Popular Posts!

Saturday, February 9, 2019

ျမန္မာနိုင္ငံ က တ႐ုတ္ ရင္းႏွီးျမႇုပ္ႏွံမႈ ဆိပ္ကမ္း ေတြက ဘယ္သူေတြကို အက်ိဳး ရွိေစမလဲ။


မန္မာနိုင္ငံ က တ႐ုတ္ ရင္းႏွီးျမႇုပ္ႏွံမႈ ဆိပ္ကမ္း ေတြက ဘယ္သူေတြကို အက်ိဳး ရွိေစမလဲ။


4 ေဖေဖာ္ဝါရီ 2019


နိုင္ငံေတာ္ အတိုင္ပင္ ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႕ တ႐ုတ္ သမၼတ ရွီက်င္းပင္ဓာတ္ပုံ မူပိုင္GETTY IMAGES


နိုင္ငံေတာ္ အတိုင္ပင္ ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႕ တ႐ုတ္ သမၼတ ရွီက်င္းပင္


ေတာင္အာရွ နိုင္ငံေတြ၊ အေရွ႕အလယ္ပိုင္း နိုင္ငံေတြအျပင္ ဥေရာပ အထိ ေဈးကြက္ ခ်ဲ့ထြင္ နိုင္ဖို႔ အတြက္ တ႐ုတ္ နိုင္ငံနဲ႕ ထိုင္း နိုင္ငံတို႔ဟာ ႀကိဳးပမ္း လာၾကပါတယ္။ 

မဲေခါင္ေဒသေတြ ျဖစ္တဲ့ တ႐ုတ္၊ ကေမာၻဒီးယား၊ ျမန္မာ၊ လာအို၊ ဗီယက္နမ္၊ ထိုင္း နိုင္ငံေတြမွာ အျပန္အလွန္ ကူးလူး ဆက္ဆံ နိုင္တဲ့ ဆိပ္ကမ္းေတြ၊ ရထားလမ္းေတြ၊ အျမန္ လမ္းမႀကီးေတြ ေဖာက္ျခင္း အားျဖင့္ ေဈးကြက္ ကို အလ်င္အျမန္ ခ်ိတ္ဆက္ နိုင္မယ္ဆိုၿပီး ဆန္းစစ္ ေလ့လာ ခ်က္ေတြမွာ ေဖာ္ ျပ ခဲ့ပါတယ္။ 

ဒီလို ဥေရာပ နဲ႕ အဲဒီကေနမွ တဆင့္ အာဖရိက နိုင္ငံေတြ အထိ ေဈးကြက္ ခ်ဲ့ထြင္ နိုင္ဖို႔၊ ေဈးကြက္ အတြင္း ကုန္ပစၥည္းေတြ အလ်င္ အျမန္ ေရာက္ ရွိနိုင္ဖို႔ အတြက္ တ႐ုတ္ သမၼတ ရွီက်င္းပင္ က မေနမနား အားထုတ္ ႀကိဳးပမ္း ေနတာပါ။ 

ဒါက တ႐ုတ္ နိုင္ငံရဲ႕ ရပ္ဝန္း တခု လမ္းတေၾကာင္း One Belt One Road စီမံကိန္း ျဖစ္ၿပီး ကမာၻ႔စီးပြားေရး ကို လႊမ္းမိုးဖို႔ ႀကိဳးစားတဲ့ တ႐ုတ္ တို႔ ရဲ႕ မဟာဗ်ဴဟာ ေျမာက္ ရည္မွန္းခ်က္ ျဖစ္ပါတယ္။ 


ျမစ္ဆုံ စီမံကိန္း ဘယ္လဲ?


ဒီ ရပ္ဝန္း တခု လမ္းတေၾကာင္း စီမံကိန္း ထဲမွာ ျမန္မာ နိုင္ငံမွာ ေရနက္ ဆိပ္ကမ္း ေတြ တည္ေဆာက္ၿပီး ရထားလမ္းေတြ ေဖာက္လုပ္ကာ တ႐ုတ္ ရဲ႕ ကုန္းတြင္းပိုင္း ေဒသ ေတြ နဲ႕ ခ်ိတ္ဆက္ နိုင္ဖို႔ ေမွ်ာ္မွန္း ထားတာပါ။ 

အဲဒီ လမ္းေၾကာင္း ကေန တဆင့္ တ႐ုတ္ ျပည္တြင္း ကေနၿပီး အေရွ႕ေတာင္ အာရွ နိုင္ငံေတြ၊ ေတာင္အာရွ နိုင္ငံေတြ ၿပီးေတာ့ အေရွ႕အလယ္ပိုင္း ေဒသ နဲ႕ ဥေရာပ နိုင္ငံေတြ အထိ ခ်ိတ္ဆက္ နိုင္မွာ ျဖစ္ပါတယ္။ 

ျမန္မာ နိုင္ငံမွာ ဆိပ္ကမ္း ေျခာက္ခု ေလာက္ တည္ေဆာက္ ရင္းႏွီးျမႇုပ္ႏွံဖို႔ တ႐ုတ္ အေနနဲ႕ ရည္႐ြယ္ ထားၿပီး အဲဒီ အထဲမွာ ေရနက္ ဆိပ္ကမ္း စီမံကိန္း ေတြလည္း ပါဝင္ပါတယ္။ 


ေက်ာက္ျဖဴ ေရနံသိုေလွာင္႐ုံဓာတ္ပုံ မူပိုင္AFP


ေက်ာက္ျဖဴ ေရနံသိုေလွာင္႐ုံ


ျမန္မာ အစိုးရ အေနနဲ႕ကလည္း ဒီစီမံကိန္းေတြကို အေကာင္ အထည္ ေဖာ္ဖို႔ ဆႏၵ ရွိပါတယ္။ ဒီစီမံကိန္းေတြက တဆင့္ တိုင္းျပည္ရဲ႕ စီးပြားေရး ကို ဆြဲတင္ နိုင္မယ္လို႔လည္း ေမွ်ာ္မွန္း ထားတာပါ။ 

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက NLD အစိုးရ နဲ႕ တ႐ုတ္ အစိုးရ တို႔ အၾကားမွာ ဒီမဟာဗ်ဴဟာေျမာက္ စီမံကိန္းေတြ ျဖစ္တဲ့ ဆိပ္ကမ္း စီမံကိန္း၊ လမ္းပန္း ဆက္သြယ္ေရး စီမံကိန္း ေတြကို အေကာင္အထည္ ေဖာ္ဖို႔ သေဘာတူညီ ခဲ့ၾကပါတယ္။ 

ျမန္မာ နိုင္ငံအတြက္ ဒီဆိပ္ကမ္းေတြ တည္ေဆာက္ျခင္းဟာ အေရးပါပါတယ္။ ဆိပ္ကမ္းေတြ နဲ႕ ခ်ိတ္ဆက္ ထားတဲ့ ပို႔ေဆာင္ဆက္သြယ္ေရး လမ္းေၾကာင္း ေတြေၾကာင့္ နိုင္ငံအတြင္းမွာ လမ္းပန္း ဆက္သြယ္ေရး တိုးတက္ ျဖစ္ထြန္း ေစမွာ ပါ။ 

တ႐ုတ္ နိုင္ငံ အတြက္လည္း အဓိက က်တဲ့ စီမံကိန္းေတြပါ။ အဲဒီ လမ္းေၾကာင္း ေတြ အသုံးျပဳၿပီး နိုင္ငံ ေျမာက္ပိုင္းက ထုတ္ကုန္ ေတြကို ထိုင္းနိုင္ငံ ကေနတဆင့္ အေနာက္ဘက္ ကမာၻ ကို တင္ပို႔ နိုင္မွာ ျဖစ္ပါတယ္။ 

ေနာက္ၿပီး အိႏၵိယ နိုင္ငံ ရဲ႕ တြန႔္ဆုတ္ ေနမႈေၾကာင့္ ရပ္တန႔္ ေနရတဲ့ BICM ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ တ႐ုတ္ နဲ႕ ျမန္မာ နိုင္ငံ တို႔ ဆက္သြယ္မယ့္ ကုန္းတြင္း လမ္းေၾကာင္းကို အစားထိုး နိုင္မယ့္ စီမံကိန္းေတြ ျဖစ္ပါတယ္။ 

