Popular Posts!

Wednesday, January 16, 2019

တရုတ်​နှစ်​သစ်​ကူးရက်​များရဲ့ တစ်​ရက်​ခြင်းစီတိုင်းမှာ အဓိပ္ပါယ်​​လေး​တွေရှိကြတယ်​ဆိုတာ သိကြရဲ့လား?

တရုတ်​နှစ်​သစ်​ကူးရက်​များရဲ့ တစ်​ရက်​ခြင်းစီတိုင်းမှာ အဓိပ္ပါယ်​​လေး​တွေရှိကြတယ်​ဆိုတာ သိကြရဲ့လား?





နံပါတ်​(၁) တရုတ်​လဆန်း၁ရက်​​နေ့ 
ကဲအဲ​နေ့မှာတရုတ်​လဆန်းတစ်​ရက်​​နေ့ဖြစ်​လို့ အလုပ်​မလုပ်​ရဘူးတဲ့... တရုတ်​​တွေက တစ်​နှစ်​မှာအဲ​နေ့တစ်​​နေ့ကို အလုပ်​မလုပ်​ရဘူးလို့သတ်​မှတ်​တယ်​။ အဲ​နေ့က ဘုရား​ကျောင်း​တွေသွားတယ်​။ ​ဗျောက်​အိုး​တွေ​ဖောက်​ကြတယ်​။ ​နောက်​တစ်​ခုရှိ​သေးတယ်​ တမြက်​စည်းမလှည်းရဘူး​နော်​။....

နံပါတ်​(၂) တရုတ်​လဆန်း(၂)ရက်​​နေ့
အဲ​နေ့က​တော့ သမီး​တွေက သူတို့ရဲ့​ယောကျာ်းကို မိဘအိမ်​​ခေါ်လာကြတယ်​တဲ့။ မိန်းက​လေးဘက်​ကမိဘ​တွေနဲ့ သားမက်​က ​နေ့လည်​စာအတူတူစားကြတယ်​။ မိန်းက​လေးဘက်​က အိမ်​က က​လေး​တွေကို ဟုတ်​​ပေါင်း​ပေးကြရတယ်​။ အဲ​နေ့ကို နှစ်​ဖွင့်​တဲ့ရက်​လို့​ခေါ်တယ်​။

နံပါတ်​(၃) တရုတ်​လဆန်း(၃)ရက်
အဲဒီရက်​ကို​တော့ နမိတ်​မ​ကောင်းတဲ့ရက်​ဆိုပြီး သတ်​မှတ်​ကြတယ်​။ အဲ​ကြောင့်​ အဲ​နေ့မှာ အပြင်​မထွက်​ကြရဘူးတဲ့။ အိမ်​ထဲမှာပဲ​နေကြရတယ်​။ 

နံပါတ်​(၄) တရုတ်​လဆန်း(၄)ရက်
အဲရက်​က​တော့ မီးဖိုနတ်​နှင့်​တကွ နတ်​အ​ပေါင်းတို့အား လူ့ပြည်​ပြန်​လည်​ပင့်​ဖိတ်​ရတဲ့ရက်​ပါ။ အဲရက်​က နတ်​အ​ပေါင်းတို့က နတ်​ပြည်​ မှ လူ့ပြည်​ကိုပြန်​လည်​ဆင်းသက်​လာတဲ့ရက်​ဟုသတ်​မှတ်​ကြတယ်​။ အဲ​ကြောင့်​ အ​မွှေးတိုင်​၊ ဖ​ယောင်းတိုင်​၊ မုန့်​၊ အသားငါးများ နှင့်​ ပြန်​လည်​ပင့်​ဖိတ်​ကန်​​တော့ကြတယ်​။

နံပါတ်​(၅) တရုတ်​လဆန်း(၅)ရက်
အဲရက်​က​တော့ မီးဖို​ချောင်​မှာ ထမင်းချက်​ရာမှာ ဆူဆူညံညံမလုပ်​ရဘူးတဲ့။ 

