Popular Posts!

Sunday, January 20, 2019

မြစ်ဆုံဒေသကိုဘဘကြီးတွေနဲ့လက်ရင်းခရိုနီတွေရောင်းစားခဲ့ပုံ

မြစ်ဆုံဒေသကိုဘဘကြီးတွေနဲ့လက်ရင်းခရိုနီတွေရောင်းစားခဲ့ပုံ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
.ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ လက်ရေးမူ အင်္ဂလိပ်ဘာသာဖြင့် ဧရာဝတီ သနားခံစာ ဆိုသော စာတမ်းအား ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ၇က်နေ့တွင်သူမ၏ နေအိမ်လိပ်စာဖြင့် ခေါင်းစဉ်တပ်ကာ နိုင်ငံတကာ မြစ်ချောင်းများ လေ့လာရေးသုတေသနအဖွဲ့သို့ ရေးသားတင်ပြခဲ့သည်။ 







“ဧရာဝတီ အဆိုပါမြစ်သည် အံဘွယ်ဘနန်း ဖြစ်စေရပြီး မြန်မာပြည၏်အဓိကရေသောက်မြစ်လဲဖြစ်သော အရာဖြစ်၏၊ ထို့အပြင် မြစ်ကြီးသည် ကျမတို့ သတ္တဗေဒနှင့် သဘာဝဗေဒတို့၏ ပင်မအဓိက မြစ်ကြီးလဲဖြစ်သည်။ ထိုမြစ်ကြီးမှ ကျမတို့လူသားများလက်၇ှိနေထိုင်ကြသော ကျမတို့တိုင်းပြည်၏ သဘာဝ ဂေဟစနစ်အသွင်အား ထုတ်ဖေါ်ပြသထားသော အံမခန်းဘွယ်မြစ်ကြီးဖြစ်ပါပေသည်။ ထိုမြစ်ကြီးအား အကြောင်းပြုကာ ကျမတို့ တိုင်းပြည်၏ သမိုင်း ယဉ်ကျေးမှုနှင့် လူနေဘ၀အဖုံဖုံအသွယ်သွယ်တို့အား ပေါင်းစပ်ထောက်ပံ့ပေးထားသော မြစ်ကြီးဖြစ်သည်သာမက ၄င်းဧရာဝတီမြစ်ကြီးအား အခြေခံကာ ရွှင်မြူးဖွယ် ခံစားဖွယ် လွမ်းမောဖွယ် ဂုဏ်ယူဖွယ်နှင့် မရေတွက်နိုင်သော ရသစာပေများအား ခံစားစံစားရသော မြစ်ကြီးတစင်း စီးဆင်းလျှက်ပင်တည်း”

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့ နေခင်း (၂) နာရီတွင်  မြစ်ဆုံ လုပ်ငန်းအကောင်ထည်ဖေါ်ရေးအတွက် တွဲဖက်လုပ်ကိုင်မည် ဘန်ကာ BANCA နှင့် တရုတ်ဘက်မှ စီပီအိုင် ကုမ္မဏီတို့ သဘောတူ လက်မှတ်ရေးထိုးကာ နိုင်ငံတကာမှ ခွင့်ပြုချက်ရရှိမည့် အီးအိုင်အေ အတွက် လေ့လာရေးကို စတင် အကောင်ထည်ဖေါ်ကြပြန်သည်။ 

(၂၀၀၉) ခုနှစ် ဇန်နာဝရီလမှ ဇွန်လအထိ တရုတ်မြန်မာ အဖွဲ့ပေါင်း ၁၁ ဖွဲ့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန်နောက်ဆုံး လေ့လာစူးစမ်းမှုများ အပြီးသတ်ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ကြရာတွင် တရုတ်ဘက်မှ စီပီအိုင် (China Power Investment) မှ ၄င်းတို့ တွေ့ရှိချက်များအား အထူးအစည်းဝေးခေါ်ယူကာ တင်ပြကြ၏။ #DYM