ေနာက္ၿပီး တ႐ုတ္ အတြက္ ဒီလမ္းေၾကာင္းေတြဟာ အေရွ႕ေတာင္ အာရွ ေဒသမွာ စစ္ေရးအရ အားသာမႈ ျဖစ္ေစ နိုင္တယ္ ဆိုတဲ့ ခန႔္မွန္း သုံးသပ္ခ်က္ ေတြလည္း ရွိပါတယ္။ 

ဒီစီမံကိန္းေတြက ျမန္မာ နိုင္ငံ နဲ႕ တ႐ုတ္ နိုင္ငံ တို႔ရဲ႕ အျပန္အလွန္ ဆက္ဆံ မႈ ကို တိုးတက္ ေစမွာ ျဖစ္တယ္လို႔ တ႐ုတ္ အေရး ေလ့လာ သူ ေဒါက္တာ လွေက်ာ္ေဇာ က ေျပာပါတယ္။ 


ေက်ာက္ျဖဴ ေရနံသိုေလွာင္႐ုံဓာတ္ပုံ မူပိုင္AFP


အေရွ႕အလယ္ပိုင္း က ေရနံေတြကို ကုန္းတြင္းလမ္းေၾကာင္းနဲ႕ တင္ပို႔ဖို႔ ေက်ာက္ျဖဴမွာ သိုေလွာင္ထား


တ႐ုတ္ က ျမန္မာ နိုင္ငံအေပၚမွာ ထားတဲ့ သေဘာထား ကလည္း အေရွ႕ ေတာင္ အာရွ နိုင္ငံမ်ား ကို ဆက္သြယ္ေရး မွာ အဓိက က်တဲ့ လမ္းေၾကာင္း မွာ တည္ရွိေနတဲ့ နိုင္ငံ အျဖစ္ ရႈျမင္ပါတယ္။ 

ဒါေၾကာင့္ ျမန္မာ နဲ႕ ဆက္ဆံေရး ကို အထူးအေလးထား သလို ျမန္မာ့ ၿငိမ္းခ်မ္းေရးမွာ ထဲထဲဝင္ဝင္ ပါဝင္ ပတ္သက္ေနရတာ ျဖစ္ေၾကာင္း ေဒါက္တာ လွေက်ာ္ေဇာ က သုံးသပ္ပါတယ္။ 

ျမန္မာ နယ္စပ္ေဒသေတြ တည္ၿငိမ္ေအးခ်မ္းမႈ ရွိမွ တ႐ုတ္ နိုင္ငံ ရဲ႕ ရင္းႏွီး ျမႇုပ္ႏွံမႈ စီမံကိန္းေတြကေန အက်ိဳးစီးပြား ျဖစ္ထြန္း မွာမို႔ ၿငိမ္းခ်မ္းေရး လို ကိစၥ ေတြမွာ ပါဝင္ ေနရတာ ဆိုတဲ့ သုံးသပ္မႈေတြ လည္း ရွိပါတယ္။ 

အေနာက္ကမာၻ နဲ႕ ခ်ိတ္ဆက္မယ့္ ေခတ္သစ္ ပိုးလမ္းမ One Belt One Road စီမံကိန္း မွာလည္း ျမန္မာ နိုင္ငံဟာ မဟာ ဗ်ဴဟာေျမာက္ ေဒသ ျဖစ္တယ္ ဆိုၿပီး အေနာက္ နိုင္ငံေတြက ေထာက္ျပပါတယ္။ 

ရပ္ဝန္းတခု လမ္းတေၾကာင္း စီမံကိန္း က အေျခခံ အေဆာက္အဦေတြ တည္ေဆာက္ ႐ုံသက္သက္ပဲ မဟုတ္ပါဘူး။ ဒီလမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ မႈ ကေန ျဖစ္ေပၚလာမယ့္ စီးပြားေရး တိုးတက္လာမႈ အက်ိဳးဆက္ ကိုပါ တ႐ုတ္က ေမွ်ာ္ၾကည့္ ေနတာပါ။ 

အေရွ႕ေတာင္ အာရွ နိုင္ငံ ေတြနဲ႕ ေတာင္အာရွ နိုင္ငံေတြကို ဆက္သြယ္ လိုက္နိုင္ရင္ ကမာၻ႔ လူဦးေရ ရဲ႕ ၆၅ ရာခိုင္ႏႈန္း ျဖစ္တဲ့ သန္း ၆ဝဝ ရွိတဲ့ ေဈးကြက္ ကို လႊမ္းမိုး နိုင္မွာလည္း ျဖစ္ပါတယ္။ 


ေက်ာက္ျဖဴကေန တ႐ုတ္ နိုင္ငံ အထိ ဆက္သြယ္ နိုင္မယ့္ လမ္းေၾကာင္း


ေက်ာက္ျဖဴကေန တ႐ုတ္ နိုင္ငံ အထိ ဆက္သြယ္ နိုင္မယ့္ လမ္းေၾကာင္း


ဒီလို ျဖစ္နိုင္ဖို႔ က တ႐ုတ္ ကုန္းတြင္း ပိုင္း နဲ႕ ခ်ိတ္ဆက္ဖို႔ ျမန္မာ နိုင္ငံရဲ႕ ဆိပ္ကမ္းေတြ နဲ႕ ကုန္းလမ္းမႀကီးေတြ က မဟာဗ်ဴဟာေျမာက္ အေရးပါ ေနပါတယ္။ 

အခုေနာက္ဆုံးမွာ ျမန္မာ နိုင္ငံအေနနဲ႕ အဓိက က်တဲ့ ဆိပ္ကမ္း ႀကီး ႏွစ္ခု ျဖစ္တဲ့ ထားဝယ္ ဆိပ္ကမ္း နဲ႕ ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္း ေတြကို တည္ေဆာက္ ေနပါတယ္။ 

ဒီ ဆိပ္ကမ္း ႏွစ္ခု ဟာ ျမန္မာ နိုင္ငံ နဲ႕ တ႐ုတ္ နိုင္ငံ အျပင္ ဥေရာပ၊ အာဖရိက နိုင္ငံေတြ အထိကို ခ်ိတ္ဆက္ နိုင္မွာ ျဖစ္ပါတယ္။ ဒီ ဆိပ္ကမ္းေတြ ဟာ တ႐ုတ္ နိုင္ငံ ေတာင္ပိုင္း က ကူမင္း ၿမိဳ႕ အထိ ကို ခ်ိတ္ဆက္ သြားလာ နိုင္မွာ လည္း ျဖစ္ပါတယ္။ 

ဒါက ျမန္မာနဲ႕ တ႐ုတ္ နိုင္ငံ အၾကား က စီးပြားေရး စၾကၤံ CMEC စီမံကိန္း ရဲ႕ အစိတ္အပိုင္းလည္း ျဖစ္ပါတယ္။ ျမန္မာ နိုင္ငံ အေနာက္ဘက္ ကမ္းလြန္ ပင္လယ္ ျပင္ဟာ တ႐ုတ္ အတြက္ အေနာက္ကမာၻ နဲ႕ ခ်ိတ္ဆက္ နိုင္မယ့္ လမ္းေၾကာင္းပါ။ အခုေတာ့ အဲဒီ ဆိပ္ကမ္း ေတြ တည္ေဆာက္ၿပီးစီးဖို႔ အခ်ိန္ ပိုင္း ေလာက္သာ လိုပါေတာ့တယ္။ 

အဆိုပါ ဆိပ္ကမ္းေတြ ဟာ ျမန္မာ နိုင္ငံရဲ႕ ဆိပ္ကမ္း ၿမိဳ႕ေတြ ျဖစ္တဲ့ ပုသိမ္၊ ရန္ကုန္ နဲ႕ ေမာ္လၿမိဳင္ ၿမိဳ႕ေတြကိုလည္း ခ်ိတ္ဆက္ နိုင္မွာ ျဖစ္ပါတယ္။ 


