Popular Posts!

Sunday, January 20, 2019

Hyper power ရေအားလျှပ်စစ်ဆိုတာ

ရေအားလျှပ်စစ် ရရှိရေး အတွက်လူအများ လွဲမှားနေသော အယူအဆများကို ရှင်းရှင်းလင်းလင်းတိတိကျကျ သိစေချင်သည့်ရည်ရွယ်ချက်ဖြင့် ဒီ post ကို အပင်ပန်းခံကာရေးထားပါသည် ချစ်စွာသော fri များဖတ်ကြည့်စေလိုပါသည်။




Myanmar Hydropower & Dams

Myanmar project formulation Survey micro hydropower Generation 


BASELINE ASSESSMENT REPORT HYDROPOWER

Strategic Environmental Assessment of the Hydropower Sector in Myanmar



လူများစွာသည် အခြားလူများစွာနောက်အလိုလျောက်လိုက်ပါသွားတပ်ကြသည်။ အများအားဖြင့် အခြားသူတို့၏ပစ်ပယ်မှုကိုကြောက်သောကြောင့်ဖြစ်သည် ထိုသို့မဟုတ်ပါက အခြားသူတို့ လုပ်သောအလုပ်တွင်ဥာဏ်ပညာပါပြီးဟုယုံကြည်သောကြောင့်ဖြစ်သည်။ သို့သော် ဥသျှစ်သီးကြွေတာနဲ့ တစ်တောလုံးလန့်ပြေးသလို သူများယောင်လို့လိုက်ယောင်နေသူတွေက ပိုများသည်။ အကျိုးအကြောင်းဆင်ခြင်​ ပြီး ဆုံးဖြတ်ကြစေချင်ပါသည်။ နိုင်ငံရေးသမားတွေကြားမှာ သာမာန်ပြည်သူတွေ မြေစာပင် လည်းဖြစ်ခဲ့ ရပြီ ဒီလောက်လျှပ်စစ်လိုအပ်မှန်း အားလုံးသိရက်နှင့် ဘာကြောင့်မြစ်ဆုံစီမံကိန်းကို ငြင်းခဲ့ ကြသနည်း။ ကျေးရွာ နေပြည်သူများကို မီးသွေးတွေ ထင်းတွေနဲ့ ပဲအမြဲ ထမင်းချက်စေချင်တာလား ဘယ်လိုဆုံးဖြတ်ခဲ့သလဲဆိုတာပြန်မေးခွန်းထုတ်ဖို့လိုပါသည် 

ကိုယ့်နိုင်ငံဖွံ့ဖြိုးလာမှာကို စိမ့်ကြောက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက စိတ်ထဲကြိတ်ပြီကျေနပ်နေလိမ့်မယ် ဒီလောက်ညံတွေသူတွေဆိုပြီးတော့ CPI ကမြစ်ဆုံကိုဘယ်လိုဆောက်မှာလည်းဆိုတာကိုတော့အနည်းဆုံးလေ့လာသင့်သည် မေခ မလိခ မြစ်နှစ်မွှာပေါ်မှာ အမွှာဆည် ခုနှစ်ခုဆောက်မှာ ဆည်ခုနှစ်ခုပေါင်းလိုက်ရင်ထွက်လာမယ့် မဂါဝပ် က ၁၃၃၆၀ megawatts (MW) ဖြစ်သည်။ အဲဒီထဲမှာ မြစ်ဆုံမှာဆောက်မှာက အကြီးဆုံး မြစ်ဆုံဆည်တစ်ခုထဲတင် ၃၆၀၀ မက်ဂါဝပ်လျပ်စစ်အား ရမယ် ဒါက ၃၆၀၀ x ၁၀၀၀ x ၁၀၀၀ ၀ပ်ကိုပြောတာ ဒလစပ်ထုတ်ပေးနေမယ့် ဓာတ်အားဖြစ်သည် အဲဒီနည်းမှာက ရေ လှောင်ထားခြင်း မရှိပဲ အနိမ့်အမြင့် ရေအားကို ယူပြီး လျပ်စစ်ထုတ်မယ့်ဆည်ခုနှစ်ခုပေါင်းရင် ၁၃၃၆၀ megawatts (MW) မက်ဂါဝပ်ရမယ် အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာပြည်အတွက်က လျပ်စစ် ၁၀ % အလကားရမယ် ၁၅% ရှယ်ယာပိုင်ဆိုင်ခွင့်ရမယ် နှစ် ငါးဆယ်ပြည့် တဲ့အခါ ၁၀၀% အပိုင်ရမည်။ export tax ပို့ကုန်ခွန် နဲ့ နှစ်ငါးဆယ်အတွင်း ၅၄ ဘီလီယမ်ဒေါ်လာရဦးမည်။ တစ်နှစ် ၁ ဘီလီယမ်ပဲဆိုပါစို့ ဦးရေတစ်သန်းရှိတဲ့ ကျနော်တို့ဝန်ထမ်းတွေကိုတစ်နှစ်ကို ဒေါ်လာတစ်ထောင် တစ်လကို မြန်မာငွေတစ်သိန်းပိုပေးလို့ရသည်။ လျှပ်စစ်က ကချင်ပြည်နယ်တစ်ခုလုံးအသုံးထက်များစွာပိုနေသေးသည်။ 

