Popular Posts!

Saturday, February 9, 2019

ေကြတာလန္းနဲ႕ ဆီဥေၾကာ္၊ ျမန္မာျပည္က တ႐ုတ္အစားအေသာက္မ်ား

ေကြတာလန္းနဲ႕ ဆီဥေၾကာ္၊ ျမန္မာျပည္က တ႐ုတ္အစားအေသာက္မ်ား


ဘိုဘို 6 ေဖေဖာ္ဝါရီ 2019


burmaဓာတ္ပုံ မူပိုင္MAJORITY WORLD


မႏၲေလးက တ႐ုတ္ညေစ်းတန္း


နယ္နိမိတ္ခ်င္းဆက္ေနတဲ့ တ႐ုတ္ျပည္နဲ႕ ျမန္မာမွာ ယဥ္ေက်းမႈ ကူးလူးဆက္ႏြယ္တာေတြ ရွိပါတယ္။ အထူးသျဖင့္ စားဓေလ့မွာ ကမာၻေက်ာ္တဲ့ တ႐ုတ္စာကို ျမန္မာျပည္မွာလည္း ႏွစ္ၿခိဳက္စြာ စားသုံးၾကတဲ့အတြက္ ျမန္မာပုံစံ တ႐ုတ္စာအျဖစ္ တြင္က်ယ္ေနၿပီ ျဖစ္ပါတယ္။

ဒီအစားအေသာက္ေတြကို ျမန္မာနာမည္ေတြ မွည့္ေခၚထားတဲ့အတြက္ တ႐ုတ္စာမွန္း မသိၾကေတာ့တာလည္း ရွိပါတယ္။ တ႐ုတ္စားပြဲ႐ုံေတြမွာ ရတဲ့ ကုန္းေဘာင္ႀကီးေၾကာ္၊ ေတာက္ေတာက္ေၾကာ္၊ အစိမ္းေၾကာ္၊ ခ်ိဳခ်ဥ္ေၾကာ္ စတဲ့ ဟင္းလ်ာ ေတြဟာ တ႐ုတ္ဟင္းလ်ာေတြကို ျမန္မာလို မွည့္ေခၚထားတာ ျဖစ္ပါတယ္။


chinaဓာတ္ပုံ မူပိုင္SOUTH CHINA MORNING POST


ကမာၻသိတဲ့ ကုန္းေဘာင္ႀကီးေၾကာ္


ေကာင္ပိုလို႔ ေခၚတဲ့ အသားလုံးနဲ႕ င႐ုတ္သီးေျမပဲေၾကာ္ကို ကုန္းေဘာင္ႀကီးေၾကာ္ဆိုၿပီး ျမန္မာမႈျပဳခဲ့ၾကပါတယ္။ ဒီဟင္းလ်ာကို တ႐ုတ္ျပည္အေနာက္ပိုင္း ဇီခြၽမ္နယ္မွာ ဘုရင္ခံ လုပ္သြားတဲ့ နန္းတြင္းအရာရွိတေယာက္က တီထြင္တယ္လို႔ ယူဆၾကၿပီး သူ႕ရဲ႕ ဘြဲ႕နာမည္ကို အစြဲျပဳၿပီး ေကာင္ပိုလို႔ ေခၚတာ ဆိုပါတယ္။ ျမန္မာလိုက နန္းေတာ္ေစာင့္လို႔ အဓိပၸာယ္ရပါတယ္။ ဒီလို ပေဒသရာဇ္ဆန္တဲ့ နာမည္ေၾကာင့္ တ႐ုတ္ျပည္ ယဥ္ေက်းမႈေတာ္လွန္ေရးကာလမွာ ေဟာင္ပိုလို႔ ေျပာင္းေခၚခဲ့ၾကၿပီး တိန့္ေရွာင္ဖိန္ေခတ္မွာ ျပန္ၿပီး မူလအမည္ကို ေခၚတယ္လို႔ ဆိုပါတယ္။

ျမန္မာတ႐ုတ္ ေဆြမ်ိဳးေပါက္ေဖာ္မ်ား

မႏၲေလးဘက္မွာ စားၾကတဲ့ စဥေၾကာ္ေခၚ ဆီဥေၾကာ္ဟာလည္း ယူနန္နယ္မွာ စားေလ့ရွိတဲ့ ဝက္သားကို ႏုတ္ႏုတ္စင္းၿပီး အေမႊးအႀကိဳင္မ်ားနဲ႕ နယ္ကာ ဂ်ဳံအုပ္ေၾကာ္တဲ့ စားစရာ ျဖစ္ပါတယ္။ စဥေၾကာ္ကို အညာမွာ ၿမီးေရွထဲထည့္ညွပ္ စားေလ့ရွိပါတယ္။ စဥေၾကာ္ဟာ ျမန္မာဘုရင္ေတြ ရွိကတည္းက နန္းတြင္းမွာ စားေလ့ရွိတဲ့ တ႐ုတ္အစားအစာ ျဖစ္နိုင္တယ္လို႔ လူထုေဒၚအမာက တ႐ုတ္ျပည္ အခ်က္အျပဳတ္သင္ေက်ာင္းကို သြားတဲ့မွတ္တမ္းမွာ ေရးသားခဲ့ပါတယ္။