ထားဝယ္ ဆိပ္ကမ္း တည္ေဆာက္ေနမႈ ျမင္ကြင္းဓာတ္ပုံ မူပိုင္GETTY IMAGES


ထားဝယ္ ဆိပ္ကမ္း တည္ေဆာက္ေနမႈ ျမင္ကြင္း


ဒီဆိပ္ကမ္း ၿမိဳ႕ေတြကို ေရေၾကာင္း ကေန ခ်ိတ္ဆက္ နိုင္ျခင္း အားျဖင့္ ျမန္မာ နိုင္ငံရဲ႕ အေနာက္ပိုင္း က ကုန္စည္ ေတြကို နိုင္ငံ အလယ္ပိုင္း နဲ႕ အေရွ႕ပိုင္း ကို ပို႔ေဆာင္ နိုင္မယ့္ ကုန္စည္ ပို႔ေဆာင္ေရး ကလည္း တိုးတက္လာမွာ ျဖစ္ပါတယ္။ 

ဒီလို ေရေၾကာင္း ပို႔ေဆာင္ေရး ကို ခ်ိတ္ဆက္ နိုင္မယ့္ အစီအစဥ္ မွာ အဓိက က်တဲ့ ဆိပ္ကမ္း သုံးခု ရွိပါတယ္။ တခု က ရန္ကုန္ သီလဝါ ဆိပ္ကမ္းပါ။ ေနာက္တခု ကေတာ့ လက္ရွိမွာ ထိုင္း နဲ႕ ျမန္မာ နိုင္ငံတို႔ အက်ိဳးတူ ပူးေပါင္း ေဆာင္႐ြက္ ေနတဲ့ ထားဝယ္ အထူး စီးပြားေရး ဇုန္ စီမံကိန္း ပဲ ျဖစ္ပါတယ္။ 

ေနာက္တခု ကေတာ့ တ႐ုတ္ နိုင္ငံက အေကာင္အထည္ ေဖာ္ ေနတဲ့ ေက်ာက္ျဖဴ ေရနက္ ဆိပ္ကမ္း စီမံကိန္းပါ။ ထားဝယ္ စီမံကိန္း ကို အီတာလ်ံ ထိုင္း ဖြံ႕ၿဖိဳးေရး(ITD) ကုမၸဏီက အေကာင္အထည္ ေဖာ္ေနတာျဖစ္ပါတယ္။ 

ITD ကုမၸဏီ အေနနဲ႕ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္း က ထားဝယ္ အထူး စီးပြားေရး ဇုန္ ကို အေကာင္အထည္ ေဖာ္ေနတာ ျဖစ္ပါတယ္။ တိုးတက္ ျဖစ္ထြန္းမႈ အနည္းငယ္ပဲ ရွိတဲ့ အတြက္ တျခား ကုမၸဏီကို အစား ထိုး မယ္ ဆိုၿပီးေတာ့ စီးပြားကူးသန္း ဒုတိယ ဝန္ႀကီး က ေနျပည္ေတာ္မွာ ေျပာခဲ့ ဖူးပါတယ္။ 


ထားဝယ္ဆိပ္ကမ္း လမ္းေၾကာင္း


ထားဝယ္ဆိပ္ကမ္း လမ္းေၾကာင္း


ဒါေပမယ့္ တျခား ကုမၸဏီ တခု ကို စီမံကိန္း ကို လႊဲေျပာင္းေပးမယ္ ဆိုရင္ ဘ႑ာေရး ဆိုင္ရာ ျပႆနာ မ်ား ေပၚေပါက္ လာနိုင္တယ္ဆိုၿပီးေတာ့လည္း ျမန္မာ့ စီးပြားေရးဇုန္မ်ား ေဖာ္ေဆာင္ေရး ေကာ္မတီ အဖြဲ႕ အတြင္းေရးမႉး ဦးေအာင္စိုး က ေျပာပါတယ္။ 

ေနာက္ၿပီး ထားဝယ္ စီးပြားေရး ဇုန္ နဲ႕ နယ္စပ္ ၿမိဳ႕ ထီးခီး ကို ဆက္သြယ္ မယ့္ ၂ လမ္းသြား အျမန္လမ္းေဖာက္လုပ္မႈ ကိုလည္း ေဆာင္႐ြက္သြားဖို႔ ရွိေနပါတယ္။ ဒီစီမံကိန္း အတြက္ ထိုင္း နိုင္ငံ က ဘတ္ေငြ ၄.၅ ဘီလီယံ ထုတ္ေခ်းမွာ ျဖစ္ၿပီး ျပည္သူ႕ လႊတ္ေတာ္မွာလည္း အတည္ျပဳ ခဲ့ၿပီးပါၿပီ။ 

ဒါေပမယ့္ ထားဝယ္ အထူး စီးပြားေရး ဇုန္ ေဆာက္လုပ္ မႈ လုပ္ငန္း အေကာင္ အထည္ ေဖာ္ဖို႔ တ႐ုတ္ ဘက္လည္း အလို ရွိေနတာပါ။ ဒီ လမ္းေၾကာင္း က တ႐ုတ္ ျမန္မာ စီးပြားေရး စၾကၤံ နဲ႕ ထိုင္း နိုင္ငံ က ကန္ခ်နာဘူရီ လမ္းေၾကာင္း ကို ဆက္သြယ္ နိုင္မွာ ပါ။ ဒီလမ္း ေၾကာင္း က ထိုင္း နိုင္ငံ ကို ကုန္ပစၥည္း တိုက္ရိုက္ ပို႔လိုတဲ့ တ႐ုတ္ အတြက္ အက်ိဳးမ်ား ေစ နိုင္ပါတယ္။ 


ေက်ာက္ျဖဴ ေရနံသိုေလွာင္ရာ ေနရာဓာတ္ပုံ မူပိုင္GETTY IMAGES



ေက်ာက္ျဖဴ ေရနံသိုေလွာင္ရာ ေနရာ


ဧရာဝတီ တိုင္းဟာ ျမန္မာ နိုင္ငံ အတြက္ ဆန္စပါး စားနပ္ ရိကၡာ ထုတ္လုပ္ ေပးရာ တိုင္း ေဒသႀကီး ျဖစ္ပါတယ္။ အကယ္၍ တ႐ုတ္ အေနနဲ႕ လမ္းပန္း ဆက္သြယ္ေရး အေျခခံ အေဆာက္အဦေတြ ေဆာက္လုပ္လာမယ္ ဆိုရင္ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္မႈေတြ ရွိလာနိုင္ၿပီး စိုက္ပ်ိဳးေရး လုပ္ငန္း ကိုပါ ထိခိုက္ နိုင္တဲ့ အတြက္ ဆန႔္က်င္ ကန႔္ကြက္မႈေတြ နဲ႕ ႀကဳံ ရနိုင္ပါတယ္။ 

ဒီ အစား ေမာ္လၿမိဳင္ ဆိပ္ကမ္း ကိုသာ ပိုမိုရင္းႏွီးျမႇုပ္ႏွံဖို႔ တ႐ုတ္ အေနနဲ႕ ပိုမို ႀကိဳးစားလာပါတယ္။ အဲဒီ ေဒသမွာ တ႐ုတ္ ရဲ႕ တည္ေဆာက္ေရး လုပ္ငန္းေတြ အင္နဲ႕ အားနဲ႕ ရွိေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ 

တ႐ုတ္ နိုင္ငံ အေနနဲ႕ ေရေၾကာင္း ပို႔ေဆာင္ေရး ကေန တစ္ႏွစ္ တန္ခ်ိန္ သန္း ၅၀၀ ေလာက္ ပို႔ေဆာင္နိုင္ဖို႔ ေမွ်ာ္မွန္း ေနသလို ဥေရာပ အထိ တိုက္ရိုက္ ေရာက္ နိုင္မယ့္ ရထားလမ္း ပို႔ေဆာင္ေရး ကေနလည္း ၁.၁ ဘီလီယံ တန္ခ်ိန္ အထိ ေမွ်ာ္မွန္း လုပ္ေဆာင္ ေနတာ ျဖစ္ပါတယ္။ 