ကျနော်တို့ထပ်ပြီးတောင်းဆိုညှိနိုင်းရနိုင်သည်အခွင့်အလမ်းရှိလျှင် ရာခိုင်နုန်းအချိုးတွေပိုရနိုင်သည် အများသိကြသည့် အတိုင် သန်လျင်မြစ်ကူးတံတားတည်ဆောက်ပြီး မြန်မာတွေတံတားဆောက်နည်းရလိုက်၍ ဆောက်လိုက်သည့်တံတားတွေနိုင်ငံနှင့်အ၀န်း ထရိတ်ဒါးနှင့်ဆီဒိုးနား ဆောက်ပြီးတာနဲ့ ဆောက်လိုက်သည်မိုးမျှော်တိုက်တွေ ဒါက နည်းပညာရသွားသည်က နိုင်ငံအတွက်အမြတ်ထွက်သည် ယခုလည်း ရေသယံဇာတပေါကြွယ်ဝသော ကျနော်တို့နိုင်ငံတွင်ဆောက်စရာရေအားလျှပ်စစ်များစွာရှိသည် ဘာမှမဟုတ်သည့်သံလွင်မြစ်ရဲ့ မြစ်လက်တတ် ဘီလူးချောင်းပေါ်တွင်ဖြစ်သည့် လောပိတ မှများစွာလျှပ်စစ်ရနေသေးသည် ခရီးသွားဖူး၍ မြန်မာနိုင်ငံရဲ့ မြောက်မှတောင်သို့ စီးဆင်းနေသည့် မြစ်ကြီးလေးခု၏ တောင်ကျချောင်းများစွာတွင်ရေအားလျှပ်စစ်တည်ဆောက်ရန်အခွင့်အလမ်းများစွာရှိသည်။ Gas တွေထက်ဈေးချိုသောလျှပ်စစ်ကိုရေအားမှရနိုင်သည်။နိုင်ငံအတွင်းစီးဝင်လာမည့် အရင်းအမြစ်တစ်ခုကို ဖြတ်တောက်မပစ်စေချင်ပါ နိုင်ငံ ရေးအသာစီးရဖို့ကစားသူတို့ရဲ့လှည်ကွက်ထဲမ၀င်ရလေအောင် တစ်ချက်လောက် ပြန်ပြီး စဉ်းစားဆုံးဖြတ်ကြရအောင်ဗျား။နောက်တစ်ခုက  ၃၂ ကျပ်နဲ့ လိုသလောက် ဝယ်လို့ရတယ်ဆိုရင် အစိုးရလည်းရှုံးစရာအကြောင်းမရှိဘူး ၊ အများပြည်သူနဲ့ လုပ်ငန်းရှင်လည်း လိုသလောက်သုံးနိုင်တဲ့ အတွက် အခြားနည်းလမ်းထက်ပိုမကောင်းဘူးလားလို့ မေးချင်ပါတယ်။





















