Popular Posts!

Monday, January 21, 2019

မြစ်ဆုံအပါဝင် မေခ-မလိခ မြစ်ဝှမ်းတွင် တည်ဆောက်မည့် ရေကာတာများနှင့် ပတ်သက်၍အစောဆုံး သတိပေးချက်များ

မြစ်ဆုံအပါဝင် မေခ-မလိခ မြစ်ဝှမ်းတွင် တည်ဆောက်မည့် ရေကာတာများနှင့် ပတ်သက်၍အစောဆုံး သတိပေးချက်များထဲ မှတစ်ခုကို ဦးဝင်းကျော်၏ ‘မြန်မာနိုင်ငံအတွင်းမှ နိုင်ငံတကာမြစ် များ’ စာအုပ် ၂၀၁၀ တွင် တွေ့နိုင်ပါသည်။ ရေအားလျှပ်စစ်ဌာန၏ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်က အောက်ပါအ တိုင်း ညွှန်ကြားထားပါသည်။


‘‘ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဟာ ယူနန်ပြည်နယ်အတွင်း မှာရှိတဲ့ သံလွင်နဲ့ မဲခေါင်မြစ်အပေါ်ပိုင်းက ရေအားလျှပ်စစ်စီမံ ကိန်းတွေကိုတော့ သဘာဝပတ် ၀န်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ ကြောင့် ဆိုင်းငံ့ထားပြီး မြန်မာနိုင်ငံရဲ့ ဧရာဝတီမြစ်ဝှမ်းအပေါ် ပိုင်းက မေခ-မလိခမြစ်ဝှမ်းတွေ မှာ တရုတ်အစိုးရ ကျောထောက် နောက်ခံပြုတဲ့ ကုမ္ပဏီကြီးတွေက လာရောက် ရင်းနှီးမြှုပ်နှံတာကို သတိထားမိပါတယ်။ 
မေခမြစ် ၀ှမ်းဟာ ယူနန်ပြည်နယ်ထဲက ရပ်ဆိုင်းထားတဲ့သံလွင် (နူး) မြစ်နဲ့ရေဝေကုန်းတန်းချင်း တစ်ဆက် တစ်စပ်တည်းဖြစ်နေတာကြောင့် မေခမြစ်ဝှမ်းထဲက ရေအားလျှပ်စစ် စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ စစ်တမ်း တွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုပါလိမ့်မယ်’’

ရေအားလျှပ်စစ် အင်ဂျင်နီယာ၊ ရေကာတာများနှင့် ပတ် သက်၍ အဆင့်မြင့်တာဝန်ယူခဲ့သူ တစ်ဦး၏ အရေးကြီးသော မှတ် ချက်ဟု ယူဆနိုင်ပါသည်။

မြစ်ဆုံရေကာတာအပါအ၀င် မေခ-မလိခမြစ်ဝှမ်း စီမံကိန်း များကို ယခင်တာဝန်ရှိသူများ မည်သို့ဆုံးဖြတ် လုပ်ကိုင်ခဲ့ကြပါ သနည်း။

ရေရှည်မြော်မြင်မှုနည်းပါး ၍ ပြည်သူ့ဘ၀အရေးအရာများ ကို ငဲ့ကွက်ခြင်းကင်းမဲ့စွာ ဆုံးဖြတ် လုပ်ကိုင်ခဲ့သော စစ်အစိုးရ လက်ထက် စီမံကိန်းများကို မှတ်တမ်း တင်ရမည်ဆိုလျှင် ထူထဲသော စာအုပ်ကြီးများ ထွက်လာဖွယ်ရှိ  ပါသည်။

ဆရာဦးဝင်းကျော်၏ ၂၀၁၄ခုနှစ် ထုတ် ‘အာရှမဟာမြစ်ကြီး များနှင့် ရေအသုံးချမှု ပဋိပက္ခများ’စာအုပ်တွင် မည်သို့ဆုံးဖြတ်လုပ် ကိုင်ခဲ့ကြသည်ဟူသော အချက်အလက်များပါဝင်သည်။ ပြည်သူများသိရှိနိုင်ရန် မလွယ်သောအရေးကြီးသည့် အချက်အလက်များ ဖြစ်သည့်အတွက် အောက်တွင်အ ကျယ်တ၀င့် ကောက်နုတ်ဖော် ပြလိုက်ပါသည်။

မြန်မာနိုင်ငံ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနသည် ၂၀၀၅ ခုနှစ်ကုန်ပိုင်းတွင်  ဧရာဝတီမြစ်၏ ထိပ်ဖျား မေခ-မလိခမြစ်ဝှမ်းအ တွင်း ရေအားလျှပ်စစ်ထုတ်လုပ် နိုင်ရေးအတွက် စီမံချက် (MasterPlan) ရေးဆွဲရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ YMEC Co. နှင့်ကူမင်းရေအားလျှပ်စစ်စူးစမ်းလေ့လာရေး၊ ဒီဇိုင်းထုတ်လုပ်ရေး အင် စတီကျုဒ် (Kunming Hydro-electric Investigation and Design Institute)တို့ ပူးပေါင်းဖွဲ့စည်းထားသည့် တရုတ်ကုမ္ပဏီနှင့် MoU လက်မှတ်ရေးထိုးခဲ့ သည်။ 




ထိုအဖွဲ့သည် မေခ-မလိခမြစ်ဝှမ်းတစ်ခုလုံးအား ကောင်း ကင် ဓာတ်ပုံရိုက်ကူး၍ စူးစမ်းလေ့လာမှုများကို စတင်ဆောင်ရွက် သည်။ 

ထိုသို့ စူးစမ်းလေ့လာမှု များကို  ဆောင်ရွက်နေစဉ် ၂၀၀၆ခုနှစ် မေလလယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီဌာနအား အမှတ်(၁)နှင့် အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဟူ၍၀န်ကြီးဌာနနှစ် ခုခွဲ၍ ပြုပြင်ဖွဲ့စည်းလိုက်သည်။  

အမှတ်(၁) လျှပ်စစ်စွမ်းအားဝန် ကြီးဌာန ဖွဲ့စည်းပြီးသည့်အခါ ယူနန်ကုမ္ပဏီနှင့် ဆောင်ရွက်နေသော မေခ-မလိခ   (MASTERPlan) ကို ရပ်ဆိုင်းလိုက်၍ ပီကင်းအခြေစိုက် တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(China Power InvestmentCorporation-CPI) ကို ၂၀၀၆ခုနှစ် ဒီဇင်ဘာလအတွင်း ဧရာဝတီမြစ်အထက်ပိုင်း မေခ-မလိခမြစ်ဝှမ်းများအတွက် ရေသယံဇာတဖွံ့ဖြိုးမှုနှင့် အသုံးချမှုလေ့ လာမှုအပြင် မြစ်ဆုံရေအားလျှပ် စစ်စက်ရုံ တည်ဆောက်ရေးအတွက် လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ရန်  MoU တစ်ခုကို ထပ်မံရေးထိုးခဲ့သည်။

ထို MoU အရ PI ကုမ္ပဏီ၏ ပဏာမလေ့လာမှု အစီရင်ခံစာသည် ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ထွက်လာပါသည်။ 

ထိုအစီရင်ခံစာအရ မေခနှင့် မလိခ မြစ်နှစ်ခုဆုံသည့် မြစ်ဆုံ၏ အောက်ပိုင်းတွင် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း၊ မေခမြစ်ပေါ် တွင် ရေအားလျှပ်စစ်စီမံကိန်းငါးခု၊ မလိခမြစ်ပေါ်တွင် ရေအားလျှပ် စစ်စီမံကိန်းတစ်ခုအပြင် အဆိုပါစီမံကိန်း ခုနစ်ခုတည်ဆောက်ရန် နှင့် ၎င်းစီမံကိန်းများ တည်ဆောက်ရေးကာလတွင် အသုံးပြုရန်လို အပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးမည့် ချီဗွေချောင်း ပေါ်တွင် အလတ်စားရေအားလျှပ်  စစ်တစ်ခု စုစုပေါင်းစီမံကိန်းရှစ်ခု ပါဝင်လာသည်။ 



အဆိုပါ ဧရာဝတီအထက်ပိုင်း မေခ-မလိခမြစ်ဝှမ်းကို နှစ်ပေါင်း ၅၀ ကျော်အထိ အစိုးရဌာနဆိုင်ရာများ ရောက်ရှိထိတွေ့နိုင်ခဲ့သည့် ဒေသမဟုတ် ချေ။ 

ကချင်ဒေသခံများနှင့် ယခင်အစိုးရအဆက်ဆက် နိုင်ငံရေး သဘောထားကွဲပြား၍ မငြိမ် မသက်မှုများ ဖြစ်ပွားနေသည့် ဒေသဖြစ်သည်။ 

၁၉၉၅ ခုနှစ် နောက်ပိုင်းမှသာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် အစိုးရဌာနဆိုင်ရာများ စတင်ခြေချနိုင် သော မဖွံ့ဖြိုးသည့် ဒေသဖြစ် သည်။ ရေသယံဇာတနှင့် ပတ် သက်သော သတင်းအချက် အလက်များကား လုံးဝမရှိ သလောက်ပင်ဖြစ်သည်။




၂၀၀၇ ခုနှစ် ကနဦးလေ့လာ ချက်များအရ မေခမြစ်ပေါ်တွင် ရွေးချယ်ထားသော စီမံကိန်းများ မှာ 
  • ရေနမ် ၁,၂၀၀ မဂ္ဂါဝပ်၊ 
  • ခေါင်လံဖူး ၂,၇၀၀ မဂ္ဂါဝပ်၊  
  • ပီဇော၂,၀၀၀ မဂ္ဂါဝပ်၊ 
  • ၀ူစုပ် ၁,၈၀၀မဂ္ဂါဝပ်နှင့် 
  • ချီဗွေ ၃,၄၀၀ မဂ္ဂါ ၀ပ်တို့ဖြစ်၍ 
  • မလိခမြစ်ပေါ်တွင် လာဇာ ၁,၉၀၀ မဂ္ဂါဝပ်နှင့် 
  • မြစ်ဆုံ ၄,၁၀၀ မဂ္ဂါဝပ်တို့ ဖြစ်ကြသည်။ 

၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၀၉ခုနှစ်အထိမြစ်ဆုံ၊ ချီဗွေနှင့် လာဇာစီမံကိန်း သုံးခု၏ စူးစမ်းလေ့လာမှုများကို အဓိကထားဆောင်ရွက် ၍ ၂၀၀၉ ခုနှစ် မတ်လအတွင်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုး သားစွမ်းအင်  အုပ်ချုပ်ရေးဌာနနှင့် မြန်မာနိုင်ငံ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနတို့အကြား မြန်မာနိုင်ငံမှ ရေအားလျှပ်စစ်အရင်းအမြစ် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရန် အခြေခံမူများဆိုင် ရာ သဘောတူစာချုပ် (Frame-work Agreement on Develop-ment of Hydropower Re-source in  Union of Myanmar) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ 

ယင်းသဘောတူစာချုပ်သည် မြန်မာနိုင်ငံအတွင်း မေခ-မလိခမြစ်ဝှမ်းက ရေအားလျှပ်စစ်စီမံ ကိန်းများအပြင် အခြားသောရေ အားလျှပ်စစ် စီမံကိန်းများကို တရုတ်နိုင်ငံအစိုးရ၏ ခွင့်ပြုချက် ဖြင့် တရုတ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံတည်ဆောက်ပြီး လျှပ်စစ် ဓာတ်အားကို ၀ယ်ယူမည်ဆိုသည့် အာမခံချက် မူဘောင်သဘော တူညီချက်ဖြစ်သည်။ 

တရုတ်နိုင်ငံ က ၀ယ်ယူရမည့် တစ်ယူနစ်ဈေး နှုန်းသည် ဈေးနှုန်းသင့်တင့်ပါက ကီလိုဝပ် နာရီသန်းပေါင်း ၁၀၀,၀၀၀ အထိ ၀ယ်ယူမည်ဟုဆိုပါသည်။ 

၂၀၀၉ ခုနှစ် ဒီဇင် ဘာလ ၂၀ ရက်နေ့တွင် မြန်မာ နိုင်ငံ ရေအားလျှပ်စစ်စီမံရေးဌာန နှင့် တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့သည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ကို ရင်းနှီးမြှုပ်နှံတည်ဆောက်ရေး ဖက်စပ်သဘောတူစာချုပ်ကို တရုတ်နိုင်ငံ၏ နောင်သမ္မတဖြစ် လာမည့် ဒုတိယသမ္မတ မစ္စတာ စီကျင်းပင် (Xi Jinping)၏ မြန်မာ နိုင်ငံ ခရီးစဉ်အတွင်း မစ္စတာ စီကျင်းပင်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးမှုကောင်စီဒုတိယ ဥက္ကဋ္ဌ၊ ဒုတိ ယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ရှေ့မှောက် နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့လေသည်။

ထိုစာချုပ်မှာ မြန်မာနိုင်ငံ တွင်သာမက ကမ္ဘာတစ်ဝန်း ရေ သယံဇာတသမိုင်းတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ၂ နှစ်တာကာလနှင့် အပြီးသတ်လေ့ လာ၍ သဘောတူညီချက်ရရှိ သော အလွန်ထူးခြားသော စာချုပ်ဖြစ်လေသည်။ 

မူလ ၂၀၀၇ ခုနှစ်ပဏာမလေ့လာမှုတွင် မြစ်ဆုံစီမံ ကိန်း၏ တမံအမြင့်မှာ ၁၃၀ မီတာဖြစ်၍ တပ်ဆင်စက်အင်အားမှာ ၄,၁၀၀ မဂ္ဂါဝပ် ဖြစ်သော်လည်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ချုပ်ဆိုသည့် အကောင်အထည် ဖော်ရေး စာချုပ်တွင်မူ တမံအမြင့် မှာ ၁၃၉ ဒသမ ၆ မီတာဖြစ်၍ တပ်ဆင်စက်အင်အားမှာ ၆,၀၀၀မဂ္ဂါဝပ်ဖြစ်လာသည်။ တပ်ဆင် စက် အလုံးရေမှာ ရှစ်လုံးသာဖြစ်၍ စက်တစ်လုံးစီ၏ အင်အားမှာ၇၅၀ မဂ္ဂါဝပ် ဖြစ်လေသည်။ 

ဤတာဘိုင် ဂျင်နရေတာစက်တစ်လုံး စီ၏ ၇၅၀ မဂ္ဂါဝပ်အင်အားမှာ   ယနေ့ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေအားလျှပ်စစ်စက်ရုံ ဖြစ်သည့် တရုတ်နိုင်ငံရှိ မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စက်ရုံ တွင် တပ်ဆင်ထားသည့်စက် ၇၀၀ မဂ္ဂါဝပ်ထက်ပင် ကြီးမားနေပေသည်။ 

အလားတူ မြစ်ဆုံရေအား လျှပ်စစ် စက်ရုံ၏ တပ်ဆင်စက်အင်အားမှာ ၆,၀၀၀ မဂ္ဂါဝပ်ဖြစ် ရာ ယနေ့တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ကမ္ဘာ့အကြီးမားဆုံး သော ရေအားလျှပ်စစ်စက်ရုံများ စာရင်းတွင် ၁၀ ခုမြောက်အတွင်း ရှိနေပေလိမ့်မည်။ 

ထိုသို့ အကြီး မားဆုံးသော ကမ္ဘာ့စာရင်းဝင်မည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၏ ၂ နှစ်တာကာလအတွင်း တက်သုတ် ရိုက်ရေးဆွဲခဲ့သော ဒီဇိုင်းပုံစံများ၊ ကုန်ကျစရိတ်များ၊ ဘူမိဗေဒ၊ဇလဗေဒ တွက်ချက်မှုများအား မြန်မာနိုင်ငံရှိ မည်သို့သော ဂုရုများက အတည်ပြုပေးလိုက်သနည်းဆိုသည်မှာ စဉ်းစားစရာဖြစ်နေပေ သည်။ 

(အလားတူ သံလွင်မြစ် တာဆန်းစီမံကိန်းတွင် တပ်ဆင် စက်အင်အား ၇,၁၁၀ မဂ္ဂါဝပ်၊ စက်တစ်လုံးစီ၏ အင်အား ၇၁၁မဂ္ဂါဝပ်ရှိ၍ တမံအမြင့် ၂၂၈ မီတာ ပါဝင်သော စီမံကိန်းဒီဇိုင်းပုံစံနှင့် ကုန်ကျစရိတ်များကို ရေအားလျှပ်စစ်နှင့် တမံဆိုင်ရာ အင်ဂျင်နီယာ လုံးဝမရှိသော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ၂၀၀၁ ခုနှစ် တွင် အတည်ပြုပေးခဲ့သည့် သာဓကရှိပြီးဖြစ်သည်။)

မြစ်ဆုံရေအားလျှပ်စစ် စီမံ ကိန်း၏ ဒီဇိုင်းပုံစံရေးဆွဲသည့် အဖွဲ့မှာ ချန်းဂျန်းတိုင်းတာရေး၊ စီမံရေးဆွဲရေး၊ ဒီဇိုင်းထုတ်လုပ် ရေးနှင့် သုတေသနအင်စတီကျုဒ် (Changjiang Institute of Survey, Planning, Design & Research) CISPDR ဖြစ်၍ တရုတ်နိုင်ငံမှ မြစ်ကျဉ်းသုံးသွယ်  တမံနှင့် ရေအားလျှပ်စစ်စက်ရုံ ဒီ ဇိုင်းပုံစံများရေးဆွဲခဲ့သည့် နာမည် ကျော် အဖွဲ့အစည်းဖြစ်သည်။

အမှန်တော့ ထို CISPDR အဖွဲ့ သည် အမေရိကန်နိုင်ငံတွင် ကမ္ဘာကျော် ဟူးဗား (Hoover) တမံနှင့်ဂရင်းကူလီ (Grand Coulee)တမံကြီးများကို ဒုတိယကမ္ဘာစစ် မတိုင်မီနှစ်များကတည်းက တည် ဆောက်ခဲ့သည့် အမေရိကန်နိုင်ငံ လယ်ယာမြေဖော်ထုတ်ရေး ဗျူရို (US Bureau of Reclamation) က မြေတောင်မြှောက်ပေးထားသော အဖွဲ့အစည်းဖြစ်သည်။ 

ယနေ့အချိန်တွင် ထို CISPDR သည် ကမ္ဘာ့ထိပ်တန်း အတိုင်ပင်ခံအင်ဂျင်နီ ယာအဖွဲ့ဖြစ်လာသည်။ ထိုအဖွဲ့ သည်ပင် မြစ်ကျဉ်းသုံးသွယ် စီမံ ကိန်းဒီဇိုင်းပုံစံနှင့် ပတ်သက်၍ နှစ်ပေါင်း ၅၀ ကျော်ကြာ စူးစမ်းလေ့ လာမှုများ၊ သုတေသနပြုမှုများကို ကမ္ဘာအရပ်ရပ်မှ ကျွမ်းကျင်သူ ပါရဂူများကို ငှားရမ်း၍ ဆောင် ရွက်ခဲ့ပြီးမှ စီမံကိန်းကို စတင် တည်ဆောက်ခြင်းဖြစ်သည်။

 မြစ်ဆုံစီမံကိန်း ဒီဇိုင်းပုံစံထုတ်လုပ် မှုနှင့် ပတ်သက်၍. ထိုကမ္ဘာ့ထိပ်တန်း အတိုင်ပင်ခံအင်ဂျင်နီယာ အဖွဲ့၏ အတတ်ပညာဆိုင်ရာ ကျင့်ဝတ် (Professionalethic) ကိုများစွာ မေးခွန်းထုတ်ရတော့ မည်ဖြစ်သည်။

