ဘီဘီစီ "သခၤ်ာ ပုံျပင္"
21 ေဖေဖာ္ဝါရီ 2019
အေနာက္တိုင္းထက္ ရာစုႏွစ္ခ်ီ ေစာၿပီး အံ့မခန္း သခၤ်ာေတြ႕ရွိမႈေတြ ရွိခဲ့တဲ့ အိႏၵိယတ႐ုတ္ျပည္မွာလိုပဲ အိႏၵိယမွာလည္း ဒသမစနစ္ရဲ႕ ေကာင္းက်ိဳးေတြကို ေရွးကတည္းက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။
ေအဒီ ၃ ရာစု ေခတ္ေလာက္ကတည္းက ဒီစနစ္ကို အဲဒီမွာ စသုံးေနတာပါ။
အခုေခတ္ သုံးေနတဲ့ စနစ္နဲ႕ အတူတူျဖစ္ၿပီး ခုကေန ဆယ္ရာေထာင္ေသာင္းခ်ီၿပီး ေရတြက္တဲ့ စနစ္ျဖစ္ပါတယ္။
ဒသမစနစ္ကို ဘယ္လို ရွာေတြ႕တယ္ ဆိုတာ မသိရေပမယ့္ တိတိက်က် သပ္သပ္ရပ္ရပ္နဲ႕ တကမာၻလုံး သုံးေနတဲ့ တစ္ကေန ကိုးထိ ေရတဲ့ အေျခခံကို ခ်ေပးခဲ့ပါတယ္။
ေနာက္ၿပီး သုည ဆိုတဲ့ ဂဏန္းသစ္ကိုလည္း သူတို႔ ထြင္ခဲ့ၾကပါတယ္။
ဗလာနယ္သက္သက္သာ မဟုတ္ပထမဆုံး သိရတဲ့ အသုံးျပဳမႈကို ေအဒီ ၉ ရာစုကမွ ေတြ႕တာ ျဖစ္ေပမယ့္ ဒီထက္ ႏွစ္ရာခ်ီ ေစာၿပီး ေတြ႕ခဲ့ပုံ ေပၚပါတယ္။
ဒီထူးဆန္းတဲ့ ကိန္းဂဏန္းကို အိႏၵိယ အလယ္ပိုင္းက ဂြာလီယား ခံတပ္ႀကီးထဲက ဘုရားေက်ာင္းကေလးရဲ႕ နံရံမွာ စေတြ႕တာ ျဖစ္ပါတယ္။
Gwalior Fortressဓာတ္ပုံ မူပိုင္GETTY IMAGES
Image caption
ခံတပ္ႀကီးထဲက ဘုရားေက်ာင္းေလးမွာ သုညကို စသုံးခဲ့ ဒီေနရာမွာ သုညကို ေတြ႕ရလို႔ သခၤ်ာသမားေတြရဲ႕ အထြတ္အျမတ္ ေနရာ ျဖစ္လာပါတယ္။
ထူးထူးဆန္းဆန္း အိႏၵိယက မထြင္ခင္မွာ ဒီကိန္းဂဏန္းက မရွိခဲ့ပါဘူး။
The zero in Gwailor
Image caption
အိႏၵိယ ဘုရားေက်ာင္း နံရံက ကမာၻ႔ေရွးအက်ဆဳံး သုည
အီဂ်စ္၊ မက္ဆိုပိုးေတးမီးယားနဲ႕ တ႐ုတ္မွာ သုညကို ထြင္ခဲ့ေပမယ့္ အမွတ္တမွတ္၊ ဗလာနယ္အျဖစ္သာ ထားတာပါ။
အိႏၵိယမွာမွ သုညကို ဂဏန္းတခု အျဖစ္ သတ္မွတ္ခဲ့တာပါ။
ဒီအေတြးအေခၚသစ္က သခၤ်ာမွာ ခုန္ပ်ံ ေတာ္လွန္ေရးတခု ျဖစ္ေစပါတယ္။
Hole on the ground
Image caption
ေျမျပင္ေပၚ တြက္ခ်က္မႈအၿပီးမွာ အဝိုင္းပုံ ေပၚလာေစ
အဲဒီကေန နကၡတ္ပညာမွာသုံးတဲ့ ကိန္းဂဏန္းေတြ ေပၚထြက္လာေစၿပီး အင္မတန္ အသုံးက်ခဲ့ပါတယ္။
ဘာေၾကာင့္ သုညကို ထြင္ခဲ့သလဲ? ဘယ္ေတာ့မွ အတိအက် သိရမွာ မဟုတ္ေပမယ့္ ေျမႀကီးေပၚမွာ ေက်ာက္ခဲနဲ႕ ျဖစ္ၿပီး တြက္ခ်က္တာကေန သုညကို တီထြင္ သုံးစြဲလာတာ ျဖစ္နိုင္ပါတယ္။
