Popular Posts!

Wednesday, February 6, 2019

အမေရိကန်နိုင်ငံ၏ သမိုင်းကို ပြောင်းလဲပေးခဲ့တဲ့ ရေကာတာကြီးတစ်ခု


ယနေ့ခေတ်ရဲ့ အာဏာအရှိဆုံးနိုင်ငံအဖြစ်ရပ်တည်နေတဲ့ အမေရိကန်နိုင်ဟာ တစ်ချိန်က အခက်အခဲတွေကို ကျော်လွှားခဲ့ပြီးဖြစ်တာကို လူအများသိကြမှာဖြစ်ပါတယ်။ အခုလိုအင်အားကြီးမားတဲ့ နိုင်ငံ တစ်ခုဖြစ်လာဖို့ အမေရိကန်အစိုးရအဆက်ဆက်ဟာ ကြိုးစားအားထုတ်ခဲ့ရပါတယ်။ ထောက်ပြစရာအချက် တစ်ခုအနေနဲ့ အမေရိကန်အစိုးရဟာ (The Roosevelt New Deal) ကို အမှီပြုခဲ့တာက ၁၉၃၁ မှ ၁၉၃၃ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးအကြပ်အတည်းကို ကျော်လွှားနိုင်စေခဲ့တာပဲဖြစ်ပါတယ်။




လူတွေသတိမထားမိတဲ့ အမေရိကန်ရဲ့ အချက်တစ်ချက်ကတော့ ကြီးမားတဲ့ ရေအားလျှပ်စစ်စခန်းတွေတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီစခန်းတွေထဲမှာမှ Hoover ရေအားလျှပ်စစ်စခန်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ အမေရိကန်သမိုင်းပညာရှင်တွေရဲ့ ယူဆချက်အရ အမေရိကန်ရဲ့ စီးပွားရေးယိုယွင်းဆုတ်ယုတ်လာမှုကို လွတ်မြောက်စေခဲ့တာဟာ Hoover ရေအားလျှပ်စစ်စခန်းက အဓိကကျခဲ့တယ်လို့ ဆိုကြပါတယ်။

ရေအားလျှပ်စစ်စခန်းဆောက်လုပ်ခြင်းတွေဟာ မြေကြီးပေါ်မှာပဲတည်ဆောက်ထားတာဖြစ်တာကြောင့် တိုးတက်မှုနှုန်းကိုလည်း အချိန်မရွေးစစ်ဆေးနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ ဒါအပြင် နိုင်ငံတွင်းအခြေအနေ တည်ငြိမ်ရေး၊ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းနဲ့ အမေရိကန်ရဲ့ စီးပွားရေးအရှိန်မြင့်တက်လာခြင်း တွေဟာ အချိန်အခါကောင်းပဲဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ ၁၉၃၁ ခုနှစ်က အမေရိကန်ရင်ဆိုင်ခဲ့ရတဲ့အခြေအနေနဲ့ အလုံးစုံမတူညီသော်လည်း မတိမ်းမယိမ်းတူညီနေပါတယ်။ ဥပမာ – နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက် စေရန်၊ ကုန်ထုတ်စွမ်းအားမြှင့်တင်စေရန်တို့အတွက် အခြေခံအဆောက်အအုံ တစ်ခုဖြစ်တဲ့ စွမ်းအင်ကဏ္ဍ လိုအပ်ချက်အခက်အခဲကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ “အတိတ်ကအရာတွေကို ပစ္စုန်ပ္ပန်မှာအသုံးချပါ” ဆိုတဲ့ ဆိုရိုးစကားအတိုင်းသမိုင်းထဲက အဖိုးတန်အတွေ့အကြုံတွေကို သင်ယူသင့်ပါတယ်။ ထိုအချက်ကလည်း လူတိုင်းရဲ့ စဉ်းစားတွေးခေါ်မှုအပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတစ်ရပ်ဖြစ်နေဦးမှာပါပဲ။


