ဦးနှောက်အမြှေးရောင်ရောဂါ အန္တာရယ်
- အားပါးပါး... နေနေတဲ့ တိုက်ခန်း(၄)လွှာဝရံတာ မျက်နှာကြက်အမိုးအောက်မှာ ခိုတွေ..ခိုတွေ..အသိုက်ဖွဲ့နေကြတာ မြင်မကောင်းဘူး။
- ခိုချေးတွေက လက်ရန်းဘောင်တွေမှာ နင်းကြမ်း..နေလာတာ (၂)နှစ်ကျော်ပြီတဲ့လေ။ ကလေးက ခနခန ခေါင်းကိုက်တယ်၊ ဗိုလ်နာတယ်ပြောပါတယ်၊
- မိဘတွေက ကျောင်းမတတ်ချင်လီု့ ဂဂျီဂဂျောင်လုပ်တယ်ထင်နေခဲ့တာလေ။ အခုမှ သိတော့တယ် ကလေးက သူဖြစ်နေတာကို သူ မပြောပြတတ်တာကိုး!
- ကျွန်တော်တို့ အနီးအနားပါတ်ဝန်းကျင်မှာခိုတွေ အထိန်းအကွပ်မရှိတိုးပွားလာခြင်းဟာ မြို့ပြလူနေမှူ့စနစ်အတွက် ပြဿနာမျိုးစုံတိုးပွားလာခြင်းပဲဖြစ်ပါတယ်။ နေရာတကာ မှာအဆက်မပြတ်ဆိုသလို စွန့်ပစ်ချနေတဲ့ ခိုအုပ်ကြီးတွေရဲ့ အညစ်အကြေးတွေဟာ အများပြည်သူ သွားလာနေတဲ့ပလက်ဖောင်းတွေ၊ သာသနိကအဆောက်အဦတွေ၊ ရုံးတွေ အစရှိတဲ့ နေရာတွေမှာ အနံ့အသက် အမှုန်အမွှား တွေနဲ့ အော်ကလီဆန်စရာ ဖြစ်စေရုံမျှ မကပဲ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသူတွေအတွက် အသက်အန္တရာယ် ကိုပါခြိမ်းခြောက်လာနိုင်တဲ့ ရောဂါပိုးတွေကို အရှိန်အဟုန်နဲ့ ဖြန့်ဖြူးပေးနေတာလဲဖြစ်ပါတယ်။
- ရာနဲ့ချီတဲ့ ခိုတွေနားနေတတ်လို့ ဓါတ်ကြိုးတွေ၊ တယ်လီဖုန်းကြိုးတွေ မကြာခဏ ပြတ်ကျတာမျိုး ဖြစ်လေ့ရှိပါတယ်။ ခိုတွေ ရဲ့ အသိုက်တွေဟာ အဖိုးတန်အဆောက်အအုံတွေရဲ့ အမိုးတွေ၊ ပြဿတ်တွေ၊ မျက်နှာကျက်တွေ ကိုပျက်စီးစေရုံမျှမကပဲ ခိုသိုက်တွေရဲ့ အမှိုက်သရိုက်တွေဟာ ရေတံလျှောက်တွေ၊ ပိုက်လိုင်းတွေကို ပိတ်ဆို့စေပါတယ်။ နောက်ပြီး အသိုက်ထဲမှာ ကျန်နေတတ်တဲ့ လှေးတွေ၊ မွှားတွေဟာ လူတွေ အိမ်မွေးတိရိစ္ဆာန်တွေဆီကို အလျှင်အမြန်ပဲ ကူးဆက်သွားလေ့ရှိပါတယ်။
- ခိုစာ တွေ ဟာအမှိုက်တွေဖြစ်သွားသလို ကြွက်တွေကို အထူးသဖြင့်စွဲဆောင်ပါတယ်။ ကာလ အတန်ကြာခိုစာရောင်း၊ ခိုစာကြွေးနဲ့ နေရာတွေကို ကြည့်ရင် ခိုမွှေးတွေ၊ ခိုချေးတွေ တင်မကပဲ ခိုစာရောင်းသူရဲ့ မနီးမဝေး ကြွက်တွင်းတွေ၊ မြောင်းဘောင်တွေ မှာ ပြူတစ်ပြူတစ် လုပ်နေတဲ့ အမွှေးရှည် မြေကြွက်ကြီးတွေကို ရွံရှာဖွယ် တွေ့ရလေ့ရှိပါတယ်။
- ခိုတွေဟာ ယုံနိုင်လောက်စရာမရှိအောင်များပြားလှတဲ့ လူကိုကူးဆက်နိုင်တဲ့ရောဂါပိုးတွေ ကို သည်ဆောင်ထားပါတယ်။ ခိုတွေအတွက် ကံကောင်းပြီး လူနဲ့သဘာဝပါတ်ဝန်းကျင်အတွက် ကံမကောင်းစေတဲ့ အချက်က ခိုတွေကိုအစာအဖြစ်စားတဲ့ တိရိစ္ဆာန် အလွန်တရာ နည်းတဲ့အတွက် ခိုအုပ်ကြီးတွေရဲ့အရေအတွက်ဟာ အရှိန်အဟုန်နဲ့ သိသိသာသာပဲတိုးပွားနေပါတယ်။
