထုတ္လုပ္ေပးႏိုင္မည့္ ေရအားလွ်ပ္စစ္ စီမံကိန္း ကုိ တရုတ္ႏုိင္ငံ၌ အေကာင္အထည္ေဖာ္

ကမာၻ႔ပထမဆံုးဓာတ္အား ကီလိုဝပ္ တစ္သန္းအထိထုတ္လုပ္ေပးႏိုင္မည့္ ေရအားလွ်ပ္စစ္ စီမံကိန္း ကုိ တရုတ္ႏုိင္ငံ၌ အေကာင္အထည္ေဖာ္ 

စီခၽြမ္၊ ဇန္နဝါရီ ၁၄ ရက္(ဆင္ဟြာ) 

တရုတ္ႏုိင္ငံအေနာက္ေတာင္ပိုင္းစီခၽြမ္ျပည္နယ္တြင္ ေဆာက္လုပ္လ်က္ရွိသည့္ Baihetan ေရအား လွ်ပ္စစ္စီမံကိန္း သည္ ကမာၻ႔ပထမဆံုး ဓာတ္အားကီလိုဝပ္ တစ္သန္းအထိထုတ္လုပ္ေပးႏိုင္မည့္ ေရအားလွ်ပ္စစ္စီမံကိန္းတစ္ခုျဖစ္သည္။ Baihetan စီမံကိန္းသည္ ကမာၻ႔ဒုတိယအႀကီးဆံုး ေရအားလွ်ပ္စစ္စီမံကိန္းတစ္ခုျဖစ္ၿပီး ေဆာက္လုပ္ေရးကာလအတြင္းအခက္အခဲမ်ား ၊ စိန္ေခၚမႈမ်ားစြာျဖင့္ ရင္ဆုိင္ခဲ့ရသည္။ ေရအားလွ်ပ္စစ္စက္ရံုအတြင္း တပ္ဆင္ထားေသာ တာဘိုင္ႀကီးမွာ အခ်င္းဝက္ ၈.၆၂ မီတာ၊ အျမင့္ ၃.၉၂ မီတာရွိၿပီး ဒလက္ေပါင္း ၁၅ ခု ႏွင့္ အေလးခ်ိန္ ၃၅၃ တန္ရွိသည္။ ၄င္းကိုတပ္ဆင္ရန္ လွ်ပ္စစ္ကၽြမ္းက်င္ပညာရွင္ေပါင္း ၁ဝဝ ေက်ာ္က ၁၂ လၾကာ အခ်ိန္ယူေဆာင္ရြက္ခဲ့ရသည္။ ထို႔အျပင္ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးရာတြင္အဓိက်သည့္ စက္ပစၥည္းမ်ားတပ္ဆင္ရန္ တရုတ္ႏုိင္ငံရွိ သိပၸံပညာရွင္မ်ားက အခ်ိန္ ၁ဝႏွစ္ေက်ာ္ၾကာ ႀကိဳးပမ္းခဲ့ရသည္။ Baihetan စီမံကိန္းတြင္ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးမည့္ ဂ်င္နေရတာေပါင္း ၁၆ လံုးအထိရွိမည္ျဖစ္ၿပီး ၄င္းတုိ႔မွ တစ္ႏွစ္လွ်င္လွ်ပ္စစ္ဓါတ္အား ကီလိုဝပ္ ဘီလီယံေပါင္း ၆ဝ ေက်ာ္ ထုတ္လုပ္ႏုိင္ရန္လ်ာထားသည္။ ၂ဝ၂၁ ခုႏွစ္တြင္ လွ်ပ္စစ္ဓါတ္အားစတင္ထုတ္လုပ္မည္ျဖစ္ၿပီး ၂ဝ၂၂ ႏွစ္ကုန္ပိုင္းတြင္ လွ်ပ္စစ္ဓါတ္အားစြမ္းအင္ကို အျပည့္အဝ ထုတ္လုပ္ႏုိင္မည္ဟုသိရသည္။(Xinhua)

  -

(Unicode Version)    

ကမ္ဘာ့ပထမဆုံးဓာတ်အား ကီလိုဝပ် တစ်သန်းအထိထုတ်လုပ်ပေးနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်း ကို တရုတ်နိုင်ငံ၌ အကောင်အထည်ဖော် 

စီချွမ်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိသည့် Baihetan ရေအား လျှပ်စစ်စီမံကိန်း သည် ကမ္ဘာ့ပထမဆုံး ဓာတ်အားကီလိုဝပ် တစ်သန်းအထိထုတ်လုပ်ပေးနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သည်။ Baihetan စီမံကိန်းသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးကာလအတွင်းအခက်အခဲများ ၊ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။ ရေအားလျှပ်စစ်စက်ရုံအတွင်း တပ်ဆင်ထားသော တာဘိုင်ကြီးမှာ အချင်းဝက် ၈.၆၂ မီတာ၊ အမြင့် ၃.၉၂ မီတာရှိပြီး ဒလက်ပေါင်း ၁၅ ခု နှင့် အလေးချိန် ၃၅၃ တန်ရှိသည်။ ၄င်းကိုတပ်ဆင်ရန် လျှပ်စစ်ကျွမ်းကျင်ပညာရှင်ပေါင်း ၁ဝဝ ကျော်က ၁၂ လကြာ အချိန်ယူဆောင်ရွက်ခဲ့ရသည်။ ထို့အပြင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရာတွင်အဓိကျသည့် စက်ပစ္စည်းများတပ်ဆင်ရန် တရုတ်နိုင်ငံရှိ သိပ္ပံပညာရှင်များက အချိန် ၁ဝနှစ်ကျော်ကြာ ကြိုးပမ်းခဲ့ရသည်။ Baihetan စီမံကိန်းတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည့် ဂျင်နရေတာပေါင်း ၁၆ လုံးအထိရှိမည်ဖြစ်ပြီး ၄င်းတို့မှ တစ်နှစ်လျှင်လျှပ်စစ်ဓါတ်အား ကီလိုဝပ် ဘီလီယံပေါင်း ၆ဝ ကျော် ထုတ်လုပ်နိုင်ရန်လျာထားသည်။ ၂ဝ၂၁ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားစတင်ထုတ်လုပ်မည်ဖြစ်ပြီး ၂ဝ၂၂ နှစ်ကုန်ပိုင်းတွင် လျှပ်စစ်ဓါတ်အားစွမ်းအင်ကို အပြည့်အဝ ထုတ်လုပ်နိုင်မည်ဟုသိရသည်။(Xinhua)

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!