ထားဝယ္ ေရနက္ ဆိပ္ကမ္း ျပေျမပုံကို သံဃာတပါး ၾကည့္ရႈေနစဥ္ဓာတ္ပုံ မူပိုင္GETTY IMAGES


ထားဝယ္ ေရနက္ ဆိပ္ကမ္း ျပေျမပုံကို သံဃာတပါး ၾကည့္ရႈေနစဥ္


ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း အတြက္ တ႐ုတ္ နဲ႕ သေဘာတူညီ ထားတဲ့ အျပင္ ထားဝယ္ ဆိပ္ကမ္း ကိုလည္း တ႐ုတ္ က အျမန္ဆုံး အေကာင္အထည္ ေပၚလာဖို႔ အလိုရွိတာပါ။ တၿပိဳင္နက္ ထဲမွာပဲ ေမာ္လၿမိဳင္ ဆိပ္ကမ္း ကိုလည္း မ်က္စိ က်ေနပါတယ္။ 

တ႐ုတ္ နိုင္ငံ အေနနဲ႕ မႏၲေလး ကို ျဖတ္သြားမယ့္ ေမာ္လၿမိဳင္ ကေန ကူမင္း အထိ ေပါက္မယ့္ လမ္းေဖာက္ လုပ္ဖို႔လည္း အဆိုျပဳခဲ့ဖူးပါတယ္။ အဲဒီ လမ္း ဟာ ကူမင္း -မႏၲေလး- ရန္ကုန္ လမ္း နဲ႕ အၿပိဳင္ ျဖစ္ဖို႔ ရွိပါတယ္။ 

တ႐ုတ္ နဲ႕ ျမန္မာ ၾကားမွာ ေက်ာက္ျဖဴ ေရနက္ ဆိပ္ကမ္း အတြက္ သေဘာတူ လက္မွတ္ေရး ထိုးၿပီးတဲ့ ေနာက္မွာ ၂ နိုင္ငံၾကား က စီးပြားေရး စၾကၤံ တည္ေဆာက္ဖို႔ အလ်င္အျမန္ ႀကိဳးစားေနပါတယ္။ 

လြန္ခဲ့တဲ့ လပိုင္းတုန္း က တ႐ုတ္ နိုင္ငံရဲ႕ ထိပ္တန္း ေခါင္းေဆာင္ တဦး ျဖစ္တဲ့ တ႐ုတ္ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရး နဲ႕ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္ က ဒုတိယ ဥကၠ႒ နင္ဂ်ီက်ီ ဟာ ေနျပည္ေတာ္ ကို လာေရာက္ ခဲ့ၿပီး တ႐ုတ္ ျမန္မာ စီးပြားေရး စၾကၤံ တည္ေဆာက္ေရး အတြက္ ေဆြးေႏြးမႈ ေတြ လုပ္ခဲ့ပါတယ္။ 


ရန္ကုန္ သီလဝါ ဆိပ္ကမ္းဓာတ္ပုံ မူပိုင္GETTY IMAGES


ရန္ကုန္ သီလဝါ ဆိပ္ကမ္း


တ႐ုတ္ အေနနဲ႕ ေဒသဆိုင္ရာ အစိုးရေတြ၊ ေဒသ ခံေတြ နဲ႕ သေဘာ တူညီနိုင္ဖို႔၊ အဲဒီ ကိစၥ ေတြ အျပင္ ေျမယာ အျငင္းပြားမႈ ေတြကိုပါ ေရွာင္လႊဲ နိုင္ဖို႔ ကိုပါ ႀကိဳးစား ေဆာင္႐ြက္ ေနတယ္လို႔ ေလ့လာသူေတြ က ေျပာပါတယ္။ 

ဒါေပမယ့္ တ႐ုတ္ နိုင္ငံရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈ စီမံကိန္း ေတြဟာ သဘာဝ ပတ္ဝန္းက်င္ ဆိုင္ရာ ထိန္းသိမ္းမႈ အပိုင္းေတြမွာ ေတာ့ အားနည္းလ်က္ ရွိေနတုန္းပဲ ဆိုၿပီး MATA သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕ အတြင္းေရးမႉး ကိုရဲသိန္းဦး က ေျပာပါတယ္။ 

ရခိုင္ျပည္နယ္ ကေနၿပီး တ႐ုတ္ နိုင္ငံ ကို သြယ္တန္းထားတဲ့ ေရနံ ပိုက္လိုင္းေတြ၊ သဘာဝ ဓာတ္ေငြ႕ ပိုက္လိုင္းေတြေၾကာင့္ ပတ္ဝန္းက်င္ ထိခိုက္ နစ္နာမႈေတြ ရွိခဲ့တာေတြက သက္ေသပဲလို႔ သူက ေျပာဆိုပါတယ္။ 

တ႐ုတ္ နိုင္ငံရဲ႕ ရပ္ဝန္း တခု လမ္းတေၾကာင္း စီမံကိန္း အေကာင္အထည္ ေဖာ္ဖို႔ ျမန္မာ အေနာက္ဘက္ ကမ္းလြန္ ပင္လယ္ ျပင္ေတြဟာ အဓိက က်တဲ့ ေဒသ ျဖစ္ပါတယ္။ 

၂ဝ၁၈ ခုႏွစ္ ဧၿပီလ တုန္း က ဒီစီမံကိန္း ေတြကို အေကာင္အထည္ေဖာ္ဖို႔ ေၾကညာ ခဲ့တဲ့ တ႐ုတ္ နိုင္ငံ၊ ေဘဂ်င္းၿမိဳ႕မွာ က်င္းပတဲ့ ညီလာခံ ကိုလည္း နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ ခဲ့ပါတယ္။ 

အဲဒီ ညီလာခံမွာ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႕ တ႐ုတ္ ရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈ စီမံကိန္း ေတြကို အေကာင္ အထည္ ေဖာ္ဖို႔ သေဘာတူညီခဲ့ေၾကာင္း ေလ့လာသူေတြက သုံးသပ္ ၾကပါတယ္။ အဲဒီ အစီအစဥ္ေတြ ထဲမွာ အျငင္းပြား ဖြယ္ ျဖစ္ေနတဲ့ ျမစ္ဆုံ စီမံကိန္း ကိစၥလည္း ပါဝင္ နိုင္တယ္လို႔ ဆိုၾကပါတယ္။ 


အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ တ႐ုတ္ BICM လမ္းေၾကာင္း


အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ တ႐ုတ္ BICM လမ္းေၾကာင္း


ၿပီးခဲ့တဲ့ ရက္ပိုင္းက ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ ျမန္မာ့ ရင္းႏွီးျမႇုပ္ႏွံမႈ ညီလာခံမွာ ျမစ္ဆုံ ဆည္ အ႐ြယ္အစား ကို ေသးပစ္တာ၊ ဒါမွမဟုတ္ ေနရာ ေ႐ႊ႕ေျပာင္းတည္ေဆာက္ တာ မ်ိဳး လုပ္နိုင္ေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈ နဲ႕ နိုင္ငံျခား စီးပြား ဆက္သြယ္ေရး ဝန္ႀကီး ဦးေသာင္းထြန္း က ေျပာဆို ခဲ့ပါတယ္။ 

ျမန္မာ တ႐ုတ္ စီးပြားေရး စၾကၤံ တည္ေဆာက္ဖို႔ အာသီသ ျပင္းျပ ေနတဲ့ တ႐ုတ္ အေနနဲ႕ ျမန္မာ နိုင္ငံ ရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာလည္း ထဲထဲဝင္ဝင္ ပါဝင္ လုပ္ေဆာင္ လာတာကို ေတြ႕ျမင္နိုင္ ပါတယ္။ 

