စစ်ကိုင်းပြတ်ရွေ့နဲ့ ပတ်သတ် ပြီးပြောစရာကျန်နေတော့ ပြောလိုက်အုံးမယ်။
စစ်ကိုင်းပြတ်ရွေ့ဟာ india plate နဲ့ sunda plate လို့ခေါ်တဲ့ အိန္ဒိယကုန်းမြေကို ခံဆောင်ထားတဲ့ မဟာကျောက်လွှာကြီး နဲ့ အာရှအရှေ့ပိုင်း စက်ဝိုင်းတစ်ခုလုံးကို ထမ်းပိုးနေတဲ့ မဟာကျောက်လွှာကြီး ၂ ခုကြားက လွတ်ပြီးအံချော်နေတဲ့ နေရာဖြစ်ပါတယ်။
ဒီပြတ်ရွေ့ဟာ ဟိံမ္မာဝန္ဒာ တောင်တန်းကြီး ကနေ မြန်မာနိုင်ငံ အလယ်ဗဟိုကို ဖြတ်ကာ မုတ္တမပင်လယ်ကွေ့အောက်ကို ဆင်းပြီး ဆူမတြားကျွန်းစုရဲ့ တစ်ဖက်ထိအောင် ရှည်လျားပါတယ်။
(အောက်မှာ ကမ္ဘာ့ဘူမိဗေဒ ပညာရှင်တွေနဲ့ ငလျင်ပညာရှင်တွေက စစ်ကိုင်းပြတ်ရွေ့ကို ရှင်းလင်းတင်ပြထားတဲ့ထဲက အရှင်းဆုံးအမြင်သာဆုံးတစ်ခုကို ပြထားပါတယ်။)
ဒီပြတ်ရွေ့ဟာ မြန်မာနိုင်ငံ ထဲမှာ မြောက်ကနေတောင်ဘက်ထိ ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားပြီး မြို့ကြီးတော်တော်များများဟာ ဒီအပေါ်မှာ ရှိနေတာပါ။
မြောက်ကနေ တောင်ဖက်အတိုင်းအစဉ်အတိုင်း မြို့တွေကို ဖော်ပြရရင်...
ဝန်သို၊တွင်းတောင်၊ရွှေဘို၊ ပြင်ဦးလွင်၊မြို့ဝ၊ စစ်ကိုင်း၊ မန္တလေး၊မိတ္ထီလာ၊ပျဉ်းမနား၊ ရမည်းသင်း၊တောင်ငူ၊ ဖြူး၊ပဲခူး၊ ရန်ကုန်ကနေ မုတ္တမ ပင်လယ်ထဲ ဆင်းသွားပါတယ်။
အကယ်၍ စစ်ကိုင်းပြတ်ရွေ့မှာ ငလျင်လူပ်ခဲ့သည်ရှိသော် ဖြစ်နိင်ခြေအရ ငလျင်လယ်ဗယ်ကို ခန့်မှန်းထားတဲ့ မြေပုံကို ကြည့်ပါ။
အရောင် ၇ မျိုးခြယ်ပြထားတဲ့ထဲက အနီရင့်ကျတဲ့နေရာတွေက ငလျင်level အမြင့်ဆုံးဖြစ်နိင်ပြီး အစိမ်းနုအရောင် ဟာ အသက်သာဆုံးဖြစ်ပါတယ်။ကျန်တဲ့နေရာတွေက စစ်ကိုင်းပြတ်ရွေ့နဲ့ အလွတ်ကြီးပါ။
အမှတ်ရတုန်းပြောရရင် သူငယ်ချင်းတစ်ယောက်က မြစ်ဆုံဆည်ဆောက်ရင် စစ်ကိုင်းပြတ်ရွေ့ကို တွန်းလိမ့်မယ်ဆိုတဲ့ ဝါဒဖြန့်နေတဲ့ ပိုစ့်ကို ပြပြီးမေးလို့ နည်းနည်းပါးပါး စဉ်းစားကြရအောင်။
အဲ့ဒီမယ်ကြည့်ရင် စစ်ကိုင်းပြတ်ရွေ့ရဲ့ ဇုံနဲ့ မြစ်ဆုံနဲ့က အလွတ်ကြီးပါ။
မြစ်ဆုံက မေခ၊မလိခ ဆုံတဲ့နေရာဖြစ်လို့ ပြတ်ရွေ့နဲ့ မိုင်၆၀ အကွာမှာရှိပါတယ်။
သူတို့၂ ခုက မျဉ်းပြိုင်အတိုင်း ရှိနေတာကို တွေ့ရမှာဖြစ်ပြီး အထက်အောက် ပုံစံမဟုတ်ပါဘူး။ မြစ်ကြီးနားမြို့နဲ့တောင် မိုင်၂၀ ကွာပါတယ်။
တကယ်တန်းသာ စစ်ကိုင်းပြတ်ရွေ့ကို စိုးရိမ်တယ်ဆိုရင် ဒီအပေါ်တည့်တည့်က မြို့ကြီးတွေကို သာစိုးရိမ်ရမှာပါ။
