Popular Posts!

Friday, February 8, 2019

ကေမၺာဇ၊ ေပ်ာက္ကြယ္သြားတဲ့ ဖက္ဒရယ္ရွမ္းျပည္မ်ား

ကေမၺာဇ၊ ေပ်ာက္ကြယ္သြားတဲ့ ဖက္ဒရယ္ရွမ္းျပည္မ်ား

ဘိုဘို

Shanဓာတ္ပုံ မူပိုင္WIKICOMMON


ေပ်ာက္ကြယ္သြားတဲ့ ပေဒသရာဇ္ရွမ္းျပည္နယ္စု

ရွမ္းျပည္နယ္ ဆိုတဲ့ စကားေပၚလာတာ ၁၉၄၈ ကပါ။ ဒီအရင္က ပေဒသရာဇ္ရွမ္းျပည္နယ္စုလို႔ ေခၚပါတယ္။ ျမန္မာျပည္မနဲ႕ ပူးတြဲအုပ္ခ်ဳပ္မႈေအာက္မွာ မရွိဘဲ ၿဗိတိသွ်ဘုရင္ခံက တိုက္ရိုက္အုပ္ခ်ဳပ္တာ ျဖစ္ပါတယ္။
ရွမ္းနဲ႕တကြ ကခ်င္ေတာင္တန္းနဲ႕ ခ်င္းေတာင္၊ ကရင္ျပည္နယ္ျဖစ္လာမယ့္ သံလြင္ခရိုင္၊ နာဂေတာင္တန္းေတြမွာလည္း နယ္ျခားအုပ္ခ်ဳပ္ေရးထားရွိလို႔ ေဒသခံ ေစာ္ဘြားနဲ႕ ဒူးဝါး၊ ေတာင္အုပ္ေတြက အာဏာႀကီးခဲ့ပါတယ္။
ဒီျပည္နယ္ေတြထဲမွာ ထိပ္ဆုံးက က်ိဳင္းတုံ၊ မိုးနဲ၊ သီေပါ၊ ေညာင္ေ႐ႊဆိုတဲ့ အဓိက ေစာ္ဘြားနယ္ႀကီးေတြ ရွိပါတယ္။ ဒီနယ္က ေစာ္ဘြားႀကီးေတြ ျမန္မာျပည္ဆင္းရင္ ဘူတာမွာ အေျမာက္ ကိုးခ်က္ ပစ္ေဖာက္ ႀကိဳဆိုရလို႔ အေျမာက္ရ ေစာ္ဘြားလို႔ ေခၚပါတယ္။