U Win Myint ရေးထားသည့်အထဲမှ ကောက်နုပ်ချက်အဖြစ် ပညာရှင်များ ပြန်ပြီးလက်ခံထားတာက ဈေးအပေါဆုံး အတည်ငြိမ်ဆုံး ပြန်လည်ပြည့်မြဲစွမ်းရှိတဲ့ အစိမ်းရောင်စွမ်းအင်က ရေအားလျှပ်စစ် ဖြစ်ပါတယ် ။ ကျွန်တော်တို့နိုင်ငံသယံဇာတဒီလောက် ပေါကြွယ်နေတာ ဘာကြောင့် အသုံးမချပဲ ဈေးနှုန်းမြင့်တဲ့ အခြားလျှပ်စစ်မျိုးသွားပြီးကြိုးစားနေတာလဲ။ လူထုအများစုက တရုတ်အတွက်သာလုပ်ပေးနေတယ်ဆိုပြီး ဆန့်ကျင်ထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်မှာ ပြည်သူတွေဟာအမှောင်ထဲထိုင်ပြီးကန့်ကွက်နေကျတာ  ဧရာဝတီ ၊ ချင်းတွင်း ၊ စစ်တောင်း ၊ သံလွင်မြစ်တွေမှာ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက မဂ္ဂါဝပ် တစ်သိန်းရှိပါတယ်။ လောလောဆယ် စီစဉ်ထားတဲ့ ၉၂ နေရာမှာ မဂ္ဂါဝပ် ၄၆၀၀၀ ထုတ်ပေးနိုင်ပါတယ် ။ အခုချိန်မှာ ၃၀၃၃ မဂ္ဂါဝပ်ပဲ ရှိတာကတော့ ငွေကြေးနဲ့ နည်းပညာမရှိတာကြောင့်ပါ ။ လျှပ်စစ်ကဏ္ဍမှာ သူဌေးဖြစ်ရမယ့်သူက လောလောဆယ် သူဆင်းရဲဖြစ်နေတယ် ။ နဂို အစီအစဉ်အတိုင် ဆိုလျှင် မြစ်ဆုံမှ ၂၀၀၀ မဂ္ဂါဝပ် ကို ၂၀၁၇ တွင် ရလျှင် လျှပ်စစ် ၄၀ ရာနုန်းတိုးလာမည်ဖြစ်သည်။

ဒီလိုတွက်ခြေကိုက်မှုမကြည့်ပဲ သဘာဝ ပတ်ဝန်းကျင်အကြောင်း အန္တရာယ်ရှိမရှိဆိုတဲ့အကြောင်း ၊ ပင်လယ်ဆားငန်ရေဝင်ပြီး စိုက်ပျိုးရေးကို ထိခိုက်တဲ့အကြောင်း ၊ အင်န်ဂျီအိုများ နှိုးဆော်ထားတဲ့ကိစ္စမှာ နိုင်ငံတကာ ရေအရင်းမြစ်ပညာရှင် နဲ့ စွမ်းအင်ဆိုင်ရာပညာရှင်များရဲ့ အစည်းအဝေးများမှာ သဘောတူထားတဲ့အချက်အလက်နဲ့ ဘာကြောင့် ဒီလောက်သဘောထားကွဲပြားနေသလဲ ။ အနည်းဆုံးတော့အဖြေရှာသင့်တယ် ။

ယခုလက်ရှိမှာ မြန်မာပြည်တွင် ရေအားလျှပ်စစ် အများဆုံထုတ်လုပ်သည်မှာ မန်းလေး တိုင်းနှင့် ရှမ်းပြည်နယ် အစပ်တွင်ရှိသော ရဲရွာ ရေအားလျှပ်စစ်မှ (790) megawatts (MW) ။နောက်ထပ်ရေအား လျှပ်စစ် ဒုတိယ နှင့် တတိယအများဆုံးထုတ်လုပ်နေသည့် ဆည်များသည် မူဆယ် မြို့ အနီးတွင် ရှိသော ရွှေလီရေအားလျှပ်စစ်မှ (600) megawatts (MW) နှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း တရုပ်ပြည်မှ မြန်မာပြည်အတွင်းသို့ ဖြတ်သန်းစီးလာသော တာပိန် ချောင်းပေါ် တွင် တည်ဆောက်ထားသည့် တာပိန်ရေအားလျှပ်စစ်မ 1 နှင့် 2 တို့မှ ( 408 ) megawatts (MW) အသီးသီးတည်ဆောက်ထားပါသည် အဆိုပါ နှစ်ခုသည် မြစ်ဆုံ နှင့် တည်ဆောက်ပုံခြင်း တူနေသဖြင့် ရေအားလျှပ်စစ်များတည်ဆောက်ပုံကို ပုံနှင့် တကွ ဖော်ပြပေးထားပါသည်။ ဆည်များကို ကန့် ကွက်နေသူလူထုအများသည် မသိပဲ ရမ်းတုတ်နေကြခြင်း ဖြစ်သည် ။ 

