သီလဝါကနေ ရန်ကုန်လေဆိပ်ကို taxi သမားက နိုင်ငံခြားသားကို ၇၀၀၀၀ကျပ်ဆိုပြီး ဂျင်းထည့်တယ်။
အွန်လိုင်း ရှော့ပင်းရောင်းတဲ့သူတွေက ၁၀၀၀ တန် ပစ္စည်းကို ၅၀၀၀ တင်ရောင်းတယ်။ ဒါ ပို့ခ မပါသေးဖူး။
ကင်မရာအဟောင်းရောင်းဝယ်တွေက အသစ်ဈေး တစ်သိန်းတန်လောက်ကို ကိုယ်က တစ်နှစ်လောက်သုံးပြီး ၉၀၀၀၀ ကျပ်ဆိုပြီး ပြန်ရောင်းတယ်။ သူတစ်နှစ်သုံးတာက သူပစ္စည်းဖို့ အရင်းကျေနေပြီ။
စားသောက်ဆိုင်တွေမှာ အစားအသောက်တမျိုးမျိုးကို ၁၅၀၀ လောက်နဲ ရောင်းရင်တောင် အမြတ်ထွက်နေပြီကို သုံးလေးထောင် တင်ရောင်းတယ်။
မြေဈေးကွက်မှာလည်း ၅၀တန်မြေကွက်ကို ၁၅၀လောက်နဲ ပစ်ရောင်းကြတယ်။ အကျိုးဆောင်ဆိုသူများကလည်း ဈေးပိုရလေ သူတို့ အတွက် ပိုကျန်လေဆိုပြီး လောဘနဲ မတော်မတရား ဈေးတင်ပေးကြတယ်။
အဌားဆိုလည်း ကျပ်တစ်သိန်းတန် အခန်းကို တစ်သိန်းခွဲလောက်ရအောင် တင်ကြတယ်။ လိုအပ်ချက်များတော့ ဈေးတင်လည်း လာဌားမှာပဲ ဆိုပြီး လုပ်ကြတယ်။
အခု ရုပ်ရှင်ရိုက်တဲ့နေရာမှာဆိုလည်း ဘာထူးလဲ။ ဖြတ်လျောက်ခန်းတွက် တစ်နာရီ ဒေါ်လာ ၃၀ ပေးမယ်ဆိုတာ မြန်မာလက်ထဲရောက်တော့ တစ်နေ့ကို ကျပ်၁၅၀၀၀ ဖြစ်သွားတယ်။
ရိုက်ကွင်းပတ်လည်က ဆိုင်တွေ ဘယ်လောက်ရောင်းရလဲ မသိ။ ဆိုင်ပိက်ခ အနေနဲ တစ်ရက်ရောင်းရငွေ ကျပ်သိန်း၂၀ ဆိုပြီး ယူတယ်။ အခွန်တော့ ဆောင်ရဲ့လား မသိ။
ကုမ္ပဏီတွေဆိုလည်း ဘာထူးလဲ။ အစိုးရကို အခွန်ပေးရမှာ အသေကြောက်ပေမယ့် စားသုံးသူဆီက အမြတ် မတရားယူဖို့ ဝန်မလေးကြဖူး။
အစိုးရ ဝန်ထမ်းတွေလည်း ကိုယ့်ရဖို့ပဲ တွေးကြတာ များတယ်။ တင်ဒါခေါ်တဲ့ စနစ်တွေ သာချပြရရင် ဝန်ထမ်းတွေ အကုန်ပြုက်လောက်တယ်။
စည်းစောင့်စည်းမှုဆိုတာ မြန်မာပြည်မှာ ခပ်ရှားရှားရယ်။
ပြီးတော့ အမြတ်မတရားလိုချင်လွန်းကြပေမယ့် Service ဆိုတာ နားမလည်ဖူး။
သူများဆီက တခုခု ယူပြီးရင် ပြန်ပေးရမယ် ဆိုတာ နားမလည်ကြဖူး။ တန်ဖိုးဆိုတာ သူနေရာနဲ သူရှိတယ် ဆိုတာ လက်မခံလိုကြဘူး။ ဥပမာ ဖုန်းတစ်လုံးကို သိန်းကျော်ပေးပြီး ဝယ်ဖို့ ပြင်ကြပေမယ့် ပန်းချီကားတချပ်ကိုကျ သောင်းကဏန်းပေးရမှာ လက်တွန့်ကြတာမျိုး။
မြန်မာပြည်ဆိုင်အတော်များများက ဆိုင်ဝန်ထမ်းအများစုဟာ မျက်နှာထား တင်းတင်းပါ။ တောသားရုပ်ပေါက်ရင် ပိုဆီုးတယ်။
