Popular Posts!

Tuesday, January 1, 2019

ပင်းတယ Pindaya



Pindaya and the surrounding area in Myanmar (Birma) : visitation of the Pindaya at Myanmar (Birmanie) in video 4K. Video tour guide of Pindaya. Visit Pindaya in Myanmar (Birmanie). Plan your next trip to Pindaya by viewing the top 10 tourist attractions in Pindaya. For your holidays in Pindaya, discover the list of tourist attractions of Pindaya in Myanmar (Birmanie) with the Gay Traveler (Gay Voyageur). Gay Pindaya. Tour guide to Pindaya in Myanmar (Birmanie) : http://www.gayvoyageur.com/birmanie/

 
 ပင်းတယဂူ ရဲ့ ထူးခြားမူ
==================
ပင်းတယ ဂူဟာ ရှမ်းပြည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့ တောင်စောင်းကထုံးကျောက်လိုဏ်ဂူဖြစ်တယ်။ မြင့်မားတဲ့ တောင်စောင်းကနေ တောင်မြောက် ဖြစ်ပေါ်နေတဲ့ ဂူ သုံး ဂူ ရှိတယ်လို့ဆိုပေမဲ့ တောင်ဘက် အကျဆုံး ဂူတစ်ခုသာ ၀င်ရောက်နိုင်တယ်ဆိုပါတယ်။ 
အဲဒီ ဂူဟာ ပေ ၄၉၀ ထိ ၀င်ရောက်နိုင်ပြီး ကုန်ဘောင်ခေတ် အစောပိုင်းကနေ၊ ယနေ့ ခေတ်အထိ ခေတ်အသီးသီး ထုလုပ် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၀၀၀) ကျော်လောက်ရှိပြီး၊ ဒီလောက်များပြားပြီး ပုံသဏ္ဌာန်စုံလင်တဲ့ ဗုဒ္ဓဆင်းတုတော် တွေကို မြန်မာနိုင်ငံက ဘယ်နေရာမှ တစ်နေရာတည်း မတွေ့နိုင်ဘူးလို့ ဆိုပါတယ်။ 
ဂူရဲ့ အ၀င်ဝ မှာ ဉာဏ်တော် ၁၅ မီတာ (၄၉) ပေ ရှိတဲ့ စေတီတော်တစ်ဆူကို ဖူးတွေ့ရပြီးအဲဒီ စေတီတော်ဟာမူလကအသောကမင်းကြီးရဲ့ ကောင်းမူေ
တ်ာဖြစ်တယ်။ (၁၂) ရာစုမှာ ပုဂံဘုရင် အလောင်းစည်သူမင်းက ထပ်မံ ပြုပြင်ထားတယ် လို့ ပြောကြပေမဲ့ သမိုင်း အထောက်အထား မတွေ့ကြရဘူးလို့ ဆိုပါတယ်။ ယခု ဖူးမြော်ကြရတဲ့ စေတီတော်ကတော့ ယနေ့ခေတ်မှ ဆောက်လုပ်ထားခြင်းဖြစ်သတဲ့။ 
သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းအဆိုအရတော့ ဂူအတွင်းက ဆင်းတုတော်တွေမှာ ရေးထိုးထားတဲ့ ခုနှစ် သက္ကရာဇ် အရ အစောဆုံး ဆင်းတုတော်တွေဟာ ကုန်းဘောင်ခေတ်အစောပိုင်း ၁၇၇၃ ရက်စွဲတပ်ထားတယ် လို့ဆိုတယ်။ ရုပ်ပွားတော်တွေ ရဲ့ ထုလုပ်မူဟန်အရ အစောဆုံး ၁၇၅၀ ထိ ဖြစ်နိုင်ပြီး ဒီထက် မစောနိုင်ဘူး လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်း ဘုရားဖူး ခရီးသည် တွေ၊ အလှူ ရှင်တွေဟာ ယနေ့ခေတ် အထိ ဂူအတွင်းမှာ ဘုရားဆင်းတုတော်တွေ ထားရှိပူဇော်ရာကနေ ခု အခြေနေထိ များ ပြားလာခြင်းဖြစ်တယ် လို့ဆိုတယ်။ တောင်ဘက် အပေါက်နားမှာတော့ ပိဿာ ချိန် (၄၀၀) ရှိတဲ့ ကြေးခေါင်းလောင်းတော် တစ်ခု ရှိပြီး သက္ကရာဇ် (၁၈၂၄) က လှူဒါန်း မူဖြစ်ကြောင်း ရေးထိုးထားတယ်။ 