(Hoover) ရေအားလျှပ်စစ်စခန်းရဲ့ သမိုင်း

အမေရိကန်နိုင်ငံဟာ ၁၉၃၁ ခုနှစ်မှာ ဟူးဗား (Hoover) ရေအားလျှပ်စစ်စီမံကိန်းကို စတင်ခဲ့ပြီး ၁၉၃၅ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်။ အဆိုပါ ရေအားလျှပ်စစ်စခန်းတည်ဆောက်နေစဉ်အချိန်က အမေရိကန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းများအဆိုးရွားဆုံးသော အကြပ်အတည်းနှင့် ရင်ဆိုင်နေရခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းနေရခြင်း၊ အလုပ်လက်မဲ့များပြားလာခြင်းနဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းစု အရပ်ရပ်တို့ ကျဆင်းလာခြင်းစတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရချိန်ပဲဖြစ်ပါတယ်။

ထိုကဲ့သို့ဖြစ်နေချိန်မှာ လူအများဟာ အနောက်တိုင်းရိုးရာစီးပွားရေးပညာရှင်များနဲ့ ခေတ်ပေါ်စီးပွားရေးပညာရှင်တို့ရဲ့ သီအိုရီတို့ကို အခြေခံပြီး “လွတ်လပ်သော စီးပွားရေးသီအိုရီ” အရ မေးခွန်းထုတ်လာခဲ့ကြပြီး စီးပွားရေးတက္ကသိုလ်သမိုင်း “Keynesian တော်လှန်ရေး” ဖြစ်ပေါ်လာခဲ့ပါတယ်။

Keynesian ဝါဒသမားတွေရဲ့ ယူဆချက်အရ “ကြီးမးသော စီးပွားရေးကျဆင်းမှု” မှ လွတ်မြောက်နိုင်ရန်အတွက် အလုပ်လက်မဲ့ပြဿနာဖြေရှင်းခြင်းနဲ့ ကုန်ထုတ်လုပ်မှုမြင့်မားလာရေးတို့က စီးပွားရေးတိုးတက်စေရေးအတွက် အဓိကအချက်ဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတ Edgra Hoover က Keynesian ဝါဒကို သဘောကျခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Edgra Hoover တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ အစိုးရက အခြေခံစက်ကိရိယာထောက်ပံ့ရင်းနှီးပေးခဲ့ပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။ Hoover ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်လိုက်ခြင်းကလည်း ပြည်သူတွေရဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့တဲ့ အရေးပါတဲ့ ကိစ္စရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွက် ဟူးဗား (Hoover) ရေအားလျှပ်စစ်စီမံကိန်းရဲ့ အရေးပါမှုများ

အလုပ်လက်မဲ့ပြဿနာဖြေရှင်းခြင်း

အမေရိကန်သမ္မတ Edgra Hoover ဟာ ၁၉၃၁ ခုနှစ် ၁ လပိုင်းမှာ ရေကာတာတည်ဆောက်ရေးလုပ်ငန်းခွင်ကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရေကာတာတည်ဆောက်ပြီးစီးမယ့် ၁၉၃၁ ခုနှစ်ကနေ ၁၉၃၅ ခုနှစ်ကြားကလဟာ အမေရိကန်စီးပွားရေး ကျဆင်းနေချိန်ဖြစ်ပြီး အလုပ်လက်မဲ့တွေဟာလည်း အဆမတန်များပြားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဟူးဗားရေကာတာတည်ဆောက်မယ်ဆိုတဲ့သတင်းဟာ အလုပ်လက်မဲ့တွေဟာ Moha သဲကန္တာရထဲမှာ တည်ဆောက်သွားမယ့် စီမံကိန်းမှာ ပါဝင်ခွင့်ရဖို့ စောင့်မျှော်တဲ့အထိဖြစ်ခဲ့ပါတယ်။