ေက်ာက္တုံးေတြကို ဖယ္လိုက္ေတာ့ ေျမျပင္မွာ အဝိုင္းပုံ အမွတ္ က်န္ခဲ့ၿပီး တခုခုကေန ဘာမွ မရွိေတာ့တဲ့ လကၡဏာကို ေဆာင္လာပါတယ္။
ယဥ္ေက်းမႈ အရလည္း ဒီကိန္းဂဏန္းကို ထြင္တဲ့ အေၾကာင္း ရွိမွာပါ။
Shunya mudraဓာတ္ပုံ မူပိုင္GETTY IMAGES
Image caption
ဗုဒၶဘာသာနဲ႕ ဟိႏၵဴအယူမွာ အေလးအျမတ္ထားတဲ့ သုည မုျဒာ၊ သကၠတအလိုအရ သုညကို ဗလာျဖစ္မႈ၊ အပြင့္ သို႔မဟုတ္ ဟင္းလင္းျပင္လို႔ ဖြင့္ဆို
ဘာမွမရွိမႈနဲ႕ ထာဝရ ျဖစ္တည္မႈေတြဟာ အိႏၵိယ ေရွးေဟာင္း ယုံၾကည္မႈ စနစ္မွာ အေရးပါပါတယ္။
ဟိႏၵဴေရာ ဗုဒၶဘာသာဝင္ေတြေရာ အတြက္ က်မ္းစာေတြမွာ ဘာမွ မရွိမႈကို ေဖာ္ျပၾကပါတယ္။
ဒါေၾကာင့္ ဒီလို ယဥ္ေက်းမႈမ်ိဳး ထြန္းကားတဲ့ နယ္ေျမမွာ သုည ထြန္းကားခဲ့တာ ဆန္းတဲ့ကိစၥမဟုတ္ပါဘူး။
Indian numbers of the 9th century
Image caption
သုညကို ထြင္ၿပီး သခၤ်ာတိုးတက္မႈမွာ ခုန္တက္လာ ဘာမွမရွိမႈ၊ လစ္ဟာမႈကို ကိုယ္စားျပဳတဲ့ စကား သုညကိုေတာင္ အိႏၵိယက တီထြင္ၿပီး သခၤ်ာမွာ ေဝါဟာရသစ္ ထြင္ခဲ့ပါတယ္။
သုညမွ အနႏၲသို႔
ေအဒီ ၇ ရာစုမွာ အိႏၵိယက ထင္ရွားတဲ့ သခၤ်ာပညာရွင္ ျဗဟၼဂုပၸတၱက သုညရဲ႕ အေရးပါတဲ့ ဂုဏ္သတၱိေတြကို ထုတ္ျပခဲ့ပါတယ္။
သူျပသခဲ့တဲ့ သုညပါတဲ့ အေျခခံ တြက္ခ်က္နည္းေတြကို ခုထိ ကမာၻတဝွမ္းက ေက်ာင္းေတြမွာ သင္ေနၾကဆဲ ျဖစ္ပါတယ္။
၁+ဝ = ၁
၁ - ဝ = ၁
၁ x ဝ = ဝ
ဒါေပမဲ့ တစ္ကို သုညနဲ႕ စားဖို႔ႀကိဳးစားရင္း အသစ္တခု ေတြ႕ရွိခဲ့ပါတယ္။
ဘယ္ဂဏန္းကို သုညနဲ႕ ျမႇောက္ရင္ တစ္ ရမလဲ။
ဒီအေျဖကို ရွာရင္း သခၤ်ာရဲ႕ သေဘာတရားသစ္တခုကို ေတြ႕ခဲ့ပါတယ္။ အနႏၲပါ။
The infinity symbolဓာတ္ပုံ မူပိုင္GETTY IMAGES
Image caption
အနႏၲ သေဘာတရားနဲ႕ သုညကို စားတဲ့ျပႆနာကို ေျဖရွင္းခဲ့ ဒါမွသာ သုညကို စားတဲ့ ကိစၥကို ေျဖရွင္းနိုင္မွာ ျဖစ္ပါတယ္။
၁၂ ရာစုက အိႏၵိယ သခၤ်ာ ပညာရွင္ ဘက္စကရာရဲ႕ ႀကံဆမႈနဲ႕ ဒီ အနႏၲကို သိရွိခဲ့တာပါ။
ဘယ္လို သစ္သီးတလုံးကို ယူၿပီး ဓားနဲ႕ အလယ္က ခြဲရင္ ႏွစ္ပိုင္း ရပါတယ္။