burmaဓာတ္ပုံ မူပိုင္GODONG


အာရွတလႊား ႏွစ္သက္သူမ်ားတဲ့ ေခါက္ဆြဲေၾကာ္


ေခါက္ဆြဲ

ျမန္မာျပည္က တ႐ုတ္ဟင္းလ်ာေတြထဲမွာ လူသိအမ်ားဆုံးက ေခါက္ဆြဲေၾကာ္ ၾကာဆံေၾကာ္နဲ႕ ေပါက္စီ၊ အီၾကာေကြး စတဲ့ လက္ဖက္ရည္ဆိုင္ေတြမွာ ေရာင္းတဲ့ မုန့္ေတြ ျဖစ္ပါတယ္။ ေခါက္ဆြဲေၾကာ္ကေတာ့ တကမာၻလုံး လူႀကိဳက္မ်ားတဲ့ ဟင္းလ်ာျဖစ္ၿပီး ျမန္မာျပည္မွာလည္း ေဒသအလိုက္ မ်ိဳးစုံခ်က္ျပဳတ္ၾကပါတယ္။ ဗမာေခါက္ဆြဲ၊ ပန္းေသးေခါက္ဆြဲ၊ တ႐ုတ္ေခါက္ဆြဲ စတဲ့ ေခါက္ဆြဲေၾကာ္နည္း အမ်ိဳးမ်ိဳး ရွိသလို ေခါက္ဆြဲျပဳတ္၊ ေခါက္ဆြဲသုပ္ စသျဖင့္ ေခါက္ဆြဲကို ခ်က္ျပဳတ္စားေသာက္နည္းေတြလည္း စုံပါတယ္။ စင္စစ္ ေခါက္ဆြဲဆိုတဲ့ အမည္ကိုက ျမန္မာစကားလုံးျဖစ္ေနၿပီး ထိုင္းရွမ္းဘာသာ ဆန္ထမင္းဆိုတဲ့ စကား ေခါက္ကလာတယ္လို႔ ယူဆၾကပါတယ္။ ေခါပုတ္၊ ေခါစီ၊ ေခါျပင္ စတဲ့ ရွမ္းမုန့္ေတြဟာလည္း ဆန္ကို ျပဳျပင္ထားတဲ့ မုန့္ေတြ ျဖစ္ၾကပါတယ္။


thaiဓာတ္ပုံ မူပိုင္MELINA MARA


ထိုင္းက ေခါက္ဆြိုင္ေခၚ အမဲသားအုန္းနို႔ေခါက္ဆြဲ


ဒါေၾကာင့္ ျမန္မာျပည္မွာ အုန္းနို႔ေခါက္ဆြဲေခၚတဲ့ စားစရာကို ေခါက္ဆြိုင္ဆိုၿပီး ထိုင္းနိုင္ငံေျမာက္ပိုင္းမွာ စားသုံးၾကပါတယ္။ ဒီေခါက္ဆြဲက တ႐ုတ္ျပည္ ယူနန္နယ္က ေ႐ႊ႕ေျပာင္းလာသူေတြဆီက လာတယ္လို႔လည္း ဆိုပါတယ္။ ဒုတိယကမာၻစစ္အတြင္း ျမန္မာျပည္က ေ႐ႊ႕ေျပာင္းလာတဲ့ အိႏၵိယႏြယ္ဖြားေတြ ျပဳလုပ္ေရာင္းခ်လိဳ႕ အိႏၵိယမွာလည္း ေခါက္ဆြဲကို ေခါက္ဆြဲလို႔ ေခၚၾကတယ္လို႔ သိရပါတယ္။


chinaဓာတ္ပုံ မူပိုင္SOUTH CHINA MORNING POST


ၿမီးေရွနဲ႕ သ႑ာန္တူတဲ့ ယူနန္က တံတားကူးေခါက္ဆြဲ


ယူနန္က လာတဲ့ ေနာက္ထပ္ ေခါက္ဆြဲတမ်ိဳးကေတာ့ တံတားကူးေခါက္ဆြဲေခၚ မီရွန္ေခါက္ဆြဲပါ။ ျမန္မာနိုင္ငံအထက္ပိုင္း ဗန္းေမာ္၊ မိုးကုတ္ စတဲ့ ေနရာေတြနဲ႕ မႏၲေလး၊ မုံ႐ြာဘက္မွာ ျပဳျပင္ စားသုံးေနၾကလို႔ ၿမီးေရွလို႔ လူႀကိဳက္မ်ားပါတယ္။ မူလယူနန္ပုံစံ ၿမီးေရွေခါက္ဆြဲျပဳတ္ကိုေတာ့ မိုင္းသာၿမီးေရွ၊ ေျမအိုးၿမီးေရွ အျဖစ္ လူသိမ်ားပါတယ္။ ျမန္မာျပည္က ၿမီးေရွကို တ႐ုတ္ၿမီးေရွနဲ႕ ျမန္မာၿမီးေရွဆိုၿပီးလည္း ခြဲျခား ေခၚၾကပါတယ္။ အခ်ဥ္အစပ္မ်ားတဲ့ ၿမီးေရွကို ျမန္မာၿမီးေရွ၊ အျဖဴထည္ ၿမီးေရွကိုေတာ့ တ႐ုတ္ၿမီးေရွ ေခၚပါတယ္။


burmaဓာတ္ပုံ မူပိုင္JERRY REDFERN


လြယ္ေမြက ရွမ္းေခါက္ဆြဲ


ကခ်င္နဲ႕ ရွမ္းျပည္ဘက္မွာ စားၾကတဲ့ ရွမ္းေခါက္ဆြဲဟာလည္း ယူနန္နယ္ဘက္က ရွမ္းေခါက္ဆြဲေတြက ဆင္းသက္တယ္လို႔ ဆိုပါတယ္။ မူလ ခရမ္းခ်ဥ္သီးအႏွစ္ ငါးေျခာက္နဲ႕ ခ်က္တဲ့ ရွမ္းေခါက္ဆြဲကို ေနာက္ပိုင္းမွာ ဝက္သား ၾကက္သားစင္းၿပီး ထည့္ခ်က္ၾကပါတယ္။


malaysiaဓာတ္ပုံ မူပိုင္ULLSTEIN BILD DTL.


ပီနန္က ေခါက္ဆြဲဖို


မေလးရွား ပီနန္ဘက္ကေနၿပီး ျမန္မာျပည္ကို ေရလမ္းက ဝင္လာတဲ့ ေခါက္ဆြဲေတြထဲမွာ ေၾကးအိုး၊ ေကာ္ရည္၊ ကတ္ေၾကးကိုက္ စတဲ့ ေခါက္ဆြဲေတြပါပါတယ္။ ေၾကးအိုးဟာ ဘီဟြန္လို႔ ေခၚတဲ့ ၾကာဆံျပဳတ္ကလာတယ္ ဆိုသလို ထိုင္းလို ေကြတီယိုေခၚ ေခါက္ဆြဲနဲ႕ ဆင္တယ္လို႔လည္း ေျပာၾကပါတယ္။ ၁၉၆၈ က ရန္ကုန္မွာ ဖြင့္တဲ့ ေၾကးအိုးဘုရင္ဆိုင္ဟာ ျမန္မာျပည္ရဲ႕ ပထမဆုံးေၾကးအိုးဆိုင္လို႔လည္း ဆိုပါတယ္။