စီမံကိန်းစတင်ချိန်မှာတော့ အလုပ်လက်မဲ့လူဦးရေ ၅၀၀၀ ခန့်ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ တစ်ရက်ကို အလုပ်ချိန် သုံးချိန်ခွဲအလုပ်လုပ်ခဲ့ကြပြီး အားလပ်ရက်ပွဲတော်တွေကိုတောင် မရှောင်ခဲ့ကြတဲ့အထိ အလုပ်ကြိုးစားခဲ့ကြပါတယ်။ ကနဦးလုပ်ကိုင်နေတဲ့ အလုပ်သမားတွေအပါအဝင် ထပ်တိုးလာတဲ့ အလုပ်သမားတွေကြောင့် အလုပ်သမားဦးရေဟာ ၃၀၀၀၀ ခန့်အထိတိုးပွားလာခဲ့ပြီး အလုပ်လက်မဲ့ ဦးရေဟာလည်း လျော့ကျလာခဲ့ပါတယ်။ အဆိုပါ ရေကာတာတည်ဆောက်ရေးလုပ်ငန်းကို အခြေခံပြီး ထပ်တိုးလာတဲ့ အလုပ်သမားဦးရေဟာ ၅၀၀၀၀ ခန့်အထိ တိုးပွားလာခဲ့တာကြောင့် အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေဟာ အတော်ကလေးလျော့ကျလာခဲ့ပါတယ်။

ပြည်တွင်းစီပွားရေး တိုးတက်လာခြင်းရဲ့ အခြေခံ

အမေရိကန်စက်မှုလုပ်ငန်းတိုးတက်လာခြင်းရဲ့ စွမ်းအားရင်းမြစ်

ဟူးဗားရေအားလျှပ်စစ်စီမံကိန်းပြီးစီးခဲ့ခြင်းက အမေရိကန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းအင်အားတောင့်တင်းစေနိုင်ရေးရဲ့ အခြေခံအချက်ဖြစ်စေခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားကီလိုဝပ်ပေါင်း ၇၀၄၈၀၀ ကို ထုတ်လွှတ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ယနေ့ခေတ် တစ်ကမ္ဘာလုံးမှာအသုံးပြုနေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်မှုရဲ့ အခြေခံလည်းဖြစ်စေခဲ့ပြန်ပါတယ်။ ဟူးဗားရေကာတာကနေ ထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်စီးကြောင်းပမာဏရဲ့ ၅၆ ရာခိုင်နှုန်းကို လော့အိန်ဂျလိစ်နဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းတွေကို စတင်တင်ပို့ပေးနိုင်ခဲ့ပါတယ်။

လာ့စ်ဗီးဂတ်မြို့တော်နဲ့ ဖီးနစ်စ်မြို့တော်တိုကလည်း အမေရိကန်နိုင်ငံရဲ့ တိုးတက်မှုကို လျှင်မြန်စေခဲ့တဲ့ မြို့တော်တွေဖြစ်ခဲ့ပါတယ်။ ထိုအပြင် အမေရိကန်အနောက်ပိုင်းဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရေး၊ အကျိုးစီးပွားဖြစ်ထွန်းရေးနဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တပ်တွေအတွက် လိုအပ်တဲ့ ကုန်စည်ထုတ်လုပ်ပေးနိုင်ခြင်း စတာတွေဟာ အမေရိကန်ရဲ့အကြီးမားဆုံးသော အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။

စိုက်ပျိုးရေးအတွက် ဆည်ရေပေးသွင်းခြင်း

ဟူးဗားရေကာတာတည်ဆောက်ပြီးစီးချိန်မှာ ကယ်လီဖိုးနီးယားနဲ့ အရီဇိုးနားသဲကန္တာရထဲက လယ်ယာမြေ ၇၀၀၀၀၀ ဟတ်တာအတွက် ဆည်ရေပေးသွင်းပေးနိုင်ခဲ့တာကြောင့် ဝါဂွမ်းနဲ့ လိမ္မော်ထုတ်ကုန်တွေ ထုတ်လုပ်မှုကို မြင့်မားလာစေခဲ့ပါတယ်။ တစ်ပြိုင်တည်းဆိုသလို အဆိုပါဒေသရဲ့ လယ်ယာထွက်ပစ္စည်းတွေရဲ့ တန်ဖိုးကို နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၀၀၀, ၀၀၀, ၀၀၀) အထက်ရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပြန်ပါတယ်။