- အခြေခံအားဖြင့် ရောဂါဖြန့်ဖြူးရာ မူလပထမက ခိုချေးပဲဖြစ်ပါတယ်။ ရောဂါရှိတဲ့ ခိုရဲ့ ချေးထဲမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေ ရှိနေပါတယ်။ အဲဒီခိုချေးတွေ ခြောက်သွေ့သွားတဲ့ အခါ ဖုန်မှုန့် အဖြစ်လေနဲ့ အတူ အရပ်ရှစ်မျက်နှာကို လွင့်တော့တာပါပဲ။ အဲဒါကို ရှုမိတဲ့ သူကတော့ ခိုကပေးတဲ့ ရောဂါရ ဖို့သေချာပြီပေါ့။ ယေဘုယျအားဖြင့် ခိုကနေကူးစက်တတ်တဲ့ရောဂါလေးမျိုးရှိတယ်လို့ဆိုတယ်။
- ခိုတွေသည်ဆောင်လာတတ်တဲ့ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါထဲမှာအန္တရာယ်အရှိဆုံးလို့ဆိုနိုင်တဲ့ ဦးနှောက်အမြှေးယောင်ရောဂါကြောင့်ကာလအတန်ကြာသတိလစ်သွားနိုင်ပြီး အသက်ပြန်မလည်လာတော့ပဲ အသက်ဆုံးရှုံးမှူတွေထိဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။
- ခံတွင်းသို့မဟုတ် အသက်ရှူလမ်းကြောင်းမှတဆင့် ၀င်သွားတဲ့ ခိုချေးတွေကြောင့် အူလမ်းကြောင်းမှာ တိုက်ဖွိုက် ကဲ့သို့ အူယောင်ငန်းဖျားရောဂါရောဂါ ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အသက်အန္တရာယ် ထိခိုက်စေရုံမျှ မကပဲ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်းတွေကိုလဲ ဖြစ်စေပါတယ်။
- အထက်ပါ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါ ကြောင့် ယာယီ အာရုံကြောနဲ့ပါတ်သက်တဲ့ ရောဂါဝေဒနာမှ နာတာရှည်ဖြစ်ပြီး အသက်ဆုံးရှုံးမှူတွေဖြစ်စေနိုင်ပါတယ်။
- ၀မ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli) ဟာလဲ ခိုချေးထဲမှာ ပါလေ့ရှိပါတယ်။ ခိုတွေ အများကြီးရှိတတ်တဲ့ နေရာတွေမှာ ချက်ပြုပ်တာ မသန့်ရှင်းတာ၊ လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ မဆေးကြောတာတွေ့ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါပိုးတွေဟာ လူကို အလျင်အမြန်ကူးဆက်ပြီးဆိုးဝါးတဲ့ ရောဂါဝေဒနာကို ဖြစ်စေပါတယ်။
- ခိုများကို အစာကျွေးခြင်းဟာအလွန်အကျွံမျိုးပွားမှူကိုဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် ခိုမတွေဟာ တစ်နှစ်မှာ နှစ်သားကနေ သုံးသားပေါက်ပြီး တစ်ခါဥရင် နှစ်ဥ ဥလေ့ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံ အစာကျွေးလေ့ရှိတဲ့ မြို့ကြီးတွေမှာ ခိုတွေဟာ တစ်နှစ်ကို ရှစ်ဆ အထိမျိုးပွားနိုင်ပါတယ်။