ႏွစ္၅၀ ျပည့္ တ႐ုတ္ ျမန္မာ အေရးအခင္း


thaiဓာတ္ပုံ မူပိုင္THE WASHINGTON POST


ကမာၻေက်ာ္ ပတ္ထိုင္းေခါက္ဆြဲ


ကတ္ေၾကးကိုက္ေခၚတဲ့ ၿမိတ္ေခါက္ဆြဲေၾကာ္ကေတာ့ ထိုင္းနဲ႕ မေလးရွားမွာ ရွိတဲ့ ပတ္ထိုင္းေခါက္ဆြဲ၊ ခ်ာေကြတီယို စတဲ့ ဆန္ျပားေၾကာ္ေတြနဲ႕ နီးစပ္ၿပီး ကမ္းရိုးတန္းမွာ ကုန္သြယ္သြားလာၾကတဲ့ တ႐ုတ္လူမ်ိဳးေတြရဲ႕ အစားအေသာက္ ျဖစ္ပါတယ္။ ကတ္ေၾကးကိုက္ရဲ႕ ထူးျခားခ်က္ကေတာ့ ပဲျပဳတ္ပါတာပါ။ ဒီဆန္ျပားေၾကာ္ဟာ တ႐ုတ္ျပည္ေတာင္ပိုင္း ဂြမ္ေဒါင္းနယ္က ေတအိုခ်ဴးတ႐ုတ္လူမ်ိဳးေတြရဲ႕ အစာျဖစ္ၿပီး သူတို႔ေ႐ႊ႕ေျပာင္းသြားတဲ့ ေတာင္ပိုင္းနိုင္ငံေတြမွာ ေရာက္ရွိသြားတာ ျဖစ္ပါတယ္။


ကိုရီးယားမွာ နာမည္ႀကီးတဲ့ ေခါက္ဆြဲေအး

thaiဓာတ္ပုံ မူပိုင္WIKICOMMON


ထိုင္းမုန့္ဟင္းခါးေခၚ ခႏုံက်င္


ေကာ္ရည္ေခါက္ဆြဲကေတာ့ အရည္ပ်စ္ပ်စ္ တ႐ုတ္ေခါက္ဆြဲ တမ်ိဳးက လာပုံရၿပီး ငါးပိေထာင္းနဲ႕ တြဲစားတဲ့ဓေလ့ကို ျမန္မာျပည္က ရပုံေပၚပါတယ္။ ၾကာဆံဟင္းခါးေခၚ ၾကာဆံဟင္းရည္ကလည္း ၾကာဆံနဲ႕ မွိုေျခာက္ျပဳတ္ကို အေျခခံတဲ့ တ႐ုတ္ေခါက္ဆြဲပုံစံမ်ိဳးက ဆင္းသက္ပုံရပါတယ္။ မုန့္ဟင္းခါးကိုေတာ့ ထိုင္းနိုင္ငံမွာ ခႏုံက်င္လို႔ ေခၚၿပီး မြန္က ဆင္းသက္တဲ့ ေဝါဟာရလို႔ ဆိုသလို က်င္ရဲ႕ဆိုလိုရင္းက တ႐ုတ္ကို ၫႊန္းတာလို႔လည္း သိရပါတယ္။ မုန့္ဟင္းခါးနဲ႕ ဆင္တဲ့ ငါးဆန္ေခါက္ဆြဲျပဳတ္မ်ိဳးစုံကိုေတာ့ အေရွ႕ေတာင္အာရွမွာ စားသုံးၾကတာ ေတြ႕ရပါတယ္။


တတိယေခတ္ တ႐ုတ္-ျမန္မာ ဆက္ဆံေရး အမ်ားမသိတဲ့အခ်က္ေတြ

ဆီခ်က္ေခါက္ဆြဲေခၚ ဂ်ဳံေခါက္ဆြဲတမ်ိဳးကိုလည္း ထိုင္းနဲ႕တျခား အေရွ႕ေတာင္အာရွ နိုင္ငံေတြမွာ ေတြ႕ရၿပီး ျမဴစြမ္ေခၚ ေခါက္ဆြဲမွ်င္ကိုလည္း ျမန္မာျပည္မွာ စားသုံးၾကပါတယ္။ ဖက္ထုပ္ကိုလည္း အေၾကာ္အေပါင္း ဆီခ်က္ပုံစံေတြနဲ႕ စားသုံးၾကပါတယ္။


burmaဓာတ္ပုံ မူပိုင္GETTY IMAGES


ဘီးမုန့္ေခၚ အသားအစာသြပ္မုန့္


တ႐ုတ္မုန့္မ်ား

တ႐ုတ္လက္ဖက္ရည္ဆိုင္ေတြမွာ ေရာင္းခ်တဲ့ေပါက္စီနဲ႕ အီၾကာေကြး၊ အန္စာမုန့္စတဲ့ မုန့္ေတြကို လူသိမ်ားပါတယ္။

burmaဓာတ္ပုံ မူပိုင္TESSA BUNNEY



ယုခ်ာေကြးေခၚ အီၾကာေကြး


အီၾကာေကြးကို ျမန္မာျပည္မွာ လူႀကိဳက္မ်ားလို႔ စာေရးဆရာနာမည္ေတာင္ ရွိခဲ့ပါတယ္။ အီၾကာေကြးကို ပဲ၊ မလိုင္နဲ႕စားတာ၊ အစာသြပ္တာေတြလည္း ရွိပါတယ္။


baoziဓာတ္ပုံ မူပိုင္SAM YEH


ဝက္ႏွစ္အတြက္ ဝက္႐ုပ္ေပါက္စီ

ေပါက္စီကိုေတာ့ ဝက္သား၊ ၾကက္သားအျပင္ အုန္း၊ ပဲစတဲ့ အခ်ိဳေပါက္စီေတြ စားၾကတဲ့အျပင္ မလိုင္ေပါက္စီဆိုၿပီး မႏၲေလးၿမိဳ႕ အိမ္ေတာ္ရာဘုရားမွာ ေရာင္းခ်စားေသာက္ပါတယ္။