အမေရိကန်အနောက်ပိုင်းဒေသအတွက် အောင်မြင်တဲ့ လုပ်ရပ်

၁၉၃၅ ခုနှစ်မှာ ရေကာတာဆောက်လုပ်ပြီးစီးချိန်နဲ့ မျက်မှောက်ခေတ်စီးပွားရေး လုပ်ငန်းတွေအောင်မြင်စပြုရန် အစပျိုးနေချိန်ဖြစ်တာကြောင့် အမေရိကန်နိုင်ငံအနောက်ပိုင်းဒေသဟာ အောင်မြင်တဲ့ခြေလှမ်းတစ်ရပ်ကို ပိုင်ဆိုင်လိုက်တာပဲဖြစ်ပါတယ်။

ဟူးဗားရေကာတာတည်ဆောက်လိုက်ခြင်းက အမေရိကန်နိုင်ငံ အနောက်ပိုင်းဒေသရဲ့ မြို့တော် လာ့စ်ဗီးဂတ်အတွက်တော့ ဖွံ့ဖြိုးတိုးတက်ရန် အစပျိုးလိုက်ခြင်းပဲဖြစ်ပါတယ်။ ယခင်က မြေလွတ်၊ မြေရိုင်းတွေနဲ့ လူနေထိုင်မှုမရှိခဲ့တဲ့ ဒေသဟာ ဟူးဗားရေကာတာတည်ဆောက်ပြီးစီးချိန်မှာတော့ အလုပ်သမားအများစု နေထိုင်ရာဒေသတစ်ခုဖြစ်လာခဲ့ပြီး လာ့စ်ဗီးဂတ်မြို့တော်တည်ထောင်မှုရဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ သဲကန္တရနဲ့ နီးကပ်ပြီး အလုပ်အကိုင်အတွက် အနောက်ပိုင်းဒေသကိုသွားလာခွင့် တောင်းဆိုလာမှုတွေကလည်း အနောက်ပိုင်းဒေသကို ရေအားလျှပ်စစ်သာမက လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးကိုပါ ကောင်းမွန်လာစေခဲ့တဲ့ အခြေခံအဆောက်အအုံ တစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကော်လိုရာဒိုမြစ် (Colorado River) အရပ်မှာ ရေလွှမ်းမိုးမှုကို လျော့ချနိုင်ခြင်း

ရေကာတာတည်ဆောက်ပြီးချိန်မှာ ကော်လိုရာဒိုမြစ်ရဲ့ ရေလွှမ်းမိုးမှုဘေးအန္တရာယ်ကို လျော့ချလာ နိုင်ခဲ့တာနဲ့အတူ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ဟာလည်း လျော့နည်းလာခဲ့ပါတယ်။ ဟူးဗားရေ လှောင်ကန် တည်ဆောက်ထားတဲ့ (Meda Lake) လှောင်ကန်အတွင်းမှာ ဝင်ဆန့်နိုင်တဲ့ ရေထုတည် ပမာဏဟာ ၁၉.၆ ဘီလီယံကုဗမီတာဖြစ်ပြီး ရေလွှမ်းမိုးလာနိုင်ချေကို ကာကွယ်ပေးနိုင်တဲ့ ဝင်ဆန့်ပမာဏဟာ ၁၁.၇ ဘီလီယံ ကုဗမီတာဖြစ်ပါတယ်။