ေစာ္ဘြား သို႔မဟုတ္ ေနဝင္သြားေသာ ဘုရင္မ်ား
Shanဓာတ္ပုံ မူပိုင္PRINT COLLECTOR



ေဒလီဒါဘာကိုတက္လာတဲ့ ရွမ္းေစာ္ဘြားႀကီး

အဲဒီေနာက္က ေစာ္ဘြားႀကီးငယ္လတ္ အဆင့္ဆင့္ အာဏာခြဲထားမွာ အငယ္ဆုံးနယ္ေလးေတြမွာေတာ့ ၿမိဳ႕စားနဲ႕ ေငြခြန္မႉး အုပ္ခ်ဳပ္ပါတယ္။ ဒီေစာ္ဘြားနယ္ေတြမွာ ျပည္မက တိုက္ရိုက္ ခ်ဳပ္ကိုင္မႈ ေတာ္ေတာ္နည္းၿပီး ကာကြယ္ေရး၊ နိုင္ငံျခားဆက္သြယ္ေရးနဲ႕ သတၱဳတြင္းလို အေရးႀကီးတဲ့ ကိစၥေတြမွာသာ ၿဗိတိသွ်ဘက္က ခ်ဳပ္ကိုင္ထားတာ ျဖစ္ပါတယ္။
၁၉၃၇ က ရွမ္း၊ ကရင္နီနဲ႕ ဝ ျပည္နယ္ ၅၂ နယ္မွာ လူဦးေရ တသန္းေက်ာ္ ေနထိုင္ခဲ့ၿပီး နယ္ေျမအက်ယ္အဝန္း စတုရန္းမိုင္ ၆၇,ဝဝဝ ေက်ာ္ရွိတယ္လို႔ ၿဗိတိသွ် မွတ္တမ္းေတြက ဆိုပါတယ္။ ဒီနယ္ေတြက အခြန္ေတာ္ ၁၃ သိန္းခြဲ ရတယ္ လို႔လည္း ဆိုပါတယ္။
ဒီထဲမွာ တခ်ိဳ႕ ဝ နယ္ေတြက ၿဗိတိသွ် ဝင္လို႔မရေသးတဲ့နယ္ေျမေတြ ျဖစ္ၿပီး အုပ္ခ်ဳပ္မႈ အာဏာစက္ မရွိသေလာက္ ျဖစ္ပါတယ္။ ကရင္နီနယ္ေတြကိုေတာ့ ၿဗိတိသွ် အေစာင့္အေရွာက္ခံ ပုံစံမ်ိဳးထားရွိၿပီး ေမာ္ခ်ီးသတၱဳတြင္းနဲ႕ ကြၽန္းသစ္လုပ္ငန္း ကိုေတာ့ ၿဗိတိသွ်က ခ်ဳပ္ကိုင္ထားတာပါ။
လြတ္လပ္ခဲ့သည္ဆိုေသာ ကယား သို႔မဟုတ္ ကရင္နီ
မဟာရာဇာရွင္းတမ္း
ဒီလို ေစာ္ဘြား အုပ္ခ်ဳပ္မႈ ပုံစံမ်ိဳးကို အိႏၵိယမွာလည္း ေတြ႕ရၿပီး မဟာရာဇာေခၚ ေစာ္ဘြားေတြရဲ႕ အာဏာကို ၿဗိတိသွ်ဘက္က ေတာ္ေတာ္ ကာကြယ္ေပးထားခဲ့ပါတယ္။ အိႏၵိယမွာ ၂၁ ခ်က္ အေျမာက္ရတဲ့ ေစာ္ဘြားႀကီးေတြအထိ ရွိၿပီး တိဘက္က ဒလိုင္လားမားကေတာ့ ၁၉ ခ်က္ရတယ္ဆိုပါတယ္။

indiaဓာတ္ပုံ မူပိုင္THIERRY FALISE



ဟိုတယ္ျဖစ္သြားတဲ့ ဟိုက္ဒရာဘတ္နန္းေတာ္

အိႏၵိယေစာ္ဘြားေတြကိုေတာ့ ၿဗိတိသွ်က လြတ္လပ္ေရးမေပးခင္မွာ ပါကစၥတန္နဲ႕ အိႏၵိယ ႀကိဳက္တဲ့ဘက္ကို ေပါင္းခြင့္ေပးခဲ့ပါတယ္။ ဒီထဲက ဟိုက္ဒရာဘတ္မဟာရာဇာက သီးသန့္နိုင္ငံထူေထာင္ဖို႔ ႀကံစည္လို႔ အိႏၵိယက ဝင္သိမ္းခဲ့ပါတယ္။ တျခား ေစာ္ဘြားေတြရဲ႕ အာဏာကိုလည္း လြတ္လပ္ေရးရၿပီးေနာက္မွ ပါကစၥတန္နဲ႕ အိႏၵိယေခါင္းေဆာင္ေတြက ကန့္သတ္ေလွ်ာ့ခ်ခဲ့ပါတယ္။ ျမန္မာျပည္မွာလို ေစာ္ဘြားေတြကို ဖမ္းတာ၊ ေစာ္ဘြားေတြဘက္က ဖက္ဒရယ္စနစ္ေတာင္းတာ၊ သူပုန္ထတာမ်ိဳးေတြ ႀကီးႀကီးမားမား မျဖစ္ခဲ့ေပမယ့္ သံတမန္ေရး၊ စစ္ေရးနည္းေတြသုံးၿပီး သိမ္းသြင္းခဲ့ရပါတယ္။
အိႏၵိယမွာ ၁၉၇၁ ေရာက္မွ ေစာ္ဘြားအဆင့္အတန္းနဲ႕ ရပိုင္ခြင့္ေတြကို ဖြဲ႕စည္းပုံမွာ အၿပီးဖ်က္သိမ္းနိုင္ခဲ့ၿပီး ပါကစၥတန္က ဘလူခ်ီစတန္ေစာ္ဘြားညီ စခဲ့တဲ့ ပုန္ကန္မႈကေတာ့ ၁၉၄၈ ကေန ခုထိ ျဖစ္ေနဆဲပါ။
၁၉၇၅ မွာေတာ့ အိႏၵိယ အေစာင့္ေရွာက္ခံ ဆစ္ကင္ေစာ္ဘြားနယ္မွာ အိႏၵိယ အစိုးရက ဝင္သိမ္းၿပီး ေစာ္ဘြားကို ဆႏၵခံပြဲနဲ႕ ျဖဳတ္ခ်ခဲ့ပါတယ္။
အင္ဒိုနီးရွားမွာေတာ့ လြတ္လပ္ေရးမွာ ကူညီခဲ့တဲ့ ေဂ်ာ့ဂ်ာကာတာ ေစာ္ဘြားႀကီးကို ကေန႕အထိ ေစာ္ဘြားအာဏာ ေပးထားဆဲ ျဖစ္ပါတယ္။

