Popular Posts!

Thursday, January 24, 2019

မြန်မာတွေ သေစမ်း

မြန်မာတွေ သေစမ်း




ကမ္ဘာမှာပိုးသတ်ဆေးအသုံးဆုံးနိုင်ငံက EU နိုင်ငံတွေပါ။ တစ်ကမ္ဘာလုံးကထုတ်တဲ့ပိုးသတ်ဆေးရဲ့ ၄၅ ရာခိုင်နှုန်း ကိုသုံးပါတယ်.

ဒုတိယက ၂၅ ရာခိုင်နှုန်း သုံးတဲ့ USA ပါ..
အိမ်နီးချင်းနိုင်ငံတွေထဲ ပိုးသတ်ဆေးအသုံးများတဲ့ အိန္ဒိယတောင် ၃ %ပဲရှိပါတယ်..
မြန်မာနိုင်ငံကပိုးသတ်ဆေးသုံးတာနိုင်ငံတကာနဲ့ယှဉ်ရင် ၁ % တောင်မရှိပါဘူး..

ဒါပေမဲ့ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် ကင်ဆာအပါအဝင်ရောဂါရမှုမှာတော့ မြန်မာနိုင်ငံကထိပ်ဆုံးမှာရှိနေတယ်..

"ကျွန်မက အသီးအရွက်များများစားတယ်.."

ကျွန်တော် ပြန်ပြောလိုက်ပါတယ်.. " ဒါဆို အမ မြန်မြန်သေမှာပဲ " လို့..

ကမ္ဘာမှာ ကင်ဆာအဖြစ်ဆုံး အဆင့် ၂ နေရာကိုမြန်မာနိုင်ငံက ရရှိထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ နေ့တိုင်းနေ့တိုင်း အဆိပ်တွေ စားအုံးဆီတွေ မှိုတတ်နေတဲ့ အစားအစာတွေ စားသုံးနေကြလို့ပါ..

ထမင်းဝိုင်းကိုထိုင်လိုက်လို့ ထမင်းဝိုင်းမှာ အသီးအရွက်တစ်မျိုးမျိုးတွေ့လိုက်တာနဲ့ သတိထားပါတော့..မိတ်ဆွေ အဆိပ်သင့်ပါတော့မယ်..

မိတ်ဆွေဟာ စိုက်ပျိုးရေးခြံတစ်ခြံကို ဝင်လိုက်ရင်ရောင်းဖို့အပင်နဲ့ သူတို့စားဖို့အပင်ဆိုပြီး ၂ မျိုးခွဲထားတာကိုတွေ့ရပါလိမ့်မယ်.. ရောင်းဖို့အပင်ဆိုရင် ပိုးသတ်ဆေးဖျန်းပြီး ကိုယ်စားမဲ့အပင်ဆို ပိုးသတ်ဆေးမဖျန်းပါဘူး..

နိုင်ငံတကာမှာလုံးဝထိပ်တန်းအန္တရာယ်အဖြစ် ပိတ်ထားတဲ့ (ဥပမာမီသိုမိုင်း)လို ပိုးသတ်ဆေးမျိုးကိုမြန်မာနိုင်ငံမှာ အလွယ်တကူဝယ်လို့ရပါတယ်..ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်လာတာပါ..
ပိုးသတ်ဆေးဓာတ်ကြွင်းပျယ်တဲ့အချိန် ကြာလွန်းတာကြောင့်(ဆယ်စုနှစ်နဲ့ချီပြီး အဆိပ်မပျယ်လို့နိုင်ငံတကာမှာပိတ်ထားတဲ့ဆေးမျိုးတွေ )ကိုမြန်မာနိုင်ငံမှာ တရားမဝင်လမ်းကြောင်းကနေဖောဖောသီသီ သုံးနေကြတယ်..