လမုန့္ကို တ႐ုတ္ပြဲေတာ္ေတြမွာ စားတာအျပင္ ဧလမုန့္အျဖစ္ ေရာင္းခ်တာကိုလည္း မႏၲေလးဘက္ကစ ခဲ့ပါတယ္။


manilaဓာတ္ပုံ မူပိုင္NURPHOTO


တီေက့ေခၚ အီေကြးမုန့္ကို ဖိလစ္ပိုင္မွာလည္းေရာင္းခ်


တ႐ုတ္ႏွစ္ကူးမုန့္အျဖစ္ စားၾကတဲ့ အီေကြးေခၚ တီေက့မုန့္အခ်ိဳေတြကိုေတာ့ တ႐ုတ္ျပည္ ျပင္ဘက္က အေရွ႕အာရွနိုင္ငံေတြမွာ စားၾကတာကို ေတြ႕ရပါတယ္။ ပိန္းဥမုန့္နဲ႕ ဖ႐ုံသီးမုန့္၊ အန္ကူးမုန့္ေတြကိုလည္း အာရွတလႊားမွာလိုပဲ ျမန္မာျပည္က တ႐ုတ္ ႏွစ္ကူးမွာ စားၾကပါတယ္။ ဒင္ဆမ္းေခၚ အသားေပါင္းစုံ ျမန္မာျပည္မွာ ေခတ္စားလာတာကိုလည္း ၂ဝဝဝ ျပည့္ႏွစ္ေနာက္ပိုင္းမွာ ေတြ႕ရပါတယ္။

အထပ္မုန့္၊ ေကြတာလန္း၊ ေကြပင္ကား၊ ေကြလာေပးစတဲ့ မေလးရွားဘက္က ပသ်ႉးတ႐ုတ္ ေက်ာက္ေက်ာနဲ႕ မုန့္အခ်ိဳေတြကိုလည္း ရန္ကုန္၊ ၿမိတ္စတဲ့ ေအာက္ပိုင္းက ၿမိဳ႕ေတြမွာ စားၾကပါတယ္။


တိုဟူး

burmaဓာတ္ပုံ မူပိုင္TESSA BUNNEY


အင္းေလးက တိုဟူး

တ႐ုတ္တိုဟူးကို ပဲပိစပ္နဲ႕လုပ္ေပမယ့္ ျမန္မာတိုဟူးကိုေတာ့ ကုလားပဲမႈန့္နဲ႕လုပ္လို႔ အေရာင္နဲ႕ အရသာ ကြာျခားပါတယ္။ ရွမ္းျပည္မွာ စားေတာ္ပဲနဲ႕ လုပ္တဲ့ တိုဟူးကို ရွမ္းတိုဟူးေခၚၿပီး ဆန္တိုဖူး၊ ဝမ္တိုဖူး၊ တိုဖူးေႏြး၊ တိုဟူးေျခာက္ စသျဖင့္ ျပဳလုပ္စားသုံးၾကပါတယ္။ ဆီတိုဟူးေခၚ တိုဟူးအခ်ဥ္ကိုလည္း ရွမ္းျပည္နဲ႕ ကခ်င္၊စစ္ကိုင္းတိုင္းေျမာက္ပိုင္းေတြမွာ စားေလ့ရွိပါတယ္။


burmaဓာတ္ပုံ မူပိုင္THAN HTAY MAUNG


ဝက္သားတုတ္ထိုးကို အေစာဆုံးေဖာ္ျပတဲ့ ကာတြန္း

ဝက္သားတုတ္ထိုးကို စစ္ၿပီးမွ ျမန္မာျပည္မွာ ေခတ္စားလာတယ္ ထင္ၾကေပမယ့္ စစ္မျဖစ္ခင္ အဂၤလိပ္ေခတ္ကတည္းက ရန္ကုန္မွာ စားၾကတာကို ဦးဘဂ်မ္းရဲ႕ ၁၉၄၁ က ကာတြန္းတပုဒ္မွာ ေတြ႕ရပါတယ္။ လွီးလိုက္စမ္းေဟ့ အူမႀကီးတပဲဘိုး လို႔ ပါရွိတဲ့ ဒီကာတြန္းမွာ ေခါင္းေပါင္းနဲ႕ျမန္မာအမ်ိဳးသားက တ႐ုတ္ေစ်းသည္ဆီမွာ ဝက္သားတုတ္ထိုး ဝယ္စားေနပါတယ္။ အဲဒီအခ်ိန္က တုတ္ထိုးကို ျမန္မာလို ဘယ္လိုေခၚတယ္ေတာ့ မသိပါ။

ထမင္းေပါင္း၊ ဆီခ်က္နဲ႕ အသားကင္ အေခါက္ကင္ ေရာင္းတဲ့ ဆိုင္ကေလးေတြကို စစ္မျဖစ္ခင္က ရန္ကုန္မွာ အေကာ္လိဖန္ဆိုင္ေတြလို႔ ေခၚတတ္ေၾကာင္း၊ ေစ်းေပါလို႔ စာေရးဆရာ၊ ႐ုံးစာေရးစတဲ့ လူလတ္တန္းေအာက္လႊာေတြ စားေလ့ရွိေၾကာင္း ဦးသုခရဲ႕ စာတပုဒ္မွာ ေတြ႕ရပါတယ္။


burmaဓာတ္ပုံ မူပိုင္LONG DUK YIW


ရန္ကုန္ တ႐ုတ္တန္းက စားစရာဆိုင္ေတြ

ေကာ္ျပန့္ ၊ မေ႐ြးစတဲ့ တ႐ုတ္မုန့္ေတြကိုလည္း ျမန္မာေတြ ႀကိဳက္ၾကေပမယ့္ ဘာေၾကာင့္ ဒီနာမည္ေတြ ေပးတယ္ဆိုတာေတာ့ မသိရပါဘူး။ မန္းမေ႐ြးဆိုတဲ့ ျမန္မာမုန့္ကေတာ့ တ႐ုတ္မေ႐ြးနဲ႕ မတူပါဘူး။

