Popular Posts!

Thursday, January 10, 2019

The Nobel Prize for Students: Rice Startup in Myanmar Wins 1 Million Dollars

လူငယ်လေး (၇) ဦး ပါ...
(လက်ပံတန်းမြို့နယ် ကြို့ပင်စခန်းကျေးရွာမှာ သူတို့တီထွင်ထားတဲ့ စပါးအခြောက်ခံစက် အငှါးဝန်ဆောင်မှုပေးကြသူများ)

မြန်မာနိုင်ငံသားတွေ မဟုတ်ကြပေမယ့် မြန်မာနိုင်ငံအတွက် သုတေသနပြုတီထွင်သူ ပင်လယ်ရပ်ခြားကျောင်းသားကျောင်းသူများရဲ့  - ဆန်စပါးကုမ္ပဏီ Rice Inc. -အဖွဲ့  က အမေရိကန်ကန်ဒေါ်လာတစ်သန်းချီးမြှင့်သည့် ကျောင်းသားများအတွက် နိုဘယ်လ်ဆု Nobel Prize for Students ကို ဆွတ်ခူး 

မလေးရှား၊ လာအို၊ ဟောင်ကောင် နှင့် ချက်သမ္မတ နိုင်ငံတွေက ဇီဝဆေးပညာ၊ ဥပဒေ၊ သိပ္ပံ နှင့် စီးပွားရေးပညာရပ်တွေ ဆည်းပူးနေကြတဲ့ တက္ကသိုလ်ကျောင်းသား ၂ဦး + ကျောင်းသူ ၅ဦးတို့ရဲ့ မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းဒေသမှာ အခြေစိုက်ကာ၊ အမေရိကန်ပြည်ထောင်စုမှာ မှတ်ပုံတင်ထားတဲ့ - ဆန်စပါးကုမ္ပဏီ Rice Inc. - အမည်ရ အဖွဲ့ဟာ Hult Prize Foundation က ချီးမြှင့်တဲ့ - ကျောင်းသားများအတွက် နိုဘယ်လ်ဆု Nobel Prize for Students - လို့လည်းခေါ်ဆိုကြတဲ့ အမေရိကန်ကန်ဒေါ်လာတစ်သန်း ဆုကြီးဖြစ်တဲ့ global accelerator program prize ကမ္ဘာလုံးဆိုင်ရာအရှိန်မြှင့်ဆောင်ရွက်ရေးအစီအစဉ် ဆုကို ဆွတ်ခူးရရှိခဲ့ပြီးတော့၊ ဒီဆုကို လက်ခံရယူတဲ့ပွဲမှာ  Rice Inc. အဖွဲ့ဝင်ကျောင်းးသားကျောင်းသူတွေဟာ မြန်မာပုဆိုး မြန်မာလုံချည်တွေ ၀တ်ဆင်ပြီး လက်ခံရယူခဲ့ကြ - 

သက္ကရာဇ် ၂၀၂၅ အရောက်မှာ လူသား (၁၀) သန်းရဲ့ဘ၀တွေကို စွမ်းအင်ကဏ္ဍကနေ အဆင့်မြှင့်ပြောင်လဲပေးမည့်အစီအစဉ်တစ်ရပ် ဖေါ်ထုတ်ပေးရေး ပြိုင်ပွဲ - တစ်ရပ်ကို Hult Prize Foundation က ၂၀၁၇ မှာ ဖိတ်ခေါ်ခဲ့ပြီး၊ တစ်ကမ္ဘာလုံးက ကျောင်းသားကျောင်းသူ တစ်သိန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာမှာ တစ်နှစ်ကြာတဲ့အခါ  ၂၀၁၈ စက်တင်ဘာ ၁၅ ရက်နေ့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ နောက်ဆုံးဆန်ခါတင်ရွေးချယ်ပွဲမှာ ရွေးချယ်ခံ (၆) ဖွဲ့ကို ကြေညာခဲ့ -

ဒီ ၆ဖွဲ့ရဲ့ တင်ပြလုပ်ဆောင်မယ့်အစီအစဉ်တွေမှာ နေရာင်ခြည်စွမ်းအင်နှင့် ATM card တွေထုတ်လုပ်ခြင်း၊ ရေညှိကနေ နေရောင်ခြည်ကို သန့်စင်ခြင်း နှင့် ဆန်စပါးအခြောက်ခံစက်တွေ ထုတ်လုပ်ခြင်း စတာတွေ ပါဝင်ခဲ့ -