- တကယ်တော့ခိုစာကျွေးခြင်းဟာ ခိုများအတွက်ကောင်းကျိုးလုံးဝ မဖြစ်စေပါဘူး။ သူတို့ရ သဘာအလေ့အထ အတိုင်းအစာထိုးယက်ရှာဖွေစားသောက်ရှင်သန်တတ်မှူကို ပျောက်ဆုံးစေပါတယ်။ အလွန်အကျွံများပြားလှတဲ့ ခိုအုပ်ကြီးတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပါတ်ဝန်ကျင်ညစ်ညမ်းမှုကိုဖြစ်စေပြီး သဘာဝအတိုင်းရှင်သန်ကျက်စားနေတဲ့ ပါတ်ဝန်းကျင်က တခြား ငှက်တွေကိုလဲထိခိုက်ပျက်စီးစေပါတယ်။ ခိုအုပ်ကြီးရင်ကြီးသလို ပျက်စီးထိခိုက်မှု့လဲကြီးမားလာပါတယ်။
ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ရန်ကုန်တွင် ကလေးငယ်နှစ်ဦးသေဆုံး
ဗက်တီးရီးယားပိုး ကြောင့်ဖြစ်သည့် ကူးစက်မြန်ပြင်း ထန် ဦးနှောက်အမြှေးရောင် ရောဂါဖြင့် ရန်ကုန်မြို့ တောင်ဒဂုံ မြို့နယ်ရှိ အသက် (၃)နှစ်နှင့် (၈) နှစ်အရွယ်ကလေးနှစ်ဦး သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။
ဦးနှောက် အမြှေးရောင် ရောဂါ သံသယရှိ ကလေးလူနာ ၁၇ ဦးကို ရန်ကင်းကလေးဆေးရုံ ကြီး၌ သီးသန့်ထားကာ စောင့်ကြပ် နေကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဝင်း လွင်က ပြောကြားသည်။
‘‘တောင်ဒဂုံမြို့နယ် (၂၁) ရပ်ကွက် စည်ပင်ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနစိတ်က ဝန်ထမ်း တွေနေတဲ့ တိုက်ခန်းမှာဖြစ်တာ။ တစ်အိမ်တည်းမှာပဲ ကလေးနှစ် ယောက်ဆုံးသွားတယ်။ မတ်လ ၁၄ ရက်မှာ (၃)နှစ်အရွယ်ကလေး တစ်ဦး သူ့အိမ်မှာပဲ ဆုံးတယ်။ ဆေးရုံမရောက်ဘူး။ မတ်လ ၁၈ ရက်ည ၁၂ နာရီမှာ (၈)နှစ်အ ရွယ်ကလေးတစ်ဦး ထပ်ဆုံး သွားတယ်။ အဲဒီကလေးလူနာက ဆုံးခါနီးမှာ ဆေးရုံရောက်လာ တယ်’’ဟု ၎င်းက ဆိုသည်။
ပထမသေဆုံးသွားသည့် (၃)နှစ်အရွယ်ကလေး၏ ရောဂါဇာစ်မြစ်ကို သိရှိရန် ဓာတ်ခွဲခန်းပို့ထား ပြီး (၈)နှစ်အရွယ် သေဆုံးသွားသည့်ကလေးမှာ ဗက်တီးရီးယား ပိုးကြောင့် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ဒေါက် တာဝင်းလွင်က ပြောသည်။
ရန်ကင်းကလေးဆေးရုံသို့ ပေးပို့ထားသည့် သံသယရှိ ကလေးလူနာ ၁၇ ဦး၏ ရလဒ်အဖြေမသိရသေးဘဲ ဓာတ်ခွဲစစ်ဆေးနေဆဲဖြစ်ပြီး စံပြဆေးရုံကြီး၌ တင်ပို့ထားသည့် ကလေးလူနာ မှာ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ခြင်းကြောင့်မဟုတ် ဟု ဆုံးဖြတ်ကြောင်း သတင်းရရှိ သည်။