နန္တုံေခၚ ဝက္လက္ေအး၊ တည္သီးေျခာက္၊ စြန္တန္၊ မုန္ညင္းခ်ဥ္၊ ဝက္အူေျခာက္စတဲ့ ရွမ္းတ႐ုတ္ စားစရာေတြကိုလည္း အထက္ပိုင္းက ျမန္မာလူမ်ိဳးေတြ စားသုံးၾကပါတယ္။ ၾကာညို႔၊ ႀကံဆင့္ ဆိုၿပီး ပဲငံျပာရည္ အေနာက္နဲ႕ အၾကည္ကို တ႐ုတ္အမည္နဲ႕ ေခၚေဝၚ တာကိုလည္း အထက္ပိုင္းမွာ ေတြ႕ရပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းနဲ႕ ကခ်င္ဘက္က ရွမ္းထမင္းဆိုင္ေတြမွာလည္း ရွမ္းတ႐ုတ္ပုံစံ ဟင္းလ်ာေတြကို ေရာင္းခ်ၾကၿပီး ျမန္မာျပည္ ေအာက္ပိုင္းနဲ႕ ထိုင္းနိုင္ငံဘက္မွာလည္း ယူနန္နဲ႕ ရွမ္းစာအျဖစ္ လူႀကိဳက္မ်ားတာကို ေတြ႕ရပါတယ္။

ေခါက္ဆြဲ၊ ၿမီးေရွနဲ႕ လမုန့္ကစတဲ့ ျမန္မာတ႐ုတ္စာ ယဥ္ေက်းမႈဟာ အကင္စုံနဲ႕ မာလာဟင္း၊ မာလာရွမ္းေကာအထိ ခရီးဆက္ေနတာကိုလည္း ေတြ႕ရပါတယ္။


burmaဓာတ္ပုံ မူပိုင္BEN DAVIES

တ႐ုတ္နယ္စပ္ မိုင္းလားက ေတာေကာင္ထမင္းဆိုင္



ကွေတာလန်းနဲ့ ဆီဥကြော်၊ မြန်မာပြည်က တရုတ်အစားအသောက်များ

  • 6 ဖေဖော်ဝါရီ 2019
burmaဓာတ်ပုံ မူပိုင်MAJORITY WORLD
Image captionမန္တလေးက တရုတ်ညစျေးတန်း

နယ်နိမိတ်ချင်းဆက်နေတဲ့ တရုတ်ပြည်နဲ့ မြန်မာမှာ ယဉ်ကျေးမှု ကူးလူးဆက်နွယ်တာတွေ ရှိပါတယ်။ အထူးသဖြင့် စားဓလေ့မှာ ကမ္ဘာကျော်တဲ့ တရုတ်စာကို မြန်မာပြည်မှာလည်း နှစ်ခြိုက်စွာ စားသုံးကြတဲ့အတွက် မြန်မာပုံစံ တရုတ်စာအဖြစ် တွင်ကျယ်နေပြီ ဖြစ်ပါတယ်။

ဒီအစားအသောက်တွေကို မြန်မာနာမည်တွေ မှည့်ခေါ်ထားတဲ့အတွက် တရုတ်စာမှန်း မသိကြတော့တာလည်း ရှိပါတယ်။ တရုတ်စားပွဲရုံတွေမှာ ရတဲ့ ကုန်းဘောင်ကြီးကြော်၊ တောက်တောက်ကြော်၊ အစိမ်းကြော်၊ ချိုချဉ်ကြော် စတဲ့ ဟင်းလျာ တွေဟာ တရုတ်ဟင်းလျာတွေကို မြန်မာလို မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။

chinaဓာတ်ပုံ မူပိုင်SOUTH CHINA MORNING POST
Image captionကမ္ဘာသိတဲ့ ကုန်းဘောင်ကြီးကြော်

ကောင်ပိုလို့ ခေါ်တဲ့ အသားလုံးနဲ့ ငရုတ်သီးမြေပဲကြော်ကို ကုန်းဘောင်ကြီးကြော်ဆိုပြီး မြန်မာမှုပြုခဲ့ကြပါတယ်။ ဒီဟင်းလျာကို တရုတ်ပြည်အနောက်ပိုင်း ဇီချွမ်နယ်မှာ ဘုရင်ခံ လုပ်သွားတဲ့ နန်းတွင်းအရာရှိတယောက်က တီထွင်တယ်လို့ ယူဆကြပြီး သူ့ရဲ့ ဘွဲ့နာမည်ကို အစွဲပြုပြီး ကောင်ပိုလို့ ခေါ်တာ ဆိုပါတယ်။ မြန်မာလိုက နန်းတော်စောင့်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီလို ပဒေသရာဇ်ဆန်တဲ့ နာမည်ကြောင့် တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ ဟောင်ပိုလို့ ပြောင်းခေါ်ခဲ့ကြပြီး တိန့်ရှောင်ဖိန်ခေတ်မှာ ပြန်ပြီး မူလအမည်ကို ခေါ်တယ်လို့ ဆိုပါတယ်။ 

မန္တလေးဘက်မှာ စားကြတဲ့ စဥကြော်ခေါ် ဆီဥကြော်ဟာလည်း ယူနန်နယ်မှာ စားလေ့ရှိတဲ့ ဝက်သားကို နုတ်နုတ်စင်းပြီး အမွှေးအကြိုင်များနဲ့ နယ်ကာ ဂျုံအုပ်ကြော်တဲ့ စားစရာ ဖြစ်ပါတယ်။ စဥကြော်ကို အညာမှာ မြီးရှေထဲထည့်ညှပ် စားလေ့ရှိပါတယ်။ စဥကြော်ဟာ မြန်မာဘုရင်တွေ ရှိကတည်းက နန်းတွင်းမှာ စားလေ့ရှိတဲ့ တရုတ်အစားအစာ ဖြစ်နိုင်တယ်လို့ လူထုဒေါ်အမာက တရုတ်ပြည် အချက်အပြုတ်သင်ကျောင်းကို သွားတဲ့မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။

burmaဓာတ်ပုံ မူပိုင်GODONG
Image captionအာရှတလွှား နှစ်သက်သူများတဲ့ ခေါက်ဆွဲကြော်