ေစာ္ဘြားနယ္က 'မ'ေတာ္လွန္ေရး

Shanဓာတ္ပုံ မူပိုင္PRINT COLLECTOR


အႏွစ္တရာေက်ာ္က ရွမ္းေစာ္ဘြားနဲ႕ ေစာ္ဘြားကေတာ္

ရာဇဝင္ထဲက ေစာ္ဘြား

ေစာ္ဘြားစနစ္ဟာ ျမန္မာဘုရင္ေတြ လက္ထက္ကတည္းက ႏွစ္ရာခ်ီ ရွိခဲ့ၿပီး ျမန္မာသမိုင္းမွာ သိုဟန္ဘြား၊ အုန္းေဘာင္ခုံမွိုင္း၊ မိုးၿဗဲနရပတိစတဲ့ ေစာ္ဘြားေတြကို မင္းျမႇောက္အုပ္ခ်ဳပ္ခဲ့တဲ့ ေခတ္ေတြ အင္းဝေခတ္က ရွိခဲ့ပါတယ္။
ဘုရင့္ေနာင္လက္ထက္မွာ ေစာ္ဘြားနယ္ေတြကို သိမ္းသြင္းၿပီး အဲဒီေဒသေတြက ေစာ္ဘြားေသရင္ ကြၽန္ေတြကိုသတ္ၿပီး ျမႇုပ္တဲ့စနစ္ကို ပယ္ဖ်က္ခဲ့ပါတယ္။ ေစာ္ဘြားသားေတြ ညီေတြကို ဘုရင့္ေနျပည္ေတာ္မွာ ေခၚၿပီး ထီးမူနန္းရာနဲ႕ ယဥ္ပါးေအာင္ ထားတဲ့အေလ့ကလည္း သူ႕လက္ထက္ကေန သီေပါမင္းေခတ္အထိ ရွိခဲ့ပါတယ္။ တကယ္ေတာ့ ဒါဟာ ေစာ္ဘြားေတြ မပုန္ကန္ရဲေအာင္ ဓားစာခံထားတာပါ။ ရွမ္းျပည္ေတာင္ပိုင္းက မိုးနဲမွာလည္း ဗိုလ္မႉးမင္းသားအဆင့္ ႐ုံးစိုက္ၿပီး ျမန္မာတပ္ကို ခ်ထားပါတယ္။
ေနာက္ တႏွစ္ကို သုံးႀကိမ္ ျမန္မာဘုရင္ကို လက္ေဆာင္ဆက္ရတဲ့ ဓေလ့လည္း ေစာ္ဘြားေတြမွာ ရွိပါတယ္။ သၾကၤန္နဲ႕ ဝါဝင္ ဝါထြက္မွာ အကန္ေတာ့မေရာက္တဲ့ ေစာ္ဘြားကို ပုန္ကန္သူလို႔ သတ္မွတ္တာ ျဖစ္ပါတယ္။