 မြစ်ဆုံစီမံကိန်းကဲ့သို့ ထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အား အများစုကို ပြည်ပသို့ရောင်း ချမည့် စီမံကိန်းကြီးများအနေဖြင့် စီမံကန်း၏ အကျိုးစီးပွားသည်ဝယ်ယူသူပြည်ပနိုင်ငံများက ခံစားကြရပြီး ထိုစီမံကိန်းနှင့် ဆက်နွှယ် သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုရေးထိခိုက်မှု၊ သဘာဝဘေးအန္တရာယ်အတွက် စိုးရိမ်ကြောင့်ကြမှု စသည့်အန္တ ရာယ်အမျိုးမျိုး၊ ထိခိုက်မှုဆိုးကျိုး အမျိုးမျိုးတို့ကို အိမ်ရှင်နိုင်ငံက တစ်သက်တာခံစားကြရမည်ဆို သည့်အချက်ကို ထည့်သွင်းစဉ်း စားလျက် စီမံကိန်း၏ ကျွမ်းကျင်မှု အဆင့်အတန်းကို အချိန်ယူ၍ ဆုံးဖြတ်လေ့ရှိကြသည်။ 

ယခုမူ ခိုင်မာသော ရေသယံဇာတအချက်အလက်နည်းပါးသော စီမံကိန်း၏ ကျွမ်းကျင်မှု အဆင့်အတန်းမှာ နိုင်ငံတကာ အင်ဂျင်နီယာဆိုရိုးစကားအတိုင်း ‘အမှိုက်တွေထည့် လျှင်၊ အမှိုက်တွေပဲ ထွက်လာ မည်’ (Rubbish in, Rubbishout) ဆိုသကဲ့သို့ နိုင်ငံတကာ အဆင့်အတန်းမမီသည့် စီမံကိန်းပင်ဖြစ်တော့မည်။ 

မြန်မာနိုင်ငံ ဌာနဆိုင်ရာတို့သည် မြစ်ဆုံတမံ နှင့် ရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတကာမှ ကျွမ်းကျင်သူများကို ငှားရမ်း၍ ဒီဇိုင်းအတည်ပြုမှုများ (Design Approval)၊ အပြန်အ လှန်စစ်ဆေးမှုများ (Counter Check) ဆောင်ရွက်ခိုင်းရန် ငွေကြေးမတတ်နိုင်၍ (သို့မဟုတ်)ဆောင်ရွက်သင့်ကြောင်း မေ့ လျော့၍ (သို့မဟုတ်) လုံးဝမသိရှိ၍တစ်ခုခုတော့ ဖြစ်ရပေမည်။

သို့တည်းမဟုတ် ထိုသို့ဆောင်ရွက်နိုင်ရန် အချိန်မပေးနိုင်လောက် အောင် အလောတကြီးဖြစ်နေ၍ လည်း ဖြစ်နိုင်သည်။ မြစ်ဆုံစီမံ ကိန်းတွင် ပြဿနာများစွာ ကျန်နေပါသေးသည်။ ထုတ်ပြန်ကြေညာချက်အရ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ တပ်ဆင်စက်အင်အား မှာ ၆,၀၀၀ မဂ္ဂါဝပ်ဖြစ်၍ နှစ်စဉ် ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ပမာဏမှာ ၃၀,၈၀၀ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်သည်။ (ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်မှာ ၂၉,၄၀၀ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်သည်။)

သို့ဖြစ်၍ တစ်နှစ်အတွင်း၃၀,၈၀၀ ကီလိုဝပ်နာရီသန်း ပေါင်းထွက်ရန် စက်ရုံအား တစ်နှစ်ပတ်လုံး လည်ပတ်မည်ဆိုပါ က ၃,၅၁၆ မဂ္ဂါဝပ်သာလိုပေမည်ဖြစ်၍ တပ်ဆင်စက်အင်အား ၆,၀၀၀ မဂ္ဂါဝပ်တပ်ဆင်ထားသဖြင့် တစ်နှစ်လျှင်နာရီပေါင်း ၅,၁၃၃ နာရီသာမောင်းနှင်၍ ကျန်အချိန်များတွင် ရပ်နားထားရမည် ဟု အဓိပ္ပာယ်ရပါသည်။

 ရေများသည် မိုးရာသီတွင် ၆,၀၀၀ မဂ္ဂါ ၀ပ်စက်အင်အား အပြည့်လည်၍ နွေရာသီတွင် ရေနည်းသည့်အခါ လျှော့၍ ထုတ်လုပ်မည် ဟူ၍ လည်း သဘောရပါသည်။

မြစ်ဆုံတမံ၏ စုစုပေါင်းရေ သိုလှောင်မှု ပမာဏမှာ ၁၂,၀၈၂ကုဗမီတာ သန်းပေါင်းဖြစ်သော် လည်း နှစ်စဉ်အသုံးပြုနိုင်သည့် ရေသိုလှောင်မှု ပမာဏမှာ ၇,၅၇၆ ကုဗမီတာသန်းပေါင်း  သာရှိသဖြင့် မြစ်ဆုံအထက်ရှိ နှစ်စဉ်ပျမ်းမျှစီးဝင်သည့် ရေပမာဏ ၁၅၈,၆၄၉ ကုဗမီတာသန်း ပေါင်း၏ ၄ ဒသမ ၈ ရာခိုင်နှုန်းခန့် ၄၉ သာရှိနေသည့်အတွက် နေ့စဉ်ထိန်းညှိပြီး ဓာတ်အားထုတ် လုပ်ရန် သိုလှောင်သည့်စနစ် (Daily Regulation) ကဲ့သို့ဖြစ်နေ သဖြင့် တရုတ်နိုင်ငံလျှပ်စစ်ဓာတ် အားစနစ်၏ လိုအပ်ချက်အရ နေ့အခါ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်၍ ညအခါလျှပ်စစ်ဓာတ် အား လျှော့ထုတ်မည့် အမြင့်ဝန် အားသုံး ရေအားလျှပ်စစ်စနစ် (Peak Power Operated Plant)ဖြစ်နေပါသည်။ 

ယင်းအချက်သည် စက်ရုံ၏ အောက်ပိုင်းတစ် လျှောက် နေ့စဉ်ရေမျက်နှာပြင် အတက်အကျများစွာ ဖြစ်ပေါ်နေ မည့် အနေအထားဖြစ်ရာ၊ မြစ် အောက်ပိုင်းတစ်လျှောက် ကမ်းပါးများရေတိုက်စား၍ ပြိုမည့်အန္တရာယ်နှင့် ပြည်သူအများ ကူးသန်း သွားလာရန် အန္တရာယ်ရှိမည့်ပြဿနာကို ရှောင်ရှားနိုင်ရန်အ တွက် ရေထိန်းညှိသည့်ဆည် (Reregulation Dam) တစ်ခုကို မြစ်ဆုံတမံအောက်ပိုင်းတွင် ထည့်သွင်းတည်ဆောက်ရန်လိုအပ်နေ ပါသည်။

ထို့အပြင် နိုင်ငံတကာတွင် ရေအားလျှပ်စစ်စီမံကိန်းများအား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် ကာလ ‘လုပ်ပိုင်ခွင့်ကာလ’ (Con-cession Period) သည် ကျွမ်းကျင်မှုပြဿနာ ကြီးမား၍ ခက်ခဲပြီး ကုန်ကျစရိတ် များပြားသော စီမံ ကိန်းတချို့မှအပ အများဆုံး အနှစ် ၃၀ မျှသာတွေ့ရှိရသော်လည်း ဤမျှအင်အားကြီးမားသည့် ရေ အားလျှပ်စစ်စက်ရုံကို အနှစ် ၅၀ လုပ်ပိုင်ခွင့် ရယူထားခြင်းသည် တရုတ်တို့ဘက်မှ များစွာအသာစီး ရယူထားကြောင်း တွေ့ရသည်။ 

၎င်းအပြင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် မေခမြစ် ပေါ်တွင် ချီဗွေရေအားလျှပ်စစ် စီမံကိန်း ၃,၄၀၀ မဂ္ဂါဝပ်နှင့် မလိခမြစ်ပေါ်တွင် လိုင်ဇာရေအားလျှပ် စစ်စီမံကိန်း ၂,၇၀၀ မဂ္ဂါဝပ်တို့ကို CPI ကုမ္ပဏီနှင့် ပူးပေါင်းအကောင်အထည်ဖော်ရေးနှင့် ပတ် သက်၍ ဖက်စပ်သဘောတူညီ စာချုပ်ကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၃ရက်နေ့တွင် ထပ်မံလက်မှတ်ရေး ထိုးခဲ့ပြန်သည်။ 

ဤတစ်ကြိမ် လက်မှတ်ရေးထိုးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင်၏ နေပြည်တော်ခရီးစဉ်တွင် မစ္စတာဝမ်ကြား ပေါင်နှင့် ထိုစဉ်က မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ရှေ့မှောက်တွင်  လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်လေသည်။

CPI ကုမ္ပဏီသည် အဆိုပါစီမံကန်းကြီးများကို အကောင်အထည်ဖော်ရန် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီ လီမိတက်’ (Ayeyarwady Con-fluence Basin Hydropower Company Limited- ACHCCo.Ltd) ဟူသော ကုမ္ပဏီတစ်ခု ကို ဖွဲ့စည်းခဲ့ရာ CPI ကုမ္ပဏီက အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန် ကြီးဌာနက ၁၅ ရာခိုင်နှုန်း (အခမဲ့ရှယ်ယာ)နှင့် အေးရှားဝေါလ် ကုမ္ပဏီက ၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ခဲ့သည်။

 အဆိုပါစီမံကိန်းကြီး သုံးခုအနက် မြစ်ဆုံစီမံကိန်း၏ တည်ဆောက်မှုလုပ်ငန်းကို ၂၀၀၉ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း ကောင်း၊ ချီဗွေစီမံကိန်းကို ၂၀၁၀ ခုနှစ်ကုန်ပိုင်းတွင်လည်းကောင်း စတင်အကောင်အထည်ဖော်ခဲ့ပြီး တည်ဆောက်ရေးကာလအတွင်း လျှပ်စစ်ဓာတ်အားပေးရန် ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်း ၉၉မဂ္ဂါဝပ်ကို မည်သည့်သဘောတူ စာချုပ်များမှ ချုပ်ဆိုရခြင်းမပြုရ သေးသည့် ဧပြီလ ၂၀၀၈ ခုနှစ်တွင်စတင်၍ တည်ဆောက်ခဲ့လေ သည်။