ခေါက်ဆွဲ

မြန်မာပြည်က တရုတ်ဟင်းလျာတွေထဲမှာ လူသိအများဆုံးက ခေါက်ဆွဲကြော် ကြာဆံကြော်နဲ့ ပေါက်စီ၊ အီကြာကွေး စတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းတဲ့ မုန့်တွေ ဖြစ်ပါတယ်။ ခေါက်ဆွဲကြော်ကတော့ တကမ္ဘာလုံး လူကြိုက်များတဲ့ ဟင်းလျာဖြစ်ပြီး မြန်မာပြည်မှာလည်း ဒေသအလိုက် မျိုးစုံချက်ပြုတ်ကြပါတယ်။ ဗမာခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ တရုတ်ခေါက်ဆွဲ စတဲ့ ခေါက်ဆွဲကြော်နည်း အမျိုးမျိုး ရှိသလို ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲသုပ် စသဖြင့် ခေါက်ဆွဲကို ချက်ပြုတ်စားသောက်နည်းတွေလည်း စုံပါတယ်။ စင်စစ် ခေါက်ဆွဲဆိုတဲ့ အမည်ကိုက မြန်မာစကားလုံးဖြစ်နေပြီး ထိုင်းရှမ်းဘာသာ ဆန်ထမင်းဆိုတဲ့ စကား ခေါက်ကလာတယ်လို့ ယူဆကြပါတယ်။ ခေါပုတ်၊ ခေါစီ၊ ခေါပြင် စတဲ့ ရှမ်းမုန့်တွေဟာလည်း ဆန်ကို ပြုပြင်ထားတဲ့ မုန့်တွေ ဖြစ်ကြပါတယ်။ 

thaiဓာတ်ပုံ မူပိုင်MELINA MARA
Image captionထိုင်းက ခေါက်ဆွိုင်ခေါ် အမဲသားအုန်းနို့ခေါက်ဆွဲ

ဒါကြောင့် မြန်မာပြည်မှာ အုန်းနို့ခေါက်ဆွဲခေါ်တဲ့ စားစရာကို ခေါက်ဆွိုင်ဆိုပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စားသုံးကြပါတယ်။ ဒီခေါက်ဆွဲက တရုတ်ပြည် ယူနန်နယ်က ရွှေ့ပြောင်းလာသူတွေဆီက လာတယ်လို့လည်း ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်က ရွှေ့ပြောင်းလာတဲ့ အိန္ဒိယနွယ်ဖွားတွေ ပြုလုပ်ရောင်းချလို့ အိန္ဒိယမှာလည်း ခေါက်ဆွဲကို ခေါက်ဆွဲလို့ ခေါ်ကြတယ်လို့ သိရပါတယ်။ 

chinaဓာတ်ပုံ မူပိုင်SOUTH CHINA MORNING POST
Image captionမြီးရှေနဲ့ သဏ္ဍာန်တူတဲ့ ယူနန်က တံတားကူးခေါက်ဆွဲ

ယူနန်က လာတဲ့ နောက်ထပ် ခေါက်ဆွဲတမျိုးကတော့ တံတားကူးခေါက်ဆွဲခေါ် မီရှန်ခေါက်ဆွဲပါ။ မြန်မာနိုင်ငံအထက်ပိုင်း ဗန်းမော်၊ မိုးကုတ် စတဲ့ နေရာတွေနဲ့ မန္တလေး၊ မုံရွာဘက်မှာ ပြုပြင် စားသုံးနေကြလို့ မြီးရှေလို့ လူကြိုက်များပါတယ်။ မူလယူနန်ပုံစံ မြီးရှေခေါက်ဆွဲပြုတ်ကိုတော့ မိုင်းသာမြီးရှေ၊ မြေအိုးမြီးရှေ အဖြစ် လူသိများပါတယ်။ မြန်မာပြည်က မြီးရှေကို တရုတ်မြီးရှေနဲ့ မြန်မာမြီးရှေဆိုပြီးလည်း ခွဲခြား ခေါ်ကြပါတယ်။ အချဉ်အစပ်များတဲ့ မြီးရှေကို မြန်မာမြီးရှေ၊ အဖြူထည် မြီးရှေကိုတော့ တရုတ်မြီးရှေ ခေါ်ပါတယ်။ 

burmaဓာတ်ပုံ မူပိုင်JERRY REDFERN
Image captionလွယ်မွေက ရှမ်းခေါက်ဆွဲ

ကချင်နဲ့ ရှမ်းပြည်ဘက်မှာ စားကြတဲ့ ရှမ်းခေါက်ဆွဲဟာလည်း ယူနန်နယ်ဘက်က ရှမ်းခေါက်ဆွဲတွေက ဆင်းသက်တယ်လို့ ဆိုပါတယ်။ မူလ ခရမ်းချဉ်သီးအနှစ် ငါးခြောက်နဲ့ ချက်တဲ့ ရှမ်းခေါက်ဆွဲကို နောက်ပိုင်းမှာ ဝက်သား ကြက်သားစင်းပြီး ထည့်ချက်ကြပါတယ်။ 

malaysiaဓာတ်ပုံ မူပိုင်ULLSTEIN BILD DTL.
Image captionပီနန်က ခေါက်ဆွဲဖို

မလေးရှား ပီနန်ဘက်ကနေပြီး မြန်မာပြည်ကို ရေလမ်းက ဝင်လာတဲ့ ခေါက်ဆွဲတွေထဲမှာ ကြေးအိုး၊ ကော်ရည်၊ ကတ်ကြေးကိုက် စတဲ့ ခေါက်ဆွဲတွေပါပါတယ်။ ကြေးအိုးဟာ ဘီဟွန်လို့ ခေါ်တဲ့ ကြာဆံပြုတ်ကလာတယ် ဆိုသလို ထိုင်းလို ကွေတီယိုခေါ် ခေါက်ဆွဲနဲ့ ဆင်တယ်လို့လည်း ပြောကြပါတယ်။ ၁၉၆၈ က ရန်ကုန်မှာ ဖွင့်တဲ့ ကြေးအိုးဘုရင်ဆိုင်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးကြေးအိုးဆိုင်လို့လည်း ဆိုပါတယ်။ 