အမေရိကန်မှာ 1985 ...(EUမှာ1992) ..ဝန်းကျင်လောက်ထဲက ပျားမျိုးတွေတုံးကုန်လို့သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုပြီး ပိတ်လိုက်တဲ့ Imidacloprid အမျိုးအစားပိုးသတ်ဆေးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့တရားဝင်ခွင့်ပြုထားတဲ့ ထိပ်တန်း အသုံးအများဆုံး တောင်သူကြိုက်ပိုးသတ်ဆေးပါပဲ..

ဒီနှစ်မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးအမျိုးအစားပေါင်း700 ကျော် မှတ်ပုံတင်ဖို့ စာရင်းတင်ထားပြီးစုစုပေါင်း ပိုးသတ်ဆေးအမျိုးအစားပေါင်း 4100 ကျော်မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားပြီးပါပြီ..(နယ်သာလန်မှာ ဒီနှစ် ပိုးသတ်ဆေး 20ကျော်မှတ်ပုံတင်လို့ဆိုပြီး သူတို့နိုင်ငံမှာအတော် ပွက်လောရိုက်သွားတယ်လို့အင်တာနက်မှာတွေ့လိုက်တယ်..)

ပိုးသတ်ဆေးကိုသုံးစွဲတဲ့ တောင်သူဦးကြီးများပညာရည်ချို့တဲ့မှုကလဲ အဓိကအားနည်းချက်ပါပဲ..
PHI လို့ခေါ်တဲ့ ပိုးသတ်ဆေးဖျန်းပြီး ဘယ်နှစ်ရက်နေမှရိပ်သိမ်းခူးဆွတ်ပါဆိုတဲ့ အညွှန်းစာကို ဘယ်တော့မှမလိုက်နာကြပါဘူး..လိုက်နာဖို့ နေနေသာသာ ဖတ်တောင်မကြည့်ဘူး..

နိုင်ငံခြားမှာဆို ပိုးသတ်ဆေးဖျန်းမယ့်လူရဲ့ခြေတစ်လှမ်းအကွာအဝေး သူဖျန်းမယ့်ဧရိယာအကျယ်တစ်နာရီမှာ ရောက်မယ့်ခရီးအကွာအဝေးဆေးပမာဏ ရေပမာဏ စတာတွေကိုသီအိုရီနဲ့တွက်ပြီး စနစ်တကျဆေးဖျန်းတာပါ.

မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေးဗူးကိုကိုင်ပြီး ဆေးဖျန်းပုံးထဲလောင်းထည့်ပြီး လယ်ကွင်းထဲလျောက်ဖျန်းလိုက်တာပါပဲ..

ရေသန့်ဗူး ၂၀ စာ ရေပမာဏလောက်ကိုဟင်းခပ်ဇွန်း ၁ ဇွန်းလောက်ပဲထည့်သုံးရလောက်အောင်ပြင်းလှတဲ့ ပိုးသတ်ဆေးမျိုးတွေ ဈေးကွက်ထဲမှာအများကြီးရှိပါတယ်..

ဒီလိုဆေးမျိုး တစက်တလေလောက် ဓာတ်ကြွင်းကျန်နေတဲ့အသီးအနှံကိုစားမိရင် ဘယ်လောက်အန္တရာယ်ကြီးလိုက်မလဲ..ကြောက်စရာကောင်းပါတယ်..

ဝမ်းနည်းစရာကောင်းတာကသီးနှံတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးတဲ့စက်ဟာ မြန်မာနိုင်ငံမှာလက်ချိုးရေလို့ရလောက်အောင် နည်းပါတယ်..
ရှိတဲ့စက်တွေကလဲ ခေတ်မမှီတော့ပါဘူး..
ထိုင်းလိုနိုင်ငံမှာတောင် မြန်မာနိုင်ငံမှာရှိတဲ့စက်ထက်နောက်တစ်ဆင့်ထက် နောက်တစ်ဆင့် ၂ ဆင့်မြင့်တဲ့စက်တွေဘုံးဘလအောကို သုံးနေပါပြီ..