ရေအားလျှပ်စစ်ဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဝင်း ကျော် ဖော်ပြခဲ့သည်များတွင် ယခင်အစိုးရ စီမံဆောင်ရွက်ခဲ့ပုံများ၊ မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်သော အခြေအနေများကို အောက်ပါအတိုင်း ထုတ်နုတ်ဝေ ဖန်ကြည့်နိုင်ပါလိမ့်မည်။

(၁) မည်သည့်စီမံကိန်းအတွက် မဆို ဖြစ်နိုင်ခြေများ၊ ဖြစ်ခဲ့သည် များကို တွက်ဆနိုင်ရန် အချက်အလက်များ မဖြစ်မနေလိုအပ် သည်။ မေခ-မလိခ မြစ်ဝှမ်းကို နှစ်ပေါင်း ၅၀ ကျော်အထိ အစိုးရဌာနဆိုင်ရာများ ရောက်ရှိထိတွေ့နိုင်ခဲ့ခြင်းမရှိ ရေသယံဇာတနှင့် ပတ်သက်သော သတင်းအချက်အလက်များ လုံးဝမရှိသလောက် ပင်ဟု သိသာထင်ရှားသည့် မူလ အခြေအနေကို ဖော်ပြထားသည်။ အချက်အလက်မှတ်တမ်းမှတ်ရာ  မရှိဘဲ မျက်စိမှိတ်ဆုံးဖြတ်ခဲ့သည့် အခြေအနေများကို မြင်တွေ့နိုင် သည်။

(၂)  မြန်မာပြည်တွင်သာမက ကမ္ဘာ့အတိုင်းအတာအရပါ ကြီး မားလှသော စီမံကိန်းတစ်ခုကို ၂ နှစ်နှင့်အပြီး တက်သုက်ရိုက်စီမံ ခဲ့သည်ဟု သိရှိရသည်။ 
နှိုင်းယှဉ် ကြည့်ရန်မှာတရုတ်နိုင်ငံ၏ မြစ် ကျဉ်းသုံးသွယ် ရေကာတာစီမံ ကိန်းကို နှစ်ပေါင်း ၅၀ ခန့်ကြာ စူးစမ်းလေ့လာခဲ့သည်။ မြစ်ဆုံ တွင် တပ်ဆင်မည့် တာဘိုင်ဂျင်နရေတာ စက်တစ်လုံးစီ၏ ၇၅၀ မဂ္ဂါဝပ် အင်အားမှာ ကမ္ဘာ့အကြီး ဆုံး မြစ်ကျဉ်းသုံးသွယ် ရေအား လျှပ်စစ် စက်ရုံ (တရုတ်နိုင်ငံ) တွင်တပ်ဆင်ထားသည့် ၇၀၀ မဂ္ဂါဝပ်ထက်ပင် ကြီးနေသေးသည်။
 မြစ်ဆုံဆည် တည်ဆောက်ပြီး သွားလျှင် ၁၀ ခုမြောက် ကမ္ဘာ့အကြီးဆုံး ဓာတ်အားပေး စီမံကိန်းဖြစ်လာမည်။ ဤမျှပမာဏကြီး၍ နောက်ဆက်တွဲအကျိုးဆက်များစွာရှိမည့် စီမံကိန်းကို ၂ နှစ်တာကာလဖြင့် တက်သုတ်ရိုက်ရေးဆွဲခဲ့သည်။ ဤမျှတက်သုတ်ရိုက်ထားသော စီမံကိန်းကို ‘မည်သို့သော ဂုရုများက အတည်ပြုပေး လိုက်သနည်း’ ဟု ဆရာဦးဝင်းကျော်က မေးခွန်းထုတ်သည်။

(၃) ကျွမ်းကျင်သူမရှိ၊ ပညာရှင် မပါ၊ ထင်သလိုဆုံးဖြတ်ချက်ချ မှတ်ခဲ့သည့် ဥပမာတစ်ခုကိုလည်း တွေ့ရသည်။ သံလွင်မြစ်တာဆန်းစီမံကိန်းတွင် တပ်ဆင်မည့်စက် အင်အား ၇,၁၁၀ မဂ္ဂါဝပ်ရှိ၍ စက်တစ်လုံးစီအင်အား ၇၁၁ မဂ္ဂါဝပ်ရှိသော၊ တမံအမြင့် ၂၂၈ မီတာ ပါဝင်သော စီမံကိန်းဒီဇိုင်းပုံစံနှင့် ကုန်ကျစရိတ်များကို ရေအားလျှပ် စစ်နှင့် တမံဆိုင်ရာ အင်ဂျင်နီယာ လုံးဝမရှိသော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ၂၀၀၁ တွင် အတည်ပြုပေးခဲ့သည့် သာဓက ဖြစ်သည်။

(၄) ‘စီမံကိန်းအကျိုးစီးပွားများကို ယေဘုယျ ပြည်ပနိုင်ငံများက ခံစားကြရပြီး ထိုစီမံကိန်းနှင့် ဆက်နွှယ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ သဘာဝဘေးအန္တ ရာယ်အတွက် စိုးရိမ်ကြောင့်ကြမှု စသည့် အန္တရာယ်အမျိုးမျိုး၊ထိခိုက်မှုဆိုးကျိုးအမျိုးမျိုးတို့ကိုအိမ်ရှင်နိုင်ငံက တစ်သက်တာခံ စားကြရမည်ဆိုသည့် အချက်ကို... ’ ထည့်သွင်းစဉ်းစားလျက် စီမံကိန်းများကို အချိန်ယူဆုံး ဖြတ်ခြင်း ကင်းမဲ့ခဲ့သည်။ တစ် နည်းအားဖြင့် ရေရှည်ပြည်သူ့ အကျိုးစီးပွားကို အလေးဂရုမပြုခဲ့ ပေ။

(၅) နည်းပညာဆိုင်ရာ အချက်အ လက်များကို ပညာရှင်အမြင်ဖြင့် စိစစ်သုံးသပ်ပြထားသည်များကို သိခွင့်ရရာတွင်စိုးရိမ်ဖွယ်အလားအလာတို့မှာ ထင်ရှားပေါ်လွင်လှ သည်။ လက်ရှိအခြေအနေအရ ဆိုလျှင် နေ့အခါ လျှပ်စစ်ဓာတ်အားပိုထုတ်၍ ညအခါဓာတ်အား လျှော့ထုတ်ပြီး ‘စက်ရုံ၏အောက်ပိုင်းတစ်လျှောက် နေ့စဉ်ရေမျက် နှာ ပြင်အတက်အကျများစွာ ဖြစ်ပေါ်နေမည့်အနေအထားဖြစ်ရာ၊ မြစ်အောက်ပိုင်းတစ်လျှောက် ကမ်းပါးများ ရေတိုက်စား၍ ပြိုမည့်အန္တရာယ်နှင့် ပြည်သူအများ ကူးသန်းသွားလာရန် အန္တရာယ်ရှိ မည့် ပြဿနာများ’ ရှိသည်ဟု ထောက်ပြသည်။

(၆) တစ်ဖက်တွင် နှစ်နိုင်ငံအကျိုးစီးပွားဟု ကြွေးကြော်နေသော် လည်း လုပ်ပိုင်ခွင့်ကိစ္စမှာပင်လျှင် တစ်ဖက်စောင်းနင်း ဖြစ်နေခဲ့ သည်။ နိုင်ငံတကာတွင် ခြွင်းချက် အချို့မှလွဲ၍ နှစ် ၃၀ သာ လုပ်ပိုင် ခွင့်ရသည့် အခြေအနေတွင် ရေ အားလျှပ်စစ်စက်ရုံကို နှစ် ၅၀ လုပ်ပိုင်ခွင့် ရယူထားခြင်းသည် တရုတ်တို့ဘက်မှ များစွာအသာစီး ရယူထားကြောင်း တွေ့ရသည်။

(၇) တရုတ်ရင်းနှီးမြှုပ်နှံသူတို့ ဘက်မှ လုပ်ချင်ရာလုပ်နိုင်သည် ဟူသော သဘောဖြင့် ဥပဒေမဲ့လုပ်ရပ်တစ်ခုကိုလည်း ဤကဲ့သို့တွေ့ ရသည်။ မည်သည့်သဘောတူ  စာချုပ်များမှ ချုပ်ဆိုခြင်းမပြုရ သေးသည့် ဧပြီလ ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ရေးကာလအတွင်း လျှပ်စစ်ဓာတ်အားပေးရန် ချီဗွေ ငယ် ရေအားလျှပ်စစ်စီမံကိန်း ၉၆ ၀ပ်ကို တရုတ်ဘက်က တည် ဆောက်ခဲ့သည်’။

ယခုအစိုးရသစ်လက်ထက် တွင် မြစ်ဆုံနှင့်ပတ်သက်သော အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မည် ဖြစ်ပါသည်။ မည်သို့ဆုံးဖြတ်ကြမည်နည်း။ 

တရုတ်-မြန်မာ နှစ်ဖက်စလုံးမှ မည်သို့ ချဉ်းကပ်ရလိမ့်မည်ဟူသော အ ချက်အလက်များကို စတန်မဆင်သုတေသနဌာနမှ Yun Sun က ၂၀၁၄ တွင် ရေးသားခဲ့ပါ သည်။ 

တရုတ်နှင့် မြန်မာတို့ မြစ်ဆုံအမှန်တရားကို ရင်ဆိုင်ကြရ မည် ( China, Myanmar face Myitsone dam truths) ဟူသော ဆောင်းပါးတွင် ယွန်ဆွန်းက အောက်ပါအတိုင်း ရေးသားခဲ့ပါ သည်။ 

‘‘တရုတ်တို့ဘက်မှ စွဲမြဲစွာယုံကြည်နေသည်မှာ မြန်မာပြည်သူတို့ မြစ်ဆုံဆည်ကို ဆန့်ကျင် နေမှုများသည် ဆည်နှင့် ပတ်သက်သော အကျိုးအမြတ်နှင့် ပတ် သက်၍ အသိပညာခေါင်းပါးမှု နက်ရှိုင်းလှခြင်း၊ အကျိုးဆက်များ ကို တစ်ဖက်သတ်အမြင်ဖြင့်ကြည့် နေခြင်းမှ လာသည်ဟူ၍ ဖြစ် သည်။ 
မြန်မာပြည်သူတို့သည် မြစ်ဆုံနှင့် ပတ်သက်၍ စိတ်ဓာတ်ရေး ရာနှင့် နိုင်ငံရေးအရပါ အခြေခံကျ ကျလက်ခံနိုင်ခြင်းမရှိဟူသည်ကို တရုတ်တို့အနေနှင့် လက်ခံဖို့ ဝေးစွ၊ နားလည်ပေးနိုင်ခြင်းပင် မရှိ ချေ’’