ဒီ ၆ဖွဲ့ထဲကနေ global accelerator program prize ကမ္ဘာလုံးဆိုင်ရာအရှိန်မြှင့်ဆောင်ရွက်ရေးအစီအစဉ် ဆုကို ဆွတ်ခူးရရှိတဲ့အဖွဲ့ကတော့ မြန်မာနိုင်ငံအခြေစိုက်သုတေသနပြုတီထွင်သူများရဲ့  - ဆန်စပါးကုမ္ပဏီ Rice Inc. - ဖြစ်ပါတယ်လို့ အမေရိကန်သမ္မတဟောင်း Bill Clinton က ကြေညာခဲ့ -

အရင်က SunRice လို့ခေါ်တဲ့ နိုင်ငံ ၄ နိုင်ငံက တက္ကသိုလ်ကျောင်သားကျောင်းသူ (၇) ဦးရဲ့ - ဆန်စပါးကုမ္ပဏီ Rice Inc. - အဖွဲ့ဟာ ၂၀၁၈ မတ်လက စတင်ပြီး မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီး လက်ပံတန်းဒေသမှာ သူတို့ရဲ့ စွန့်ဦးတီထွင်လုပ်ငန်းကို စတင်ခဲ့ပြီးတော့ Rice Inc. ဟာ International Rice Research Institute (IRRI) နိုင်ငံတကာဆန်စပါးသုတေသနအဖွဲ့ ၊ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်တို့နှင့် ပူပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ -

Rice Inc. ရဲ့ သုတေသနပြုထားချက်အရ မြန်မာနိုင်ငံက လယ်သမားတွေဟာ စပါးပေါ်ချိန် စပါးတွေကို ရိတ်သိမ်းပြီးပြီးချင်း စပါးတွေ စိုနေစဉ်မှာ ရောင်းချလို့ ဖြစ်စေ၊ ရိုးရာအတိုင်း စပါးအခြောက်ခံခြင်းက အလေအလွင့်များ အရည်အသွေး စံ မမှီလို့ဖြစ်စေ၊ စပါးဈေးကောင်း မရရှိပဲ ဈေးနှိမ်ခံနေရမှုရှိနေ- ဟုဆို

ဒီ့အတွက် အလေအလွင့်နည်း အရည်အသွေး စံမှီတဲ့ စပါးအခြောက်ခံစက်တွေ မြန်မာလယ်သမားတွေအတွက် တီထွင်ထုတ်လုပ်ဖို့ Rice Inc.အဖွဲ့ က လက်ပံတန်းဒေသမှာ အခြေစိုက် စတင် လုပ်ဆောင်ခဲ့ -

သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မိုးခေါင်ရေရှားတာ၊ ရေလွှမ်းတာ၊ မုန်တိုင်းကျရောက်တာတွေ မဟုတ်ပါပဲနှင့် မြန်မာနိုင်ငံက လယ်သမားတွေဟာ အခုလို စိုစွတ်နေဆဲစပါးကို အမြန်အဆန်ရောင်းချနေရတာကြောင့် အလေအလွင့်များ အရည်အသွေး စံ မမှီပဲ ဈေးနှိမ်ခံနေရခြင်းကို မြန်မာလယ်သမားတွေ ကျော်လွှားနိုင်ဖို့ Rice Inc.အဖွဲ့ က စပါးအခြောက်ခံစက်ကို စဉ်းစားကြံဆတီထွင်ခဲ့ -

စပါးတစ်တင်းကို အခြောက်ခံခ အခမဲ့နီးပါး ကျပ် ၂၀၀ နှင့် ၂၅၀ ကြားပဲ ကောက်ခံပြီး လယ်သမားတွေကို စပါးအခြောက်ခံစက်တွေငှားဖို့ ရည်မှန်းထားပေမယ့်၊ သူတို့တီထွင် ထုတ်လုပ်မယ့် စပါးအခြောက်ခံစက်တစ်လုံးဟာ အမေရိကန်ဒေါ်လာ တစ်သောင်းလောက် ရှိပြီး အရင်းအနှီး သိပ်များနေတာကြောင့် လယ်သမားတွေကို စပါးအခြောက်ခံစက်ငှားရမ်းခကို မြှင့်ပြီးတောင်းရမယ့်အခြေအနေကို Rice Inc. တွေ့ရှိခဲ့ -

