ဦးထုပ်ဆောင်းဖို့အတွက် ဆံပင်ကို လက် လေးသစ်လောက် အရှည်ထားတယ် ။ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေလဲ အရှည်ထားကာ သူတို့ရဲ့ ဝတ်စားဆင်ရင်ပုံက အင်မတန်မှ ထူးခြားလှတယ် ။
သူတို့ အဝတ်အစားတင်မကပါဘူး ကျင့်စဉ်ဟာလဲ အင်မတန်မှ စိတ်ဝင်စားစရာကောင်းပြီး အင်မတန် ဆန်းကြယ်လှပါတယ် ။
ဒါဟာ သူတို့ရဲ့ လွတ်မြောက်ရာ ကျင့်စဉ်တွေတာဖြစ်ပြီး ရေကို အကြာချည်း ငုပ်နိုင်တာ / သစ်တုံးကို အမြင့်ကြီး ခုန်နိုင်တာ /
နေပူကျဲကျဲမှာ မီးအရှိန်ကောင်းကောင်းနဲ့ အရှိန်ပြင်းပြင်းတောက်လောင်တဲ့ မီးပုံကြီးဘေး အချိန်အကြာကြီး မီးလှုံတာတွေကို ဒုက္ကစရိယအနေနဲ့ ကျင့်ကြံကြပါတယ် ။
အဲ့လို ကျင့်စဉ်တွေကို အချိန်အကြာချည်း ခံနိုင်တဲ့သူ / ရေကို အကြာချည်း ငုပ်နိင်တဲ့သူ / တုံးအမြင့်ချည်း ပိုခုန်နိုင်တဲ့သူ / အစရှိတဲ့ သူတွေဟာ သာသနာရဲ့ သူရဲကောင်းများဖြစ်တယ်လို့ ဒီလို ယူဆကြပါတယ် ။
သူတို့ဟာ ဗုဒ္ဓဘာသာက ခွဲထွက်လာတယ်ဆိုပေမယ့် သူတို့ဟာ သိမ်ဝင်တာတွေ ကမ္မဝါဖတ်တာတွေ အစရှိတဲ့ အရာတွေကို ရှောင်ကျဉ်ထားပါတယ် ။
အရည်းကြီးတွေဟာ အချိန်ရတာနဲ့ ဆင်စီးကျင့်သလို မြင်းစီးလဲ ကျင့်ကြတယ် ။ ဓါးခုတ်လှံထိုးကျင့်သလို အခုန်အပျံ အသတ်အပုတ်လဲ ကျင့်ကြပါတယ် ။
ပြီးတော့ ရဟန်းအချင်းချင်း သတ်ပုတ်တဲ့ ကျင့်စဉ်ကို ပြုလုပ်ကြပြီး ကိုယ်ရေးပြတာ လက်ဝှေ့ ထိုးတာ နဘမ်းလုံးတာတွေကို ကျင့်ကြံကြတယ် ။
ဒါ့အပြင် သူတို့ဟာ မွေးမြူရေးလည်း လုပ်ကြပါသေးတယ် ။ သူတို့ရဲ့ မွေးမြူရေးမှာ နို့စား နွားမအကောင်ရေ များစွာ မွေးမြူကြပြီး နွားကလေးတွေမွေးရင် နိုးညှစ်ရောင်းတယ် ။
ဒါ့အပြင် နွားငယ်လေးတွကိုလဲ ရောင်းပါတယ် ။ လယ်ယာတွေကိုလဲ ဝယ်ယူ ရောင်းငှားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။
အဲ့ဒီလို စီးပွားရေး လုပ်ငန်းတွေကို လုပ်တဲ့ ကျင့်စဉ်က သာသနာ့သူရဲကောင်း ( လွတ်မြောက်သူ ) ကျင့်စဉ်မှာ ပါပြီးဖြစ်တယ် ။
သာမန် ဗုဒ္ဓဘာသာဝင်တွေ ကျင့်ကြံကြတဲ့ ငါးပါးသီလ ဆယ်ပါးသီလ စတာတွေကိုကျင့်စဉ်က ပယ်တယ် ။ ရေးဆွဲထားတဲ့ ကျမ်းအရ ကျင့်ဝတ် ငါးပါး ရှိပါတယ် ။
အဲ့ဒါတွေကတော့ –