ဧရာဝတီ ဟာ စစ်ကိုင်းနဲ့ မန္တလေးကြားမှာ ပြတ်ရွေ့ရဲ့ level အမြင့်ဆုံးနေရာမှာ စီးဆင်းနေတာပါ။မိုးရာသီဆိုရင် အရှိန်ပြင်းပြင်းနဲ့ ရေကုဗမီတာ သန်းပေါင်းများစွာ တွန်းထိုးစီးဆင်းနေသလို
စစ်ကိုင်းနဲ့ မန္တလေး မြို့ပြ အထပ်မြင့်အဆောက်အဦး တွေရဲ့ ဖိအားကြောင့် မြေကျွံမှာကို စိုးရိမ်ရမှာပါ။
ခင်ဗျား တို့ကြားဖူးမှာပါ။
ဘန်ကောက်မြို့တော်ဟာ mega city ဖြစ်လာပြီး မိုးမျှော်အဆောက်အအုံတွေ ကြောင့် မြေကျွံပြီး ပင်လယ်ရေမျက်နှာပြင်အောက် တစ်ပေလောက်နိမ့်ကျသွားတယ်ဆိုတာကို။
အဲ့ဒါဆိုရင် မြေကျွံ့မူကြောင့်ပြတ်ရွေ့ပေါ်မှာ mega city အဖြစ်တက်လှမ်းနေတဲ့ ရန်ကုန်မြို့ကြီးရဲ့ မိုးမျှော်အအောက်အအုံနဲ့ မြို့သစ်စီမံကိန်းတွေက စိုးရိမ်ရမှာမဟုတ်ဘူးလား?
ဒါကို ကြတော့ စိုးရိမ်ကြောင်း မပြောပဲ အဝေးကြီးက ကိစ္စကို စိုးရိမ်တယ်ဆိုတာ ဘာမှမသိပဲ ဖြဲခြောက်နေတယ်ဆိုတာ သိသာပါတယ်။
နောက်ပြီး ငလျင်လူပ်ခြင်း အကြောင်းတရား မှာ
- ၁။ကမ္ဘာ့မြေအောက် ကျောက်ရည်ပူများတိုးထွက်ခြင်း
- ၂။မြေလွှာကို ခံဆောင်ထားသော ကျောက်လွှာများ ရွေ့လျားတွန်းတိုက်မိခြင်း
လို့ပဲပါပါတယ်။
ဆည်ဆောက်လို့် ငလျင်လူပ်တယ်လို့ ကမ္ဘာ့ပေါ်က ငလျင်နဲ့ ဘူမိဗေဒဘယ်ပညာရှင်ကမှ လက်မခံပါဘူး။သက်သေလည်းမရှိပါဘူး။
အရှင်းဆုံး ဥပမာဆိုရင် ဂျပန်နိင်ငံကိုကြည့်ပါ။
ဂျပန်နိင်ငံဟာ nuclear နည်းပညာနဲ့ လျှပ်စစ်ထုတ်နိင်တာတောင် ဘာလို့ hydropower ဆည်ကြီးတွေဆောက်ပြီး လျှပ်စစ်စွမ်းအင် ထုတ်နေသလဲဆိုတာပါ။
သူနိင်ငံက ကျွန်းစုနိင်ငံ။ မီးတောင်ပေါက်ကွဲပြီး ငလျင်မကြာခဏ လူပ်တဲ့ နိင်ငံ။
ဒါတောင် ရေလျှပ်စစ်ထုတ်လုပ်တဲ့ ဆည်ပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။
ငလျင်ခဏခဏ လူပ်ပေ့မယ် ဆည်တွေကြောင့်လို့ ဘယ်သူမှ မပြောပါဘူး။
ဒါကိုပြပြီး မသိနားမလည်တဲ့ ပြည်သူကို အကြောက်တရားနဲ့ ဖြဲခြောက်နေတဲ့ ပိုစ့်တင်သူရဲ့ စေတနာက ဘာလဲဆိုတာ မေးခွန်းထုတ်စရာ ပါ။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့ အုပ်စုကလား?
တရုပ်ကို မုန်းတီးရေးကို အသုံးချပြီးနိင်ငံကြီးတွေရဲ့ ပါဝါကစားနေတဲ့ cia cellsတွေလား?
ဘာပဲဖြစ်ဖြစ် မဟုတ်ကဟုတ်ကတွေနဲ့ အများပြည်သူကို အကြောက်တရား အမုန်းတရားသွင်းပြီး အဆိပ်ခပ်နေတာ ရပ်သင့်ပါပြီ။
Ref:
https://www.facebook.com/100012249184703/posts/648904572194510/
No comments:
Post a Comment