တ႐ုတ္ ရဲ႕ အထူး ကိုယ္စားလွယ္ ဆုန္ေကာ့ရွန္ ဟာ ေျမာက္ပိုင္း က တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြ ျဖစ္တဲ့ KIA၊ ဝ တပ္ဖြဲ႕ အျပင္ လက္ရွိ ရခိုင္ ျပည္နယ္ မွာ တပ္မေတာ္ နဲ႕ စစ္ျဖစ္ပြား ေနတဲ့ ေအေအ ရကၡိဳင့္ တပ္မေတာ္ နဲ႕ပါ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ခဲ့ပါတယ္။ 

ဒီဇင္ဘာလ တုန္းက ျမန္မာ့ တပ္မေတာ္ဟာ ၿငိမ္းခ်မ္းေရး အတြက္ ေလးလ ၾကာ ပစ္ခတ္ တိုက္ခိုက္မႈ ရပ္ဆိုင္း ထားမယ္ လို႔ ေၾကညာခဲ့ရတာ ဟာ တ႐ုတ္ရဲ႕ ၾကားဝင္ ေဆြးေႏြးမႈေတြေၾကာင့္ ျဖစ္တယ္လို႔ ေလ့လာသူ ေတြက ေျပာပါတယ္။ 

ဒါေပမယ့္ ျမန္မာ နိုင္ငံက စစ္ပြဲေတြ နဲ႕ မတည္ၿငိမ္မႈေတြ ရပ္တန႔္ နိုင္ဖို႔ က အခ်ိန္ယူလုပ္ေဆာင္ရဦးမယ္ ဆိုတဲ့ သုံးသပ္မႈေတြလည္း ရွိပါတယ္။ အထူး သျဖင့္ နယ္စပ္ ေဒသ ေတြမွာ တည္ၿငိမ္မႈ ရရွိဖို႔ အတြက္က ပိုမို အခ်ိန္ ယူရ နိုင္ပါတယ္။ ဒါေတြက ရပ္ဝန္း တခု လမ္းတေၾကာင္း စီမံကိန္း အတြက္ အဓိက စိန္ေခၚ မႈေတြ ျဖစ္ပါတယ္။ 

ရခိုင္ ေက်ာက္ျဖဴ ဆိမ္ကမ္း တည္ေဆာက္မယ့္ တ႐ုတ္ အေနနဲ႕ ရခိုင္ ေဒသမွာ စစ္ပြဲေတြ ျဖစ္ေနတာက အဓိက စိန္ေခၚမႈ ျဖစ္ေနပါတယ္။ 

ေနာက္ၿပီး ကမာၻေပၚက သဘာဝ ေရနက္ ဆိပ္ကမ္း တခု ျဖစ္တဲ့ ေက်ာက္ျဖဴဟာ မီတာ ၈၀ အထိ ေရနက္ၿပီး တ႐ုတ္ နိုင္ငံ အေနနဲ႕ မီတာ ၁၀၀ အထိ တိုးခ်ဲ့ တည္ေဆာက္ လိုတာပါ။ 

ဒီလို တိုးခ်ဲ့ တဲ့ ရည္႐ြယ္ခ်က္ က ေရငုပ္ သေဘၤာေတြ ေလာင္စာဆီျဖည့္တင္း လိုတဲ့ အတြက္ေၾကာင့္ ျဖစ္ေနတယ္ ဆိုၿပီးေတာ့လည္း အေနာက္ နိုင္ငံက စစ္ေရး ေလ့လာသူေတြက သုံးသပ္ ၾကပါတယ္။ 



မြန်မာနိုင်ငံ က တရုတ် ရင်းနှီးမြှုပ်နှံမှု ဆိပ်ကမ်း တွေက ဘယ်သူတွေကို အကျိုး ရှိစေမလဲ။

  • 4 ဖေဖော်ဝါရီ 2019
နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် သမ္မတ ရှီကျင်းပင်ဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionနိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် သမ္မတ ရှီကျင်းပင်

တောင်အာရှ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပြင် ဥရောပ အထိ ဈေးကွက် ချဲ့ထွင် နိုင်ဖို့ အတွက် တရုတ် နိုင်ငံနဲ့ ထိုင်း နိုင်ငံတို့ဟာ ကြိုးပမ်း လာကြပါတယ်။ 

မဲခေါင်ဒေသတွေ ဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ထိုင်း နိုင်ငံတွေမှာ အပြန်အလှန် ကူးလူး ဆက်ဆံ နိုင်တဲ့ ဆိပ်ကမ်းတွေ၊ ရထားလမ်းတွေ၊ အမြန် လမ်းမကြီးတွေ ဖောက်ခြင်း အားဖြင့် ဈေးကွက် ကို အလျင်အမြန် ချိတ်ဆက် နိုင်မယ်ဆိုပြီး ဆန်းစစ် လေ့လာ ချက်တွေမှာ ဖော် ပြ ခဲ့ပါတယ်။ 

ဒီလို ဥရောပ နဲ့ အဲဒီကနေမှ တဆင့် အာဖရိက နိုင်ငံတွေ အထိ ဈေးကွက် ချဲ့ထွင် နိုင်ဖို့၊ ဈေးကွက် အတွင်း ကုန်ပစ္စည်းတွေ အလျင် အမြန် ရောက် ရှိနိုင်ဖို့ အတွက် တရုတ် သမ္မတ ရှီကျင်းပင် က မနေမနား အားထုတ် ကြိုးပမ်း နေတာပါ။ 

ဒါက တရုတ် နိုင်ငံရဲ့ ရပ်ဝန်း တခု လမ်းတကြောင်း One Belt One Road စီမံကိန်း ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ တရုတ် တို့ ရဲ့ မဟာဗျူဟာ မြောက် ရည်မှန်းချက် ဖြစ်ပါတယ်။ 

ဒီ ရပ်ဝန်း တခု လမ်းတကြောင်း စီမံကိန်း ထဲမှာ မြန်မာ နိုင်ငံမှာ ရေနက် ဆိပ်ကမ်း တွေ တည်ဆောက်ပြီး ရထားလမ်းတွေ ဖောက်လုပ်ကာ တရုတ် ရဲ့ ကုန်းတွင်းပိုင်း ဒေသ တွေ နဲ့ ချိတ်ဆက် နိုင်ဖို့ မျှော်မှန်း ထားတာပါ။ 

အဲဒီ လမ်းကြောင်း ကနေ တဆင့် တရုတ် ပြည်တွင်း ကနေပြီး အရှေ့တောင် အာရှ နိုင်ငံတွေ၊ တောင်အာရှ နိုင်ငံတွေ ပြီးတော့ အရှေ့အလယ်ပိုင်း ဒေသ နဲ့ ဥရောပ နိုင်ငံတွေ အထိ ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။ 

မြန်မာ နိုင်ငံမှာ ဆိပ်ကမ်း ခြောက်ခု လောက် တည်ဆောက် ရင်းနှီးမြှုပ်နှံဖို့ တရုတ် အနေနဲ့ ရည်ရွယ် ထားပြီး အဲဒီ အထဲမှာ ရေနက် ဆိပ်ကမ်း စီမံကိန်း တွေလည်း ပါဝင်ပါတယ်။ 

ကျောက်ဖြူ ရေနံသိုလှောင်ရုံဓာတ်ပုံ မူပိုင်AFP
Image captionကျောက်ဖြူ ရေနံသိုလှောင်ရုံ

မြန်မာ အစိုးရ အနေနဲ့ကလည်း ဒီစီမံကိန်းတွေကို အကောင် အထည် ဖော်ဖို့ ဆန္ဒ ရှိပါတယ်။ ဒီစီမံကိန်းတွေက တဆင့် တိုင်းပြည်ရဲ့ စီးပွားရေး ကို ဆွဲတင် နိုင်မယ်လို့လည်း မျှော်မှန်း ထားတာပါ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက NLD အစိုးရ နဲ့ တရုတ် အစိုးရ တို့ အကြားမှာ ဒီမဟာဗျူဟာမြောက် စီမံကိန်းတွေ ဖြစ်တဲ့ ဆိပ်ကမ်း စီမံကိန်း၊ လမ်းပန်း ဆက်သွယ်ရေး စီမံကိန်း တွေကို အကောင်အထည် ဖော်ဖို့ သဘောတူညီ ခဲ့ကြပါတယ်။ 