နောက်ဆုံးမှာတော့ Rice Inc. ဟာ - အသေးစားငွေချေးလုပ်ငန်း micro-finance company - တွေနဲ့ ညှိနှိုင်းခဲ့ရ၊ လယ်သမားတွေ သူတို့ရဲ့ အခြောက်ခံစက်တွေနဲ့ စပါးကိုအခြောက်ခံပြီး ကြာကြာသိုလှောင်ထားနိုင်ဖို့ မိုးမကျခင်က စိုက်စားရိတ်တွေ လယ်သမားတွေကို ကြိုတင်ချေးထားတာတွေရဲ့ စပါးပေါ်ချိန် ပြန်ဆပ်ရမယ့်ကာလကို တိုးမြှင့်ပေးထားဖို့၊ ဒါမှ လယ်သမားတွေ သူတို့ရဲ့ အခြောက်ခံစက်တွေနဲ့ အချိန်ကြာကြာအခြောက်ခံပြီး အလေအလွင့်နည်း အရည်အသွေးစံချိန်မီ စပါးတွေပေါ်ထွက်လာနိုင်မှာကို အသေးစားငွေချေးလုပ်ငန်း တွေကို ချပြစည်းရုံးနိုင်ခဲ့ -

စပါးအခြောက်ခံစက်ဈေးကွက်ပြိုင်ဘက်အဖြစ် လောလောဆယ် Rice Inc. လို ခေတ်မီနည်းပညာနဲ့ အလွေအလွင့်နည်းအရည်အသွေးကောင်း အခြောက်ခံစက်တွေ မြန်မာနိုင်ငံမှာ ထုတ်လပ်နိုင်ခြင်း မရှိသေးပဲ ရိုးရာအတိုင်း စပါးကို နေလှန်းကြတာပဲ ရှိသေးတာကြောင့် အခုအခါမှာ သူတို့ရဲ့ ပြိုင်ဘက်ကတော့  နေ ပါပဲလို့ Rice Inc. က ဆို -

အမေရိကန်ပြည်ထောင်စုမှာ လူမှုရေးအဖွဲ့အဖြစ် မှတ်ပုံတင်ထားတဲ့ Rice Inc. ဟာ မြန်မာနိုင်ငံမှာလည်း သူတို့အဖွဲ့ကို မှတ်ပုံတင်ဖို့ရည်ရွယ်ထားဟု ဆို

မြန်မာနိုင်ငံသားတစ်ဦးမှ မပါဝင်တဲ့ Rice Inc. အဖွဲ့ရဲ့ အဖွဲ့ဝင်အများစုဟာ ဒီနှစ် ၂၀၁၉ မှာ သူတို့တက်နေတဲ့ တက္ကသိုလ်တွေကနေ ကျောင်းပြီး ဘွဲ့ရကြမှာ ဖြစ်ပြီးတော့၊ အခုလို  ခေတ်မီနည်းပညာနဲ့ အလွေအလွင့်နည်းအရည်အသွေးကောင်း စပါးအခြောက်ခံစက်တွေ ထုတ်လုပ်ခြင်းကို မြန်မာနိုင်ငံရဲ့ တခြားဒေသတွေ သို့မဟုတ် အရှေ့တောင်အာရှနိုင်ငံတွေမှာချဲ့ထွင်လုပ်ကိုင်သွားဖို့ Rice Inc. အဖွဲ့ဟာ မကြာခင်မှာ International Rice Research Institute (IRRI) နိုင်ငံတကာဆန်စပါးသုတေသနအဖွဲနှင့် ညှိနှိုင်းဆွေးနွေးသွားမယ် ဟုဆို -

မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် (Gross Domestic Products - GDP) ဟာ စိုက်ပျိုးရေးကဏ္ဍမှာ ၃၈% ရှိနေပြီးတော့၊ တစ်နိုင်ငံလုံးအလုပ်လုပ်နိုင်သူအင်အားစုရဲ့ ၆၀% ဟာလည်း စိုက်ပျိုးကဏ္ဍမှာ ရှိနေ -

