Popular Posts!

Wednesday, January 23, 2019

ဦးနှောက်” ဖောက်စားခံရတဲ့ ကျွန်တော်တို့မြန်မာလူမျိုး…

“ဦးနှောက်ဖောက်စားခံရတဲ့ကျွန်တော်တို့မြန်မာလူမျိုး”




ဒီနေ့sanctuary of truthကပြန်အလာမှာတော့ ဝမ်းနည်းစိတ်တွေ အားမရမှူတွေ ဒေါသထွက်မှူတွေ နဲ့ပါ။အဓိကthailandကိုအလည်လာတဲ့ရည်ရွယ်ချက်ကယိုးဒယားလူမျိုးတွေရဲ့အံ့မခန်းသစ်သားပန်းပုအနုအရွ အပျောက်အမွန်းတွေ နဲ့ခြယ်မှူန်းထားတယ်ဆိုတဲ့ဒီsanctuary of truthကို စိတ်ဝင်စားလွန်းလို့ ကမ္ဘာပေါ်မှာဒီလောက်အထိအံ့မခန်းတော်လွန်းတဲ့လူမျိုးပန်းပုပညာရှင်တွေရဲ့လုပ်ငန်းခွင်ကိုလေ့လာဖို့သက်သက်လာခဲ့တာပါ။

 

bangkokကနေ ဘတ်၃၅၀၀ လောက်ပေးပြီး အဲ့ဒီကိုသွားရပါတယ်။အဲ့ဒီအရောက်မှာဝင်ကြေးဘတ်၅၀၀ပေးရပါတယ်။ဒီလိုလာကြတဲ့တိုးရစ်တွေတစ်နေ့ကိုအယောက်သုံးလေးငါးရာအနဲဆုံးရှိပါသတဲ့။ယိုးဒယားတွေရဲ့နိုင်ငံခြားဝင်ငွေရှာပုံဟာအတုယူစရာပါ။၂နာရီခွဲလောက်ကားစီးအပြီးမှာတော့အုတ်တံတိုင်းအဖြူမြင့်မြင့်ကာရံထားတဲ့လက်မှတ်ရောင်းဌာနမှာလက်မှတ်ဝယ်ရပါတယ်။

 

အဲ့ဒီကနေတောလမ်းအတိုင်းဆက်သွားပြီးတောအုပ်အလွန်မှာ ပင်လယ်ကမ်းခြေထဲကခန့်ညားစွာ ထိုးထွက်နေတဲ့ကျောင်းဆောင်ကြီးကိုမြင်ရပါပြီ။လက်ရာမြှောက်လွန်းတဲ့ယိုးဒယားပန်းပုပညာရှင်တွေကိုမြင်ချင်ဇောနဲ့ကျောင်းဆောင်ကိုပြေးအသွား ကြားလိုက်ရတဲ့ဗမာစကားသံတွေကြောင့်တော်အံ့သြမိသွားပါတယ်။

 

ပန်းပုထုနေသူ အမျိုသား အမျိုးသမီးပန်းပုဆရာ ဆရာမများအားလုံးဟာ မြန်မာလူမျိုးတွေဖြစ်နေပြီး ကိုမျှော်လင့်တကြီးမြင်ချင်နေတဲ့ ပညာရှင်တွေဟာ ကိုယ်ထင်နေသလိုယိုးဒယားလူမျိုးတွေမဟုတ်ဘဲမြန်မာလူမျိုးတွေဖြစ်နေပါတယ်။ဒါ့ထက်ရင်နာစရာကောင်းတာကတော့ ဒီအဆောက်အဦးကြီးမှာသုံးတဲ့သစ်တွေအကုန်လုံးဟာမြန်မာနိုင်ငံကပါဘဲတဲ့ဗျာ။

 

ကျွန်တော်ခဏလေးမှင်သက်မိသွားတဲ့နောက်မှာတော့ ယူကြုံးမရမှူတွေ ဝမ်းနည်းမှူတွေ နှမြှောတသမှူတွေအပြည့်နဲ့ပါ။ကိုယ့်နိုင်ငံက ပညာရှင်တွေရယ် ကိုယ့်နိုင်ငံက သဘာဝသယံဇာတတွေရယ် ကိုတခြားနိုင်ငံကပေါပေါပဲပဲသုံးစွဲပြီးနိုင်ငံခြားငွေအမြှောက်အမြားရနေချိန်မှာတော့ ကိုယ့်နိုင်ငံက ပညာရှင်တွေကတော့ အားငယ်စွာနဲ့သူများနိုင်ငံမှာဘယ်လိုအလုပ်လုပ်နေရလဲဆိုတာတွေးရင်း ရင်ထဲမှာဆို့ဆို့နင့်နင့်နဲ့ပြန်လာခဲ့ရပါတော့တယ်။

Ref: Hein Ko Ko f:https://mmlivenews.com/archives/14244

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!