မြန်မာ နိုင်ငံအတွက် ဒီဆိပ်ကမ်းတွေ တည်ဆောက်ခြင်းဟာ အရေးပါပါတယ်။ ဆိပ်ကမ်းတွေ နဲ့ ချိတ်ဆက် ထားတဲ့ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း တွေကြောင့် နိုင်ငံအတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး တိုးတက် ဖြစ်ထွန်း စေမှာ ပါ။ 

တရုတ် နိုင်ငံ အတွက်လည်း အဓိက ကျတဲ့ စီမံကိန်းတွေပါ။ အဲဒီ လမ်းကြောင်း တွေ အသုံးပြုပြီး နိုင်ငံ မြောက်ပိုင်းက ထုတ်ကုန် တွေကို ထိုင်းနိုင်ငံ ကနေတဆင့် အနောက်ဘက် ကမ္ဘာ ကို တင်ပို့ နိုင်မှာ ဖြစ်ပါတယ်။ 

နောက်ပြီး အိန္ဒိယ နိုင်ငံ ရဲ့ တွန့်ဆုတ် နေမှုကြောင့် ရပ်တန့် နေရတဲ့ BICM ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် နဲ့ မြန်မာ နိုင်ငံ တို့ ဆက်သွယ်မယ့် ကုန်းတွင်း လမ်းကြောင်းကို အစားထိုး နိုင်မယ့် စီမံကိန်းတွေ ဖြစ်ပါတယ်။ 

နောက်ပြီး တရုတ် အတွက် ဒီလမ်းကြောင်းတွေဟာ အရှေ့တောင် အာရှ ဒေသမှာ စစ်ရေးအရ အားသာမှု ဖြစ်စေ နိုင်တယ် ဆိုတဲ့ ခန့်မှန်း သုံးသပ်ချက် တွေလည်း ရှိပါတယ်။ 

ဒီစီမံကိန်းတွေက မြန်မာ နိုင်ငံ နဲ့ တရုတ် နိုင်ငံ တို့ရဲ့ အပြန်အလှန် ဆက်ဆံ မှု ကို တိုးတက် စေမှာ ဖြစ်တယ်လို့ တရုတ် အရေး လေ့လာ သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။ 

ကျောက်ဖြူ ရေနံသိုလှောင်ရုံဓာတ်ပုံ မူပိုင်AFP
Image captionအရှေ့အလယ်ပိုင်း က ရေနံတွေကို ကုန်းတွင်းလမ်းကြောင်းနဲ့ တင်ပို့ဖို့ ကျောက်ဖြူမှာ သိုလှောင်ထား

တရုတ် က မြန်မာ နိုင်ငံအပေါ်မှာ ထားတဲ့ သဘောထား ကလည်း အရှေ့ တောင် အာရှ နိုင်ငံများ ကို ဆက်သွယ်ရေး မှာ အဓိက ကျတဲ့ လမ်းကြောင်း မှာ တည်ရှိနေတဲ့ နိုင်ငံ အဖြစ် ရှုမြင်ပါတယ်။ 

ဒါကြောင့် မြန်မာ နဲ့ ဆက်ဆံရေး ကို အထူးအလေးထား သလို မြန်မာ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေရတာ ဖြစ်ကြောင်း ဒေါက်တာ လှကျော်ဇော က သုံးသပ်ပါတယ်။ 

မြန်မာ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းမှု ရှိမှ တရုတ် နိုင်ငံ ရဲ့ ရင်းနှီး မြှုပ်နှံမှု စီမံကိန်းတွေကနေ အကျိုးစီးပွား ဖြစ်ထွန်း မှာမို့ ငြိမ်းချမ်းရေး လို ကိစ္စ တွေမှာ ပါဝင် နေရတာ ဆိုတဲ့ သုံးသပ်မှုတွေ လည်း ရှိပါတယ်။ 

အနောက်ကမ္ဘာ နဲ့ ချိတ်ဆက်မယ့် ခေတ်သစ် ပိုးလမ်းမ One Belt One Road စီမံကိန်း မှာလည်း မြန်မာ နိုင်ငံဟာ မဟာ ဗျူဟာမြောက် ဒေသ ဖြစ်တယ် ဆိုပြီး အနောက် နိုင်ငံတွေက ထောက်ပြပါတယ်။ 

ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်း က အခြေခံ အဆောက်အဦတွေ တည်ဆောက် ရုံသက်သက်ပဲ မဟုတ်ပါဘူး။ ဒီလမ်းပန်းဆက်သွယ်ရေး ကောင်းမွန် မှု ကနေ ဖြစ်ပေါ်လာမယ့် စီးပွားရေး တိုးတက်လာမှု အကျိုးဆက် ကိုပါ တရုတ်က မျှော်ကြည့် နေတာပါ။ 

အရှေ့တောင် အာရှ နိုင်ငံ တွေနဲ့ တောင်အာရှ နိုင်ငံတွေကို ဆက်သွယ် လိုက်နိုင်ရင် ကမ္ဘာ့ လူဦးရေ ရဲ့ ၆၅ ရာခိုင်နှုန်း ဖြစ်တဲ့ သန်း ၆ဝဝ ရှိတဲ့ ဈေးကွက် ကို လွှမ်းမိုး နိုင်မှာလည်း ဖြစ်ပါတယ်။ 

ကျောက်ဖြူကနေ တရုတ် နိုင်ငံ အထိ ဆက်သွယ် နိုင်မယ့် လမ်းကြောင်း
Image captionကျောက်ဖြူကနေ တရုတ် နိုင်ငံ အထိ ဆက်သွယ် နိုင်မယ့် လမ်းကြောင်း

ဒီလို ဖြစ်နိုင်ဖို့ က တရုတ် ကုန်းတွင်း ပိုင်း နဲ့ ချိတ်ဆက်ဖို့ မြန်မာ နိုင်ငံရဲ့ ဆိပ်ကမ်းတွေ နဲ့ ကုန်းလမ်းမကြီးတွေ က မဟာဗျူဟာမြောက် အရေးပါ နေပါတယ်။ 

အခုနောက်ဆုံးမှာ မြန်မာ နိုင်ငံအနေနဲ့ အဓိက ကျတဲ့ ဆိပ်ကမ်း ကြီး နှစ်ခု ဖြစ်တဲ့ ထားဝယ် ဆိပ်ကမ်း နဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်း တွေကို တည်ဆောက် နေပါတယ်။ 

ဒီ ဆိပ်ကမ်း နှစ်ခု ဟာ မြန်မာ နိုင်ငံ နဲ့ တရုတ် နိုင်ငံ အပြင် ဥရောပ၊ အာဖရိက နိုင်ငံတွေ အထိကို ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။ ဒီ ဆိပ်ကမ်းတွေ ဟာ တရုတ် နိုင်ငံ တောင်ပိုင်း က ကူမင်း မြို့ အထိ ကို ချိတ်ဆက် သွားလာ နိုင်မှာ လည်း ဖြစ်ပါတယ်။ 

ဒါက မြန်မာနဲ့ တရုတ် နိုင်ငံ အကြား က စီးပွားရေး စင်္ကြံ CMEC စီမံကိန်း ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ် ပြင်ဟာ တရုတ် အတွက် အနောက်ကမ္ဘာ နဲ့ ချိတ်ဆက် နိုင်မယ့် လမ်းကြောင်းပါ။ အခုတော့ အဲဒီ ဆိပ်ကမ်း တွေ တည်ဆောက်ပြီးစီးဖို့ အချိန် ပိုင်း လောက်သာ လိုပါတော့တယ်။ 

အဆိုပါ ဆိပ်ကမ်းတွေ ဟာ မြန်မာ နိုင်ငံရဲ့ ဆိပ်ကမ်း မြို့တွေ ဖြစ်တဲ့ ပုသိမ်၊ ရန်ကုန် နဲ့ မော်လမြိုင် မြို့တွေကိုလည်း ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။ 