အဆိုပါထုထည်ပမာဏဟာ ရေစီးဆင်းနိုင်မှုအခြေအနေကို အကောင်းဆုံးထိန်းချုပ်ပေးထားနိုင်ပါ တယ်။ မြစ်တွင်းက ရေတွေဟာ ရေကာတာတွင်းကို စီးဆင်းလာမှုကလည်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်ရာရောက်ခဲ့ပါတယ်။ ကော်လိုရာဒိုမြစ်ရဲ့ ရေစီးဆင်းမှုနှုန်းဟာ တစ်စက္ကန့်အတွင်းမှာ ၅၆၇၀ ကုဗမီတာအတွင်းမှာရှိနေပြီး ရေကာတာရဲ့ လျော့ချနိုင်မှုပမာဏဟာ တစ်စက္ကန့်အတွင်းမှာ ၁၁၃၀ ကုဗမီတာအထိ ရောက်လာခဲ့ပါတယ်။

ရေတက်ရေကျကြီးမားစေနိုင်တဲ့ တစ်စက္ကန့် ရေစီးနှုန်း ၈၅၀၀ ကုဗမီတာကနေ တစ်စက္ကန့် ၂၁၂၀ ကုဗမီတာအထိလျော့ချနိုင်ပြန်ပါတယ်။ ဥပမာအားဖြင့် ၁၉၄၁၊ ၁၉၅၂၊ ၁၉၅၈ ခုနှစ်တွေမှာ ရေလွှမ်းမိုးမှုအတွက် ရေစီးဆင်းနှုန်းဟာ တစ်စက္ကန့်ကို ၂၉၁၀ မှ ၃၄၅၀ ကုဗမီတာအထိရှိခဲ့ပါတယ်။ ရေလွှမ်းမိုးကို ပြန်လည်ထိန်းညှိလျော့ချခဲ့ပြီးတဲ့နောက်မှာတော့ မြစ်အတွင်း ရေစီးဆင်းမှုနှုန်းဟာ တစ်စက္ကန့်ကို ၁၀၀၀ ကုဗမီတာအောက်ကို ရောက်လာခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ မိုးခေါင်တဲ့နှစ်ဖြစ်ခဲ့ပြီး ရေထုတ်လွှတ်မှုရဲ့ အဓိကပင်ရင်းနေရာဟာ ဟူးဗားရေလှောင်ကန်ဖြစ်လာခဲ့ပါတယ်။

ပြည်သူလူထုကိုယ်တိုင် ယုံကြည်မှုရှိလာခြင်း

ဟူးဗားရေကာတာတည်ဆောက်ပြီးချိန်မှာတော့ အမေရိကန်လူမျိုးတွေဟာ အားတက်သရောဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဟာလည်း မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်လူမျိုးတွေဟာ အဲဒီနောက်ပိုင်းမှာ ပိုမိုစုစည်းလာနိုင်တာဟာလည်း အင်အားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဟူးဗားရေကာတာရဲ့ အမြင့်ဟာ ၂၂၁.၃ မီတာရှိပြီး ထိုစဉ်အချိန်က အမြင့်ဆုံးရေကာတာပဲဖြစ်ပါတယ်။

၂၀ ရာစုဝန်းကျင်မှာ အမေရိကန်လူမျိုးတွေရဲ့ အနောက်တိုင်းသိပ္ပံပညာနဲ့ နည်းပညာသမိုင်းရဲ့ သြဇာအရှိဆုံးသော လုပ်ရပ်အဖြစ် ဒီရေကာတာတည်ဆောက်မှုက သက်သေပြခဲ့ရာရောက်ပါတယ်။ ဒီရေကာတာဟာ စွမ်းဆောင်ရည်အရှိဆုံးနဲ့ လုပ်ရဲကိုင်ရဲသတ္တိတွေကို ထုတ်ဖော်ရာရောက်ခဲ့ပါတယ်။ အမေရိကန်လူမျိုးတွေဟာ စိတ်အားထက်သန်မှုနဲ့ တက်ကြွတဲ့ လုပ်ဆောင်နိုင်မှုတွေဒွန်တွဲလာခဲ့ပြီး စီးပွားရောကဏ္ဍ တည်ဆောက်ရေးမှာပါဝင်နိုင်မယ်လို့ စွဲထင်လာကြပါတယ်။