နံပါတ်​(၆) တရုတ်​လဆန်း(၆)ရက်
လဆန်း၆ရက်​​နေ့က​တော့ နှစ်​​ဟောင်းရဲ့အညစ်​အ​ကြေးဖြစ်​တဲ့ အသုံးအ​ဆောင်​၊ အဝတ်​အထည်​ အ​ဟောင်းအစုတ်​များကို မီးရှို့၍ဖြစ်​​စေ လွှင့်​ပစ်​၍ဖြစ်​​စေ စွန့်​ပစ်​ကြရတယ်​။

နံပါတ်​(၇) တရုတ်​လဆန်း(၇)ရက်
လဆန်း၇ရက်​က​တော့ ကြင်​နာထားရမယ့်​​နေ့တဲ့။ လူသားများ​နေ့ဟုလည်းသတ်​မှတ်​တယ်​။ အဲ့ရက်​မှာ ကြီးသူကို ငယ်​သူကရို​သေ ငယ်​သူကိုကြီးသူက ကြင်​နာ​မေတ္တာထားရမယ်​တဲ့။

နံပါတ်​(၈) တရုတ်​လဆန်း(၈)ရက်
လဆန်း၈ရက်​မှာ​တော့ အဲ​နေ့ရဲ့ရာသီဥတုကိုကြည့်​၍ နှစ်​တစ်​နှစ်​ရဲ့ သီးနှံထွက်​နှုန်းကိုခန့်​မှန်းကြတယ်​တဲ့။

နံပါတ်​(၉) တရုတ်​လဆန်း(၉)ရက်
လဆန်းကိုးရက်​​တော့ မိုးနတ်​မင်းကြီးရဲ့​မွေး​နေ့ရက်​မြတ်​ပဲ။ မိုးနတ်​မင်းကို ပူ​ဇော်​ကန်​​တော့ကြတယ်​။

နံပါတ်​(၁၀) တရုတ်​လဆန်း(၁၀)ရက်
လဆန်း၁၀ရက်​​နေ့မှာ ​ကျောက်​တုံး​လေးများကို ကစားခြင်း၊ ​နေရာ​ရွေ့ခြင်း။ ​ခြေ​ထောက်​ဖြင့်​ကန်​ခြင်း မပြုလုပ်​ရပါ။

နံပါတ်​(၁၁) တရုတ်​လဆန်း(၁၁)ရက်
သားမက်​နှင့်​​ယောက္ခထီးထမင်းတူတူစားကြတဲ့​နေ့တဲ့

နံပါတ်​(၁၂) တရုတ်​လဆန်း(၁၂)ရက်
လဆန်း၁၂ရက်​​နေ့မှာ​တော့ အစားအ​သောက်​​တွေကို မီးထွန်းပွဲ​တော်​အတွက်​ ကြိုတင်​ဝယ်​ထားကြရတဲ့​နေ့တဲ့

နံပါတ်​(၁၃) တရုတ်​လဆန်း(၁၃)ရက်
အဲ​နေ့က​တော့ မီးပုံး​လေး​တွေဝယ်​ကြရမယ့်​​နေ့တဲ့။ အဲ​နေ့မှာ တရုတ်​လူမျိုး​တွေက ထမင်းကို အသားမပါပဲ ​ပေါ့​ပေါ့ပါးပါးပဲ စားကြတယ်​တဲ့

နံပါတ်​(၁၄) တရုတ်​လဆန်း(၁၄)ရက်
မီးထွန်းပွဲ​တော်​အတွက်​ လမ်း​တွေ အိမ်​​တွေမှာ မီးပုံး​လေးများကို ကြိုတင်​အလှဆင်​ပြင်​ဆင်​ကြရတဲ့​နေ့ပါ။

နံပါတ်​(၁၅) တရုတ်​လဆန်း(၁၅)ရက်
နှစ်​သစ်​ကူးပွဲ​တော်​ရဲ့ ​နောက်​ဆုံးရက်​ မီးထွန်းပွဲ​တော်​ရက်​ပါ။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!