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံဟာ ဆန်တန်ချိန် ၃.၃ သန်းပြည်ပကိုတင်ပို့ရောင်းချခဲ့ပြီး ကမ္ဘာမှာ ဆန်တင်ပို့မှု ပဉ္စမ အများဆုံးနိုင်ငံအဖြစ်သာ ထိုင်းနှင့်ဗီယက်နမ် တို့ နောက်မှာ ရှိနေခဲ့ -

မြန်မာနိုင်ငံမှာ မြေဆီသြဇာကောင်းတဲ့လယ်မြေတွေ ပေါများပြီး၊ စိုက်ပျိုးရေးအတွက် ရေအရင်းမြစ်တွေ များစွာရှိပေမယ့် လယ်သမားတစ်ဦးရဲ့ မုတ်သုန်ရာသီမှာ တစ်နေ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၈ နှင့် ၂.၅ (ကျပ် ၃၀၀၀ နှင့် ကျပ် ၄၀၀၀) ကြားမှာပဲ ရှိနေ -

မြန်မာနိုင်ငံလယ်ယာစိုက်ပျိုးသူတွေရဲ့ ၀င်ငွေတိုးတက်မြင့်မားလာရေးဟာ ခေတ်မမီတော့တဲ့ စိုက်ပျိုးထုတ်လုပ်ခြင်း ရိုးရာအစဉ်အလာဟောင်းနည်းစနစ်တွေနေရာမှာ ခေတ်မီနည်းစနစ်တွေနဲ့ အစားထိုးဖို့ စွန့်ဦးတီထွင်လုပ်ကိုင်ကြခြင်းကို အားပေးမြင့်တင်ပေးရေးသာ ဖြစ် -

မလေးရှား၊ လာအို၊ ဟောင်ကောင် နှင့် ချက်သမ္မတ နိုင်ငံတွေက ဇီဝဆေးပညာ၊ ဥပဒေ၊ သိပ္ပံ နှင့် စီးပွားရေးပညာရပ်တွေ ဆည်းပူးနေကြတဲ့ တက္ကသိုလ်ကျောင်းသား ၂ဦး + ကျောင်းသူ ၅ဦးတို့ရဲ့ မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းဒေသမှာ အခြေစိုက်ကာ၊ အမေရိကန်ပြည်ထောင်စုမှာ မှတ်ပုံတင်ထားတဲ့ - ဆန်စပါးကုမ္ပဏီ Rice Inc. - အမည်ရ အဖွဲ့ဟာ Hult Prize Foundation က ချီးမြှင့်တဲ့ - ကျောင်းသားများအတွက် နိုဘယ်လ်ဆု Nobel Prize for Students - လို့လည်းခေါ်ဆိုကြတဲ့ အမေရိကန်ကန်ဒေါ်လာတစ်သန်း ဆုကြီးဖြစ်တဲ့ global accelerator program prize ကမ္ဘာလုံးဆိုင်ရာအရှိန်မြှင့်ဆောင်ရွက်ရေးအစီအစဉ် ဆုကို ဆွတ်ခူးရရှိခဲ့ပြီးတော့၊ ဒီဆုကို လက်ခံရယူတဲ့ပွဲမှာ Rice Inc. အဖွဲ့ဝင်ကျောင်းးသားကျောင်းသူတွေဟာ မြန်မာပုဆိုး မြန်မာလုံချည်တွေ ၀တ်ဆင်ပြီး လက်ခံရယူခဲ့ကြ -



The Nobel Prize for Students: Rice Startup in Myanmar Wins 1 Million Dollars

By Phyo Thura Htay - January 8, 2019

On 15th September 2018, the Hult Prize Foundation celebrated the Grand Finals of their global accelerator program at the UN Headquarters. The Foundation challenged 100,000 students around the world to build a social enterprise utilizing energy innovations to transform the lives of 10 million people by 2025. Thus known as the Nobel Prize for students, the winning project would be awarded 1 million USD.

After a year-long process, there were 6 finalists presenting at the UN, whose ideas ranged from solar ATMs and seaweeds to solar sterilization devices and rice driers. After the judges’ deliberation, former President Bill Clinton announced the winning team – Rice Inc.

Four young faces stepped up to the podium to accept the award, all wearing white shirts and green longyis, the traditional Burmese attire.

What is Rice Inc. and Who Are They?