အမေရိကန်လူမျိုးတွေဟာ ထက်မြက်လာခဲ့ပြီး နိုင်ငံ့စီးပွားရေးတည်ဆောက်မှုလုပ်ငန်းတွေမှာ ယုံယုံကြည်ကြည်ရင်းနှီးမြှုပ်နှံလာကြပါတယ်။ အဲဒီလို အမေရိကန်နိုင်ငံရဲ့ စီးပွားရေးမြင့်တက်လာမှုနဲ့ အနောက်ပိုင်းဒေသတိုးတက်ပြောင်းလဲမှုတွေကလည်း အမေရိကန်လူမျိုးတွေရဲ့ ယုံကြည်မှုကို ခိုင်မာစေခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ၁၉၄၁ ခုနှစ် ၁၂ လပိုင်းမှာတော့ အမေရိကန်ဟာ ဂျပန်နိုင်ငံကို သွယ်ဝိုင်တဲ့နည်းနဲ့ စစ်ကြေညာခဲ့တာကြောင့် ဒုတိယကမ္ဘာစစ်ကြီးမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။

အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းကို တည်တံ့ခိုင်မာစေခြင်း

၁၉၃၅ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ တာဝန်လွှဲပြောင်းရယူခဲ့တဲ့ အမေရိကန်သမ္မတ Theodore Roosevelt က ရေကာတာကြီးကို အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ သူဟာ အမေရိကန်အုပ်ချုပ်ရေးမှာ ၁၂ နှစ်တိတိ ၊ လေးကြိမ်ဆက်ရွေးကောက်တင်မြှောက်ခံခဲ့ရသူအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ Theodore Roosevelt ဟာ အစိုးရသက်တမ်း ၁၂ ရရှိခဲ့တာကြောင့် အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုစနစ်တရားစီရင်မှုနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ခဲ့ပြီး အောင်မြင်မှုလည်းရရှိခဲ့ပါတယ်။ ဒါအပြင် ဒုတိယကမ္ဘာစစ်ကြီးကို အောင်မြင်ခဲ့ခြင်းကလည်း အမေရိကန်ကိုတစ်ကမ္ဘာလုံးမှာ အင်အားအတောင့်တင်းဆုံး နိုင်ငံတစ်ခုဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

ဟူးဗားရေအားလျှပ်စစ်စခန်းတည်ဆောက်ခဲ့ခြင်းက အမေရိကန်အနောက်ပိုင်းဒေသက သတ္တုတူးဖော်ခြင်း လုပ်ငန်းစဉ်တွေအတွက် လျှပ်စစ်ဓာတ်အားကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အဆိုပါဒေသမှာ သတ္တုကျောက် တူးဖော်ခြင်း လုပ်ငန်း၊ ကျိုချက်တဲ့ လုပ်ငန်း၊ ရထားလမ်းတည်ဆောက်တဲ့ လုပ်ငန်း၊ ကြေးနန်းသတင်းနှင့် စက်မှုလုပ်ငန်းစတဲ့ကဏ္ဍရပ်တွေကိုလည်း တိုးတက်လာစေခဲ့ပါတယ်။ ထို့နောက် အဆိုပါဒေသမှာပဲ အာကာသဆိုင်ရာ လေကြောင်းသွားလာရေး၊ လေယာဉ်ဖန်တီးထုတ်လုပ်ခြင်း၊ အီလက်ထရွန်နစ်စတဲ့အခြေခံအုပ်မြစ်တွေကို ချမှတ်နိုင်ခဲ့ပြီး စက်မှုလုပ်ငန်းတွေကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နှစ် ၇၀ အတွင်းမှာ အရီဇိုးနားပြည်နယ်ဟာ ကမ္ဘာ့အမြန်ဆုံး အာကာသပျံသန်းမှုလုပ်ငန်းရဲ့ အရေးပါတဲ့ အချက်အချာမြို့တော်ဖြစ်လာခဲ့ပါတယ်။