ထားဝယ် ဆိပ်ကမ်း တည်ဆောက်နေမှု မြင်ကွင်းဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionထားဝယ် ဆိပ်ကမ်း တည်ဆောက်နေမှု မြင်ကွင်း

ဒီဆိပ်ကမ်း မြို့တွေကို ရေကြောင်း ကနေ ချိတ်ဆက် နိုင်ခြင်း အားဖြင့် မြန်မာ နိုင်ငံရဲ့ အနောက်ပိုင်း က ကုန်စည် တွေကို နိုင်ငံ အလယ်ပိုင်း နဲ့ အရှေ့ပိုင်း ကို ပို့ဆောင် နိုင်မယ့် ကုန်စည် ပို့ဆောင်ရေး ကလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ 

ဒီလို ရေကြောင်း ပို့ဆောင်ရေး ကို ချိတ်ဆက် နိုင်မယ့် အစီအစဉ် မှာ အဓိက ကျတဲ့ ဆိပ်ကမ်း သုံးခု ရှိပါတယ်။ တခု က ရန်ကုန် သီလဝါ ဆိပ်ကမ်းပါ။ နောက်တခု ကတော့ လက်ရှိမှာ ထိုင်း နဲ့ မြန်မာ နိုင်ငံတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် နေတဲ့ ထားဝယ် အထူး စီးပွားရေး ဇုန် စီမံကိန်း ပဲ ဖြစ်ပါတယ်။ 

နောက်တခု ကတော့ တရုတ် နိုင်ငံက အကောင်အထည် ဖော် နေတဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းပါ။ ထားဝယ် စီမံကိန်း ကို အီတာလျံ ထိုင်း ဖွံ့ဖြိုးရေး(ITD) ကုမ္ပဏီက အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ 

ITD ကုမ္ပဏီ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်း က ထားဝယ် အထူး စီးပွားရေး ဇုန် ကို အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ တိုးတက် ဖြစ်ထွန်းမှု အနည်းငယ်ပဲ ရှိတဲ့ အတွက် တခြား ကုမ္ပဏီကို အစား ထိုး မယ် ဆိုပြီးတော့ စီးပွားကူးသန်း ဒုတိယ ဝန်ကြီး က နေပြည်တော်မှာ ပြောခဲ့ ဖူးပါတယ်။ 

ထားဝယ်ဆိပ်ကမ်း လမ်းကြောင်း
Image captionထားဝယ်ဆိပ်ကမ်း လမ်းကြောင်း

ဒါပေမယ့် တခြား ကုမ္ပဏီ တခု ကို စီမံကိန်း ကို လွှဲပြောင်းပေးမယ် ဆိုရင် ဘဏ္ဍာရေး ဆိုင်ရာ ပြဿနာ များ ပေါ်ပေါက် လာနိုင်တယ်ဆိုပြီးတော့လည်း မြန်မာ့ စီးပွားရေးဇုန်များ ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ အတွင်းရေးမှူး ဦးအောင်စိုး က ပြောပါတယ်။ 

နောက်ပြီး ထားဝယ် စီးပွားရေး ဇုန် နဲ့ နယ်စပ် မြို့ ထီးခီး ကို ဆက်သွယ် မယ့် ၂ လမ်းသွား အမြန်လမ်းဖောက်လုပ်မှု ကိုလည်း ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဒီစီမံကိန်း အတွက် ထိုင်း နိုင်ငံ က ဘတ်ငွေ ၄.၅ ဘီလီယံ ထုတ်ချေးမှာ ဖြစ်ပြီး ပြည်သူ့ လွှတ်တော်မှာလည်း အတည်ပြု ခဲ့ပြီးပါပြီ။ 

ဒါပေမယ့် ထားဝယ် အထူး စီးပွားရေး ဇုန် ဆောက်လုပ် မှု လုပ်ငန်း အကောင် အထည် ဖော်ဖို့ တရုတ် ဘက်လည်း အလို ရှိနေတာပါ။ ဒီ လမ်းကြောင်း က တရုတ် မြန်မာ စီးပွားရေး စင်္ကြံ နဲ့ ထိုင်း နိုင်ငံ က ကန်ချနာဘူရီ လမ်းကြောင်း ကို ဆက်သွယ် နိုင်မှာ ပါ။ ဒီလမ်း ကြောင်း က ထိုင်း နိုင်ငံ ကို ကုန်ပစ္စည်း တိုက်ရိုက် ပို့လိုတဲ့ တရုတ် အတွက် အကျိုးများ စေ နိုင်ပါတယ်။ 

ကျောက်ဖြူ ရေနံသိုလှောင်ရာ နေရာဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionကျောက်ဖြူ ရေနံသိုလှောင်ရာ နေရာ

ဧရာဝတီ တိုင်းဟာ မြန်မာ နိုင်ငံ အတွက် ဆန်စပါး စားနပ် ရိက္ခာ ထုတ်လုပ် ပေးရာ တိုင်း ဒေသကြီး ဖြစ်ပါတယ်။ အကယ်၍ တရုတ် အနေနဲ့ လမ်းပန်း ဆက်သွယ်ရေး အခြေခံ အဆောက်အဦတွေ ဆောက်လုပ်လာမယ် ဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာနိုင်ပြီး စိုက်ပျိုးရေး လုပ်ငန်း ကိုပါ ထိခိုက် နိုင်တဲ့ အတွက် ဆန့်ကျင် ကန့်ကွက်မှုတွေ နဲ့ ကြုံ ရနိုင်ပါတယ်။ 

ဒီ အစား မော်လမြိုင် ဆိပ်ကမ်း ကိုသာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ တရုတ် အနေနဲ့ ပိုမို ကြိုးစားလာပါတယ်။ အဲဒီ ဒေသမှာ တရုတ် ရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ အင်နဲ့ အားနဲ့ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ 

တရုတ် နိုင်ငံ အနေနဲ့ ရေကြောင်း ပို့ဆောင်ရေး ကနေ တစ်နှစ် တန်ချိန် သန်း ၅၀၀ လောက် ပို့ဆောင်နိုင်ဖို့ မျှော်မှန်း နေသလို ဥရောပ အထိ တိုက်ရိုက် ရောက် နိုင်မယ့် ရထားလမ်း ပို့ဆောင်ရေး ကနေလည်း ၁.၁ ဘီလီယံ တန်ချိန် အထိ မျှော်မှန်း လုပ်ဆောင် နေတာ ဖြစ်ပါတယ်။ 

ထားဝယ် ရေနက် ဆိပ်ကမ်း ပြမြေပုံကို သံဃာတပါး ကြည့်ရှုနေစဉ်ဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionထားဝယ် ရေနက် ဆိပ်ကမ်း ပြမြေပုံကို သံဃာတပါး ကြည့်ရှုနေစဉ်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အတွက် တရုတ် နဲ့ သဘောတူညီ ထားတဲ့ အပြင် ထားဝယ် ဆိပ်ကမ်း ကိုလည်း တရုတ် က အမြန်ဆုံး အကောင်အထည် ပေါ်လာဖို့ အလိုရှိတာပါ။ တပြိုင်နက် ထဲမှာပဲ မော်လမြိုင် ဆိပ်ကမ်း ကိုလည်း မျက်စိ ကျနေပါတယ်။ 

တရုတ် နိုင်ငံ အနေနဲ့ မန္တလေး ကို ဖြတ်သွားမယ့် မော်လမြိုင် ကနေ ကူမင်း အထိ ပေါက်မယ့် လမ်းဖောက် လုပ်ဖို့လည်း အဆိုပြုခဲ့ဖူးပါတယ်။ အဲဒီ လမ်း ဟာ ကူမင်း -မန္တလေး- ရန်ကုန် လမ်း နဲ့ အပြိုင် ဖြစ်ဖို့ ရှိပါတယ်။ 