The Chinese firmly believethat local opposition to thedam originates from popular ignorance about its benefitsand their biases about itsimpacts. Without understan-ding, let alone accepting the fundamental unacceptability of the project in Mynamar politically and emotionally,…

‘မြန်မာပြည်သူများအား  ဆွဲဆောင်စည်းရုံးခြင်း (တစ်နည်း အားဖြင့် သတင်းဖြန့်ချိရေး၊ ပြည်သူ့ဆက်ဆံရေး နည်းလမ်းများသုံး ခြင်း)နှင့် မက်လုံးပေးခြင်း (ငွေကြေးနှင့် ရုပ်ဝတ္ထုဆိုင်ရာ အလျှော့ပေးမှုများပြုခြင်း) အားဖြင့် မြစ်ဆုံ ကို ပြန်စနိုင်လိမ့်မည်ဟူသော ထင်မြင်ယူဆချက်မှာ တရုတ်လုပ်ငန်းရှင်တို့အနေနှင့် 
မိမိဘာသာနစ်နာ အောင် လုပ်သလိုဖြစ်နေသည့် အ ယူအဆဖြစ်သည်။

 မြန်မာပြည်သူတို့အနေနှင့်မူ အဆိုပါလုပ်ရပ် များသည် အားကြီးသည့် အိမ်နီး ချင်းမှ လွှမ်းမိုးဖိအားပေး၍ မြန်မာကိုထိခိုက်စေပြီး တရုတ်ကို အ မြတ်ထွက်စေမည့် စီမံချက်ဖြစ်မြောက်ရေး တွန်းအားပေးမှုများ ဟု မှတ်ယူပါသည်။’

China self-defeating imagines that with more persuasion (public relations) and enticements (material concessions), the dam will be resumed.

ထိုကဲ့သို့သော ချဉ်းကပ်ပုံ လမ်းကြောင်း ရှည်ကြာလေ၊ ဖိအားပေးမှု ပြင်းထန်လာလေ တရုတ်တို့အနေနှင့် ထိခိုက်နေပြီးဖြစ်နေသည့် နှစ်နိုင်ငံဆက်ဆံ ရေးကို ပိုမိုနစ်နာယိုယွင်းလာလေ ဖြစ်လိမ့်မည်။

 ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ တောင်အာရှ နှင့် အရှေ့တောင်အာရှသို့ စီးပွား ရေးနဲ့ မဟာဗျူဟာဆက်သွယ်ရေး လမ်းကြောင်း စသည့်မြန်မာနိုင်ငံ နှင့် 
ပတ်သက်သည့် တရုတ်တို့၏ကျယ်ပြန့်သော မဟာဗျူဟာ မြောက် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား၍ တရုတ်တို့အနေနှင့် မြစ်ဆုံဆည်ကိုတွန်းအားပေး မှုအတွက် ဖြစ်လာမည့် ရေရှည်စရိတ်စကများကို တွက်ချက်ကာ အခြေအနေမှန်ကို လက်ခံရန်လို အပ်ပေလိမ့်မယ်။

The Longer China continues on this path and harder it pushes, the more damage it will inflict on already strained bilateral relations. Considering China’s broader strategic interests in Myanmar, including massive oil and gas pipelines and the commercial and the strategic corridor into Southeast Asia and South Asia, China needs to face reality and better calculate the long-term costs of its current Myitsone strategy.

မြစ်ဆုံအခြေအနေနှင့် ဆင်တူသော နမူနာတစ်ခုကို ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံကြား ၂၀၁၂ က ဖြစ်ခဲ့ပါသည်။ ဖိလစ်ပိုင်သမ္မတ အာရိုယိုလက်ထက်က တရုတ်နှင့် သဘောတူခဲ့သော ရထားလမ်း စီမံကိန်းကို သမ္မတအကွီနိုက အကျင့်ပျက်ခြစားမှုများပါဝင်နေ၍ ဖျက်သိမ်းခဲ့ရပါသည်။ 

သို့သော်လည်း ဒေါ်လာ ၁၈၅ သန်းကိုတရုတ်သွင်းကုန် ထုတ်ကုန်ဘဏ် သို့ လေးသုတ်ခွဲ၍ ပြန်ပေးခဲ့ရ ပါသည်။ 

ပမာဏအားဖြင့် ပိုကြီး သောမြစ်ဆုံစီမံကိန်းတွင်လည်း မြန်မာအစိုးရအနေနှင့် တရုတ်တို့ မြန်မာနိုင်ငံတွင် ရရှိနေသည့် စီးပွားရေးအကျိုးအမြတ်များနှင့် မဟာဗျူဟာ အကျိုးစီးပွားများ အားဖြင့် ထောက်ပြ၍ တစ်စုံ တစ်ရာငွေပြန်အမ်းမှုများ ပြုလုပ် နိုင်ပါလိမ့်မည်။

နိုင်ငံ့အကျိုးစီးပွားနှင့် အနာဂတ်နှစ်ပြည်ထောင်ဆက်ဆံရေး အတွက် မြစ်ဆုံ၏ ပကတိအခြေအနေကို တရုတ်-မြန်မာနှစ်ဖက်စလုံးက ရင်ဆိုင်ရမည့်အခြေအနေဖြစ်ပါသည်။

"For the sake of their own interests and future bilateral relations, it is time for both China and Myanmar to face this reality on Myitsone."

မကြာသေးခင်က ယွန်ဆွန်းသည် VOA သတင်းဌာနမှ ဦးကျော်စံသာ၏ တွေ့ဆုံမေးမြန်းခန်းတွင်လည် မြစ်ဆုံရှေ့အလားအလာ နှင့် ပတ်သက်၍ အောက်ပါအ တိုင်း ပြောဆိုသွားခဲ့သည်။

ဦးကျော်စံသာ- အခုမြန်မာပြည် မှာ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံတာတမံစီမံကိန်းကို တရုတ်ဘက်ကပြန်ပြီးစတင်ချင်တဲ့ လေသံပစ် နေတာ တွေ့ရပါတယ်။ ဘယ်လောက်ဖြစ်နိုင်မယ် ထင်ပါသလဲ၊ ဒီစီမံကိန်းပြန်စဖို့အတွက်။

Ms. Yun Sun- တရုတ်ဟာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့စိတ်ဝင် စားတာ သေချာပါတယ်။ တစ်ချိန် တည်းမှာပဲ ပြီးခဲ့တဲ့ရက် သတ္တပတ် အတော်ကြာအတွင်းက တရုတ် သံအမတ်ကြီးပြောတာကို ကြည့်မယ်ဆိုရင် သတိထားပြီး သုံးနှုန်း သွားတာကို တွေ့ရပါတယ်။ Proper Resolution ကောင်းမွန် တဲ့ ပြေလည်မှုလိုချင်တယ်လို့ဆို ပါတယ်။ ဒီစီမံကိန်းကို ပြန်စမယ်။NLD အစိုးရက ပူးပေါင်းဆောင် ရွက်မယ်လို့တော့ မဆိုလိုပါဘူး။

 မြန်မာအကြောင်း နားလည်တဲ့တရုတ်မူဝါဒ ချမှတ်သူတွေက တော့ မြစ်ဆုံစီမံကိန်းပြန်စဖို့ သိပ်မဖြစ်နိုင်ဘူးဆိုတာကို ကောင်း ကောင်း သဘောပေါက်ကြပါ တယ်။ ဆိုတော့ မြန်မာတွေ ဒီလောက်ခါးသီးနေတာကို တရုတ်က ဘာကြောင့်တွန်းနေရသလဲလို့ မေးစရာရှိပါတယ်။ 

NLD အစိုးရသစ်တက်လာလို့  ဒါကိုစူးစမ်းတဲ့ သဘောဖြစ်ပါလိမ့်မယ်။ မဖြစ်နိုင်ဘူးဆိုရင်လည်း တရုတ်တို့ဘက်ကလက်ခံဖို့ အဆင်သင့်ပဲ လို့ ထင်ပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးကို ထောင့်စုံ၊ဘာသာရပ်စုံမှ ချဉ်းကပ်လုပ် ဆောင်ရလေ့ရှိကြောင်း ထင်ရှားခဲ့ သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ 
(Multidisciplinary) မြန်မာ့အနာဂတ်အတွက် ပညာရပ်မြင်ကွင်းအစုံမှ ဆင်ခြင်ဆုံးဖြတ်ကြရ ပါမည်။

ရှေးဆက်မည့် မြန်မာခရီး တွင် ကိုယ်ကျိုးစီးပွားများနှင့် အာ ဏာကို ဗဟိုပြု၍ ထင်သလိုဆုံးဖြတ်ချက်ချမှတ်ခြင်းများမှ ကင်း ဝေးလိုပါသည်။ 
အများအကျိုးကို ရှေးရှု၍ ရေရှည်တည်တံ့သော နိုင်ငံတော်ကို ၀ိုင်းဝန်းတည် ဆောက်နိုင်ပါစေသတည်း။   ။

(ဆောင်းပါးရှင် မောင်မြင့်ဇော်သည် သတ္တုတွင်းနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာများ ရေးသားသူဖြစ်သည်)



Current development of major hydropower projects



The Myanmar Ministry of Electric Power (MEPE) signed an agreement with China Power Investment Corporation in May 2007 for the implementation of seven large dams along the Ayeyarwady, Maykha and Malikha Rivers in Kachin State. Collectively the dams will have an installed capacity of 17,259 megawatts (MW). Investment is estimated to be US$3.6 billion.

However, in September 2011, President Thein Sein announced a suspension of the Myitsone Dam as 'the will of the people' due to outstanding environemntal concerns.

Construction of the Dam began in 2009 and projected revenue generated by the dam was estimated to range between $558-597million a year. China has said if the Dam is cancelled then Myanmar must pay compensation.

