တရုတ်နှစ်သစ်ကူးလက်ဆောင်အဖြစ်ပေးရာတွင် တားမြစ်ထားသော ပစ္စည်း(၁၀) မျိုး
နံပါတ်(၁) ကတ်ကြေး
ကတ်ကြေးလိုမျိုးချွန်ထက်တဲ့အရာဝတ္ထုများကို နှစ်သစ်ကူးလက်ဆောင်အဖြစ်မပေးသင့်ဘူးလို့ ဆိုထားပါတယ်။ ဘာလို့လဲဆိုတော့ ကတ်ကြေးဆိုတာဟာ အရာဝတ္ထုနှစ်ခုကို ဖြတ်တဲ့နေရာမှာ အသုံးပြုတယ်။ ကတ်ကြေးပေးလိုက်ခြင်းဖြင့် နှစ်ဦးစလုံးရဲ့ဆက်ဆံရေးကိုဖြတ်ပစ်လိုက်တယ်ဟု အယူရှိသောကြောင့်ဖြစ်တယ်။
နံပါတ်(၂) ... ဂဏန်းနံပါတ်(၄)
တရုတ်နှစ်သစ်ကူးမှာ နံပါတ်ဂဏန်းကိုမသုံးသင့်ဘူးလို့ဆိုထားတယ်။ ၄ဆိုတဲ့ဂဏန်းရဲ့အသံထွက် (四- sì) နဲ့ သေဆုံးခြင်းဟူသောစာလုံးရဲ့အသံထွက် (死- si) နဲ့တူနေသောကြောင့်ဖြစ်တယ်။ ဟုန်ပေါင်းပေးရင်လည်း ၄ဂဏန်းနှင့်ဆုံး၍ မပေးရပေ။ ဟိုတယ်တည်းရင်လည်း အခန်းနံပါတ်၎၊ ၄လွှာ၊ ခရီးသွားရင်လည်း ခုံနံပါတ်(၄) စသည်နံပါတ်များကိုရှောင်ရမည်ဖြစ်သည်။
နံပါတ်(၃) ဖိနပ်
တရုတ်နှစ်သစ်ကူးအချိန်လက်ဆောင်ပေးရာတွင် ရှူးဖိနပ်များပေးခြင်းကိုတားမြစ်ထားသည်။ ရှူးဖိနပ်ရဲ့အသံထွက် (鞋- xiè) နှင့် မကောင်းသောစာလုံးရဲ့အသံထွက် (邪-xiè) နှင့်တူနေသောကြောင့်ဖြစ်သည်။
နံပါတ်၎... လက်ကိုင်ပုဝါ
လက်ကိုင်ပုဝါကိုတရုတ်အယူဝါဒအရ နာရေးတွင်ပေးသောပစ္စည်းဖြစ်သည်။ လက်ကိုင်ပုဝါရဲ့အဓိပ္ပါယ်သည် အပြီးတိုင်နှုတ်ဆက်တယ်ဟူသောအဓိပ္ပါယ်သက်ရောက်သည်။ လက်ကိုင်ပုဝါပေးလိုက်ခြင်းဖြင့် ပေးသူနှင့်လက်ခံသူဟာ အပြီးတိုင်နှုတ်ဆက်လိုက်သည်ဟု အဓိပ္ပါယ်သက်ရောက်သွားသောကြောင့်ဖြစ်သည်။
နံပါတ်၅... နာရီ
နာရီဆိုတဲ့အသံထွက် (送钟- sòng zhōng) နှင့် နာရေးဆိုတဲ့စာလုံးရဲ့အသံထွက် (送终 - sòng zhōng) နှင့်တူနေသောကြောင့်ဖြစ်တယ်။
နံပါတ်၆... သစ်တော်သီး
နှစ်ကူးမှာသစ်သီးပေးခြင်းဟာကောင်းသောဓလေ့ဖြစ်သော်လည်း သစ်တော်သီးကိုတော့တားမြစ်ထားတယ်။ ဘာလို့လဲဆိုတော့ သစ်တော်သီးရဲ့အသံထွက် (梨 - lì) နှင့် ထွက်ခွာခြင်းဟူသောစာလုံးရဲ့အသံထွက် (离- lì) နှင့်တူနေသောကြောင့် တားမြစ်ထားသည်။
နံပါတ်(၇) ပန်းစည်း
ပန်းစည်းဆိုတာဟာ နာရေးမှာအသုံးပြုသော ပစ္စည်းဖြစ်သည်။ အဝါရောင်ဂန္ဓမာပန်းနှင့် အဖြူရောင်ပန်းကို နှစ်ကူးလက်ဆောင်ပေးခြင်းမှ အပြင်းအထန်ကန့်ကွက်ထားသည်။
အဖြူရောင်ဟာ တရုတ်အယူအရ ကံမကောင်းသောအရောင်ဟုသတ်မှတ်ထားသည်။ နှစ်ကူးနေ့တွင် အဝါရောင် နှင့် အဖြူရောင် အင်္ကျီများကို ရှောင်၍ဝတ်ဆင်ရမည်။
နံပါတ်(၈) ... ထီး
ထီးဟာသောစာလုံးရဲ့အသံထွက် (伞- săn) နှင့် ကျိုးသည်ဟူသောစာလုံးရဲ့အသံထွက် (散- sàn) နှင့်တူနေသောကြောင့်ဖြစ်သည်။ တကယ်လို့ ထီးပေးလိုက်မယ်ဆိုရင် ပေးသူနှင့် လက်ခံသူတို့ရဲ့ ဆက်ဆံရေးကျိုးပျက်သွားမည်ဟု ယူဆသောကြောင့်ဖြစ်သည်။
နံပါတ်၉... အဖြူ နှင့် အနက်
အဖြူရောင် နှင့် အနက်ရောင်ဟာ နာရေးတွင်သုံးသောအရောင်များဖြစ်၍ နှစ်ကူးတွင်တားမြစ်ထားသည်။
နံပါတ်၁၀... မှန်
မှန်ဆိုသောအရာများဟာ ဝိဥာဉ်များကိုဆွဲဆောင်သောအရာဖြစ်သောကြောင့် နှစ်ကူးလက်ဆောင်ပေးခြင်းမှ တားမြစ်သည်။
No comments:
Post a Comment