Popular Posts!

Monday, January 7, 2019

သန်းကြွယ်သူဌေး ဘဝကနေ မွဲသွားပီဖြစ်တဲ့ တရုတ်မင်းသမီးလေး ဖန်ဘင်းဘင်း


သန်းကြွယ်သူဌေး ဘဝကနေ မွဲသွားပီဖြစ်တဲ့ တရုတ်မင်းသမီးလေး ဖန်ဘင်းဘင်း





သန်းကြွယ်သူဌေး ဘဝကနေ မွဲသွားခဲ့တဲ့ တရုတ်မင်းသမီးလေး ဖန်ဘင်းဘင်း

တရုတ်မင်းသမီးလေး ဖန်ဘင်းဘင်း ကတော့ ပရိသတ်တွေ ရင်းနှီးကြတဲ့ ၊ မြင်ဖူးနေကြ ဖြစ်တဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင် မင်းသမီးလေး ဖြစ်ပါတယ် ။ 1981ခုနှစ် ၊ စက်တင်ဘာလ (၁၆) ရက်နေ့ မှာ မွေးဖွားခဲ့ပြီး 1998–1999 ခုနှစ်များအတွင်းမှာ သရုပ်ဆောင် မင်းသမီး ဘဝနဲ့ TV-series တွေ မှာ စတင် သရုပ်ဆောင် ခဲ့ပါတယ် ။

အာရှတွင် ကျော်ကြားရုံ မကပဲ 2014 ခုနှစ်မှာတော့ X-Men : Days of Future Past (2014) ဆိုတဲ့ ဇာတ်လမ်းမှာ Blink ဆိုတဲ့ Superhero ဇာတ်ကောင်ကို ရရှိကာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဟောလီဝုဒ် ရုပ်ရှင်လောက မှာပါ ခြေဆန့်နိုင် ခဲ့သူ ဖြစ်ပါတယ် ။

တရုတ်နိုင်ငံရဲ့ အနုပညာ သရုပ်ဆောင်ကြေး အမြင့်ဆုံး မင်းသမီး တလက် ဖြစ်သလို လက်ရှိမှာ သူမရဲ့ Fans တွေရဲ့ ထွက်ဆိုချက် အရ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချမ်းသာတယ် လို့ ကြားသိခဲ့ရပါတယ် ။

သူမ ဘဝမှာ အောင်မြင်ဖို့ အခက်အခဲ ပေါင်းများစွာကို ဖြတ်သန်းခဲ့ ရပြီး အမြောင်မယား၊ ငွေချူသူ ၊တိတ်တိတ်ပုန်း ကလေးမွေးထားသူ၊ အောင်မြင်မှုကို ခန္ဓာကိုယ်ဖြင့် ဝယ်ယူသူ စသဖြင့် မရေတွက်နိုင်သော အပုပ်ချသတင်း များကြားရုန်းကန် ကူးခတ်ခဲ့ ရသည် ။


သို့ပေမဲ့ လည်း တဖက်တွင် သူမသည် မိဘကို လုပ်ကျွေးနေသည့် သမီးကောင်း လိမ္မာလေး ဖြစ်သလို ဘင်းဘင်းဟာ ပြည်သူတွေကို ချွေးသိပ်ကာ ရသမျိုးစုံ ပေးနိုင်ခဲ့တဲ့ သရုပ်မင်းသမီး တယောက် ဖြစ်ပါတယ်။

ဒီနှစ် စက်တင်ဘာ (၁၆) ရက် မှာတော့ ဘင်းဘင်းဟာ အသက် (၃၇) နှစ် ပြည့်ခဲ့ပြီး ဖြစ်သလို မနှစ်က သူမရဲ့ မွေးနေ့မှာတော့ သူမရဲ့ ချစ်သူက လက်ထပ်ခွင့် တောင်းခဲ့ပြီး ဒီနှစ်မွေးနေ့ကတော့ ကံဆိုးခဲ့တဲ့ နှစ်တနှစ်လို့ ဆိုရမှာပါ ။ မီလီယံနာ ၊ အနုပညာပညာကြေး အမြင့်ဆုံး မင်းသမီး ဘင်းဘင်းက ခုချိန်မှာ ဘာမှ မရှိတော့အောင် မွဲသွားခဲ့ သလို ကံကြမ္မာကြီး ကလည်း မျက်လှည့်ပြနေခဲ့ သလို ပါပဲ ။

တရုတ်နိုင်ငံရဲ့ ဥပဒေ အရ မင်းသမီးတယောက်၊ အနုပညာရှင် တယောက်စီတိုင်း မှာလည်း ထမ်းဆောင်ရမဲ့ အခွန်ရှိသလို သူမကို အခွန်ရှောင်မှုနဲ့ သတင်းများ ထွက်ပေါ်ကာ စွပ်စွဲခံခဲ့ ရပြီးနောက် တရုတ်နိုင်ငံရဲ့ နိုင်ငံတော် ပုန်ကန်မှုနဲ့ သူမရဲ့ ပိုင်ဆိုင်မှု အားလုံးကို နိုင်ငံပိုင် သိမ်းယူသွားခဲ့ ပါတယ် ။

အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်ခွင့် ပိတ်ထားခံရသလို အသက် (၁၈) နှစ်သာ ရှိသေးတဲ့ သူမရဲ့ မောင်လေး ဖြစ်တဲ့ Fan Chengcheng ဟာလည်း လက်၇ှိမှာ အဆိုတော် တစ်ယော်က ဖြစ်လာဖို့ ကြီုးစားနေဆဲ မို့ လက်ရှိ အချိန်မှာ တမိသားစုလုံးရဲ့ အနုပညာ လုပ်ငန်း လုပ်ပိုင်ခွင့် တွေပါ ပိတ်ထားခဲ့ ရတာဖြစ်ပါတယ် ။

လက်ရှိမှာတော့ ဘင်းဘင်းဟာ ပျောက်ဆုံးနေသလို တချို့က သူမ ထောင်ထဲမှာ၊ အမေရိကန်နိုင်ငံမှာ ခိုလှုံနေတာ၊ ထောင်က လွတ်ပြီး တနေရာမှာ ပုန်းအောင်းနေတယ်လို့ လည်း ဆိုကြပြန်သည် ။ လက်ရှိမှာသူမ ဘယ်မှာ ရှိနေမှန်း မသိရသလို သူမရဲ့ အင်စတာဂရမ်၊ ဖေ့ဘုတ်နဲ့ ဆိုရှယ် မီဒီယာ အကောင့် အားလုံး ကလည်း ငြိမ်သက်နေခဲ့တာ (၃) လလောက် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ် ။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!