Rice Inc., formerly known as SunRice, has been operating in Myanmar since March 2018. They have collaborated with International Rice Research Institute (IRRI) as well as Myanmar Rice Federation, with their pilot sites being situated near Latpadan in the Bago Region.

The team is comprised of seven members from 4 different nationalities – Malaysia, Lao PDR, Hong Kong, and Czech Republic. The academic backgrounds are equally diverse with expertise in Biomedicine, Law, Science, Economics and Psychology.

What are the challenges being tackled by Rice Inc.?

The most pressing challenge for Myanmar rice farmers begins after the harvest. “Either they immediately sell their rice wet, or they would use traditional sun-drying methods,” said Lincoln from Rice Inc. If it is wet, they get a low price; meanwhile, the current traditional drying methods result in physical losses and bad quality, and therefore a low price, too.

Storing it for a period increases the price and benefits the farmers, but unfortunately, they cannot afford the time. Most of these farmers are trapped in a vicious cycle of debt – they take the loans in the beginning of the season, and by harvest, they need the money upfront to pay back. Hence, they are forced to sell their rice immediately, and drying or storage, if at all, are not viable options.

These are the prospects of a normal year without any disaster outbreaks such as flood, drought or post-harvest cyclones.

What is their solution?

Rice Inc. is a standardized service that helps farmers dry and store their rice better so that they can reduce their post-harvest losses as well as increase their income.

The company would build rice dryers with certified technology to minimize the drying losses, and let the farmers dry the rice for free. They would then buy those rice to be stored, and when the prices are higher, can sell it off to the market and exporters.

Initially, they thought about renting the rice dryers to the farmers, charging 200-250 MMK per rice basket. However, the investment of the dryer is very high (about 10,000 USD), and charging the indebted farmers is not a great revenue.

Another alternative would be micro-financing options. Since it would be capital intensive for the company to buy and store a large quantity of rice, they are thinking of collaborating with micro financing institutions to help the farmers extend the payback period.

Does it Work?

Rice Inc. team has built their first rice dryer which started operating on the very same day as the Grand Finals, and they couldn’t be more excited to meet their first customers.

“One customer said that the commercial value of the rice depends on the water content,” said Rachel from Rice Inc. “If it’s wet, she had to sell it on a very low price. But now she has our drying service and she is able to dry it first and sell it at a higher price, and she can really reap the benefits of higher income.”

Market Competitions

Rice Inc. is so far the only initiative from abroad that is tackling this issue in Myanmar rice industry. There exist a few competing local practices where some people are building their own dryers. 

Nevertheless, these are not certified dryers and may cause more damage than the benefits. The only other competition would be sun drying.

The Hult Prize Journey: What’s Next?

“The Hult community is very supportive,” said Lincoln. “All they ask is – do you have an idea, and do you want to learn?” 

Throughout the stages, he also recalled that as it got harder, they had a lot of supervisors and mentors helping along the way.

Additionally, the team was one of the 2018 TFF Challenge Finalists in Rio de Janeiro where they won the 2,500 USD Borlaug Prize.

The company is currently registered in the U.S. as a social enterprise, and planning to register in Myanmar. The majority of the team members will be graduating in June 2019 and they will have to complete the check-points of implementation for their 1 million USD to be allocated in pieces. In the upcoming weeks, they will be discussing with IRRI on future areas of expansion in Myanmar, and/or Southeast Asia.

Future Outlook for the Myanmar Rice Industry

Myanmar economy is predominantly based on agriculture which contributes to 38% of GDP and employs more than 60% of the labour force. The rice export as of 2017/2018 totalled 3.3 million tons, ranking at No. 5 globally but still trailing behind the regional peers of Thailand and Vietnam whose paddy yields per hectare are twice that of Myanmar’s. The country is rich in fertile soils and water resources, but yet, an average agricultural worker earns only 1.8-2.5 USD per day during monsoon. In order to promote the productivity and income, and to create value-added products for export, it is crucial to reflect the traditional methods, adapt entrepreneurial approaches and enhance the modern technology.

https://www.prospectsasean.com/the-nobel-prize-for-students-rice-startup-from-myanmar-wins-1-million-dollars/?fbclid=IwAR2DpaFxUxw8FCCn2CsjfHEH4zIP-6ihKOu4MX63vOHQ8mE3CWuboq6WT4Y

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!