Popular Posts!

Friday, January 25, 2019

နိုင်ငံတော်သမ္မတကြီးက အဂတိလိုက်စားတဲ့လူကြီးမင်းများအထောက်အထားမလိုဘူးတဲ့ ကျော်ဇောသတင်းနဲ့တိုင်ရင် အဂတိတိုက်ဖျက်ရေးအဖွဲ့ကစစ်ဆေးမည်ဆိုပါလားဗျာ



ကြားတယ်နော်  နားထောင်ကြည့် နိုင်ငံတော်သမ္မတကြီးက အဂတိလိုက်စားတဲ့လူကြီးမင်းများအထောက်အထားမလိုဘူးတဲ့ဗျာ!

ကျော်ဇောသတင်းနဲ့တိုင်ရင် အဂတိတိုက်ဖျက်ရေးအဖွဲ့ကစစ်ဆေးမည်ဆိုပါလားဗျာ•••

"သတိ”အကြီးကြီးရှိနေကြဗျို့ဆင်စာ ဆိတ်စာ ပုရွက်ဆိတ်စာ...အားလုံးဗျို့~~~~




လှိုက်စားနေသော အဂတိလိုက်စားမှု စနစ်တကျတိုက်ဖျက်ရေး အဂတိကင်းစင်ခြင်းတန်ဖိုးကို မူလတန်းအဆင့်က စတင်သင်ကြားပေးရန် စီစဉ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

=========================


‘‘ကျွန်မတို့အစိုးရက လူ့အ ဖွဲ့အစည်းအတွင်းမှာ လှိုက်စားနေ တဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်ဖို့ ဆောင်ရွက် နေတယ်ဆိုတာ အများအသိဖြစ် ပါလိမ့်မယ်။


စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ကလေးဘဝ ကစပြီး လေ့ကျင့်ပျိုးထောင်ပြုစု ပေးရပါလိမ့်မယ်။ နိုင်ငံနှင့် လူ မျိုးဂုဏ်သိက္ခာနဲ့ တိုးတက်မှု အတွက် အဂတိလိုက်စားမှု ကင်းစင်ခြင်းရဲ့တန်ဖိုးကို နား လည်စေဖို့၊ အခြေခံပညာကျောင်း တွေမှာ သင်ကြားဖို့ အရေးကြီးပါ တယ်။ အသက်အရွယ်နဲ့ ကိုက် ညီတဲ့ ဝေါဟာရတွေ၊ စကားလုံး တွေကို သုံးပြီး အဂတိလိုက်စားမှု ၏ဆိုးကျိုးများနှင့် မိမိပတ်ဝန်း ကျင်အပေါ် အကျိုးသက်ရောက်မှု များ၊ ရိုးသားတဲ့အမူအကျင့်များ၊ ကိုယ်ကျိုးနှင့် အများအကျိုးရဲ့ ဆက်စပ်နေမှုများ၊ ကွဲပြားခြားနား မှုများနဲ့ ကိုယ်ကျင့်တရားကောင်း မွန်မှုနဲ့ ဆက်စပ်တဲ့ Edutainment အစီအစဉ်တွေကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ ပညာရေးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပေးဖို့ စီစဉ်နေပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


အဂတိ လိုက်စားမှုတိုက် ဖျက်ရေးကို မူလတန်းအဆင့်မှ စတင်ပညာပေးနိုင်ရန်  မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ရေးဆွဲထားသည့် ‘ဖြောင့်မတ်တည်ကြည်မှုမြှင့်တင် ရေးပညာပေးအစီအစဉ် (အခြေခံ ပညာမူလတန်း)’ ဆရာကိုင်စာ အုပ် အုပ်ရေလေးသောင်းကို ပညာရေးဝန်ကြီးဌာနသို့ အောက် တိုဘာ ဒုတိယပတ်က လွှဲပြောင်း ပေးခဲ့သည်။


ထိုဆရာကိုင် စာအုပ်ကို အခြေခံပညာကျောင်းများသို့ ဖြန့် ဝေပြီး မူလတန်းကျောင်းသားများ ကို စာရိတ္တနှင့် ပြည်သူ့နီတိ ဘာ သာရပ်သင်ကြားချိန်တွင် တွဲဖက် သင်ကြားပေးမည်ဖြစ်သည်။


နေပြည်တော် MICC-II တွင် ဒီဇင်ဘာ ၄ ရက်က ကျင်းပ သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီး နှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ)ဖွင့်ပွဲ၌ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ယခုကဲ့သို့ ပြောကြားခဲ့သည်။



ANTI-CORRUPTION COMMISSION MYANMAR" 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

လာဘ်စားခြစားတိုက်ဖျက်မှု


သတိပေးချက်။

- မည်သူမဆို ခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် ရည်ရွယ်၍ မမှန်မကန် သတင်းပို့ခြင်း၊ တိုင်တန်းခြင်း ပြုလုပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။ 