တခါကလည်း ကင်မရာဆိုင် ကိုယ်ဝယ်ဖို့ မေးတာ မဝယ်နိင်ဖူး ထင်ပုံရပါတယ်။ မပြောချင်သလို ပြောချင်သလိုနဲဈေးပြောတယ်။ social မှာ တင်တာ တဈေး ကိုယ်မေးတဲ့ချိန်ကျ အမြင့်ဈေး တစ်ဈေး။
မြန်မာတွေလောက် လောဘကြီးတာ မြန်မာပဲ ရှိတယ်။
ရတဲ့ မတော်မတရား ပိုက်ဆံတွေနဲကျ နောင်ဘဝကောင်းအောင် ဆိုပြီး အလှူဒါနတွေ ပြုလိုက်ကြတာ မနည်းမနော။
CSR ဆိုတာ အခုမှ သဘောပေါက်ကြပေမယ့် မြန်မာကုမ္ပဏီ လုပ်ငန်း အများစုဟာ ဝန်ထမ်းတွေ ရှေ့ရေးကို ဘယ်သော်အခါမှ မစဉ်းစားပေးကြဘူး။
နိုင်ငံခြားကုမ္ပဏီကြီးတွေ လာတယ်။ လစာပေးရင် နိင်ငံတကာစနစ်အတိုင်း ထိုက်သင့်သလောက်ပေးတယ်။ ပြည်တွင်းကုမ္ပဏီတွေနဲ ပူးပေါင်းတယ်။ လစာဟာ အောက်ဆုံးအဆင့်ဖြစ်သွားတယ်။ ကိုယ့်မြန်မာ့အချင်းချင်း ပိုရစေဆိုတဲ့ စိက်ဓါက်လုံးဝမရှိကြဘူး။
မြန်မာပြည်က HR department က လူတွေကို မေးချင်တာ လခများများရတယ် ဆိုတာ ကိုယ့်အတွက်ပဲကြည့်ကြတာလားဆိုတာပဲ။ သင်တန်းတွေမှာတော့HR သင်ရိုးတွေဟာ တကယ့်ကို ကောင်းလိုက်တာ။
လက်တွေ့ အလုပ်ခွင်မှာ HR Department တွေဟာ HR သင်ရိုးကို လိုက်လုပ်တာ မရှိသလောက် ရှားတယ်။
အဲ ပြည်ပက ဘွဲ့ရလာလို့ မြန်မာပြည်မှာ အလုပ်လာလုပ်တယ်။ ဘာထူးလဲ။ ကိုယ့်လစာအမြင့်ရရှိရေးအတွက်သာ ကြည့်ပြီး တခြားသူဆို ဖိတွယ် နိပ်ကွပ်ဖို့ ချောင်းကြတယ်။
ပွဲတွေမှာ အဆင့်တန်းမြင့်မြင့်စကားလုံးအလှတွေ သုံးကြပေမယ့် သူတို့စိက်တွေဟာ အထင်းသားပေါ်လွင်နေရတော့ ကြည့်ပြီး သက်ပြင်းချမိတယ်။
အိုဘယ် မြန်မာပေါ့။
ပြည်ပမှာ အလုပ်လုပ်ပြီး စနစ်တကျ လုပ်တက်လာလို့ မြန်မာပြည်မှာ အလုပ်ပြန်လုပ်တယ်။ နိုင်ငံတကာစနစ်အတိုင်းကျင့်သုံးသမျဟာ ဒီရောက်ရင် မြန်မာမှု စစ်စစ် ဖြစ်သွားတယ်။
မတော်လောဘနဲ အကျဉ်းတန်စိက်ဆိုတာ made in Myanmar brand စစ်စစ် ဖြစ်လာနေတယ်။
ရေရှည်ကို ကြည့်ပြီး ဈေးရောင်းဖို့ထက် ရေတိုနဲ အမြတ်များများရဖို့ ကြံတယ်။ တနပ်စားလည်း အေးဆေး ဒီလောကမှာ အသက်ရှင်သန်နိင်တယ်။ နာမည်ပျက်ဆိုတာ မြန်မာ့စီးပွားရေးလောကမှာ ဟာသပျက်လုံးစကားလုံး တလုံးဖြစ်နေတယ်။
ဦးသူ လည်သူ စားစတမ်းနဲ အဖွဲ့အစည်းတွေ လူတွေဟာ သောက်ကျင့်ယုက်နည်း မျိုးစုံနဲ ကျင့်ကြံလာကြပြီး နိဗ္ဗာန်ရောက်ဖို့ဆုတောင်းနေကြတာ မြင်ရတော့
:) :)
မောင်ချင်း(ဖီဆစ်)
No comments:
Post a Comment