တင်ပြချက်ထဲတွင် ကုမ္မဏီ၏လုပ်ငန်း စတင်အကောင်ထည်ဖေါ်ချိန်မှစပြီး လုပ်အားနှင့် ရင်းနှီးမြုပ်နှံမှု အားလုံး အရှုံးဖြင့် ရင်ဆိုင်ကြုံတွေ့နိုင်စရာ အကြောင်း မရှိကြောင်းနှင့် လုပ်ငန်း စတင်လုပ်ကိုင်ဆောင်ရွက်ချိန်မှစကာ ကုမ္မဏီအဖို့ မျှော်လင့်မထားသော အကျိုးမြတ်ကြီးများ ရရှိနိုင်ကြောင်း ၄င်းတို့ စာတမ်းတွင် ဖေါ်ပြသည့်အတွက် တရုတ်ပြည်မ အစိုးရကိုယ်တိုင်ပင် အထူးစိတ်ဝင်စားကာ တရုတ်ပြည်၏ သစ်တောရေးရာ (မြောက်ပိုင်းဒေသ) ကာကွယ်စောင့်ရှောက်ရေးဝန်ကြီး( လျံချီပင်း) အား စီပီအိုင်၏ လုပ်ငန်းများအား ပူးတွဲပါဝင်ကြီးကြပ်ရန် သံဗာန်စာဆင့်ထုတ်ကာ ညွန်ကြားခဲ့သည်။ 

အကြောင်းမှာ မေခ မလိခ မြစ်နှစ်သွယ် ဆုံမိစီးဆင်းသည့် အိုင်ကြီးသည် အလွန်တန်ဖိုးကြီးမားသော ရွေနှင့် အခြားဓါသတ္တုပစ္စည်းများ ရရှိသေခြာကြောင်း၊ လုပ်ငန်း စတင်လုပ်ဆောင်သော အချိန်မှစပြီး လုပ်ငန်းပြီးဆုံးသည့် အချိန်ထိ ရွှေနှင့် တန်ဘိုးကြီး ဓါတ်သတ္တု ခန့်မှန်းခြေ တန်ပေါင်း ( ၅၀၀၀) နှင့် ၁၀၀၀၀ သောင်းအကြား တပါတည်း ရရှိတူးဖေါ်နိုင်ကြောင်း အပြင် ဒေသတွင်းရှိ ရှင်းလင်းပယ်ဖျက်ရန် သစ်တောကြီးများမှ သစ်တန်ချန်း (၂သန်းမှ ၇)သန်းထိ ရနိုင်သည့်အပြင် တန်ဘိုးရှိသော ရှားပါး သစ်ခွ နှင့် အခြားသော မျိုးစေ့ မျိုးဆက် အသစ်ဆန်းများ ရရှိမှာ ဖြစ်ကြောင်း အား အသေးစိတ် ဓါတ်ပုံများနှင့်တကွ တင်ပြခဲ့သည်။ 

အထက်ပါ အစီရင်စာ အား ၂၀၀၉ခု ဂျူလိုင် လ ၆ ရက်နေ့ တွင် တင်ပြခြင်းကြောင့် တရုတ်ပြည် ယူနန်ဒေသ အာဏာပိုင်များပင်မက ပြည်မ အာဏာပိုင်များပါ အထူးစိတ်ဝင်စားခဲ့ပြီး မြန်မာပြည်သို့ တရုတ်ပြည် စီးပွားရေးဆိုင်ရာ ၀န်ကြီး အလည်ပတ်ရောက်ရှိလာပြီး အနားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ စီးပွားရေးသမားများ ခရိုနီများအား အထူးမက်လုံးပေးဖိတ်ခေါ်ခဲ့သည်။

 ထို့ကြောင့်(၂၀၀၉ ခုနှစ် စတင်ဘာလ ၈ ရက်နေ့တွင်) မြန်မာ အာဏာရှင်ကြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေဦးဆောင်သော ၈၁ ယောက်ပါသည့် မြန်မာကိုယ်စာလှယ်အဖွဲ့ တရုတ်ပြည်သို့ လိုက်ပါပြီး တရုတ်ပြည်မှ “မဟာ ပြည်သူ့ရင်ပြင် အဆောက်ဦး” တွင် ကော်ဇောနီးခင်း ကာ တရုတ်ပြည်မှ သမ္မတ ဟူဂျင်တောင်း က ကြိုဆိုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိ တိုင်းမ် သတင်းစာမှ ရေးသားတင်ပြထားသည်။ 

 ထိုသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ခ၇ိုနီတို့၏ တရုတ်ပြည်ခရီးစဉ်တွင် တရုတ်ဖက်မှ မြစ်ဆုံလုပ်ငန်း အပါဝင် အခြားသော အကြောင်းရာများ (၁၃) ခုအား အဖြေခိုင်ခိုင်မာမာရရှိအောင် တရုတ်တို့ဘက်မှ အင်တိုက်အားတိုက် ဆွေးနွေးခဲ့ပြီး လက်မှတ်ပေါင်း ( ၄၃) ခုအား မြန်မာဘက်မှ ထိုးပေးခဲ့ပါသည်။ #DYM

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လက်မှတ်ထိုးသဘောတူသော အချက်များတွင် တရုတ်တို့ လိုလားတောင်းတသော အချက်လက် ကို ရရှိသွားကြလေ၏။ ၄င်းအချက်လက်မှာ မြစ်ဆုံဒေသရှိ နယ်မြေရှင်းလင်း တည်ဆောက်သော ကာလ၀ယ် အသုံမ၀င်သော သစ်မာနှင့် မြစ်ဆုံဒေသ တည်ဆောက်ရေးလုပ်ငန်းတွင် ဖယ်ထုတ်စွန့်ပစ်ရမည်ဖြစ်သော မြေသားများအား တရုတ်တို့ဘက်သို့ တိုက်ရိုက်သယ်ယူ ပို့ဆောင်ရေး အပါဝင် လိုအပ်လျှင် တရုတ်တို့ဘက်မှ လုံခြုံရေး အစီမံများ ပူးတွဲလုပ်ကိုင်ခွင့် ရရှိရန်ဖြစ်လေသည်။

 ထိုကိစ္စအရပ်ရပ်အား အကွက်ကျကျ စီမံဆောင်ရွက်ပေးနိုင်သော ယခု အနားယူသွားသည့် ဒုတိယ သမ္မတ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး  မောင်အေးတို့အာ အေးရှဝေါလ်နှင့် စီပီအိုင်တို့မှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀) လက်ဆောင်ပေး အပ်နှင်းခဲ့သည်၊

တရုတ်တို့ လိုချင်သော ကိစ္စရပ်များရရှိပြီးနောက် မြစ်ဆုံလုပ်ငန်းအား အားတိုက်အင်တိုက် ပြုလုပ်ကြလေတော့သည်။ မြစ်ဆုံလုပ်ငန်းအား မြန်မာဘက်မှ တာဝန်ယူ ရင်းနှီးမြုပ်နှံထားသူ အေးရှဝေါလ်ကုမ္မဏီမှ တက်သုတ်ရိုက်ကာ အလျှင်သလို အကောင်ထည်ဖေါ်ဆောင်ရွက်၇ာတွင် (၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် တရုတ်ပြည်ဘက်မှ မြန်မာပြည်၏ ဧရာဝတီ မိခင် ဖခင်အား စတင် သတ်ဖြတ်၇န် စက်ယန္ဒယားပေါင်း ( ၁၀၃၂) ခု အားစတင်ဝင်ရောက်လာတော့သည်။ 

၎င်းဒေသတွင်းရှိ ရွာပေါင်း ၆၃ ရွာ နှင့် လူဦးရေပေပေါင်း ၂ သောင်း ၆ထောင်မှ ၃၈၀၀၀ အကြား ရှိမည်ဟုခန့်မှန်းရသည်။  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်သို့ သွားသော ခရီးစဉ်အား ဘိန်းဘုရင် လောစစ်ဟန်နှင့် ၄င်းတို့ မိသားစုပိုင်ဆိုင်သော အေးရှဝေါလ် ကုမဏီမှ အမေ၇ိကန်ဒေါ်လာ ၂.၈ သန်း အကုန်ကျခံကာ တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းကာ စီစဉ်ခဲ့ကြောင်းအား တရုတ်အမျိုးသား လုံခြုံရေးဆိုင် အထူးထောက်လှမ်းရေးမှ ၄င်းတို့၏ အသုံးစရိတ်နှင့် ဘတ်ဂျက် စာရင်းအား တရုတ်ပြည်မ နှင့် တရုတ် ရာဇ၀တ်မှု စောင့်ကြည့်ရေး ဌာနသို့ တင်ပြရာတွင် ဖေါ်ပြထားသည်။