ႏွစ္ခါစိတ္ရင္ေတာ့ သုံးပိုင္းရမွာေပါ့။
ေနာက္ထပ္ ပိုေသးၿပီး စိတ္ေလ၊ ဒီထက္ေသးတဲ့ အစိတ္ကေလးေတြ ရေလပါပဲ။
ဒီလိုနဲ႕ အနႏၲ အစိတ္အပိုင္းထိ ရပါလိမ့္မယ္။
ဒါေၾကာင့္ ဘက္စကရာက တစ္ကို သုညနဲ႕ စားရင္ အနႏၲ ရတယ္လို႔ ႀကံဆခဲ့ပါတယ္။
တ႐ုတ္ဧကရာဇ္ရဲ႕ အခ်စ္ေရးရာကိစၥကို ကိန္းဂဏန္းနဲ႕ တြက္ခ်က္စီစဥ္ခဲ့
Sliced avocado used as an example of fractioningဓာတ္ပုံ မူပိုင္GETTY IMAGES
Image caption
ခြဲျခမ္းရင္းနဲ႕ အနႏၲ အစိတ္အပိုင္းထိ ရလိမ့္မယ္ဒါေပမဲ့ သုညကို သုံးၿပီး တြက္ခ်က္တဲ့အခါမွာ ဒီထက္ပိုေတြ႕လာပါတယ္။
သုံးထဲက သုံးကို ႏုတ္ရင္ သုညရတယ္လို႔ လက္ခံရင္ သုံးထဲက ေလးကို ႏုတ္ရင္ ဘာရသလဲ။
ဘာမွ မက်န္ဘူး ထင္ရေပမယ့္ အိႏၵိယရဲ႕ ႀကံဆမႈေၾကာင့္ အႏုတ္ကိန္းဂဏန္းေတြ ေပၚလာပါတယ္။
အိႏၵိယသားေတြက သုညနဲ႕ အႏုတ္ကိန္းေတြကို ႀကံဆနိုင္တာဟာ ဒါေတြကို ျဒပ္မဲ့ သေဘာေဆာင္တယ္လို႔ ယူဆလို႔ ျဖစ္ပါတယ္။
Numbers floatingဓာတ္ပုံ မူပိုင္GETTY IMAGES
Image caption
အိႏၵိယသားေတြက ကိန္းဂဏန္းေတြကို ျဒပ္မဲ့ သေဘာေဆာင္တယ္လို႔ ယူဆကိန္းဂဏန္းဆိုတာ ေရတြက္ တိုင္းတာ႐ုံသာမက သူတို႔မွာ အသက္ရွိတယ္၊ တကယ့္ကမာၻနဲ႕ မဆက္စပ္ဘဲ ေမ်ာလြင့္ေနပါတယ္။
ဒီလို အေတြးစေတြကေန သခၤ်ာ စိတ္ကူးသစ္ေတြ ေပါက္ဖြားလာေစပါတယ္။
X နဲ႕ Y
အိႏၵိယရဲ႕ သခၤ်ာကို ျဒပ္မဲ့ ခ်ဥ္းကပ္နည္းကေန ထပ္ကိန္းေတြပါတဲ့ ဂဏန္းေလးလုံး ညီမွ်ျခင္းေတြကို ေျဖရွင္းတြက္ခ်က္ဖို႔ နည္းသစ္ေတြ ရခဲ့ပါတယ္။
ဂဏန္းေလးလုံး ညီမွ်ျခင္းေတြမွာ အေျဖ ႏွစ္ခု အၿမဲရွိတယ္လို႔ ျဗဟၼဂုပၸတၱရဲ႕ အႏုတ္ကိန္းေတြကို သေဘာေပါက္မႈကေန သိလာေစခဲ့ပါတယ္။ ဒီထဲက တခုက အႏုတ္ကိန္း ျဖစ္နိုင္ပါတယ္။
ပထမဆုံး သခၤ်ာနိုဗယ္ဆုရွင္ အမ်ိဳးသမီးကြယ္လြန္ကိန္းရွင္ ႏွစ္ခုပါတဲ့ ညီမွ်ျခင္းေတြကို ေျဖရွင္းဖို႔လည္း သူက ဒီထက္ ပိုရွာေဖြခဲ့ပါတယ္။
အေနာက္တိုင္းမွာေတာ့ ဒီေတြ႕ရွိမႈက ၁၆၅၇ မွ ျဖစ္လာတာပါ။ ျပင္သစ္ သခၤ်ာပညာရွင္ ပီယဲဒီဖယ္မက အိႏၵိယ ပညာရွင္ အႏွစ္တေထာင္က ေတြ႕ခဲ့တာကို သတိမထားမိဘဲ ျပန္တင္ျပခဲ့ပါတယ္။
Pierre de Fermatဓာတ္ပုံ မူပိုင္GETTY IMAGES