burmaဓာတ္ပုံ မူပိုင္GETTY IMAGES


နန္းေတာ္ကို ေစာ္ဘြားေတြ လာကန္ေတာ့ရ

ဒါေပမဲ့ နယ္စပ္က တခ်ိဳ႕ေစာ္ဘြားေတြဟာ တ႐ုတ္နဲ႕ ယိုးဒယား စတဲ့ နီးစပ္ရာဘက္ကိုပါ လက္ေဆာင္ဆက္ေနရလို႔ ႏွစ္ဘက္သုံးဘက္ သစၥာခံသလို ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္ သိမ္းၿပီးတဲ့ေနာက္မွာ သံလြင္အေရွ႕ဘက္က က်ိဳင္း႐ုံးႀကီး၊ မိုင္းလ်ဥ္းစတဲ့ တခ်ိဳ႕နယ္ေတြကို တ႐ုတ္ဘက္ကို ၿဗိတိသွ်က ေပးလိုက္တာကို ႀကဳံေတြ႕ခဲ့ရပါတယ္။
သီေပါမင္းနန္းက်ၿပီးေနာက္မွာေတာ့ တခ်ိဳ႕ေစာ္ဘြားေတြက ၿဗိတိသွ် သစၥာခံၿပီး တခ်ိဳ႕ကေတာ့ လင္းပင္မင္းသားကို နန္းတင္ဖို႔ ပုန္ကန္ၾကပါတယ္။ ရွမ္းျပည္ကို ၿဗိတိသွ် သိမ္းပိုက္ၿပီးေနာက္မွာေတာ့ ခ်င္းနဲ႕ ကခ်င္ေတာင္ေတြလိုပဲ သြယ္ဝိုက္အုပ္ခ်ဳပ္ၿပီး ေစာ္ဘြားေတြက တဆင့္ခံႀကိဳးကိုင္ခဲ့ပါတယ္။ ေတာင္ႀကီးမွာ ရွမ္းေစာ္ဘြားသားမ်ားေက်ာင္းဖြင့္ၿပီး ပညာသင္ေပးသလို တခ်ိဳ႕ေစာ္ဘြားေတြကို ဆာဘြဲ႕ေပးၿပီး သူေကာင္းျပဳခဲ့ပါတယ္။

Shanဓာတ္ပုံ မူပိုင္KEYSTONE-FRANCE



သီေပါေစာ္ဘြား ဆာေစာခ်ယ္နဲ႕ မဟာေဒဝီ ေလဒီခ်ယ္

အစပိုင္းမွာ ၿဗိတိသွ် ထိန္းခ်ဳပ္မႈ နည္းေသးေပမယ့္ ၁၉၂၂ မွာ ပေဒသရာဇ္ရွမ္းျပည္နယ္စု ဖြဲ႕ေပးၿပီးေနာက္ ေစာ္ဘြားေတြရတဲ့ အခြန္တဝက္ကို ၿဗိတိသွ်ဆီေပးရပါတယ္။
ပင္လုံနဲ႕အတူ ေပၚေပါက္ခဲ့တဲ့ ရွမ္းအမ်ိဳးသားေန႕
ျမန္မာျပည္ကို အုပ္ခ်ဳပ္ေရးတိုးေပးတဲ့အခါတိုင္း ရွမ္းျပည္ကို ခ်န္ထားခဲ့သလို ျမန္မာနိုင္ငံေရးသမားေတြကိုလည္း ရွမ္းျပည္အလာမခံဘဲ ထားခဲ့ပါတယ္။ ဒါေပမဲ့ ရန္ကုန္တကၠသိုလ္မွာ ပညာသင္ခဲ့တဲ့ ရွမ္းေက်ာင္းသားတခ်ိဳ႕နဲ႕ ကိုေအာင္ဆန္း၊ ကိုႏုစတဲ့ သခင္ေက်ာင္းသားေတြ နီးစပ္မႈေၾကာင့္ ဒုတိယကမာၻစစ္အတြင္းကစၿပီး ရွမ္းျပည္မွာ နိုင္ငံေရး နိုးၾကားလာပါတယ္။
စစ္အတြင္းမွာ က်ိဳင္းတုံနဲ႕ မိုင္းပန္နယ္ကို ဂ်ပန္က ထိုင္းကို ေပးတာနဲ႕ ကရင္နီအေရွ႕ပိုင္းကို ထိုင္းတပ္ေတြ ဝင္လာတာေတြေၾကာင့္လည္း ေစာ္ဘြားေတြရဲ႕ အာဏာစက္ က်လာပါတယ္။

burmaဓာတ္ပုံ မူပိုင္ANADOLU AGENCY



ပင္လုံစာခ်ဳပ္အေမြနဲ႕ ၿငိမ္းခ်မ္းေရးယူဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ႀကိဳးစား