၁၉၈၈ စစ်တပ်မှ အာဏာသိမ်းသော ကာလ၀ယ် မိုင်းယမ်း တိုက်ပွဲကြီး ရှမ်းပြည်မြောက်ပိုင်း ၀ ဒေသနှင့် ထိစပ်နေသော နေရာတွင် ဖြစ်ပွားနေပြီး ၄င်းတိုက်ပွဲအား အဓိက တာဝန်ယူ ထိပ်တိုက်ရင်ဆိုင် နေသူမှာ ဗိုလ်မှူး တင်အောင်မြင့်ဦးဖြစ်ခဲ့ပြီး ဗို်လ်မှူး တင်အောင်မြင့်ဦးအား ညိနိုင်းကာ လော်စစ်ဟန် ၄င်း၏ လက်ထောက် ဖုန်းကျားရှင်းတို့နှင့် ကိုးကန့်ဒေသ အာဏာသိမ်းမှု ဖြစ်ပေါ်စေရေးအတွက် ဗိုလ်ချုပ်ခင်ညွန့် မှ စနစ်တကျ စီစဉ်ပေးခဲ့သည်။၂၀၀၄ ခုနှစ် စက်တင်ဘာလာ နောက်ပိုင်းတွင် သူရသီဟ တင်အောင်မြင့်ဦး အပါဝင် သမ္မတ ဦးသိန်းစိန် ၊ ဗိုလ်ချုပ်ကြီး မောင်အေး ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၄င်း၏ မိသားစုများပါ ဆက်လက် ထိန်းသိမ်းပူးတွဲလုပ်ကိုင်လက်တွဲခဲ့ပြီး လော်စစ်ဟန်ပိုင်သော အမေရိကန်ဒေါ်လာ (၂၀.၂၂) ဘီလီယံ(ခန့်မှန်းချေ) အား မြန်မာနှင့် အားရှစီးပွားရေးလောကတွင် အရောင် ၀င်းလက်တောက်ပစေခဲ့သည်။ #DYM

လော်စစ်ဟန် မိသားစု၏ အေးရှဝေါလ် ကုမ္မဏီသည် မြန်မာဘက်တွင် မြစ်ဆုံနယ်မြေတူးဆွရှင်းလင်းရေးနှင့်၎င်းဒေသမှ ရှင်းလင်းဖယ်ထုတ်သော မြေကြီးနှင့် သစ်တောထွက်ပစ္စည်းများအားလုံးအား တရုတ်ပြည်ဘက်သို့ တနေ့လျှင် (တန်ပေါင်း ၁၀တန်း မှ တန်ပေါင်း ၂၅)တန် ၀န်တင်ဆောင်သော ကားကြီးကားငယ်များဖြင့် နေ့ရောညပါ တနေ့လျှင် ၂၂၈ စီးမှ ၃၄၀) ထိ သယ်ယူသွားသည်ကို တိကျသော ဒေသခံတို့မှ မှတ်တမ်းတင်ထားမှုအား စာရေးသူမှ ရရှိခဲ့သည်။ တရုတ်ပြည်ဘက်တွင် နေ့ည (၂၄) နာ၇ီး လည်ပတ်သော သစ်ခွဲစက်များ၊ ရွှေနှင့် ဓါတ်သတ္တု ခွဲထုတ်ရေး လုပ်ငန်းများဖြင့် လူအင်အား (၅၀၀ မှ ၈၀၀၀အထိ) အလုပ်ခန့်အပ်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ကြပြီး စိပီအိုင်(CPI) မြစ်ဆုံဒေသ အကျိုးမြတ်နှင့် လုပ်ငန်း ဝေစု အတွင် ခွဲဝေရှင်းလင်းရေး မှတ်တမ်းတွင် မြန်မာ မြစ်ဆုံဒေသမှ လုပ်ငန်းအကောင်ထည်ဖေါ်ရေးကာလတွင်ရရှိသော ရှင်းတမ်းသည် (သစ်မာနှင့် သစ်တောထွက် ပစ္စည်းများမှ အမေ၇ိကန်ဒေါ်လာ သန်းပေါင်း ၃၈၂ သန်း( သဘာဝ ဓါတ်သတ္တုများမှ ရွှေနှင့် အခြားဓါတ်သတ္တု အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၄၄သန်း အား ရရှိပြီဖြစ်ကြောင်း အပြင် ကျော်မျက်ရတနာ အမေရိကန်ဒေါ်လာ ၂၂၄ သန်း ဖြစ်ကြောင်းတင်ပြထားသည်။ 