ပင်းတယ ဂူရဲ့ ထူးခြားမူ တစ်ခုကတော့ “ဘေသဇ္ဇဂုရု” လို့ ခေါ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ပုံဟန် ဆင်းတုတော်ပေါင်း ခုနှစ်ဆယ် လောက်တွေ့ ရှိရခြင်းဖြစ်သတဲ့။ ဒီ လို ဆင်းတုတော် မျိုးကို ပင်းတယ ဂူမှာသာ တွေ့နိုင်ပြီး မြန်မာပြည်က ဘယ်နေရာမှ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီဆင်းတုတော်ရဲ့ ဆံတော်ပုံစံ၊ မျက်လုံးတော်၊ နားတော်၊ သင်္ကန်းရုံပုံ ဟာ အခြား ဗုဒ္ဓရုပ်ပွားတော် တွေနဲ့ ကွဲပြားခြားနားပြီး လှန်ထားတဲ့ ညာဘက် လက်တော်ဟာ ဆေးသစ်စေ့ တစ်စေ့ကိုလည်း ကိုင်ထားတော်မူတယ်။ ဒီ ဆင်းတုတော် မျိုးကို မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်လေ့ ရှိတယ် လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လို့ ပင်းတယဂူ ဟာ (၁၈) ရာစု နှောင်းပိုင်းလောက်မှာ မဟာယာန ဗုဒ္ဓဘာသာဝင် တို့ရဲ့ ပူဇော်ရာနေရာ တစ်ခု ဖြစ်မယ် လို့ မှန်းဆပါတယ်။ 
၁၉၂၅ တုန်းက ဂူပေါက်ကို ဒိုင်းနမိုက်တွေနဲ့ ချဲ့ထွင်တဲ့အခါ ဘုရားဆင်းတော်အချို့နဲ့ မှတ်တမ်း ကျောက်စာ အချို့ ပျက်စီးခဲ့ရ ပြီး အရေးပါတဲ့ဗုဒ္ဓရုပ်ပွားတော် အချို့ကို အနီးနား ဘုန်ကြီးကျောင်း များသို့ ရွှေ့ပြောင်းထားရှိခဲ့တယ်။ သို့သော်လည်း အဲဒီ ဆင်းတုတော်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ် လို့ သိရတယ်။
ပင်းတယ ဂူနဲ့ ပတ်သက်ပြီး အများပြောကြတဲ့ ဒဏ္ဍာရီတွေလည်း ရှိပါသတဲ့။ အချို့ကတော့ အဲဒီ လိုဏ်ဂူတွေထဲက ဂူတစ်ခုဟာ ပုဂံ မြို့ဟောင်းထိ ပေါက်တယ်လို့ဆိုကြသတဲ့။ နောက်တစ်ခုကတော့ တောင်အောက်က ရေကန်ကြီးမှာ ရေချိုးဆင်းကြတဲ့ လှပချောမောတဲ့ မင်းသမီး ခုနှစ်ယောက်ကို ပင့်ကူကြီးတစ်ကောင်က ဒီ ပင်းတယ လိုဏ်ဂူကြီးထဲမှာ ဖမ်းဆီးခေါ်ဆောင်လာ ခဲ့ပါတယ်တဲ့။ အဲဒီမှာ မင်းသားလေးတစ်ပါးဟာ ဒီ ပင့်ကူကြီးကို သူရဲ့ မြှားနဲ့ ပစ်ခွင်းနှိမ်နင်းလိုက်ပြီး မင်းသမီးတွေကို ကယ်တင် ခဲ့သတဲ့။ မင်းသားရဲ့ ‘‘ပင့်ကူရပြီ’’ လို့အော်ဟစ်သံကို အစွဲပြု ပြီး‘‘ပင်းတယ’’ ဖြစ်သွားတယ်လို့လည်းပြောကြပါတယ်။ မင်းသားရဲ့ ရုပ်ထုပုံနဲ့ ပင့်ကူကြီးရဲ့ ပုံကို မုဒ်ဦးအ၀ မှာတွေ့နိုင်ပြီး မကြာသေးခင်ခေတ်မှ ထုလုပ်ထားခြင်းဖြစ်တယ်။
နောက်ဆုံးအဲဒီ ဒေသမှ နေကြတဲ့‘‘ဓနု’’လူမျိုးတွေကတော့ မြန်မာနွယ်ဝင်၊ မြန်မာစကားပြောကြသူတွေဖြစ်ပြီး အလောင်မင်းတရားကြီး လက်ထက်မှာ လေးသည်တော်တွေ အဖြစ် အမှုထမ်းခဲ့သူတွေဖြစ်ပါတယ်။
ပင်းတယ ဂူနဲ့ ပတ်သက်ပြီး နောက်ဆုံး ထူးခြားချက်အဖြစ် ဒါယိကာမကြီးတစ်ယောက်ထံကနေ သိခွင့်ရခဲ့ပါတယ်။ ဒါယိကာမကြီး သား၊ အမိဟာ စောစောက ပြောခဲ့တဲ့ ‘‘ဘေသဇ္ဇဂုရု’’ ဗုဒ္ဓဆင်းတုတော် တစ်ဆူကို ဟိုကိုင်၊ ဒီ ကိုင်လုပ်နေတာ တွေ့ရလို့ မိမိကမေးကြည့်ပါတယ်။ 
မိမိ --- ‘‘တကာမကြီး အဲဒါ ဘာထူးခြားတုန်းဗျ’’  
မ ---- ‘‘ယုံယုံကြည်ကြည် ဆုတောင်းပြီး နှိပ်ပေးရင် ရောဂါဘယ ကင်းစင်ပြီး ဆုတောင်းပြည့်တယ်ဘုရား’’
အဲလို သူက ပြန်ဖြေတဲ့ အခါ မိမိ ကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ သို့သော်လည်း မိမိနောက်မှ ကပ်ပါလာသော ဒကာလေး တစ်ယောက်နှင့် ကလေးငယ်တစ်ယောက် က ဒီ အဖြေကို ကြားပြီး ဘုရားဆင်းတုတော်ကို ဟိုနှိပ်၊ ဒီနှိပ် လုပ်ကြပါတော့တယ်။
ဒါကြောင့် ... ကြုံတုန်းမှာ ချင်တာကတော့ ... ပင်းတယ ဂူကို ရောက်ခဲ့လို့ရှိရင် ... အဲဒီ ဗုဒ္ဓဆင်းတုတော် ကို သွားပြီး ဟိုနှိပ် ဒီနှိပ် မလုပ်ကြလေနဲ့ လို့ ။ အပြစ်ကြီးတယ်။ ဘုရားဖူးသွားရင်း အကုသိုလ် မယူကြပါနဲ့လို့ဆန္ဒပြုလျက် ..... ။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာရွှင်လန်းကြပါစေ ..။
ဘိက္ခု ကေသရ ..

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!