Image caption
ဂဏန္းေလးလုံး ညီမွ်ျခင္း ျပႆနာကို ပီယဲဒီဖယ္မ က ၁၆၅၇ က အေျဖရွာခဲ့ဒီညီမွ်ျခင္းေတြကို ေျဖရွင္းရာမွာလည္း လိုအပ္တဲ့ စကားလုံးသစ္ေတြကို တီထြင္ခဲ့ပါတယ္။
သူ႕ရဲ႕ တြက္ခ်က္မႈကို ျပဖို႔ နည္းေတြရွာရင္း ကိန္းရွင္ေတြကို ကိုယ္စားျပဳတဲ့ စာလုံးႏွစ္လုံးကို ဒီဖယ္မက သုံးခဲ့တာပါ။
ဒါေၾကာင့္ X နဲ႕ Y ကို သုံးၿပီး ကေန႕အထိ ေျဖရွင္းေနၾကတာ ျဖစ္ပါတယ္။
ဒီမွာတင္ မၿပီးေသးအိႏၵိယ သခၤ်ာပညာရွင္ေတြ ေတြ႕ရွိခဲ့တဲ့ ထရီဂိုနိုမက္ထရီ ေတြ႕ရွိခ်က္ေတြလည္း ရွိပါတယ္။
The Earth, the Moon and the Sun in a right triangle
Image caption
ကမာၻေျမ၊ လနဲ႕ေနၾကားက အကြာအေဝးကို ထရီဂိုနိုမက္ထရီ သုံးၿပီး အိႏၵိယ နကၡတ္ပညာရွင္ေတြ တြက္နိုင္ခဲ့ ဂဲၾသေမႀတီကို ကိန္းဂဏန္းေတြနဲ႕ ျပန္ဆိုနိုင္တဲ့ အဘိဓာန္ကို ဂရိေတြက ပထမဆုံး စေရးခဲ့တယ္ဆိုတာေတာ့ ဟုတ္ပါတယ္။
ဒါေပမဲ့ အိႏၵိယကေတာ့ အဲဒီထက္ ပိုတိုးတက္ပါတယ္။
ထရီဂိုနိုမက္ထရီကို သုံးၿပီး သူတို႔ေဘးပတ္လည္က ကမာၻႀကီးကို ေလ့လာဖို႔ ႀကိဳးစားပါတယ္။ ဒီထဲမွာ ပင္လယ္ျပင္မွာ လမ္းၫႊန္တာ၊ အာကာသ အကြာအေဝးေတြ တြက္ခ်က္တာေတြ ပါပါတယ္။
ကမာၻနဲ႕လ၊ ကမာၻနဲ႕ေနၾကားက အကြာအေဝးေတြကိုလည္း အိႏၵိယ သခၤ်ာပညာရွင္ေတြ တြက္ခ်က္ခဲ့ၾကပါတယ္။
Piဓာတ္ပုံ မူပိုင္GETTY IMAGES
Image caption
နားလည္ရခက္တဲ့ပိုင္
ေနာက္ သခၤ်ာမွာ အေရးႀကီးဆုံး ကိန္းဂဏန္းတခုရဲ႕ ပေဟဠိကိုလည္း အိႏၵိယမွာပဲ ေျဖရွင္းခဲ့ပါတယ္။ ဒါက ပိုင္ ျဖစ္ပါတယ္။
ပိုင္ ဆိုတာ စက္ဝိုင္းတခုရဲ႕ အဝန္းနဲ႕ အခ်င္းၾကားက အခ်ိဳးတန္ဖိုးပါ။
အင္ဂ်င္နီယာေတြ၊ ဗိသုကာေတြ အတြက္ အထူးအသုံးက်တဲ့ တြက္ခ်က္မႈေတြမွာ ပိုင္ ပါပါတယ္။ အခုံးေတြကို တိုင္းရရင္ ပိုင္က အၿမဲ လိုေနလို႔ ျဖစ္ပါတယ္။
အေျခခံ သခၤ်ာ မတတ္လို႔ သတို႔သမီးက ထားသြားခဲ့ရာစုႏွစ္ေတြနဲ႕ခ်ီၿပီး သခၤ်ာသမားေတြက ပိုင္ရဲ႕ တန္ဖိုးကို တိတိက်က် ရဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။
ေအဒီ ၆ ရာစုက အိႏၵိယ ပညာရွင္ အာရျဗတက ပိုင္ရဲ႕ တန္ဖိုးကို ၃.၁၄၁၆ လို႔ ေတာ္ေတာ္တိတိက်က် တြက္ခ်က္နိုင္ခဲ့ပါတယ္။
