Popular Posts!

Thursday, January 24, 2019

စင်္ကာပူ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ လေ့ကျင့်ရေး ကာလအတွင်း သေဆုံးမှုများ

စင်္ကာပူ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ လေ့ကျင့်ရေး ကာလအတွင်း သေဆုံးမှုများ

National service is a form of compulsory conscription in Singapore. Male citizens and second generation permanent residents are required to undergo a two-year stint to serve full-time in either the SAF, SCDF or the SPF.

Due to training safety regulations, training deaths are rare, but do occur from time to time. Below is a list of reported deaths that resulted from training incidents:

စင်္ကာပူနိုင်ငံသားခံယူထားသူ (သို့) အချို့အမြဲတမ်းနေထိုင်ခွင့်ရထားသူ မြန်မာမိသားစုတွေထဲမှာ သားယောက်ျားလေးများ စင်္ကာပူရဲ့ စစ်မှုထမ်းရမည့် ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များရဲ့ စစ်ရေးလေ့ကျင့်မှုများ သင်ယူနေရတာက အထူးအဆန်းတော့ မဟုတ်ပါ။

စင်္ကာပူရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ နိုင်ငံအတွင်းနေထိုင်သူ (နိုင်ငံသားနဲ့ PR အချို့ မိသားစုဝင်များရဲ့ အမျိုးသားများ) စစ်မှုထမ်းကာလ ၂ နှစ်သတ်မှတ်ကာ အချိန်ပြည့် တာဝန်ထမ်းဆောင်စေပါတယ်။

လေ့ကျင်ရေးကာလဆိုသည့်တိုင် ထိခိုက် သေဆုံးရတာတွေလည်း မနည်းတော့ပါဘူး။ စင်္ကာပူ အစိုးရဘက်မှ လေ့ကျင်ရေးကာလနဲ့ အခြား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်စဉ်မှာ ဘေးအန္တရာယ်ကင်းရေးအတွက် လိုအပ်သည်များလုပ်ဆောင်နေသည့်တိုင် သေဆုံးမှုတွေဟာ အခုနှစ်ပိုင်းမှာ ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။

မနေ့ညက သေဆုံးသွားတဲ့ Corporal First Class (CFC) NS Aloysius Pang ဖြစ်ရပ်ကတော့ စင်္ကာပူ လက်နက်ကိုင်တပ်ဖွဲများ လေ့ကျင့်ရေးကာလရဲ့ လတ်တလော သေဆုံးမှုပါ။ ၁၉၉၇ ခုနှစ်မှ စပြီး သေဆုံးမှုမှတ်တမ်းအရ စုစုပေါင်း ၁၇ ဦး ရှိနေခဲ့ပါတယ်။ ဒီသေဆုံးမှုတွေထဲမှာ Aloysius Pang လို ပြည်ပနိုင်ငံများမှာ စစ်ရေးလေ့ကျင်စဉ် သေဆုံးမှုတွေကလည်း အတော့ကို များနေပြီလို့ ဆိုရမှပါ။

https://en.wikipedia.org/wiki/List_of_military_training_deaths_in_Singapore

စစ်ရေးလေ့ကျင့်မှုတွေအတွက် ဘေးကင်းရေးစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပါတယ်။ ဒါပေမယ့် သေဆုံးမှုတွေကတော့ အချိန်တိုင်းလို ရှိနေဆဲပါ။ 

လေ့ကျင့်ရေးကာလကျော်လွန်ပြီး တာဝန်ထမ်းဆောင်စဉ်ကာလမှာ မတော်တဆထိခိုက်မှုတွေကြောင့် သေဆုံးရတဲ့ ဖြစ်ရပ်တွေကတော့ ဖော်ပြထားတဲ့ စာရင်းထဲမှာမပါပေမယ့် ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန်မှာ စင်္ကာပူရေလက်ကြား Pedro Branca ကျွန်းနားက Horsburgh မီးပြတိုက်နားမှာ စင်္ကာရေတပ် ကင်းလှည့်စစ်သင်္ဘော RSS Courageous နဲ့ ကုန်တင်သင်္ဘော ANL Indonesia တို့ သင်္ဘောချင်းတိုက်မိရာမှ စင်္ကာရေတပ်မှ စစ်သမီး ၄ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာလည်း အဲ့ဒီအချိန်တုန်းက လက်နက်ကိုင်တပ်ဖွဲ့များအတွက် အတော့ကို နာမည်ပျက်စရာဖြစ်ခဲ့ရပါတယ်။

http://navalants.blogspot.com/2013/01/rss-courageous-10-years-on.html

http://eresources.nlb.gov.sg/infopedia/articles/SIP_1848_2011-10-18.html

မိမိတို့ရဲ့ သားမောင် တို့ စင်္ကာပူမှာ Conscription အရ NS သွားနေစဉ် အစစ အရာရာ ဂရုစိုက်ဖို့နဲ့ နေရာတိုင်းမှာ ဘေးကင်းရေးကို မမေ့လျော့ဖို့ မိဘများ အမြဲ သတိပေးကြပါ။ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ဆိုပေမယ့် တစ်ပါးသူ ပေါ့ဆမှုကြောင့် (သို့) မိမိပေါ့ဆမှုကြောင့် အသက်ဆုံးရှုံးရသည်အထိ မဖြစ်သင့်ဘူးဆိုတာ သတိပေးရင်း စင်္ကာပူမှ NS Men အားလုံး ဘေးကင်းကြပါစေ။








No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!