ပင္လုံနဲ႕ ရွမ္းျပည္

စစ္အၿပီးမွာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ဖဆပလအဖြဲ႕နဲ႕ ရွမ္းနိုင္ငံေရးသမားေတြ ပူးေပါင္းၿပီး ပင္လုံစာခ်ဳပ္ ခ်ဳပ္နိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ရွမ္းျပည္ကို အဓိကခ်ဳပ္ကိုင္ထားဆဲ ျဖစ္တဲ့ ေစာ္ဘြားေတြ ျပည္ေထာင္စုထဲ ဝင္ဖို႔အတြက္ ခြဲထြက္ခြင့္နဲ႕ အေ႐ြးခ်ယ္မခံဘဲ အမတ္ျဖစ္ခြင့္အပါအဝင္ ကိစၥေတြကို ဖြဲ႕စည္းပုံမွာ ထည့္သြင္းေပးခဲ့ရတာကို ျမန္မာတပ္မေတာ္ဘက္က အဲဒီတည္းက မေက်နပ္ခဲ့ဘူးလို႔ ၾကည္ဝင္းစိန္ရဲ႕ ေတာ္လွန္ေရးေကာင္စီ ဗိုလ္ခ်ဳပ္ႀကီးမ်ားနဲ႕ကြၽန္ေတာ္ စာအုပ္မွာ ေဖာ္ျပပါတယ္။
ဒီလို ေစာ္ဘြားေတြအႀကိဳက္ လိုက္ေလ်ာရတာဟာ ၿဗိတိသွ်လူျဖစ္တဲ့ ဦးတင္ထြဋ္အႀကံေပးမႈေၾကာင့္ ျဖစ္တာဆိုၿပီး မေက်နပ္ခဲ့တဲ့အတြက္ လြတ္လပ္ေရးရၿပီး ေနာက္ပိုင္း အာဏာလုပြဲေတြအတြင္း ၿဗိတိသွ်နဲ႕ နီးစပ္တယ္လို႔ ယူဆခံရသူေတြ ရာထူးျဖဳတ္ခံရတာ၊ လုပ္ႀကံခံရတာေတြ ျဖစ္ခဲ့ပါတယ္။