ေနာက္ၿပီး ကမာၻရဲ႕ အဝန္းကိုလည္း ပိုင္ကို သုံးၿပီး သူတိုင္းထြာခဲ့ပါတယ္။ ကီလိုမီတာ ၃၉၉၆၈ ပါ။ ဒီကိန္းဂဏန္းက အခုသိထားတဲ့ ၄ဝဝ၇၅ ကီလိုမီတာနဲ႕ ေတာ္ေတာ္နီးစပ္ပါတယ္။
A Pi formed of sticks and stonesဓာတ္ပုံ မူပိုင္GETTY IMAGES
Image caption
ပိုင္ရဲ႕တန္ဖိုးကို ေဖာ္ထုတ္တဲ့နည္းက ဥေရာပရဲ႕ ေအာင္ျမင္မႈ
ေနာက္ၿပီး ကြဲျပားတဲ့ အပိုင္းကိန္းေတြကို ျဖည့္လိုက္ႏုတ္လိုက္ လုပ္ရင္း ပိုင္ကို ေသခ်ာေပါက္ တြက္ခ်က္နိုင္တဲ့ တြက္နည္းတခု ေပၚနိုင္တယ္ ဆိုၿပီး အိႏၵိယက မာထဗက သေဘာေပါက္ခဲ့တာပါ။
ဒါေပမဲ့ ဒါကို ၁၇ ရာစုက ဂ်ာမန္ ပညာရွင္ ေဂၚဖရီ ဗီလ္ဟမ္ လိုက္ပနစ္ဇ္က တီထြင္တယ္လို႔ပဲ ကမာၻတလႊားက တကၠသိုလ္အမ်ားအျပားမွာ သင္ေနၾကဆဲ ျဖစ္ပါတယ္။
သုညမှ အနန္တသို့၊ အနောက်တိုင်းထက်စောတဲ့ အိန္ဒိယရဲ့ သင်္ချာတော်လှန်ရေးမားကပ်စ် ဒူဆော့တွိုင်း
ဘီဘီစီ "သင်္ချာ ပုံပြင်"
တရုတ်ပြည်မှာလိုပဲ အိန္ဒိယမှာလည်း ဒသမစနစ်ရဲ့ ကောင်းကျိုးတွေကို ရှေးကတည်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အေဒီ ၃ ရာစု ခေတ်လောက်ကတည်းက ဒီစနစ်ကို အဲဒီမှာ စသုံးနေတာပါ။
အခုခေတ် သုံးနေတဲ့ စနစ်နဲ့ အတူတူဖြစ်ပြီး ခုကနေ ဆယ်ရာထောင်သောင်းချီပြီး ရေတွက်တဲ့ စနစ်ဖြစ်ပါတယ်။
ဒသမစနစ်ကို ဘယ်လို ရှာတွေ့တယ် ဆိုတာ မသိရပေမယ့် တိတိကျကျ သပ်သပ်ရပ်ရပ်နဲ့ တကမ္ဘာလုံး သုံးနေတဲ့ တစ်ကနေ ကိုးထိ ရေတဲ့ အခြေခံကို ချပေးခဲ့ပါတယ်။
နောက်ပြီး သုည ဆိုတဲ့ ဂဏန်းသစ်ကိုလည်း သူတို့ ထွင်ခဲ့ကြပါတယ်။
ဗလာနယ်သက်သက်သာ မဟုတ်
ပထမဆုံး သိရတဲ့ အသုံးပြုမှုကို အေဒီ ၉ ရာစုကမှ တွေ့တာ ဖြစ်ပေမယ့် ဒီထက် နှစ်ရာချီ စောပြီး တွေ့ခဲ့ပုံ ပေါ်ပါတယ်။
ဒီထူးဆန်းတဲ့ ကိန်းဂဏန်းကို အိန္ဒိယ အလယ်ပိုင်းက ဂွာလီယား ခံတပ်ကြီးထဲက ဘုရားကျောင်းကလေးရဲ့ နံရံမှာ စတွေ့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ သုညကို တွေ့ရလို့ သင်္ချာသမားတွေရဲ့ အထွတ်အမြတ် နေရာ ဖြစ်လာပါတယ်။
ထူးထူးဆန်းဆန်း အိန္ဒိယက မထွင်ခင်မှာ ဒီကိန်းဂဏန်းက မရှိခဲ့ပါဘူး။