လာဘ်စားခြစားတိုက်ဖျက်မှု

- အကယ်၍ e-Complaint စနစ်ဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရပါက myanmaracc2014@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

http://www.accm.gov.mm/complaint/

IMG_1996.png


တိုင်ကြားစာပုံစံ ဖြည့်သွင်းခြင်း


ဤတိုင်ကြားစာပုံစံသည် နစ်နာသူက အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားနိုင်ပါသည်။ မိမိ တိုင်ကြားခဲ့သော တိုင်ကြားစာ ၏ အနှစ်ချုပ်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။


ဖြစ်နိုင်ပါက၊တိုင်ကြားသူအနေဖြင့် တိုင်ကြားစာတွင် အောက်ပါ အချက်အလက်များအား ထည့်သွင်းသင့်ပါသည်။


- မည်သည့်နေရာ၊ မည်သည့် အချိန်တွင် အဂတိ လိုက်စား မှုက မည်သို့ ဖြစ်ပွားခဲ့သည်။


- မည်သူပါဝင်ခဲ့သည်။


- ၎င်းကို မည်သည့်အတွက်ကြောင့် အဂတိလိုက်စားမှု ဟု ယူဆသည်။

http://www.accm.gov.mm/complaint/


IMG_1997.png


http://www.accm.gov.mm/complaint/index.php?route=complainer/register



တိုင်ကြားစာအပေါ် ကောင်မရှင်၏ ဆောင်ရွက်ပုံ

အဆင့်(၁) တိုင်ကြားစာအား လက်ခံခြင်း။ 

အဆင့်(၂) ရရှိသည့် တိုင်ကြားစာအား တိုင်ကြားစာ စိစစ်သုံးသပ်ရေးကော်မတီသို့ စိစစ်နိုင်ရန်ပေးပို့ခြင်း။ 

အဆင့်(၃) သတင်းအချက်အလက် ထပ်မံလိုအပ်ပါက တိုင်ကြားသူအား အကြောင်းကြား အသိပေးခြင်း။


တိုင်ကြားစာပေးပို့ရန် အခြားနည်းများ

၁။ လူကိုယ်တိုင်လာရောက်တိုင်တန်းခြင်း 


ရုံးဖွင့်ချိန် 

တနင်္လာနေ့မှ သောကြာနေ့ထိ (တရားဝင်ရုံးပိတ်ရက်များ မပါ) 

မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ


၂။ စာတိုက်မှပေးပို့ရမည့် လိပ်စာ 

ဥက္ကဋ္ဌ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ 

အဆောင်(၁၀)၊ အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊ 

ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်။

http://www.accm.gov.mm/complaint/


IMG_2004.jpeg

IMG_2005.jpeg

IMG_2010.jpeg

IMG_2007.jpeg

IMG_2008.jpeg

IMG_2009.jpeg


အသိပေးတင်ပြခြင်း

===========

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(က)(၂) တွင် ”မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောာင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း” ဖြစ်သည်ဟု စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေ၌ အဂတိလိုက်စားမှုဆိုသည့် စကားရပ်၏အဓိပ္ပာယ်ကို ဖြည့်စွက်ပြဋ္ဌာန်းခဲ့ပါသည်။ 


နိုင်ငံတော်သမ္မတရုံးမှလည်း အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ၀န်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံး လုပ်နည်းများကို ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)ဖြင့် ထုတ်ပြန်ထားပါသည်။


နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများအား ထိခိုက်နစ်နာပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အား လေ့လာဖတ်ရှုနိုင်ပါရန် ဖော်ပြအပ်ပါသည်။

https://www.facebook.com/894946967328691/posts/1088006794689373/


EQMM-Anti-Corruption-Policy-2017-Burmese.pdf




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်


အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။


Phone: +၉၅ ၆၇ ၈၁၀ ၃၃၄

email:  myanmaracc2014@gmail.com

Website:http://www.accm.gov.mm/acc/




ဘာမှဟုတ်ဘူး လိပ်စာမေ့နေမှာစိုးလို့ လမ်းကြုံလို့လာပေးတာ ! 


-တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ရှိ ဝန်ကြီးချုပ် ဝန်ကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ 

   လာဘ် ယူခဲ့ရင်သော်လည်းကောင်း 


-လုပ်ငန်းလုပ်ဆောင်မှုပိုင်းအားနည်းခဲ့လျှင်သော်လည်းကောင်း 


-တာဝန်ယူမှု တာဝန်ခံမှုမရှိခဲ့လျှင်သော်လည်းကောင်း 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှိ အောက်ဖော်ပြပါ လိပ်စာအတိုင်း တိုင်ကြားနိုင်ပါသည်။


ဒေါက်တာမျိုးညွှန့်

တိုင်ကြားစာလက်ခံသည့်ဌာန

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း

ဗဟန်းမြို့နယ်

ရန်ကုန်မြို့




No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!