Popular Posts!

Thursday, February 21, 2019

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၀၁၉ နှစ်စတွင် ၇ ရာခိုင်နှုန်းခန့်ဖြင့် စတင်





 နှင်းအိခင် (iMyanmarHouse.com)


မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ဆက်တိုက်မြင့်လာပြီး ယခုနှစ် ဇန်နဝါရီတွင် ၇ ရာခိုင်နှုန်းခန့် ရှိလာသည်။

မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ၂၀၁၈ ဇန်နဝါရီ က ၄ ဒသမ ၄ ရာခိုင်နှုန်းရှိသော် လည်း နှစ်လယ်ပိုင်းတွင် ကြုံတွေ့ ခဲ့ရသည့် ကန်ဒေါ်လာ တန်ဖိုးဆက်တိုက်မြင့်တက်မှုက ငွေကြေး ဖောင်းပွမှုကို မြင့်စေကာ ၂၀၁၈ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွ မှု ၂ ဒသမ ၅ ရာခိုင်နှုန်းကျော်မြင့် တက်ခဲ့သည်။

၂၀၁၉ တွင် ကြုံတွေ့ရမည့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု အခြေအနေကို ၈ ဒသမ ၈ ရာ ခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သားငါးနှင့် အခြေခံ စား သောက်ကုန်ဈေးနှုန်းအချို့ မြင့် တက်ခြင်း ကြုံတွေ့ခဲ့ရပြီး ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၏ လစဉ်ထုတ်ပြန်သော မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်းနှင့် ငွေကြေးဖောင်းပွမှု အခြေအနေအစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းက အကြောင်းရင်း သုံးခု ကြောင့်ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြော သည်။ ဝယ်လိုအားများလာခြင်း၊ ကုန်ကျစရိတ်မြင့်တက်ခြင်းနှင့် စီးပွားရေး အဆောက်အအုံ ပြောင်းလဲခြင်း အချက်သုံးချက် တွင် တစ်ချက်ကြုံတွေ့ပါက ငွေ ကြေးဖောင်းပွနိုင်ကြောင်း ၎င်းက ပြောသည်။

ထုတ်လုပ်ရေး ကဏ္ဍတွင် ကုန်ကျစရိတ်မြင့်တက်ခြင်း၊ လုပ်အားခ တိုးမြင့်ခြင်း၊ စက်သုံးဆီ ဈေးမြင့်တက်ခြင်းတို့ ကြုံတွေ့ လျှင် ငွေကြေးဖောင်းပွမှုဖြစ်စေ ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့က မှတ်ချက်ပြုသည်။

ငွေကြေးဖောင်းပွမှု မြင့် တက်ခြင်းကြောင့် ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် ရှိခဲ့သော အထွေထွေစားသောက်ကုန်ဈေးနှုန်းကို ၂၀၁၉ ကာလတူနှင့် နှိုင်းယှဉ် ကြည့်ပါက မြင့်တက်လာသည်။

ဆန်တစ်ပြည် ဈေးနှုန်း ၈ ရာခိုင်နှုန်း၊ မြေပဲဆီတစ်ပိဿာ ဈေးနှုန်း ၁၅ ရာခိုင်နှုန်း၊ ကြက်သား၊ ဝက်သား တစ်ပိဿာဈေး နှုန်းက ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။

လူတစ်ဦးချင်း၏ ဝင်ငွေ မြင့် တက်မှုမရှိသော်လည်း အခြေခံ ကုန်ဈေးနှုန်း မြင့်တက်မှုက အထွေထွေဝယ်လိုအားကိုလျော့ကျစေကြောင်း စီးပွားရေးပညာရှင်အချို့က ပြောသည်။

ကုန်ပစ္စည်းဈေးနှုန်း မြင့် တက်ပြီး လူတစ်ဦးချင်း၏ ဝယ် ယူနိုင်မှုလျော့နည်းခြင်းက နေ့စဉ်ဝင်ငွေကို ထိခိုက်ကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

နို့ဆီ၊ မီးသွေးဈေးနှုန်းများမြင့်တက်သော်လည်း လက်ဖက်ရည်တစ်ခွက်ဈေးကို ရုတ်တရက်မြှင့်တင်ရန် မလွယ်ကူကြောင်း ၎င်းကဆိုသည်။

 

Credit: 7Daydaily

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!