အီဂျစ်၊ မက်ဆိုပိုးတေးမီးယားနဲ့ တရုတ်မှာ သုညကို ထွင်ခဲ့ပေမယ့် အမှတ်တမှတ်၊ ဗလာနယ်အဖြစ်သာ ထားတာပါ။
အိန္ဒိယမှာမှ သုညကို ဂဏန်းတခု အဖြစ် သတ်မှတ်ခဲ့တာပါ။
ဒီအတွေးအခေါ်သစ်က သင်္ချာမှာ ခုန်ပျံ တော်လှန်ရေးတခု ဖြစ်စေပါတယ်။
အဲဒီကနေ နက္ခတ်ပညာမှာသုံးတဲ့ ကိန်းဂဏန်းတွေ ပေါ်ထွက်လာစေပြီး အင်မတန် အသုံးကျခဲ့ပါတယ်။
ဘာကြောင့် သုညကို ထွင်ခဲ့သလဲ
ဘယ်တော့မှ အတိအကျ သိရမှာ မဟုတ်ပေမယ့် မြေကြီးပေါ်မှာ ကျောက်ခဲနဲ့ ဖြစ်ပြီး တွက်ချက်တာကနေ သုညကို တီထွင် သုံးစွဲလာတာ ဖြစ်နိုင်ပါတယ်။
ကျောက်တုံးတွေကို ဖယ်လိုက်တော့ မြေပြင်မှာ အဝိုင်းပုံ အမှတ် ကျန်ခဲ့ပြီး တခုခုကနေ ဘာမှ မရှိတော့တဲ့ လက္ခဏာကို ဆောင်လာပါတယ်။
ယဉ်ကျေးမှု အရလည်း ဒီကိန်းဂဏန်းကို ထွင်တဲ့ အကြောင်း ရှိမှာပါ။
ဘာမှမရှိမှုနဲ့ ထာဝရ ဖြစ်တည်မှုတွေဟာ အိန္ဒိယ ရှေးဟောင်း ယုံကြည်မှု စနစ်မှာ အရေးပါပါတယ်။
ဟိန္ဒူရော ဗုဒ္ဓဘာသာဝင်တွေရော အတွက် ကျမ်းစာတွေမှာ ဘာမှ မရှိမှုကို ဖော်ပြကြပါတယ်။
ဒါကြောင့် ဒီလို ယဉ်ကျေးမှုမျိုး ထွန်းကားတဲ့ နယ်မြေမှာ သုည ထွန်းကားခဲ့တာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။
ဘာမှမရှိမှု၊ လစ်ဟာမှုကို ကိုယ်စားပြုတဲ့ စကား သုညကိုတောင် အိန္ဒိယက တီထွင်ပြီး သင်္ချာမှာ ဝေါဟာရသစ် ထွင်ခဲ့ပါတယ်။
သုညမှ အနန္တသို့
အေဒီ ၇ ရာစုမှာ အိန္ဒိယက ထင်ရှားတဲ့ သင်္ချာပညာရှင် ဗြဟ္မဂုပ္ပတ္တက သုညရဲ့ အရေးပါတဲ့ ဂုဏ်သတ္တိတွေကို ထုတ်ပြခဲ့ပါတယ်။
သူပြသခဲ့တဲ့ သုညပါတဲ့ အခြေခံ တွက်ချက်နည်းတွေကို ခုထိ ကမ္ဘာတဝှမ်းက ကျောင်းတွေမှာ သင်နေကြဆဲ ဖြစ်ပါတယ်။
၁+ဝ = ၁
၁ - ဝ = ၁
၁ x ဝ = ဝ
ဒါပေမဲ့ တစ်ကို သုညနဲ့ စားဖို့ကြိုးစားရင်း အသစ်တခု တွေ့ရှိခဲ့ပါတယ်။
ဘယ်ဂဏန်းကို သုညနဲ့ မြှောက်ရင် တစ် ရမလဲ။
ဒီအဖြေကို ရှာရင်း သင်္ချာရဲ့ သဘောတရားသစ်တခုကို တွေ့ခဲ့ပါတယ်။ အနန္တပါ။
ဒါမှသာ သုညကို စားတဲ့ ကိစ္စကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
၁၂ ရာစုက အိန္ဒိယ သင်္ချာ ပညာရှင် ဘက်စကရာရဲ့ ကြံဆမှုနဲ့ ဒီ အနန္တကို သိရှိခဲ့တာပါ။