 မြစ်ဆုံဆည် စတင် လုပ်ဆောင်ခဲ့သော ၂၀၀၉ ခုနှစ်မှစ ၍ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားပြီးနောက် ၂၀၁၁ ခုနှစ် ဇန်နာဝရိလ ၇ ရက်နေ့အထိ နိုင်ငံတကာ စီးပွားရေး ဆိုင်ရာ အကျိုးမြတ်စောင့်ကြည့်ရေးအဖွဲ့၏ ဖေါ်ပြချက်အရဆိုပါလျှင် စီပီအိုင် နှင့် အေးရှဝေါလ်တို့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန် အသုံးပြုခဲ့သော ရင်းနှီးမြုပ်နှံ စိုက်ထုတ်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၁၁ သန်းအား အသုံးပြုခဲ့သော်ငြား မြစ်ဆုံဒေသမှ ပြန်လည်ရရှိသော ရွှေ ကျောက်စိမ်း အရည်သွေးကောင်းများ နှင့် အခြား အဖိုးတန် ဓါတ်သတ္တုများအပြင် သစ်တောထွက် ပစ္စည်းများကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင် ဒသမ ၃ သန်းအား အကျိုးမြတ် အလုံးရင်းရရှိကြောင်း သိရ၏။

မြစ်ဆုံဆည်ကြီး တည်ဆောက်ပြီးစီးသွားပါက မည်သို့သော ပြသနာများအား မြန်မာနိုင်ငံ ဧရာဝတီမြစ်တလျောက်နှင့် ၄င်း၏နီးစပ်သော ဒေသများတွင် နေထိုင်သော သူများအဖို့ ရင်ဆိုင်ရနိုင်ကြောင်းအား ဒေါ်အောင်ဆန်းစုကြည်မှ သူမလက်ရေးမူဖြင့် ရေးသားတင်သွင်းသော (နိုင်ငံတကာ မြစ်ကြောင်းများ စောင့်ကြည့်ရေးအဖွဲ့) သို့ ဧရာဝတီ သနားခံစာ စာတမ်းတွင် မကြာခန ငလျှင်လှုပ်လေ့ရှိသော မြန်မာ့ သဘာဝဘူမိ အနေထားအကြောင်း၊ သဘာဝ ဂေဟပျက်ယွင်းမှုနှင့် မျိုးတုံန်းပြောက်ကွယ်နိုင်သော သတ္တဗေဒ အခြေနေများအပြင် ဧရာဝတီမြစ်ရေအား အကန့်သတ်ဖြင့်သာ လွှတ်ထုတ်စီးဆင်းအောင်ဆောင်ရွက်ထားမှုများက ဧရာဝတီမြစ်ကြောင်း အဆုံးဒေသဖြစ်သည့် လူဦးရေး ၈ဒသမ ၆ သန်းကျော် နေထိုင်နေကြသော ဧရာဝတီတိုင်းတွင်၊ လူဦးရေ ၁၄ဒသမ ၉ သန်းကျော်ခန့်နေထိုင်နေကြသော ရန်ကုန်တိုင်း စသော ကြီးမားသည့် ဒေသလွင်ပြင်များအတွက် မလွဲမသွေ ရင်ဆိုင်ရနိုင်သော အန္တရယ်မှာ အန္ဒိယသမုဒ္ဒရာမှ နေ့တဓူဝ စီးဝင်လာနေသော ဆားငန်ရေများအား လက်ရှိ ဧရာဝတီမြစ်ရေ၏ စီးတွန်း ကျားကန်ထားမှု အရှိန်များကင်းမဲ့ သွားပြီး အထက်ဖေါ်ပြပါ ဒေသကြီး တိုင်းကြီးများတွင် ဆားငန်ရေး တနေ့တခြားလွှမ်းမိုးလာပြီး အားလုံး စိုက်ပျိုးရေးနှင့် ကျန်မားရေစသော လူဦးရေ ၁၈ သန်း၏ လူမှုဘ၀များအား တိုက်ရိုက် ထိဆက်လာသော ဒုက္ခဘေးဆိုးကြီးအား ရင်ဆိုင်ရနိုင်ကြောင်း တိကျစွာ ဖေါ်ပြထားသည်ကိုတွေ့ရသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!