တကယ်လို့ မိတ်ဆွေဟာ တို့စရာအစိမ်းစားတတ်ရင်တော့ဘယ်တို့စရာကိုမဆို ဆားဖျော်ရေနဲ့ သေသေချာချာလေးဆေးပေးပါ.ကန်စွန်းရွက်ကိုတောင် ဆေးဖျန်းကြတဲ့ခေတ်ထဲမှာ ဘယ်အသီးအနှံကိုမဆို အစိမ်းမစားသင့်တော့ပါဘူး..

ကျွန်တော်က ပညာရှင်တစ်ယောက်မဟုတ်လို့ဒီလောက်လေးပဲ ထောက်ပြရေးနိုင်ပါတယ်..

ကျွန်တော်တို့နိုင်ငံကိုတိုးတတ်အောင် လုပ်စရာအလုပ်တွေအများကြီး..အဆင့်ပေါင်းအများကြီး..ကဏ္ဍပေါင်းအများကြီးဖြတ်သန်းရအုံးမှာပါ..

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကအစိုးရနှစ်ပိုင်း အာဏာနှစ်ပိုင်းပြည်သူနှစ်ပိုင်းလက်နက်ကိုင်ကြသူနှစ်ပိုင်းနဲ့ဘုန်းကြီးတောင်မှနှစ်ပိုင်းကွဲပြီးအချင်းချင်းရန်ဖြစ်နေကြပြီဆိုတော့ဘာမှဆက်လုပ်လို့မရတော့ပါဘူး..

နောက်ဆုံး fb ပေါ်မှာတောင် ရန်ဖြစ်နေရတာနဲ့တင်ကျွန်တော်တို့တွေ ဘာဗဟုသုတ ဘာအကျိုးအမြတ် မှမရဘဲOoredoo Telenor နဲ့ Mpt ကို အလဟဿ ဖုန်းဘေလ်လုပ်ကျွေးရင်း(သူများနိုင်ငံသားတွေ သူတို့နိုင်ငံအတွက် ကြိုးစားနေကြချိန်မှာ)ကျွန်တော်တို့တွေကတော့အချင်းချင်း ရန်ဖြစ်ရင်း အချိန်တွေကုန် ကုန် ကုန်သွားကြပြီ..


Comment...

Moe Tain...
ကျန်းမာ​ရေးဗဟုသုတအတွက်​ ​ကျေးဇူးတင်​ပါတယ်
ဒါ​ပေမယ့်​ အသီးအရွက်​စားလို့မြန်​မြန်​​သေမယ်​ ဆိုတာရယ်
စိုက်​ပျိုးခြံ​တွေမှာ ​ရောင်းဖို့နဲ့စားဖို့ ၂မျိုးခွဲပြီးစိုက်​ပျိုးတယ်​ ဆိုတာရယ်​ကို​တော့ လက်​မခံပါဘူး
ဟင်းသီးဟင်းရွက်​များကို ဆား​ဖျော်​ရည်​ ၁၀,၁၅မိနစ်​​လောက်​စိမ်ပြီး​ဆေး​ကြောမယ်​ ​ဆေးတဲ့အခါ အဟာရဓာတ်​​တွေမဆုံးရှုံးရ​​လေ​​အောင်​ဟင်းသီး/ရွက်​များကို မလှီးဖြတ်​ခင်​​ဆေး​ကြောသ့င့်​​ကြောင်း မှတ်​သားဖူးပါတယ်
ပြီး​တော့
ဟင်းသီးဟင်းရွက်​များအများဆုံးစိုက်​ပျိုး​တင်​ပို့တာ ရှမ်းပြည်​ကလို့ မှတ်​သားဖူးပါတယ်
သူတို့​တွေဟာ အဲ့သလိုစိတ်​​စေတနာဆိုးနဲ့ အဲ့သ​လောက်​အလုပ်​ရှုတ်​ခံပြီး ခွဲခြားစိုက်​ပျိုးတယ်​ရယ်​လို့ တသက်​နဲ့တကိုယ်​ မကြားဖူးပါဘူးဗျာ ​​​ယောင်​လို့​တောင်​​တွေးမိမယ်​မထင်​ဘူးဆိုတာ အသက်​နဲ့ရင်းပြီး ​ပြောရဲပါတယ်
လာလှည့်​ကြည့်​လှည့်​ပါ ​​​ဖိတ်​ခ်ါပါတယ်​ အချိန်​/​နေရာမ​ရွေး လိုက်​ပြ​ပေးပါ့မယ်
ဓာတုပိုးသတ်​​ဆေးမသုံးမဟုတ်​ လိုအပ်​မှသာ သုံးကြပါတယ်
စာ​ရေးသူလို အသိပညာ ဗဟုသုတမကြွယ်​ရင်​သာ​နေမယ်ဟန်​​ဆောင်ကင်းတဲ့​​အရိုးခံစိတ်​ရင်း​စေတနာ က​တော့ ​ဖော်​ပြစရာ စကားလုံးမရှိ​ဘူး တကယ်
တခါ​လောက်​ လာ​ရောက်​လည်​ပတ်​ရင်း​လေ့လာဖို့ ထပ်​ပြီးဖိတ်​​ခေါ်ပါတယ်​။