ဘယ်လို
သစ်သီးတလုံးကို ယူပြီး ဓားနဲ့ အလယ်က ခွဲရင် နှစ်ပိုင်း ရပါတယ်။
နှစ်ခါစိတ်ရင်တော့ သုံးပိုင်းရမှာပေါ့။
နောက်ထပ် ပိုသေးပြီး စိတ်လေ၊ ဒီထက်သေးတဲ့ အစိတ်ကလေးတွေ ရလေပါပဲ။
ဒီလိုနဲ့ အနန္တ အစိတ်အပိုင်းထိ ရပါလိမ့်မယ်။
ဒါကြောင့် ဘက်စကရာက တစ်ကို သုညနဲ့ စားရင် အနန္တ ရတယ်လို့ ကြံဆခဲ့ပါတယ်။
ဒါပေမဲ့ သုညကို သုံးပြီး တွက်ချက်တဲ့အခါမှာ ဒီထက်ပိုတွေ့လာပါတယ်။
သုံးထဲက သုံးကို နုတ်ရင် သုညရတယ်လို့ လက်ခံရင် သုံးထဲက လေးကို နုတ်ရင် ဘာရသလဲ။
ဘာမှ မကျန်ဘူး ထင်ရပေမယ့် အိန္ဒိယရဲ့ ကြံဆမှုကြောင့် အနုတ်ကိန်းဂဏန်းတွေ ပေါ်လာပါတယ်။
အိန္ဒိယသားတွေက သုညနဲ့ အနုတ်ကိန်းတွေကို ကြံဆနိုင်တာဟာ ဒါတွေကို ဒြပ်မဲ့ သဘောဆောင်တယ်လို့ ယူဆလို့ ဖြစ်ပါတယ်။
ကိန်းဂဏန်းဆိုတာ ရေတွက် တိုင်းတာရုံသာမက သူတို့မှာ အသက်ရှိတယ်၊ တကယ့်ကမ္ဘာနဲ့ မဆက်စပ်ဘဲ မျောလွင့်နေပါတယ်။
ဒီလို အတွေးစတွေကနေ သင်္ချာ စိတ်ကူးသစ်တွေ ပေါက်ဖွားလာစေပါတယ်။
X နဲ့ Y
အိန္ဒိယရဲ့ သင်္ချာကို ဒြပ်မဲ့ ချဉ်းကပ်နည်းကနေ ထပ်ကိန်းတွေပါတဲ့ ဂဏန်းလေးလုံး ညီမျှခြင်းတွေကို ဖြေရှင်းတွက်ချက်ဖို့ နည်းသစ်တွေ ရခဲ့ပါတယ်။
ဂဏန်းလေးလုံး ညီမျှခြင်းတွေမှာ အဖြေ နှစ်ခု အမြဲရှိတယ်လို့ ဗြဟ္မဂုပ္ပတ္တရဲ့ အနုတ်ကိန်းတွေကို သဘောပေါက်မှုကနေ သိလာစေခဲ့ပါတယ်။ ဒီထဲက တခုက အနုတ်ကိန်း ဖြစ်နိုင်ပါတယ်။
ကိန်းရှင် နှစ်ခုပါတဲ့ ညီမျှခြင်းတွေကို ဖြေရှင်းဖို့လည်း သူက ဒီထက် ပိုရှာဖွေခဲ့ပါတယ်။
အနောက်တိုင်းမှာတော့ ဒီတွေ့ရှိမှုက ၁၆၅၇ မှ ဖြစ်လာတာပါ။ ပြင်သစ် သင်္ချာပညာရှင် ပီယဲဒီဖယ်မက အိန္ဒိယ ပညာရှင် အနှစ်တထောင်က တွေ့ခဲ့တာကို သတိမထားမိဘဲ ပြန်တင်ပြခဲ့ပါတယ်။
ဒီညီမျှခြင်းတွေကို ဖြေရှင်းရာမှာလည်း လိုအပ်တဲ့ စကားလုံးသစ်တွေကို တီထွင်ခဲ့ပါတယ်။
သူ့ရဲ့ တွက်ချက်မှုကို ပြဖို့ နည်းတွေရှာရင်း ကိန်းရှင်တွေကို ကိုယ်စားပြုတဲ့ စာလုံးနှစ်လုံးကို ဒီဖယ်မက သုံးခဲ့တာပါ။
ဒါကြောင့် X နဲ့ Y ကို သုံးပြီး ကနေ့အထိ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။
