Popular Posts!

Wednesday, February 6, 2019

စင်္ကာပူကို အစားအသောက် သယ်ဆောင်သူများအတွက် AVA သတ်မှတ်ချက်

စင်္ကာပူကို အစားအသောက် သယ်ဆောင်သူများအတွက် AVA သတ်မှတ်ချက်

စင်ကာပူနိုင်ငံအဝင်မှာ အာဏာပိုင်မှ ခွင့်မပြုတဲ့ အစားအစာများ သယ်ဆောင်သည့်အတွက် မကြာခဏဆိုသလို အရေးယူခြင်းခံရတဲ့ သတင်းတွေကို စင်္ကာပူအပြန် မြန်မာ အစားအစာများ အားပါတရသယ်လာတတ်သည့် မြန်မာတွေ ဂရုပြုသင့်ပါတယ်။

စင်္ကာပူ စိုက်ပျိုးမွေးမြူရေးထွက်အစားအစာနှင့် တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်-Food and Veterinary Authority of Singapore (AV) မှ စင်္ကာပူကို လာရောက်တဲ့ ခရီးသွားတစ်ဦးကို စိုက်ပျိုးမွေးမြူရေးထွက် အစားအစာနဲ့ ပတ်သက်လို့ ခွင့်ပြုချက်အရ သယ်ဆောင်ခွင့်ပေးထားသည့် အချက်အလက်များအား မျှဝေလိုက်ပါတယ်။

ပုံမှန်အားဖြင့် ခရီးသွားတစ်ဦး (ရောင်းဝယ်ဖောက်ကားသူမပါ) အတွက် AVA မှာ တစ်ဦးခြင်းစားသုံးရန်အတွက်ဆိုပြီး ခွင့်ပြုချက်မလိုဘဲ သယ်ဆောင်ခွင့်ပြုတဲ့ အစားအသောက်တွေရှိပါတယ်။ ခွင့်ပြုချက်မလိုတဲ့ အစားအသောက်တွေကို ပုံစံ ၄မျိုးနဲ့ ခွင့်ပြုထားပါတယ်။

(က) ခွင့်ပြုထားသည့် အစားအသောက်များ
(ခ) ခွင့်ပြုထားသည့် ပမာဏ
(ဂ) AVA မှ လက်ခံထားသည် တိုင်းပြည်များနှင့် ထိုနိုင်ငံထွက်အစားအစာအမျိုးအစား (သတ်မှတ်ထားသည့်အစားအစာနှင့် AVAမှ လက်ခံခွင့်ပြုသည့် ပုံစံအနေအထား)
(ဃ) စင်္ကာပူနိုင်ငံအတွင်း ဝယ်ယူမရနိုင်သည့် အစားအစာ တို့ဖြစ်ပါတယ်။

(ခွင့်ပြုထားသည့် အစားအသောက်များ)

AVA မှ ခွင့်ပြုထားသည့် အစားအသောက်များနှင့် ပမာဏကို အောက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဆိုအပါ အစားအစာများသည်လည်း ကျန်းမာရေးနှင့် စားသုံးသူဘေးကင်းရေးအတွက်ရည်ရွယ်ပြီး အပြောင်းအလဲ အမြဲလိုရှိနေမယ်ဆိုတာကို AVA မှ သတိပေးထားပါတယ်။

ဖော်ပြပါ တိုင်းပြည်များမှ ထွက်သည့် အမဲသား၊ ဆိတ်သား၊ ဝက်သားနှင့် မွေးမြူရေးထွက် ကြက်၊ ဘဲ၊ ငုံးစသည့် အသားများနှင့် ချက်ပြုတ်ပြီးသား စားသုံးရန် အသင့်ဖြစ်နေသည့် အစားအစာများအပါအဝင် လူတစ်ဦးကို ၅ ကီလိုခွင့်ပြုထားပါတယ်။



🐂🐄 အမဲသား - Argentina, Australia, Belgium, Denmark, Finland, France, Japan, the Netherlands, New Zealand, Sweden, Uruguay, USA ( မြန်မာ မပါဝင်ပါ)

🐐🐐 ဆိတ်သား -  Argentina, Australia, Belgium, Canada, Denmark, Ireland, New Zealand, Switzerland, The Netherlands, Uruguay, United Kingdom, USA ( မြန်မာ မပါဝင်ပါ)

🐖🐖 ဝက်သား - Australia, Austria, Belgium, Canada, Chile, Denmark, Finland, France, Germany, Hungary, Ireland, Italy, Japan, Mexico, The Netherlands, New Zealand, Spain, Sweden, Switzerland, United Kingdom, USA ( မြန်မာ မပါဝင်ပါ)



🐓🦆 မွေးမြူရေးထွက် ကြက်၊ ဘဲ၊ ငုံးစသည့် အသားများ - Argentina, Australia, Belgium, Brazil, Canada, Chile, Denmark ( မြန်မာ မပါဝင်ပါ)