ကံစေရာ...
ဒီလိုပါပဲ ကိုယ်မှန်ရင် ပြောကြမယ် မမှန်ရင် ငြိမ်နေမယ် တစ်ကယ်တော့ ဒီပိုစ်တင်တဲ့လူဟာ မှန်တဲ့လူကို ချီးမွှမ်းမှာမဟုတ်သလို မမှန်တဲ့လူကိုလဲ ပစ်တင်မှာမဟုတ်ပါဘူး တစ်ကယ်တော့ မြန်မာပြည်ကို ပိုးသတ်ဆေးတွေ အများကြီး ရောက်နေကြောင်းကို ထောက်ပြတာဖြစ်ပီး လူတော်တော်များများ စီးပွားရေးအရ သုံးနေကြတာကို ရည်ရွယ်ပါတယ် သူပြောတာ ဒီကတော့ မှန်တယ်လို့ မြင်ပါတယ် ကိုယ်ထပ်ပီးသိရမှာက ဒီလို ပိုးသတ်ထားတာကို ဘယ်လို ကာကွယ်မလဲဆိုတာပါပဲ ခုလို ဆားကို ဇီးဖြူသီးလောက်ထည့်ပီး ဟင်းသီးဟင်းရွက်မှာ ၅မိနစ်လောက် စိမ်ပေးထားရမယ်ဆိုတဲ့ အကြံပေးမှုမျိုး လိုအပ်ပါတယ် ရှာလကာရည်အနည်းငယ်ထည့်စိမ်ထားရင်လည်း ပိုးသတ်ဆေးဓာတ်ပြယ် တယ်လို့ ဖတ်ဖူးပါတယ် လူတိုင်း ကင်ဆာ ရောဂါက ကင်းဝေးစေချင်တဲ့ ဆန္ဒနဲ့ ပြောတာဖစ်တယ်လို့ မှတ်ယူရင်း တစ်ဦးကောင်း တစ်ယောက်ကောင်း တစ်ဒေသကောင်း ရုံနဲ့တော့ တိုင်းရင်းသားများနဲ့ စုပေါင်းထားတဲ့ မြန်မာ နိင်ငံဟာ ကင်ဆာရောဂါ အဆင့် မြင့်နေစရာ အကြောင်းမရှိ့ပါဘူး ရှိ့ရခြင်း ကို လေ့လာပီး ခုလိုတင်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် လို့ ပိုစ်ပိုင်ရှင်ကိုပြောပါရစေ ကင်ဆာဟာ အမျိုးမျိုးဖစ်နိင်ပေမယ့် ပိုးသတ်ဆေးနဲ့ မှိုရောဂါ ကြောင့် အဖစ်များတာကို သိစေချင်ပါတယ် သတိထားပီး စားသုံးစေချင်ပါတယ် ကျန်းမာကြပါစေ

Credit to #KoSoeHtike
Via : Delicious food page

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!