တရုတ် နဲ့ မြန်မာ ကြားမှာ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း အတွက် သဘောတူ လက်မှတ်ရေး ထိုးပြီးတဲ့ နောက်မှာ ၂ နိုင်ငံကြား က စီးပွားရေး စင်္ကြံ တည်ဆောက်ဖို့ အလျင်အမြန် ကြိုးစားနေပါတယ်။ 

လွန်ခဲ့တဲ့ လပိုင်းတုန်း က တရုတ် နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင် တဦး ဖြစ်တဲ့ တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင် က ဒုတိယ ဥက္ကဋ္ဌ နင်ဂျီကျီ ဟာ နေပြည်တော် ကို လာရောက် ခဲ့ပြီး တရုတ် မြန်မာ စီးပွားရေး စင်္ကြံ တည်ဆောက်ရေး အတွက် ဆွေးနွေးမှု တွေ လုပ်ခဲ့ပါတယ်။ 

ရန်ကုန် သီလဝါ ဆိပ်ကမ်းဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionရန်ကုန် သီလဝါ ဆိပ်ကမ်း

တရုတ် အနေနဲ့ ဒေသဆိုင်ရာ အစိုးရတွေ၊ ဒေသ ခံတွေ နဲ့ သဘော တူညီနိုင်ဖို့၊ အဲဒီ ကိစ္စ တွေ အပြင် မြေယာ အငြင်းပွားမှု တွေကိုပါ ရှောင်လွှဲ နိုင်ဖို့ ကိုပါ ကြိုးစား ဆောင်ရွက် နေတယ်လို့ လေ့လာသူတွေ က ပြောပါတယ်။ 

ဒါပေမယ့် တရုတ် နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း တွေဟာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှု အပိုင်းတွေမှာ တော့ အားနည်းလျက် ရှိနေတုန်းပဲ ဆိုပြီး MATA သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ကိုရဲသိန်းဦး က ပြောပါတယ်။ 

ရခိုင်ပြည်နယ် ကနေပြီး တရုတ် နိုင်ငံ ကို သွယ်တန်းထားတဲ့ ရေနံ ပိုက်လိုင်းတွေ၊ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတွေကြောင့် ပတ်ဝန်းကျင် ထိခိုက် နစ်နာမှုတွေ ရှိခဲ့တာတွေက သက်သေပဲလို့ သူက ပြောဆိုပါတယ်။ 

တရုတ် နိုင်ငံရဲ့ ရပ်ဝန်း တခု လမ်းတကြောင်း စီမံကိန်း အကောင်အထည် ဖော်ဖို့ မြန်မာ အနောက်ဘက် ကမ်းလွန် ပင်လယ် ပြင်တွေဟာ အဓိက ကျတဲ့ ဒေသ ဖြစ်ပါတယ်။ 

၂ဝ၁၈ ခုနှစ် ဧပြီလ တုန်း က ဒီစီမံကိန်း တွေကို အကောင်အထည်ဖော်ဖို့ ကြေညာ ခဲ့တဲ့ တရုတ် နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ညီလာခံ ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပါတယ်။ 

အဲဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ် ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း တွေကို အကောင် အထည် ဖော်ဖို့ သဘောတူညီခဲ့ကြောင်း လေ့လာသူတွေက သုံးသပ် ကြပါတယ်။ အဲဒီ အစီအစဉ်တွေ ထဲမှာ အငြင်းပွား ဖွယ် ဖြစ်နေတဲ့ မြစ်ဆုံ စီမံကိန်း ကိစ္စလည်း ပါဝင် နိုင်တယ်လို့ ဆိုကြပါတယ်။ 

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် BICM လမ်းကြောင်း
Image captionအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် BICM လမ်းကြောင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံမှာ မြစ်ဆုံ ဆည် အရွယ်အစား ကို သေးပစ်တာ၊ ဒါမှမဟုတ် နေရာ ရွှေ့ပြောင်းတည်ဆောက် တာ မျိုး လုပ်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်း က ပြောဆို ခဲ့ပါတယ်။ 

မြန်မာ တရုတ် စီးပွားရေး စင်္ကြံ တည်ဆောက်ဖို့ အာသီသ ပြင်းပြ နေတဲ့ တရုတ် အနေနဲ့ မြန်မာ နိုင်ငံ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင် လာတာကို တွေ့မြင်နိုင် ပါတယ်။ 

တရုတ် ရဲ့ အထူး ကိုယ်စားလှယ် ဆုန်ကော့ရှန် ဟာ မြောက်ပိုင်း က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KIA၊ ဝ တပ်ဖွဲ့ အပြင် လက်ရှိ ရခိုင် ပြည်နယ် မှာ တပ်မတော် နဲ့ စစ်ဖြစ်ပွား နေတဲ့ အေအေ ရက္ခိုင့် တပ်မတော် နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ 

ဒီဇင်ဘာလ တုန်းက မြန်မာ့ တပ်မတော်ဟာ ငြိမ်းချမ်းရေး အတွက် လေးလ ကြာ ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်း ထားမယ် လို့ ကြေညာခဲ့ရတာ ဟာ တရုတ်ရဲ့ ကြားဝင် ဆွေးနွေးမှုတွေကြောင့် ဖြစ်တယ်လို့ လေ့လာသူ တွေက ပြောပါတယ်။ 

ဒါပေမယ့် မြန်မာ နိုင်ငံက စစ်ပွဲတွေ နဲ့ မတည်ငြိမ်မှုတွေ ရပ်တန့် နိုင်ဖို့ က အချိန်ယူလုပ်ဆောင်ရဦးမယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အထူး သဖြင့် နယ်စပ် ဒေသ တွေမှာ တည်ငြိမ်မှု ရရှိဖို့ အတွက်က ပိုမို အချိန် ယူရ နိုင်ပါတယ်။ ဒါတွေက ရပ်ဝန်း တခု လမ်းတကြောင်း စီမံကိန်း အတွက် အဓိက စိန်ခေါ် မှုတွေ ဖြစ်ပါတယ်။ 

ရခိုင် ကျောက်ဖြူ ဆိမ်ကမ်း တည်ဆောက်မယ့် တရုတ် အနေနဲ့ ရခိုင် ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတာက အဓိက စိန်ခေါ်မှု ဖြစ်နေပါတယ်။ 

နောက်ပြီး ကမ္ဘာပေါ်က သဘာဝ ရေနက် ဆိပ်ကမ်း တခု ဖြစ်တဲ့ ကျောက်ဖြူဟာ မီတာ ၈၀ အထိ ရေနက်ပြီး တရုတ် နိုင်ငံ အနေနဲ့ မီတာ ၁၀၀ အထိ တိုးချဲ့ တည်ဆောက် လိုတာပါ။ 

ဒီလို တိုးချဲ့ တဲ့ ရည်ရွယ်ချက် က ရေငုပ် သင်္ဘောတွေ လောင်စာဆီဖြည့်တင်း လိုတဲ့ အတွက်ကြောင့် ဖြစ်နေတယ် ဆိုပြီးတော့လည်း အနောက် နိုင်ငံက စစ်ရေး လေ့လာသူတွေက သုံးသပ် ကြပါတယ်။

Ref:https://www.bbc.com/burmese/burma-47122081?ocid=socialflow_facebook


ကမၻာေပၚ က သဘာဝ ေရနက္ ဆိပ္ကမ္း တခု ျဖစ္တဲ့ ေက်ာက္ျဖဴဟာ ဟာ မီတာ ၈၀ ရွိၿပီး တရုတ္ ႏုိင္ငံ အေနနဲ႔ မီတာ ၁၀၀ အထိ တုိးခ်ဲ႕ တည္ေဆာက္လုိတာပါ။ ဒါက ေရငုပ္ သေဘၤာေတြကုိ ေလာင္စာဆီ ျဖည့္တင္းလုိတဲ့ ရည္ရြယ္ခ်က္နဲ႔ ေဆာင္ရြက္တာ ျဖစ္ႏုိင္တယ္လုိ႔ ေလ့လာသူေတြက သံုးသပ္ၾကပါတယ္။ 

#ဘီဘီစီျမန္မာပုိင္း : https://bbc.in/2DakwYu

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!