Tamanthi Dam

The government signed an MOU with India’s National Hydroelectric Power Corporation (NHPC) in 2004 to develop the Tamanthi dam on the Chindwin River in western Sagaing Region. A new agreement was signed in 2008, forming a joint venture to develop Tamanthi as well as Shwesayay dams.

The dam will be 80 metres high, with an installed capacity of 1200 MW and an annual production of 6685 Gwh. The estimated cost of the Tamanthi dam is $3 billion. Eighty percent of the electricity will go to India, and the rest will power Monywa mining operations.

Construction at the dam site began in 2007, but is subject to delays. A detailed project report (master plan) is being prepared by NHPC.


Tasang Dam

The Tasang dam is the biggest of five proposed dams along the Thanlwin River in Eastern Myanmar. In July 1996 Thailand signed an MOU with the Myanmar government.

Tasang dam is set to be 228 metres in height, with an installed capacity of 7110 MW and an annual production of 35,446 Gwh. When built it will be the highest dam in Southeast Asia, taller than China’s Three Gorges dam. Most of the electricity from the Tasang dam is intended for sale to Thailand. The initial estimated cost of the Tasang dam was $6 billion. However the actual costs are likely to be far higher.

Initially signed with Thailand’s MDX Group, China Gezhouba Group Co won a contract for initial dam construction in early 2007. In mid-2008, Sinohydro, China Southern Power Grid Co., and China Three Gorges Project Corporation signed an agreement for the development of the Thanlyin River Basin in Myanmar, including the Tasang dam.

Work on the dam has been stalled, and there has been little activity at the dam-site.

Yeywa Dam

The Myanmar government first announced plans for the Yeywa dam in late 2001. In 2004, MEPE signed an MOU with a consortium of Chinese companies to build the dam on the Myitnge River in Mandalay Division. It is one of the largest roller-compacted concrete (RCC) dams in the world.

The dam is 134 metres high with an installed capacity of 790 MW and an annual production of 3550 Gwh. MEPE signed an agreement with a consortium created by China International Trust & Investment Co (CITIC) and Sinohydro Corporation in 2004. The overall cost is estimated at $700m.

Construction was completed in 2010.

Lawpita Hydropower Project

Lawpita Hydropower Project in Kayah State was initiated in 1950 with a bilateral war reparation agreement between Japan and Myanmar. Lawpita was the first large-scale hydropower project in Myanmar. The project remains an important source of electricity for central Myanmar, representing 24percent of Myanmar’s total hydropower capacity.

Lawpita Hydropower Plant No 2 was the co untry’s first power station to become operational, completed in 1974. It has a capacity of 168 MW with six generators.

Construction of Plant No.1 began in 1986 and was completed in 1992. It has an installed capacity of 28 MW.

Dagwin Dam

The Dagwin, or Lower Thanlwin dam will serve as a pumped storage facility for the upriver Weigyi dam. Dagwin is estimated at 56 meters high, with an installed capacity of 792 MW.

Although the Electricity Generating Authority of Thailand (EGAT) has been involved in planning the Dagwin dam since the early 1980s, in April 2008, three companies from China signed a strategic cooperation agreement.The cost of building the Dagwin dam is estimated at $900m.

Dapeyin Dam

State-owned China Datang Company has agreements to build two dams on the Dapein River near the China border, involving state-owned Myanmar Electric Power Enterprise. The dams will have an installed capacity of 408 MW. Total cost is reportedly 108 million Yuan. ninety percent of the electricity will be sold to China.

Construction of the Debeyin 1 hydropower station began on December 19, 2007 and was completed and started distributing electricity in February 2011. Work continues on Dam 2.

Upper and Lower Paunglaung Dams

In March 2005, MEPE, along with financial and construction support from Chinese companies, completed the Lower Paunglaung dam on the Paunglaung River. The dam is 131 metres in height and an installed capacity of 280 MW.

The Upper Paunglaung dam is under construction and is expected to be completed in 2012. The dam will be 103 metres high, with installed capacity of 140 MW and an annual production of 454 Gwh (million kilowatt hours yearly).

Both dams provide power for Myanmar’s capital, Nay Pyi Taw.


Shweli Dams

Myanmar’s Ministry of Electric Power signed its first Build-Operate-Transfer agreement with China for a hydropower dam on the Shweli River, a tributary of the Ayeyarwady, in northern Shan State in 2006. Two additional dams are planned downstream.

The dams will have a total installed capacity of 1440 MW. Investment could reach $1.4 billion. Electricity will be transmitted to China and government-run mining operations in Myanmar.

The project is a joint venture between MEPE and Yunnan Joint Power Development Company.

Ywathit Dam

In January 2010, the Chinese state-owned Datang Corporation signed an MOU with the Myanmar government to build three dams in Kayah State, including a 600 MW dam on the mainstream Thanlwin at Ywathit, and two others on its tributaries, the Pawn and Thabet rivers. Ywathit dam will have an installed capacity of 600 MW and investment is estimated to reach $600m.

Weigyi Dam

The Electricity Generating Authority of Thailand (EGAT) signed an MOU with Myanmar on December 9, 2005 for the development of Weigyi to provide electricity for Thailand. The dam will be 168 metres high and an installed capacity of between 4540 and 5600 MW. Construction costs are estimated at $3 billion. Most of the electricity from the Weigyi dam is intended for sale to Thailand.

Upper Thanlwin Dam (Kunlong)

In April 2007, two Chinese companies, Hanergy Holding Group Company and Gold Water Resources Company Limited, signed an MOU with the Myanmar government for the Upper Thanlwin dam in northern Shan State. Installed capacity will be 2400 MW.

The two sides signed the memorandum of agreement in Nay Pyi Taw in February 2010.

The project is under implementation.

Hatgyi Dam

Myanmar’s Ministry of Electric Power, EGAT, and China’s Sinohydro signed an agreement in 2006 for the joint implementation of the Hatgyi dam on the Thanlwin River in Karen State.

The dam will be 33 metres high, have an installed capacity of 1200 MW and an annual production of 7335 Gwh. The estimated cost of building the Hatgyi dam is $1 billion. Most of the electricity from the dam is intended for sale to Thailand.

Thailand is pushing for it to be the first of the dams built on the Thanlwin River. Once built, it will pave the way for the building of the other larger dams.

Construction of the Hatgyi dam has begun. Commercial distribution of power was projected to begin in 2013-2014, however, EGAT has announced it will be 2019.


မူရင်း
http://www.7daydaily.com/story/147747?fbclid=IwAR2u99m5V8JcI8ZG5wXNlSwfqSa2zdb1ulaD4pUPLCZdPB-b-4CR8nLv-wM

သမိုင်း အထောက်ထား သတင်း
https://www.facebook.com/permalink.php?story_fbid=2226176017709465&id=1492415994418808&__tn__=C-R

မြန်မာ့  အလင်း သတင်းစာမှ 
https://www.facebook.com/kyaw1901/posts/10211022387235774

မြစ်ဆုံဒေသ ရာသီဥတု လေ့လာနေသူများအတွက် တိမ်ငွေ့ များနဲ့  မိုးရေချိန် မှတ်တမ်းများ
https://www.facebook.com/permalink.php?story_fbid=2224757987851268&id=1492415994418808&__tn__=C-R
တမံ အလျား ၄၂၉၈ ပေ ( ၁ မိုင်နီးပါး)၊အမြင့်၄၅၈ ပေ၊ ရေလှောင် ပမာဏ၉၇ ဒသမ ၈၈ သိန်းဧက နဲ့  အခြား အနီးအနားကဆည်များရဲ့ အပူချိန် ထိမ်းသိမ်းမှုက

မြန်မာပြည်အတွက် အပူ အအေး ဖလှယ်ရာ ဒေသနေရာ ပြောင်းနိုင်သလို ဘင်္ဂလားပင်လယ် နဲ့  တရုပ်အရှေ့  လေစီးကြောင်း အပြန်အလှန် တိုက်ခတ်ကို
ပို့ လိုက်တဲ့ မိုးတိမ်တွေကို ၂၀၁၅ လောက်က မိုးကြီးဒေသတွေ ရဲ့ မြောက်ဖက်ကို ရွေ့ ရှားစေနိုင်တာကို ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ် .။




မြစ်ဆုံ စီမံကိန်း နဲ့  ရေအားလျှပ်စစ်များ ထုတ်လုပ်ရန် သုတေသန လုပ်နေကြတာ အဖက်ဖက်က လေ့လာနေကြတာမို့  ဆုံးဖြတ်ချက် ချဖို့  ဆိုတာ 
🧐🚨🧐🚨
နှစ် အတော်ကြာ အချိန်ယူရသလို လာပ်စားခဲ့တဲ့ စစ်အစိုးရ ထိပ်သီး နဲ့  ခရိုနီ အုပ်စုကြီးကို ကာကွယ်ပေးနေတဲ့မြန်မာ့တပ်မတော်ထဲက ထိပ်သီး အချို့  ကြောင့် အခက်အခဲ အများကြီး ဖြစ်နေအုံးမှာဘဲ ။  

ရာသီဥတု ပြောင်းလဲနိုင်တဲ့ အခြေအနေမို့  အာရှနိုင်ငံများ နဲ့ အရှေ့ တောင် အာရှ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးပညာရှင်များ

ကမ္ဘာ့ ဘဏ် နဲ့  အခြား ဘဏ်လုပ်ငန်းကပါ လေ့လာနေကြတာပါ ။

May 7 ,2007 သတင်းမှာ မြစ်ဆုံ စတင်ဖို့  လက်မှတ်ထိုးကြတွေ့ ရပါတယ် ။ နောက် သတင်းကျတော့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့ နေခင်း (၂) နာရီတွင် 
မြစ်ဆုံ လုပ်ငန်းအကောင်ထည်ဖေါ်ရေးအတွက် တွဲဖက်လုပ်ကိုင်မည် ဘန်ကာ BANCA နှင့် တရုတ်ဘက်မှ စီပီအိုင် ကုမ္မဏီတို့ သဘောတူ လက်မှတ်ရေးထိုးကာ 
နိုင်ငံတကာမှ ခွင့်ပြုချက်ရရှိမည့် အီးအိုင်အေ အတွက် လေ့လာရေးကို စတင် အကောင်ထည်ဖေါ်ကြပြန်သည်။