စိုက်ပျိုး ရေ ရည်ရွယ်သောဆည်နှင့် ရေအား လျှပ်စစ်ထုတ် ဖို့ ဆည်များသည် ရည်ရွယ်ချက်ခြင်းမတူသလို တည်ဆောက်ပုံများအတော်ကြီး ကွာခြားသည်။ ရေအားလျှပ်စစ် သည် ရေ ကို လှောင်ထားခြင်းမရှိပဲ ရေကို ဆည်ဖြင့်တားကာ ရေလွှဲဥမင် မှ တဆင့် ရေ အနိမ့် အမြင့် ဖိအားကို ယူပြီး လျှပ်စစ်ထုတ်သည့် ရေအားသုံးတာဘိုင်များကို ပို့ ဆောင်သည့် နည်းအတိုင်း ဖြင့် ရေအားမှ လျှပ်စစ်ထုတ်ယူခြင်းဖြစ်သည်။ ယင်တည်ဆောက်နည်း တွင်ဆည်များသည် ရေကိုသိုလှောင်ထားခြင်းမရှိသောကြောင့် ဆည်ကျိုး ပြီး ရေနစ်နိုင်သည်ဆိုသည်မှာလည်း မမှန်ပေ။ နောက်ထပ် မြစ်ချောင်းများအတွင်း ၀င်လာသည့် ရေပမာဏ အတိုင်း ရေပိုလွှဲနှင့် တာဘိုင်တို့ မှရေများပြန်ထွက်လာ သဖြင့် ဆားငန်ရေများဝင်ရောက်လာနိုင်သည်ဆိုသည့် အချက်လည်းမမှန်ပေ။ ဆည်များမည်သို့တည်ဆောက်ထားသည်ကို Google Earth မှ စိတ်ဝင်စားသူတိုင် ကြည့် ရှုနိုင်ပါသည်။ 

နောက်တစ်ခုက FDI တို့ဘာတို့ပြောနေပေနဲ့ လျှပ်စစ်မလုံလောက်ပြီး တလွဲမျိုးချစ် များကြောင့် မည်သည့်နိုင်ငံကမျှ အလွယ်တကူစီးပွားရေးလာမလုပ် စက်ရုံလာမတည် ထို့ အတွက်ကြောင့်လည်း အလုပ်အကိုင်ကရှားနေဦးမည်သာ။ မြစ်ဆုံကိုလက်ညိုးထိုးရင်း မှိုင်းဝ ၍တက်ချင်ချင်မြန်မာနိုင်ငံစီးပွားရေးကို အမေရိကန်တို့သွေးထိုးမှုများတို့ ကြောင့် မြန်မာ့စီးပွားရေးကို နိုင်ငံသားတွေကပဲ တုတ်နဲ့ထိုး နေဦးမည်သာ။ အမေရိကန်ကလည်း ကူမင်း လျှပ်စစ်ရသွားမည်ကို အလွန်ကြောက်သည် တရုပ်ပြည် ကုန်းတွင်းတွင်လုပ်အားခပိုပေါသလို မြန်မာပြည်က လျှပ်စစ် နှင့် တရုတ်ကလုပ်အား နှင့် ကမ္ဘာအနှံ တရုတ်ပို့ကုန်များ ဈေးကွက်ရသွားမှာကိုအထူးစိုးရိမ်သည် ထို့ကြောင့်လည်း VOA BBC စသော မီဒီယာများ မှတဆင့် ရှူးတိုက်တိုင်း လိုက်ဟောင်တတ် သောစဉ်းစားဆင်ခြင်ဥဏှောက်မရှိ သူတို့ကို ခုတုံးလုပ်နေ ဦးမည်သာ။    ။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!