ဒါတွေဟာ အရည်ကြီးတွေရဲ့ ကျင့်စဉ်စောင့်စည်းအပ်တဲ့ အရာတွေပဲ ဖြစ်ပါတယ် ။
ပြုစုထားတဲ့ ကျမ်းများအရတော့ သူတစ်ပါးအသတ်ကို သတ်တဲ့သူဟာ မန္တန်တစ်ပုဒ်ကို ရွက်လိုက်မယ်ဆိုရင် အဲ့ဒီ့ သတ်တဲ့ ပြစ်ဒဏ်ကနေ လွတ်ကြောင်း ဆိုပါတယ် ။
ဒါ့အပြင် ကိုယ့် အမိ အဖကို သတ်သူပင်ဖြစ်စေ မန္တန်တစ်ပုဒ်ကို ရွတ်လိုက်တာနဲ့ အကုသိုလ် ဘေးက လွတ်ကြောင်း ဖေါ်ပြထားပါတယ် ။ အဓိကကတော့ မန္တန် ရွတ်ဖတ်ဖို့တာ ဖြစ်တယ် ။
အရည်ကြီးတွေရဲ့ ထင်ရှားတဲ့အထင်ကရ လုပ်ငန်းကြီးတစ်ရပ်ကတော့ ပန်းဦးလွှတ် ပူဇော်ပွဲပဲ ဖြစ်ပါတယ် ။ အဆိုအရကတော့ –
” သတို့သမီးငယ်တစ်ဦး လက်ထပ်တော့မည်လား ။ သည်လုပ်ရပ်ကား လောကီစည်းစိမ်ကို ယုတ်ညံ့ သိမ်ဖျင်းသော နည်းဖြင့် ရယူခံစားခြင်း ဖြစ်၏ ။
ဖိုနဲ့မ ပေါင်းသင်းဆက်ဆံခြင်းကား မကောင်းသောအမှုကို ပြုပြင်ခြင်းပင် ဖြစ်သည် ။ မကောင်းမှုကို ပြုသူတို့သည် ကံဆိုးကြတော့မည် ။
ထိုသို့ ကံဆိုးသူတို့ ကိုယ်တိုင်သော်လည်းကောင်း မိဘ ဆွေမျိုးများသည် လည်းကောင်း အကျိုးစီးပွားသည် ပျက်၍ ကိုယ်ကျိုး နည်းကြရတော့မည် ။ သို့သော် မစိုးရိမ်လင့် ။ ဖြေဆေးရှိ၏ ။
မကောင်းမှုနည်းဖြင့် လောက စည်းစိမ်ကို ခံစားတော့မည့် သတိုးသမီးသည် မိမိ၏ ပန်းဦးပန်းဖျားကို ကောင်းမှုအဖြင့် လှူပေတော့ ။
ထိုသို့ လှူဒါန်းခြင်းကို ဘုန်းရှင် ကံရှင် အရည်းကြီး သူတော်စင်တို့က လက်ခံယူလိမ့်မည် ။ အရည်းကြီး သူတော်စင်တို့နှင့်ဆက်ဆံ သွားလာပြီးသော ထိုသတို့သမီးသည် ကံကောင်းပါပြီ ။
မကောင်းမှု စည်းစိမ်ကို ခံစားသော်လဲ အပြစ်မရောက်တော့ ။ အကုသိုလ် မဖြစ်တော့ ” ဟု ဆိုသည် ။
အရည်ကြီးတွေရဲ့ ကပ္ပိယတွေဟာ အမျိုးသားတွေမဟုတ်ပဲ အလွန်လှပတဲ့ အမျိုးသမီးတွေကိုသာ ထားရှိပါတယ် ။
ရေချိုး သန့်စင်ပြီးချိန်မှာ ဆီမွှေးလိမ်းကြန်ဖို့ ဆံပင်ရှင်းဖို့ ညောင်းညာတဲ့အချိန်မှာ ခြေလက် ဆုပ်နယ်ပြုဖို့ အစရှိတဲ့ တာဝန်တွေကို အဲ့ဒီ မာတုကာမတွေက ပြုလုပ်ပေးရပါတယ် ။
ဒါ့အပြင် အရည်းကြီးတွေရဲ့ ကျင့်စဉ်အရ အလိုရှိတဲ့အခါ ထိုအမျိုးသမီးတွေက ကာမ အလှူပြုပေးရပါတယ် ။ ဒါတွေ အားလုံးဟာ အရည်ကြီးတွေရဲ့ ကျင့်စဉ်တွေပဲဖြစ်ပါတယ်ခင်ဗျာ ။crd
No comments:
Post a Comment