အႏွစ္ ၇ဝ လက္သည္မေပၚတဲ့ ဗိုလ္မႉးခ်ဳပ္ တင္ထြဋ္ လုပ္ႀကံမႈ

Shanဓာတ္ပုံ မူပိုင္KEYSTONE


လြတ္လပ္ေရးယူခ်ိန္က ရွမ္းသမတ စဝ္ေ႐ႊသိုက္

ၿဗိတိသွ်လူလို႔ သတ္မွတ္ခံရတဲ့အထဲမွာ ပါတဲ့ ေစာ္ဘြားေတြနဲ႕ ျမန္မာအစိုးရ ဆက္ဆံေရးကေတာ့ အစပိုင္းမွာ ေကာင္းသလို ရွိေပမယ့္ တ႐ုတ္ျဖဴ က်ဴးေက်ာ္မႈေၾကာင့္ ရွမ္းျပည္မွာ ျမန္မာတပ္ေတြ ခ်ခဲ့ၿပီးေနာက္ပိုင္း ယိုယြင္းလာပါတယ္။ ၿဗိတိသွ်တပ္ေတြ အမ်ားအစားခ်တာ မႀကဳံခဲ့ရတဲ့ ရွမ္းေစာ္ဘြားေတြ အတြက္ ဒါဟာ သူတို႔အာဏာကို ထိပါးတာအျဖစ္ ယူဆခဲ့သလို ေစာ္ဘြားေတြကို ေခတ္ေနာက္က်တဲ့ ပေဒသရာဇ္ေတြ၊ ၿဗိတိသွ်လူေတြလို႔ အျမင္ရွိတဲ့ တပ္မေတာ္ ေခါင္းေဆာင္ပိုင္း ကလည္း ေစာ္ဘြားေတြ အာဏာကန့္သတ္ဖို႔ စဥ္းစားလာပါတယ္။
ဒါေၾကာင့္ ကရင္နဲ႕ ပအိုဝ္းပုန္ကန္မႈနဲ႕ ကြန္ျမဴနစ္သူပုန္ထမႈေတြအတြင္း ျမန္မာဘက္က ရပ္ေပးခဲ့တဲ့ ေစာ္ဘြားေတြ ေလ်ာ္ေၾကးေပးၿပီး အာဏာစြန့္ဖို႔ကိစၥဟာ ျမန္မာတပ္က အာဏာသိမ္းထားခ်ိန္ ၁၉၅၉ မွာ ျဖစ္ေပၚလာပါတယ္။ အေျခခံဥပေဒ အရ ၁ဝ ႏွစ္ေက်ာ္လို႔ ခြဲထြက္ခြင့္ ရွိေနခ်ိန္မွာ ေစာ္ဘြားေတြ အာဏာစြန့္ရၿပီး ျမန္မာလို မတတ္တဲ့ တခ်ိဳ႕ေစာ္ဘြားေတြဟာ သူတို႔ဘာကို လက္မွတ္ထိုးလိုက္မွန္းကို မသိဘူးလို႔ အာဏာစြန့္ခ်ိန္က တပ္မေတာ္ တပ္မင္းအျဖစ္ ႀကဳံခဲ့ရတဲ့ စာေရးဆရာ ျမတ္ထန္က ေရးသား ခဲ့ပါတယ္။
အဲဒါနဲ႕ မေရွးမေႏွာင္းမွာပဲ ေစာ္ဘြားအမ်ိဳးေတြပါတဲ့ ရွမ္းသူပုန္ေပၚလာၿပီး ရွမ္းဆိုးပုန္ကန္မႈလို႔ ျမန္မာသတင္းစာေတြက သတ္မွတ္ပါတယ္။ ပါလီမန္ထဲက ေစာ္ဘြားအမတ္ေတြနဲ႕ ေစာ္ဘြားဝန္ႀကီးေတြကလည္း ရွမ္းနိုင္ငံေရးသမားေတြနဲ႕ ေပါင္းၿပီး ဖက္ဒရယ္မူေခၚ ရွမ္းမူကို ၁၉၆၁ မွာ တင္သြင္းၿပီး အေျခခံဥပေဒျပင္ဖို႔ ႀကိဳးစားပါတယ္။

Shanဓာတ္ပုံ မူပိုင္JEAN-MICHEL COUREAU


ကမာၻလွည့္ေတြ လာေနၾကတဲ့ သီေပါေဟာ္

အက်ိဳးဆက္အျဖစ္ တပ္က အာဏာထပ္သိမ္းတာ ခံရၿပီး အေျခခံဥပေဒပါ ပယ္ဖ်က္ခံရပါတယ္။ ေစာ္ဘြားအမ်ားအျပား အဖမ္းခံရသလို ရွမ္းနိုင္ငံေရးသမားေတြကိုလည္း ဖမ္းပါတယ္။ သမၼတေဟာင္း ေညာင္ေ႐ႊေစာ္ဘြား စဝ္ေ႐ႊသိုက္ ေထာင္ထဲမွာ ကြယ္လြန္ၿပီး သီေပါေစာ္ဘြားကေတာ့ အက်ဥ္းစခန္းမွာ သတ္ခံရတယ္ဆိုတဲ့ သတင္းေတြ ထြက္လာၿပီး ခုထိ လက္စမေပၚဘဲ ျဖစ္ေနပါတယ္။

သမၼတရဲ႕ မဟာေဒဝီ ထူေထာင္တဲ့ လက္နက္ကိုင္တပ္ဖြဲ႕

အဲဒီေနာက္ ရွမ္းလက္နက္ကိုင္လႈပ္ရွားမႈ ပိုႀကီးလာၿပီး ၁၉၆၈ ေနာက္ပိုင္းမွာေတာ့ ကြန္ျမဴနစ္ လႈပ္ရွားမႈပါ ပိုႀကီးလာပါတယ္။ အဲဒီအက်ိဳးဆက္အျဖစ္ ဝနဲ႕ ကိုးကန့္၊ မိုင္းလားတပ္ေတြ ရွမ္းျပည္မွာ ခုထိ က်န္ေနပါတယ္။