thaiဓာတ်ပုံ မူပိုင်THE WASHINGTON POST
Image captionကမ္ဘာကျော် ပတ်ထိုင်းခေါက်ဆွဲ

ကတ်ကြေးကိုက်ခေါ်တဲ့ မြိတ်ခေါက်ဆွဲကြော်ကတော့ ထိုင်းနဲ့ မလေးရှားမှာ ရှိတဲ့ ပတ်ထိုင်းခေါက်ဆွဲ၊ ချာကွေတီယို စတဲ့ ဆန်ပြားကြော်တွေနဲ့ နီးစပ်ပြီး ကမ်းရိုးတန်းမှာ ကုန်သွယ်သွားလာကြတဲ့ တရုတ်လူမျိုးတွေရဲ့ အစားအသောက် ဖြစ်ပါတယ်။ ကတ်ကြေးကိုက်ရဲ့ ထူးခြားချက်ကတော့ ပဲပြုတ်ပါတာပါ။ ဒီဆန်ပြားကြော်ဟာ တရုတ်ပြည်တောင်ပိုင်း ဂွမ်ဒေါင်းနယ်က တေအိုချူးတရုတ်လူမျိုးတွေရဲ့ အစာဖြစ်ပြီး သူတို့ရွှေ့ပြောင်းသွားတဲ့ တောင်ပိုင်းနိုင်ငံတွေမှာ ရောက်ရှိသွားတာ ဖြစ်ပါတယ်။ 

thaiဓာတ်ပုံ မူပိုင်WIKICOMMON
Image captionထိုင်းမုန့်ဟင်းခါးခေါ် ခနုံကျင်

ကော်ရည်ခေါက်ဆွဲကတော့ အရည်ပျစ်ပျစ် တရုတ်ခေါက်ဆွဲ တမျိုးက လာပုံရပြီး ငါးပိထောင်းနဲ့ တွဲစားတဲ့ဓလေ့ကို မြန်မာပြည်က ရပုံပေါ်ပါတယ်။ ကြာဆံဟင်းခါးခေါ် ကြာဆံဟင်းရည်ကလည်း ကြာဆံနဲ့ မှိုခြောက်ပြုတ်ကို အခြေခံတဲ့ တရုတ်ခေါက်ဆွဲပုံစံမျိုးက ဆင်းသက်ပုံရပါတယ်။ မုန့်ဟင်းခါးကိုတော့ ထိုင်းနိုင်ငံမှာ ခနုံကျင်လို့ ခေါ်ပြီး မွန်က ဆင်းသက်တဲ့ ဝေါဟာရလို့ ဆိုသလို ကျင်ရဲ့ဆိုလိုရင်းက တရုတ်ကို ညွှန်းတာလို့လည်း သိရပါတယ်။ မုန့်ဟင်းခါးနဲ့ ဆင်တဲ့ ငါးဆန်ခေါက်ဆွဲပြုတ်မျိုးစုံကိုတော့ အရှေ့တောင်အာရှမှာ စားသုံးကြတာ တွေ့ရပါတယ်။ 

ဆီချက်ခေါက်ဆွဲခေါ် ဂျုံခေါက်ဆွဲတမျိုးကိုလည်း ထိုင်းနဲ့တခြား အရှေ့တောင်အာရှ နိုင်ငံတွေမှာ တွေ့ရပြီး မြူစွမ်ခေါ် ခေါက်ဆွဲမျှင်ကိုလည်း မြန်မာပြည်မှာ စားသုံးကြပါတယ်။ ဖက်ထုပ်ကိုလည်း အကြော်အပေါင်း ဆီချက်ပုံစံတွေနဲ့ စားသုံးကြပါတယ်။ 

burmaဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionဘီးမုန့်ခေါ် အသားအစာသွပ်မုန့်

တရုတ်မုန့်များ

တရုတ်လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းချတဲ့ပေါက်စီနဲ့ အီကြာကွေး၊ အန်စာမုန့်စတဲ့ မုန့်တွေကို လူသိများပါတယ်။ 

burmaဓာတ်ပုံ မူပိုင်TESSA BUNNEY
Image captionယုချာကွေးခေါ် အီကြာကွေး

အီကြာကွေးကို မြန်မာပြည်မှာ လူကြိုက်များလို့ စာရေးဆရာနာမည်တောင် ရှိခဲ့ပါတယ်။ အီကြာကွေးကို ပဲ၊ မလိုင်နဲ့စားတာ၊ အစာသွပ်တာတွေလည်း ရှိပါတယ်။ 

baoziဓာတ်ပုံ မူပိုင်SAM YEH
Image captionဝက်နှစ်အတွက် ဝက်ရုပ်ပေါက်စီ

ပေါက်စီကိုတော့ ဝက်သား၊ ကြက်သားအပြင် အုန်း၊ ပဲစတဲ့ အချိုပေါက်စီတွေ စားကြတဲ့အပြင် မလိုင်ပေါက်စီဆိုပြီး မန္တလေးမြို့ အိမ်တော်ရာဘုရားမှာ ရောင်းချစားသောက်ပါတယ်။

လမုန့်ကို တရုတ်ပွဲတော်တွေမှာ စားတာအပြင် ဧလမုန့်အဖြစ် ရောင်းချတာကိုလည်း မန္တလေးဘက်ကစ ခဲ့ပါတယ်။ 

manilaဓာတ်ပုံ မူပိုင်NURPHOTO
Image captionတီကေ့ခေါ် အီကွေးမုန့်ကို ဖိလစ်ပိုင်မှာလည်းရောင်းချ

တရုတ်နှစ်ကူးမုန့်အဖြစ် စားကြတဲ့ အီကွေးခေါ် တီကေ့မုန့်အချိုတွေကိုတော့ တရုတ်ပြည် ပြင်ဘက်က အရှေ့အာရှနိုင်ငံတွေမှာ စားကြတာကို တွေ့ရပါတယ်။ ပိန်းဥမုန့်နဲ့ ဖရုံသီးမုန့်၊ အန်ကူးမုန့်တွေကိုလည်း အာရှတလွှားမှာလိုပဲ မြန်မာပြည်က တရုတ် နှစ်ကူးမှာ စားကြပါတယ်။ ဒင်ဆမ်းခေါ် အသားပေါင်းစုံ မြန်မာပြည်မှာ ခေတ်စားလာတာကိုလည်း ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှာ တွေ့ရပါတယ်။ 