(၂၀၀၉) ခုနှစ် ဇန်နာဝရီလမှ ဇွန်လအထိ တရုတ်မြန်မာ အဖွဲ့ပေါင်း ၁၁ ဖွဲ့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန်နောက်ဆုံး လေ့လာစူးစမ်းမှုများ အပြီးသတ်ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ကြရာတွင် တရုတ်ဘက်မှ စီပီအိုင် (China Power Investment) မှ ၄င်းတို့ တွေ့ရှိချက်များအား အထူးအစည်းဝေးခေါ်ယူကာ တင်ပြကြ၏။ 

မြစ်ဆုံ စီမံကိန်း နဲ့  ပါတ်သက်ပြီး တရုတ်ဘက်က သုတေသန စာတမ်း ရှာနေတာ အခုထိ မတွေ့ သေးပေမဲ့ အစီရင်စာ အား ၂၀၀၉ခု ဂျူလိုင် လ ၆ ရက်နေ့ တွင် 
တင်ပြခြင်းကြောင့် တရုတ်ပြည် ယူနန်ဒေသ အာဏာပိုင်များပင်မကပြည်မ အာဏာပိုင်များပါ အထူးစိတ်ဝင်စားခဲ့ပြီးမြန်မာပြည်သို့ တရုတ်ပြည် စီးပွားရေးဆိုင်ရာ ၀န်ကြီး အလည်ပတ်ရောက်ရှိလာပြီး အနားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ စီးပွားရေးသမားများ ခရိုနီများအား အထူးမက်လုံးပေးဖိတ်ခေါ်ခဲ့သည်။

ထို့ကြောင့်(၂၀၀၉ ခုနှစ် စတင်ဘာလ ၈ ရက်နေ့တွင်) မြန်မာ အာဏာရှင်ကြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေဦးဆောင်သော ၈၁ ယောက်ပါသည့် မြန်မာကိုယ်စာလှယ်အဖွဲ့ တရုတ်ပြည်သို့ လိုက်ပါပြီး တရုတ်ပြည်မှ “မဟာ ပြည်သူ့ရင်ပြင် အဆောက်ဦး” တွင် ကော်ဇောနီးခင်း ကာ တရုတ်ပြည်မှ သမ္မတ ဟူဂျင်တောင်း က ကြိုဆိုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိ တိုင်းမ် သတင်းစာမှရေးသားတင်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ခ၇ိုနီတို့၏ တရုတ်ပြည်ခရီးစဉ်တွင် တရုတ်ဖက်မှ မြစ်ဆုံလုပ်ငန်းအပါဝင် အခြားသော အကြောင်းရာများ (၁၃) ခုအား အဖြေခိုင်ခိုင်မာမာရရှိအောင် တရုတ်တို့ဘက်မှ အင်တိုက်အားတိုက် ဆွေးနွေးခဲ့ပြီး လက်မှတ်ပေါင်း ( ၄၃) ခုအား မြန်မာဘက်မှ ထိုးပေးခဲ့ပါသည်။

အထက်ပါ အချက်များအရ မြစ်ဆုံ သဘောတူ စာချုပ် မူရင်းကဦးသန်းရွှေ လက်ထဲမှာ ကိုင်ထားပြီး ၈၁ ယောက်ပါသည့် မြန်မာကိုယ်စာလှယ်အဖွဲ့ ထံမှနှစ်စဉ် ဘဏ္ဏာရေး ခွဲတမ်းယူနေဆဲ မို့ ဦးသန်းရွှေ သေသွားရင်တောင် စာချုပ် မူရင်း ရဖို့  တောင် ခက်နေမယ်လို့  ယူဆပါတယ် .။ 

🤔🤔🤔🤔🤔
ရလာမဲ့ စာချုပ်တွေက အစစ်တွေလားလိုချင်တဲ့ အပိုင်းသာ ဆွဲထုတ်တာလား ။ ဘယ်သူ အာမခံ မှာလဲ ။ စစ်အစိုးရ ဖက်က ချပြရင် တရုတ်ဖက်က စစ်ဆေးဖို့  
ချပြမှာလား ။ 

ဦးသိန်းစိန် အစိုးရ တောင် ဂဂ ဏဏ မသိလိုက်လို့  နိုင်ငံတကာ ထောက်ခံမှု လိုချင်လို့  ခတ္တ ရပ်ဆိုင်း တယ် ဆိုပြီး ညွှန်ကြား ရတာ ဖြစ်နိုင်ပါတယ် ။ 

Supervisory Office of Confluence Region 
Hydropower Project opened
http://www.myanmar-information.net/infosheet/2006/070507.htm
Nay Pyi Taw, 5 May –2007 
Chairman of Kachin State Peace and Development Council Commander of Northern Command 
Maj-Gen Ohn Myint, Minister for Communications, 

Posts and Telegraphs Brig-Gen Thein Zaw, 

Minister for Electric Power No 1 Col Zaw Min, 
Minister for Electric Power No 2 Maj-Gen Khin Maung Myint and 
Deputy Minister for Electric Power No 1 U Myo Myint 
attended the opening ceremony of Supervisory Project Office (Myitkyina) for Maykha and 
Malikha Valley and Confluence Region Hydropower Projects and Chibwe Creek Hydropower Project, 
at Sitapu Ward of Myitkyina on 1 May.

The commander gave an opening address, and Vice-President Mr Shi Chengliang of China Power Investment Corporation and Project Manager 
Mr Niu Xinqiang of CISPDR gave speeches.

Next, the commander and Vice-President Mr Shi Chengliang formally opened the signboard of the project office.

Afterwards, Commander Maj-Gen Ohn Myint, Minister Col Zaw Min, Vice-President Mr Shi Chengliang, Managing Director U Tun Myint Naing of Asia World Co and an official of CPI Southern Branch cut the ribbon 
to open the project office.

The commander, ministers and party proceeded to Tarpein (1) hydropower project, 33 miles from Bhamo, near Kalon Village.

Vice General Manager 
Mr Xiong Heng Xi of Central China Power Grid (CCPG) explained matters related to the project. 
Deputy Minister U Myo Myint gave a supplementary report. Minister Col Zaw Min presented the fruit basket to the Chinese technicians.

On completion, the power plant of Tarpein 
(1) Hydropower Project will generate 240 megawatts 
and produce 1,081 million kwh yearly.

= = = 
History
The Myitsone Dam is part of the Confluence Region Hydropower Project (CRHP), which includes seven dams with a total installed capacity of 20,000 MW. CRHP alone accounts for 41 percent of the total power capacity called for by a 30-year strategic plan. Outlined in 2001, the plan includes 64 hydropower plants and three coal power plants with combined installed capacity of more than 40,000 megawatts (54,000,000 hp).[15]

The Myanmar Electrical Power Enterprise and the Agriculture and Irrigation Ministry scheduled the Irawaddy Myitsone Dam Multipurpose Water Utilization Project in 2001. The survey phase was initiated in 2003. First the government contracted the Japanese Kansai Electric Power Company to build a small weather station at Tang Hpre village, near the confluence. Chinese and Burmese contractors, including Yunnan Machinery Equipment Import & Export Company (YMEC), Kunming Hydropower Institute of Design, surveyed the dam site. In 2006, Suntac Technologies Co. Ltd., a Burmese Geographic Information System (GIS) mapping contractor set up an office at the monastery in Tang Hpre village. They also set up a temporary camp at Washawng village to facilitate transport of survey equipment from the YMEC company in China. In October, the Asia World Company built a project implementation camp on a hill top at the dam site 3 miles (4.8 km) downstream from the confluence. when the camp was complete, Chinese inspectors stayed and surveyed the area for five months. In December 2006, the Ministry of Electric Power No. 1 and the China Power Investment Corporation signed a Memorandum of Understanding for a 6,000 megawatts (8,000,000 hp) project at Myitsone and a 3,400 megawatts (4,600,000 hp) project at Chibwe.

The design phase began in 2007. The Changjiang Design Institute of China sent several groups of design personnel and conducted geological drilling, reservoir inspection and hydrological measuring near the dam site. To supply electricity for dam construction projects, a small 99 megawatts (133,000 hp), Chibwe Nge hydropower project was built in April 2007. In May, the New Light of Myanmar reported that the Ministry of Power No. 1 and CPI would build seven hydropower dams on the N'Mai and Irawaddy rivers.

On 16 June 2009, Myanmar Ambassador Thein Lwin and President of China Power Investment Corporation Lu Qizhou signed a Memorandum of Agreement between the Department of Hydropower Implementation and the China Power Investment Corporation for the Development, Operation and Transfer of the hydropower Projects in Maykha, Malikha and Upstream of Irrawaddy-Myitsone River Basins.[16] The official opening ceremony of the dam construction phase was held on December 21.[17][18]
https://en.wikipedia.org/wiki/Myitsone_Dam

အထောက်အကူပြု စာတမ်းများ
MYANMAR INFORMATION – 
EVERYTHING YOU WANT TO KNOW 
ABOUT MYANMAR

http://documents.worldbank.org/curated/en/316221489041628758/pdf/113257-WP-SEA-Stakeholder-Engagement-Plan-2017-PUBLIC.pdf
REFERENCES
ADB. (2015). Power Sector Planning in Myanmar. Asian Developmet Bank, Nay Pi Taw, Myanmar
Baldwin, C., & Twyford ,V. (2006). Enhancing Public Participation on Dams and Development: The
UNEP Challenge. IAP2 (International Association for Public Participation)
Dore, J., & Lebel, L. (2010a). Deliberation and scale in Mekong region water governance.
Environmental Management, 46(1), 60–80. doi:10.1007/s00267-010-9527-x
IFC. (2007). Stakeholder engagement, A Good Practice Handbook for Companies Doing Business in
Emergying Markets. International Finance Corporation, Washington, U.S.A
Oxfam. (2013). GIA Manual. Retrieved 20th October 2016 from:
https://www.oxfam.org.au/explore/infrastructure-people-and-environment/save-the-mekong/giamanual/
Partidario, M. R. (2012). Strategic Environmental Assessment Better Practice Guide - methodological
guidance for strategic thinking in SEA. Agência Portuguesa do Ambiente e Redes Energéticas
Nacionais. Lisboa
TAF. (2014). Natural Resources and Subnational Governments in Myanmar, Discussion Paper No.14,
The Asia Foundation, Yangon, Myanmar
UNDP. (2013). Accelerating Energy Access for All in Myanmar. United Nations Development
Programme, Yangon, Myanmar
UNEP. (2007). Dams and Development Relevant Practices for Improved Decision Making. Nairobi,
Kenya: United Nations Environment Programme
Warner, J. F. (2006). More Sustainable Participation? Multi-Stakeholder Platforms for Integrated
Catchment Management. International Journal of Water Resources Development, 22(1), 15–35.
doi:10.1080/07900620500404992
World Bank. (2014). Ending poverty and boosting shared prosperity in a time of transition, Yangon,
Myanmar