🦐🦀🐠🦑 ရေထွက်အစားအစာများ

ရေထွက်အအစားအစာများကို ချက်ပြုတ်ပြီးသား စားသုံးရန် အသင့်ဖြစ်နေသည့် အစားအစာများအပါအဝင် လူတစ်ဦးကို ၅ ကီလိုခွင့်ပြုထားပါတယ်။ ရေခဲထားတဲ့ Frozen ချက်ပြီးသားအစားအစာအပါအဝင် ဂဏာန်း၊ ပုဇွန်စသည့်တို့ကိုတော့ လူတစ်ဦးကို ၂ ကီလို ခွင့်ပြုပါတယ်။

🐠🐠 ငါး - နိုင်ငံအားလုံး ခွင့်ပြုထားသည် 

🐚🐚 ကမာ/ မုတ်ကောင် (အရှင်/ ရေခဲရိုက်) - Australia, Canada, France, Ireland, New Zealand, The Netherlands, United Kingdom, USA ( မြန်မာ မပါဝင်ပါ)

ချက်ပြီးသား ရေခဲထားသည့် ဂဏာန်းသားနှင့် ပုဇွန် - နိုင်ငံအားလုံး ခွင့်ပြုထားသည်။

🍏🍇 🥬🌶 သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

လူတစ်ဦး တပိုင်တနိုင်သယ်ယူနိင်သည့် သင်တင့်လျှောက်ပတ်သင့်ပမာဏ (i.e. hand-carried size) အား ကိုယ်တိုင်စားသောက်ရန်အတွက် ခွင့်ပြုထားပါသည်။

🍌🍇 သစ်သီး (fresh fruit) 🥬🥕ဟင်းသီးဟင်းရွက်များ- နိုင်ငံအားလုံးမှ သယ်ယူလာခွင့်ပြုထားသည်။ (သို့သော် ဖော်ပြပါ တိုင်းပြည်များမှ သစ်သီးများအား သက်ဆိုက်ရာတိုင်းပြည်အာဏာပိုင်၏ phytosanitary လက်မှတ်နှင့်သာ ခွင့်ပြုပါသည် (Barbados, Belize, Bolivia, Brazil, Colombia, Cuba, Costa Rica, Dominica, Dominican Rep, Ecuador, El Salvador, French Guyana, Grenada, Guadeloupe, Guatemala, Guyana, Haiti, Honduras, Jamaica, Martinique, Nicaragua, Panama, Paraguay, Peru, Puerto Rico, St Lucia, St Vincent and the Grenadines, Suriname, Trinidad and Tobago, Venezuela, Virgin Islands)



🥚🥚 ကြက်ဥနှင့် အခြားဥများ

လူတစ်ဦးအတွက် အလုံး ၃၀ အား အောက်ဖော်ပြပါ အမျိုးအစားနှင့် နိုင်ငံထွက် ဥများကိုသာ ခွင့်ပြုသည်။

🥚🥚ကြက်ဥ - Australia, New Zealand, Sweden များမှသာ ခွင့်ပြုသည် ( မြန်မာနိုင်ငံ မပါဝင်ပါ)

🍬🍬🍾🍾  ပြုပြင်ပြီးသား အခြားအစားအစာများ (processed foods)

လူတစ်ဦးစီအတွက် အများဆုံး ၅ ကီလို၊ အရည်ဖြစ်ပါက ၅ လီတာ အများဆုံး သယ်ယူခွင့်ပြုသည်။ ကာလတန်ဖိုး စုစုပေါင်း စင်္ကာပူဒေါ်လာ ၁၀၀ ထက်မပိုရပါ။
ငှက်သိုက်အတွက် အလေးချိန် ၁ ကီလိုခွင့်ပြု၍ တန်ဖိုးသတ်မှတ်ခြင်း မရှိပါ။



ပြုပြင်ပြီးသား အခြားအစားအစာများ (processed foods)

အသား၊ ပင်လယ်ထွက်အစားအစာ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ မပါဝင်သည့် မည်သည့်နိုင်မဆို  ပြုပြင်ပြီးသား အခြားအစားအစာများ (processed foods) အားလုံးကို ခွင့်ပြုသည်။

မှတ်ချက်။   ။ အထက်ဖော်ပြပါ အချက်အလက်များသည် စင်္ကာပူ AVA website မှ တိုက်ရိုက်ကူးယူရေးသားခြင်းဖြစ်သည်။ ခရီးသည် တစ်ဦးချင်းအတွက် AVA ခွင့်ပြုချက်သာဖြစ်၍ ရောင်းဝယ်ဖော်ကားသူများအတွက် မသက်ဆိုင်ပါ။ အပြည့်အစုံ သိလိုပါက AVA website မှ တဆင့် ဖတ်ရှုနိုင်ပါသည်။



No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!