အထပ်မုန့်၊ ကွေတာလန်း၊ ကွေပင်ကား၊ ကွေလာပေးစတဲ့ မလေးရှားဘက်က ပသျှူးတရုတ် ကျောက်ကျောနဲ့ မုန့်အချိုတွေကိုလည်း ရန်ကုန်၊ မြိတ်စတဲ့ အောက်ပိုင်းက မြို့တွေမှာ စားကြပါတယ်။ 

တိုဟူး 

burmaဓာတ်ပုံ မူပိုင်TESSA BUNNEY
Image captionအင်းလေးက တိုဟူး

တရုတ်တိုဟူးကို ပဲပိစပ်နဲ့လုပ်ပေမယ့် မြန်မာတိုဟူးကိုတော့ ကုလားပဲမှုန့်နဲ့လုပ်လို့ အရောင်နဲ့ အရသာ ကွာခြားပါတယ်။ ရှမ်းပြည်မှာ စားတော်ပဲနဲ့ လုပ်တဲ့ တိုဟူးကို ရှမ်းတိုဟူးခေါ်ပြီး ဆန်တိုဖူး၊ ဝမ်တိုဖူး၊ တိုဖူးနွေး၊ တိုဟူးခြောက် စသဖြင့် ပြုလုပ်စားသုံးကြပါတယ်။ ဆီတိုဟူးခေါ် တိုဟူးအချဉ်ကိုလည်း ရှမ်းပြည်နဲ့ ကချင်၊စစ်ကိုင်းတိုင်းမြောက်ပိုင်းတွေမှာ စားလေ့ရှိပါတယ်။ 

burmaဓာတ်ပုံ မူပိုင်THAN HTAY MAUNG
Image captionဝက်သားတုတ်ထိုးကို အစောဆုံးဖော်ပြတဲ့ ကာတွန်း

ဝက်သားတုတ်ထိုးကို စစ်ပြီးမှ မြန်မာပြည်မှာ ခေတ်စားလာတယ် ထင်ကြပေမယ့် စစ်မဖြစ်ခင် အင်္ဂလိပ်ခေတ်ကတည်းက ရန်ကုန်မှာ စားကြတာကို ဦးဘဂျမ်းရဲ့ ၁၉၄၁ က ကာတွန်းတပုဒ်မှာ တွေ့ရပါတယ်။ လှီးလိုက်စမ်းဟေ့ အူမကြီးတပဲဘိုး လို့ ပါရှိတဲ့ ဒီကာတွန်းမှာ ခေါင်းပေါင်းနဲ့မြန်မာအမျိုးသားက တရုတ်စျေးသည်ဆီမှာ ဝက်သားတုတ်ထိုး ဝယ်စားနေပါတယ်။ အဲဒီအချိန်က တုတ်ထိုးကို မြန်မာလို ဘယ်လိုခေါ်တယ်တော့ မသိပါ။ 

ထမင်းပေါင်း၊ ဆီချက်နဲ့ အသားကင် အခေါက်ကင် ရောင်းတဲ့ ဆိုင်ကလေးတွေကို စစ်မဖြစ်ခင်က ရန်ကုန်မှာ အကော်လိဖန်ဆိုင်တွေလို့ ခေါ်တတ်ကြောင်း၊ စျေးပေါလို့ စာရေးဆရာ၊ ရုံးစာရေးစတဲ့ လူလတ်တန်းအောက်လွှာတွေ စားလေ့ရှိကြောင်း ဦးသုခရဲ့ စာတပုဒ်မှာ တွေ့ရပါတယ်။ 

burmaဓာတ်ပုံ မူပိုင်LONG DUK YIW
Image captionရန်ကုန် တရုတ်တန်းက စားစရာဆိုင်တွေ

ကော်ပြန့် ၊ မရွေးစတဲ့ တရုတ်မုန့်တွေကိုလည်း မြန်မာတွေ ကြိုက်ကြပေမယ့် ဘာကြောင့် ဒီနာမည်တွေ ပေးတယ်ဆိုတာတော့ မသိရပါဘူး။ မန်းမရွေးဆိုတဲ့ မြန်မာမုန့်ကတော့ တရုတ်မရွေးနဲ့ မတူပါဘူး။ 

နန်တုံခေါ် ဝက်လက်အေး၊ တည်သီးခြောက်၊ စွန်တန်၊ မုန်ညင်းချဉ်၊ ဝက်အူခြောက်စတဲ့ ရှမ်းတရုတ် စားစရာတွေကိုလည်း အထက်ပိုင်းက မြန်မာလူမျိုးတွေ စားသုံးကြပါတယ်။ ကြာညို့၊ ကြံဆင့် ဆိုပြီး ပဲငံပြာရည် အနောက်နဲ့ အကြည်ကို တရုတ်အမည်နဲ့ ခေါ်ဝေါ် တာကိုလည်း အထက်ပိုင်းမှာ တွေ့ရပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ဘက်က ရှမ်းထမင်းဆိုင်တွေမှာလည်း ရှမ်းတရုတ်ပုံစံ ဟင်းလျာတွေကို ရောင်းချကြပြီး မြန်မာပြည် အောက်ပိုင်းနဲ့ ထိုင်းနိုင်ငံဘက်မှာလည်း ယူနန်နဲ့ ရှမ်းစာအဖြစ် လူကြိုက်များတာကို တွေ့ရပါတယ်။ 

ခေါက်ဆွဲ၊ မြီးရှေနဲ့ လမုန့်ကစတဲ့ မြန်မာတရုတ်စာ ယဉ်ကျေးမှုဟာ အကင်စုံနဲ့ မာလာဟင်း၊ မာလာရှမ်းကောအထိ ခရီးဆက်နေတာကိုလည်း တွေ့ရပါတယ်။ 

burmaRef:
ဓာတ်ပုံ မူပိုင်BEN DAVIES
Image cတရုတ်နယ်စပ် မိုင်းလားက တောကောင်ထမင်းဆိုင်
Ref: https://www.bbc.com/burmese/in-depth-47144052?ocid=socialflow_facebook

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!