Popular Posts!

Friday, January 25, 2019

ရန်ကုန်ဆိပ်ကမ်း သင်္ဘောဆိုက်ကပ်မှု ကုန်ကျစရိတ် မြင့်နေပါက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ထိခိုက်မည်ဟု လွှတ်တော်အမတ်ထောက်ပြ


ရန်ကုန်ဆိပ်ကမ်း သင်္ဘောဆိုက်ကပ်မှု ကုန်ကျစရိတ်မြင့်မားနေ၍ ပို့ကုန်တင်ပို့ရန် အခက်အခဲဖြစ်ပေါ်နေပြီး သွင်းကုန်များ ဈေးနှုန်းကြီးမြင့်စေကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်သို့ တင်ပြဆွေးနွေးသည်။




ဇန်နဝါရီ ၂၃ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သင်္ဘောဆိုက်ကပ်မှု ကုန်ကျစရိတ် လျှော့ချပေးရန် အစီအစဉ် ရှိ၊ မရှိ ဦးအောင်ကျော်ကျော်ဦးက မေးခွန်းမေးမြန်းခဲ့သည်။

ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရန်၊ ပြည်ပမှ ကုန်ပစ္စည်း များ တင်သွင်းရန် ရန်ကုန်ဆိပ် ကမ်းသို့ ဆိုက်ကပ်လာသည့် သင်္ဘောတစ်စီး၏ ကုန်ကျစရိတ် သည် အာဆီယံ နိုင်ငံများတွင် ရန်ကုန်ဆိပ်ကမ်းများသည် အမြင့်ဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘တစ်ချိန်နှစ်သောင်းရှိတဲ့ သင်္ဘောတစ်စီး ရန်ကုန်ဆိပ်ကမ်း ကို ဆိုက်ကပ်မယ်ဆိုပါက ကုန်ကျစရိတ်က ကန်ဒေါ်လာ ၁၄၅,၀၀၀ လောက်ကုန်ကျပြီး ထိုင်း၊ ဗီယက် နမ်တို့ထက် နှစ်ဆကျော် များပြား နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ စစ်တမ်း တစ်ခုမှာ ဖော်ပြထားပါတယ်’’ဟု ဦးအောင်ကျော်ကျော်ဦးက ဆွေး နွေးသည်။ ထိုင်းနိုင်ငံတွင် ဒေါ်လာ ၆၅,၀၀၀၊ ဗီယက်နမ်နိုင်ငံတွင် ၆၀,၀၀၀ ခန့်သာ ကုန်ကျသည်ဟု ဆိုသည်။

ထိုမေးခွန်းကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက လွှတ်တော်သို့ လာရောက်ဖြေ ကြားပြီး ရန်ကုန်ဆိပ်ကမ်း ဆိုက် ကပ်ကုန်ကျစရိတ်သည် ဒေသ တွင်း ဆိပ်ကမ်းများနှင့် လွန်မင်းစွာ ကွာဟမှုမရှိဟု ပြောသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က ၂၀၁၈ နှစ်ကုန်တွင် လေ့လာပြုစုထားသည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းအာဆီ ယံ မြစ်ဆိပ်ကမ်းများ၌ ကောက်ခံ သည့် အခွန်အခ နှိုင်းယှဉ်ချက်များအရ တန်ချိန် ၂၆,၀၀၀ ရှိ သင်္ဘောတစ်စီး ဆိပ်ကမ်းဆိုက် ကပ်မှု စုစုပေါင်း ကုန်ကျစရိတ် သည် ရန်ကုန်ဆိပ်ကမ်းတွင် ကန် ဒေါ်လာ ၁၈,၅၉၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းဆိပ်ကမ်းတွင် ၁၅,၀၀၀ ကျော်၊ ကမ္ဘောဒီးယား နိုင်ငံရှိ ဆိပ်ကမ်းတွင် ၂၇,၀၀၀ကျော်၊ ထိုင်းနိုင်ငံ ဘန်ကောက် ဆိပ်ကမ်းတွင် ၁၅,၀၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၁၇,၀၀၀ ကျော်ဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။

ထို့အပြင် ကွန်တိန်နာ ဝန်ဆောင်မှုကို ကွန်တိန်နာတစ်လုံး ကန်ဒေါ်လာ ၁၆၅ မှ ၁၄၅ သို့ လျှော့ချထားကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်အနေဖြင့် ဆိပ်ကမ်း၏ တွဲ သင်္ဘော ခြောက်နာရီအသုံးပြုခ ကို ယခင်က ကန်ဒေါ်လာ ၂,၀၀၀မှ ၁,၅၀၀ သို့ ၂၀၁၈ ဇန်နဝါရီ၁ ရက်က စ၍လျှော့ချခဲ့သည်ဟု ၎င်းက ဆိုသည်။

ကုန်တင်ကုန်ချစရိတ်နှုန်း ထားများနှင့် ပတ်သက်ပြီး ဒေသ တွင်း ဆန်တင်ပို့မှု အများဆုံးဖြစ် သည့် ဆိပ်ကမ်းများနှင့် နှိုင်းယှဉ် ကြည့်ရာတွင် ရန်ကုန်ဆိပ်ကမ်း၌ တစ်တန်လျှင် ကန်ဒေါ်လာ နှစ် ဒေါ်လာနှုန်း၊ ထိုင်းနိုင်ငံတွင် ၁ ဒသမ ၀၃ ဒေါ်လာ၊ ဗီယက်နမ် နိုင်ငံတွင် ၃ ဒသမ ၈ ဒေါ်လာနှုန်း ဖြစ်၍ ရန်ကုန်ဆိပ်ကမ်း၏ နှုန်း ထားမှာ သင့်တင့်သော နှုန်းထား ဖြစ်ကြောင်း ဒုဝန်ကြီးက ဆို သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ဆိပ်ကမ်းအခွန်အခ များကို ရေကြောင်းဖြင့် ကုန်စည် တင်သွင်း၊ တင်ပို့မှု အခြေအနေ လေ့လာသုံးသပ်ပြီး ဈေးကွက် အခြေအနေအပေါ် မူတည်၍ သင့်တင့်မျှတသည့်  နှုန်းထားများဖြင့် ပြင်ဆင်ကောက်ခံရန် စီစဉ် ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက ပြောသည်။

Ref:http://www.7daydaily.com/story/148318

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!