‘‘ရောဂါ ကာကွယ်နှိမ်နင်း ရေးအနေနဲ့ ဖြစ်ပွားတဲ့နေရာမှာ သန့်ရှင်းရေးတွေလုပ်ခိုင်းတယ်။ အလုပ်သမားတွေကို အလုပ် မဆင်းဖို့ တားထားတယ်။ ရောဂါ ဖြစ်ပွားတဲ့ လူနာမိသားစုဝင်တွေနဲ့ တစ်ဝင်းလုံးကို ကာကွယ်ဆေး တိုက်ထားတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေကိုလည်း တိုက်တယ်။ အဲဒီဝင်းထဲကို ဧည့်သည်အဝင်အ ထွက်မလုပ်ဖို့ မှာထားတယ်။ ပိုး သန့်စင်ခြင်းလုပ်ငန်းတွေ၊ ပညာ ပေးလုပ်ငန်းတွေ လုပ်နေတယ်။ အလုပ်က ပြန်လာရင် လက်ဆေး ဖို့ အရေးကြီးတယ်။ ဒီရောဂါက အသက်ရှူလမ်းကြောင်းကတစ် ဆင့် ကူးတာပါ’’ဟု ဒေါက်တာ ဝင်းလွင်က ဆိုသည်။
မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ ကျေးရွာအချို့တွင် မတ်လ ၅ ရက်မှစ၍ (၁၀)နှစ်အောက် ကလေးငယ်များ၌ ဗက်တီးရီးယား ရောဂါပိုးကြောင့် ဦးနှောက်အ မြှေးရောင်ခြင်း (Meningococcal Meningitis)ဖြစ်ပွားပြီး မတ်လ ၁၄ ရက်အထိ ကလေးငယ်ငါးဦး သေဆုံးခဲ့သည်။
ယခုရန်ကုန်တိုင်း ၌ ဖြစ်ပွားသည့် ဗက်တီးရီးယားရောဂါပိုးကြောင့် ဦးနှောက်အမြှေးရောင်ရောဂါမှ Meningoco-ccemia ဟုခေါ်သော ပိုးကြောင့်ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်း မြင့်က ပြောကြားသည်။
‘‘ရန်ကုန်မှာဖြစ်တာနဲ့ သာ စည်မှာဖြစ်တာက ဗက်တီးရီးယား ပိုးကြောင့်ဖြစ်တာပဲ။ ဒါပေမဲ့ ပိုး မတူဘူး။ ရန်ကုန်ကဟာက ပိုပြင်းထန်တယ်။ ဒီလိုဖုန်ထတဲ့ရာသီမှာ ကူးစက်တာပိုမြန်တယ်။ ရောဂါ ဖြစ်လာရင် နှစ်ရက်အတွင်း ထိထိ မိမိကုမိဖို့လိုတယ်။ အဓိကက တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေး ထားဖို့လိုတယ်’’ဟု ၎င်းက ရှင်းပြသည်။
အဆိုပါရောဂါသည် မတ်လ ၅ ရက်တွင် သာစည်မြို့၌ စတင်ဖြစ်ပွားခဲ့ပြီး မတ်လ ၉ ရက် အထိ ကလေးငယ်လေးဦး သေ ဆုံးခဲ့သည်။
မတ်လ ၁၄ ရက်တွင် လည်း မန္တလေးက လေးဆေးရုံ ကြီး၌ တစ်ဦး ထပ်မံသေဆုံးခဲ့ သည်။
ယခု ရန်ကုန်တိုင်း၌လည်း သေဆုံးမှုများရှိလာသဖြင့် နေ ပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း ရာ ရောဂါ စတင်ဖြစ်ပွားသည့် သာစည်မြို့နယ်၌ စောင့်ကြည့် ကာလထပ်တိုးမည်ဖြစ်ပြီး သေ ဆုံးသူနှင့် ရောဂါဖြစ်ပွားသူအရေအတွက် ထပ်တိုးမည်ဟု ခန့်မှန်းထားကြောင်း၊ စာရင်းအတိအကျ ကို မတ်လ ၂၁ ရက်မှသာ သိနိုင်မည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်း အောင်က ဆိုသည်။
No comments:
Post a Comment