Notes
 "Myitsone Dam project will continue: Power Minister". Kachin Development Networking Group. Archived from the original on 4 August 2012. Retrieved 12 March 2012.
 "Factbox: Myanmar suspends controversial Myitsone Dam". Reuters. 30 September 2011. Retrieved 27 January 2015.
 http://www.bangkokpost.com/news/special-reports/1180397/against-the-flow
 "US embassy cables: how Rangoon office helped opponents of Myitsone dam". The Guardian. London. 30 September 2011. Retrieved 4 March 2012.
 "NGO working with Myitsone Dam firm to establish wildlife park in NDA-K area". Burma News International. 27 August 2014. Retrieved 27 January 2015.
 Libre, Ryan (February 1, 2010). "Proposed dam to flood Burma, while powering China". MinnPost.com. Retrieved 15 February 2010.
 Hammond, Clare (5 June 2015). "CPI pushes for restart of Myitsone Dam". Myanmar Times. Retrieved 7 September 2015.
 "MYITSONE JOURNAL; Dam Plan for Iconic Myanmar River Stirs Unheard-of Public Protests". New York Times. 29 September 2011. Retrieved 27 January 2015.
 The Economist, "Relations with Myanmar: Less thunder out of China", 6 October 2012.
 "Xinhua Insight: ASEAN-China Expo rekindles hopes for hydropower project". Xinhua. 4 September 2013. Retrieved 27 January 2015.
 "Burma dam: Work halted on divisive Myitsone project". BBC. 30 September 2011. Retrieved August 30, 2011.
 "Irrawaddy Myitsone Dam". Burma. International Rivers. Retrieved 4 February 2010.
 James R Penn (2001) Rivers of the World. Santa Barbara, Calif. [u.a.] ABC-Clio ISBN 1-57607-042-5, ISBN 978-1-57607-042-0. Page 115 paragraph 2, retrieved d.d. July 16, 2009/
 Yun Sun. "China, Myanmar face Myitsone dam truths". Asia Times. Retrieved 31 March 2014.
 "President halts dam". MM times. Archived from the original on October 6, 2011. Retrieved October 8, 2011.
 "Memorandum of Agreement on N'Mai/Mali/Irrawaddy Dams Signed". Excerpts from New Light of Myanmar. Burma Rivers Network. 2009-06-21. Retrieved 16 February 2010.
 Kachin News Group (2010-01-27). "Exiled Kachins urge China to stop Irrawaddy Myitsone dam project". Burma News International. Archived from the original on 16 June 2010. Retrieved 3 February 2010.
 "Resisting the Flood". Kachin Development Networking Group. October 2009. pp. 12, 13. Retrieved 5 February 2010.
 http://elevenmyanmar.com/politics/4585-cpi-has-the-lion-s-share-of-myanmar-s-controversial-myitsone-project
 Ei Ei Toe Lwin and Aye Thidar Kyaw (September 19–25, 2011). "Despite protest, minister vows govt will continue dam project". MM times. Archived from the original on September 26, 2011. Retrieved August 31, 2011.
 "Myitsone Hydropower Project mutually beneficial". Xinhua News. October 4, 2011. Retrieved October 4, 2011.
 http://www.irrawaddy.org/business/cpis-social-responsibility-report-slammed-propaganda.html
 "top-100-pt-4". Industcards.com. Archived from the original on 2009-07-28. Retrieved 2009-08-01.
 "Myitsone Hydropower Project to be reviewed: Report". Eleven. Retrieved October 1, 2011.
 SupervisoryOffice of Confluence Region Hydropower Project Opened Archived 2011-05-01 at the Wayback Machine. on the Myanmar Information Website May 7, 2007. Paragraph 4. Retrieved d.d. September 17, 2009
 Staff, KEO, Execuative Summary
 Naing, Saw Yan (2010-02-15). "Irrawaddy Dam Construction Begins, Human Rights Abuses Begin". The Irrawaddy / News. Irrawaddy Publishing Group. Archived from the original on 6 January 2010. Retrieved 15 February 2010.
 "Chinese firm claims Myitsone restart will be transparent". Kachin News. 27 December 2013. Retrieved 2 April 2014.
 "In future, large hydropower projects must be implemented successfully with domestic industrial products, national experts and national skilled workers only". New Light of Myanmar. 22 January 2001. Retrieved August 31, 2011.
 "Resettlement work". China Power Investment. Retrieved October 3, 2011.
 Rachel Harvey (August 31, 2011). "Burma dam: Why Myitsone plan is being halted". BBC. Retrieved August 31, 2011.
 "Controversy Over Dam Fuels Rare Public Outcry in Myanmar". New York Times. September 21, 2011. Retrieved August 31, 2011.
 William L. Graf (1999) Dam nation: A geographic census of American dams and their large-scale hydrologic impacts page 5, published Water Resources Research, Vol. 35, No. 4, pages 1305–1311, April 1999
 Staff, KEO, p 23
 EIA report, pp 27
 "Myitsone Hydropower Project mutually beneficial|Politics|chinadaily.com.cn". www.chinadaily.com.cn. Retrieved 2015-11-29.
 "Myitsone Hydropower Project will not be discarded anyhow despite objections from any sources: Electric Power Minister". Eleven Media Group. Retrieved August 31, 2011.
 Hein Min Latt. "BANCA Chairman advocates transparency on EIA report". Eleven Media Group. Retrieved August 31, 2011.
 Wikileak (30 September 2011). "US embassy cables: how Rangoon office helped opponents of Myitsone dam". United States government. London: Gurdians. Retrieved October 2, 2011.
 "WikiLeaks cables: Americans funded groups that stalled Burma dam project". The Guardian. 30 September 2011. Retrieved 1 November 2013.
 "Kachin activist Daw Bauk Ja arrested over 2008 death". Myanmar Times. 22 July 2013. Retrieved 7 November 2013.
 "Myanmar govt shelves $3.6 bln mega dam – officials". Reuters. 30 September 2011. Retrieved October 2, 2011.
 http://www.dvb.no/news/kachin-dam-bombing-kills-four/8640
 Rachel Harvey (August 31, 2011). "Burma dam: Why Myitsone plan is being halted". BBC. Retrieved August 31, 2011.
 "Myitsone Hydropower Project will not be discarded anyhow despite objections from any sources: Electric Power Minister". Aung Khin. Eleven Media Group. 11 September 2011. Retrieved September 25, 2011.
 "President Thein Sein sent a letter to parliament for cancellation of Myitsone dam project". Eleven Media Group. August 31, 2011. Retrieved August 31, 2011.
 HANNAH BEECH (August 31, 2011). "In a Rare Reversal, Burma's Government Listens to Its People and Suspends a Dam". Time Online. Retrieved August 31, 2011.
 "EU Welcomes Burmese Decision on Myitsone Dam". VOA. October 3, 2011. Retrieved October 3, 2011.
 "US welcomes Myanmar decision to halt dam". Taiwan News. October 3, 2011. Retrieved October 3, 2011.
 "China wants talks after Myanmar halts dam project". AP. Retrieved October 1, 2011.
 Ben Blanchard (Oct 1, 2011). "China calls for talks over shelved Myanmar dam". Reuters. Retrieved October 1, 2011.
 "A reporter asked Foreign Ministry spokesman Hong Lei". Government of China. Retrieved September 1, 2011.
 "နိုင်ငံတော်သမ္မတက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း ဆုံးဖြတ် ထားသော်လည်း CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီဝန်ထမ်းများ မြစ်ဆုံစီမံကိန်း ဧရိယာအတွင်း လှုပ်ရှားမှုများရှိနေကြောင်း အထောက်အထားများအရ သိရ" (in Burmese). 
Eleven Media Group. 2 April 2012. Retrieved 5 April 2012.
 Hindstrom, Hanna (4 April 2012). "Leaked document reveals Myitsone dam set to reopen". Democratic Voice of Burma. Retrieved 5 April 2012.
 "Chinese border office requests permission to bring in 500 engineers and materials for Myitsone Hydropower Project". Kachin Development Networking Group. 3 April 2012. Retrieved 5 April 2012.
 字永剛 (26 March 2012).
"အကြောင်းအရာ။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းပြည်လည် စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် 
ခွင့်ပြုပေးနိုင်ရန် အစီရင်ခံတင်ပြခြင်း" 
(PDF). Tengchong-Myitkyina Liaison Office (in Burmese). Retrieved 5 April 2012.
 "မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် တရားဝင်ငြင်းဆို" (in Burmese). Eleven Media Group. 5 April 2012. Retrieved 6 April 2012.
 Maung, Thomas (22 March 2012). "Burma army sent to Myitsone dam site to enforce evictions". Kachin News Group. Retrieved 5 April 2012.
 Htoi Journal, vol-3, June 2016
 San Oo. "China, Myanmar close in on agreement to settle dispute over Myitsone suspension". MM Times. Archived from the original on November 19, 2011. Retrieved November 13, 2011.
 Blanchard, Ben (30 October 2011). "Myanmar reassures China after dam blocked, sailors killed". Reuters. Retrieved November 13, 2011.
 Thaung Tun. "Major steps in Myanmar's transformation". Today. Retrieved November 13, 2011.
 Marie Lall (7 November 2011). "Viewpoint: Has a year of civilian rule changed Burma?". BBC. Retrieved November 13, 2011.


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!