အရီဇိုးနားပြည်နယ် Tucson မြို့အနီးမှာ ရှိတဲ့ “ အာကာသဆိုင်ရာလေကြောင်းသွားလာရေး ထိန်းသိမ်းကာကွယ်ရေးနဲ့ ရှိရင်းစွဲအတိုင်းပြန်ဖြစ်လာခြင်းအချက်အချာ” နေရာဟာ ကမ္ဘာ့အကြီးဆုံး ပစ်ပယ်ထားတဲ့ လေယာဉ်ဟောင်းတွေကို ထပ်မံပြုပြင်အသုံးပြုတဲ့ အခြေခံနေရာဖြစ်လာပါတယ်။

ယခုလက်ရှိမြန်မာနိုင်ငံရဲ့ အခြေခံစက်မှုလုပ်ငန်းမှာလည်း အားနည်းလျက်ရှိပါတယ်။ ရေအားလျှပ်စစ်တည်ဆောက်ရေး လုပ်ငန်းရပ်ကနေပြီး ပြည်တွင်းမှာ အခြေခံစက်မှုလုပ်ငန်းကို ခိုင်မာစေတဲ့ “စွမ်းအားဇစ်မြစ်” ထောက်ပံ့ပေးရန် လုပ်ဆောင်သင့်ပါတယ်။ ထို့အပြင် သတ္တုတွင်းထွက်သယံဇာတများကို အမှီပြုပြီး အခြေခံစက်မှုလုပ်ငန်း တိုးတက်နိုင်ရေးလုပ်ဆောင်နိုင်မှုနဲ့အတူ လုပ်ငန်းခွင်ဖန်တီးနိုင်ခြင်း၊ အချောကိုင်လုပ်ငန်း၊ ကျိုချက်ခြင်း လုပ်ငန်းဆိုတဲ့ အဆင့်တွေကိုပါ တိုးချဲ့သွားနိုင်မှာဖြစ်ပါတယ်။

အကြီးစား ရေအားလျှပ်စစ်ထုတ်လုပ်မှု တည်ဆောက်ရေးလုပ်ငန်းခွင်အတွက် လုပ်သားအများအပြားလိုအပ်ပါတယ်။ လိုအပ်ချက်မြင့်မားတဲ့ လုပ်သားတွေရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်မားရန် မလိုအပ်ပေ။ ဟူးဗားရေကာတာတည်ဆောက်ခြင်းလုပ်ငန်းတွင် လုပ်သားပေါင်း ၈၀၀၀၀ ခန့်အလုပ်ရရှိခဲ့ပါတယ်။ ဒါအပြင် ဒေသအသီးသီးရဲ့ အကျိုးစီးပွားကိုလည်း တိုးချဲ့ပေးနိုင်တာကြောင့် အနောက်ပိုင်းအရပ်မှာတဲ့ လာ့စ်ဗီးဂတ်မြို့နဲ့ ဖီးနစ်စ်မြို့တွေဟာ အောင်မြင်တဲ့ မြို့တော်တွေဖြစ်လာခဲ့ပါတယ်။ အမေရိကန်ဟာ အနောက်ပိုင်းဒေသရဲ့ အကျိုးစီးပွားဖြစ်ထွန်းနိုင်မှုကို မဟာဗျူဟာတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း အမေရိကန်လို သယံဇာတအရင်းအမြစ် ပေါကြွယ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်လို ရေအားစွမ်းအင်ကို အသုံးချနိုင်ခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံကဲ့သို့ စက်မှုနိုင်ငံ၊ သိပ္ပံပညာဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

CREDIT – MYANMARPLATFORM :https://www.xyznews.co/archives/6956

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!