ဒီမှာတင် မပြီးသေး
အိန္ဒိယ သင်္ချာပညာရှင်တွေ တွေ့ရှိခဲ့တဲ့ ထရီဂိုနိုမက်ထရီ တွေ့ရှိချက်တွေလည်း ရှိပါတယ်။
ဂဲသြမေတြီကို ကိန်းဂဏန်းတွေနဲ့ ပြန်ဆိုနိုင်တဲ့ အဘိဓာန်ကို ဂရိတွေက ပထမဆုံး စရေးခဲ့တယ်ဆိုတာတော့ ဟုတ်ပါတယ်။
ဒါပေမဲ့ အိန္ဒိယကတော့ အဲဒီထက် ပိုတိုးတက်ပါတယ်။
ထရီဂိုနိုမက်ထရီကို သုံးပြီး သူတို့ဘေးပတ်လည်က ကမ္ဘာကြီးကို လေ့လာဖို့ ကြိုးစားပါတယ်။ ဒီထဲမှာ ပင်လယ်ပြင်မှာ လမ်းညွှန်တာ၊ အာကာသ အကွာအဝေးတွေ တွက်ချက်တာတွေ ပါပါတယ်။
ကမ္ဘာနဲ့လ၊ ကမ္ဘာနဲ့နေကြားက အကွာအဝေးတွေကိုလည်း အိန္ဒိယ သင်္ချာပညာရှင်တွေ တွက်ချက်ခဲ့ကြပါတယ်။
နောက် သင်္ချာမှာ အရေးကြီးဆုံး ကိန်းဂဏန်းတခုရဲ့ ပဟေဠိကိုလည်း အိန္ဒိယမှာပဲ ဖြေရှင်းခဲ့ပါတယ်။ ဒါက ပိုင် ဖြစ်ပါတယ်။
ပိုင် ဆိုတာ စက်ဝိုင်းတခုရဲ့ အဝန်းနဲ့ အချင်းကြားက အချိုးတန်ဖိုးပါ။
အင်ဂျင်နီယာတွေ၊ ဗိသုကာတွေ အတွက် အထူးအသုံးကျတဲ့ တွက်ချက်မှုတွေမှာ ပိုင် ပါပါတယ်။ အခုံးတွေကို တိုင်းရရင် ပိုင်က အမြဲ လိုနေလို့ ဖြစ်ပါတယ်။
ရာစုနှစ်တွေနဲ့ချီပြီး သင်္ချာသမားတွေက ပိုင်ရဲ့ တန်ဖိုးကို တိတိကျကျ ရဖို့ ကြိုးစားခဲ့ကြပါတယ်။
အေဒီ ၆ ရာစုက အိန္ဒိယ ပညာရှင် အာရဗြတက ပိုင်ရဲ့ တန်ဖိုးကို ၃.၁၄၁၆ လို့ တော်တော်တိတိကျကျ တွက်ချက်နိုင်ခဲ့ပါတယ်။
နောက်ပြီး ကမ္ဘာရဲ့ အဝန်းကိုလည်း ပိုင်ကို သုံးပြီး သူတိုင်းထွာခဲ့ပါတယ်။ ကီလိုမီတာ ၃၉၉၆၈ ပါ။ ဒီကိန်းဂဏန်းက အခုသိထားတဲ့ ၄ဝဝ၇၅ ကီလိုမီတာနဲ့ တော်တော်နီးစပ်ပါတယ်။
နောက်ပြီး ကွဲပြားတဲ့ အပိုင်းကိန်းတွေကို ဖြည့်လိုက်နုတ်လိုက် လုပ်ရင်း ပိုင်ကို သေချာပေါက် တွက်ချက်နိုင်တဲ့ တွက်နည်းတခု ပေါ်နိုင်တယ် ဆိုပြီး အိန္ဒိယက မာထဗက သဘောပေါက်ခဲ့တာပါ။
ဒါပေမဲ့ ဒါကို ၁၇ ရာစုက ဂျာမန် ပညာရှင် ဂေါ်ဖရီ ဗီလ်ဟမ် လိုက်ပနစ်ဇ်က တီထွင်တယ်လို့ပဲ ကမ္ဘာတလွှားက တက္ကသိုလ်အများအပြားမှာ သင်နေကြဆဲ ဖြစ်ပါတယ်။
Ref:https://www.bbc.com/burmese/world-47319611?ocid=socialflow_facebook
No comments:
Post a Comment