တာင္ေပၚေျမမွာ ေမတၱာပန္းေတြေပ်ာက္

စစ္မီးေတာက္ေနတဲ့ ရွမ္းျပည္မွာ ရွမ္းစာေပသင္ၾကားေရး အပါအဝင္ လူမ်ိဳးစု အခြင့္အေရးေတြ ဖိႏွိပ္ခံခဲ့ရပါတယ္။ ၁၉၆၂ ေနာက္ပိုင္း ေစာ္ဘြားနယ္တခ်ိဳ႕ ေပ်ာက္ကြယ္သြားၿပီး ၿမိဳ႕နယ္သစ္ေတြထဲ ထည့္လိုက္လို႔ တိမ္ျမဳပ္သြားတာ ရွိသလို က်ိဳင္းတုံေဟာ္ကို ဖ်က္ဆီးပစ္တာမ်ိဳးနဲ႕ ပင္လုံစာခ်ဳပ္အတြက္ ပဏာမညွိႏွိုင္းခဲ့တဲ့ ေညာင္ေ႐ႊေဟာ္ကို သိမ္းလိုက္တာမ်ိဳးေတြ ျဖစ္ခဲ့ပါတယ္။
က်ဳံး၊ ေပြးလွ၊ ပင္မွီ စတဲ့ ေျမလပ္ပိုင္းက ရွမ္းနယ္ေတြဟာ ေက်း႐ြာအုပ္စုအဆင့္ က်သြားၿပီး အင္းေလးနားက စံကားၿမိဳ႕တဝက္ကေတာ့ ေရေအာက္ျမဳပ္သြားပါတယ္။ အႏွစ္ ၄ဝ ေက်ာ္ ျပည္တြင္းစစ္ ျပင္းထန္ခဲ့လို႔ ရွမ္းျပည္ အေရွ႕ပိုင္းနဲ႕ အတြင္းပိုင္းေဒသေတြရဲ႕ တိုးတက္မႈလည္း ဆုတ္ယုတ္ခဲ့ရပါတယ္။

Shanဓာတ္ပုံ မူပိုင္AGF


အစဥ္အလာမပ်က္ ေစာ္ဘြားေခတ္ကလို လွည့္လည္ဆဲ အင္းေလးေဖာင္ေတာ္ဦးပြဲ

၁၉၇၄ မွာ ေပၚလာတဲ့ လမ္းစဥ္ပါတီအစိုးရမွာ ရွမ္းလူႀကီးတခ်ိဳ႕ကို နိုင္ငံေတာ္ေကာင္စီမွာ ခန့္အပ္ခဲ့ေပမယ့္ အာဏာမရွိတဲ့ေနရာေတြ ျဖစ္ခဲ့ပါတယ္။ စိုင္းထီးဆိုင္စတဲ့ ရွမ္းအဆိုေတာ္ရဲ႕ေတးေတြမွာလည္း စစ္တလင္းျဖစ္ေနတဲ့ ရွမ္းျပည္ အေျခအေနကို သြယ္ဝိုက္ဖြဲ႕ဆိုခဲ့ပါတယ္။ ၁၉၈၈ ေနာက္ပိုင္း ေျမေပၚ ရွမ္းနိုင္ငံေရး ျပန္ေပၚလာေပမယ့္ ႏွစ္ရွည္ဖမ္းဆီးခံရမႈေတြနဲ႕ ဖိႏွိပ္ခံခဲ့ရပါတယ္။
၂ဝဝဝ၈ ဖြဲ႕စည္းပုံအရ ကိုးကန့္၊ ဝ၊ ပေလာင္၊ ပအိုဝ္း၊ ဓႏု ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနယ္ေျမေတြ ရွမ္းျပည္နယ္ထဲမွာ ေပးလိုက္တာကလည္း ရွမ္းနဲ႕ တျခားလူမ်ိဳးစုေတြၾကား တင္းမာေစပါတယ္။
၂ဝ၁၅ ေနာက္ပိုင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ ရွမ္းမဟုတ္သူကို ခန့္တာလို ကိစၥေတြမွာလည္း ရွမ္းနိုင္ငံေရးသမားေတြနဲ႕ သေဘာကြဲခဲ့ပါတယ္။ ၂၁ ရာစု ပင္လုံညီလာခံကို က်င္းပခဲ့ေပမယ့္ ၁၉၄၇ က ပင္လုံကတိေတြကို ျပန္ေပးနိုင္မလားဆိုတာကေတာ့ မွန္းလို႔မလြယ္ေသးပါဘူး။

Shanဓာတ္ပုံ မူပိုင္XIAOLU CHU


ေလာက္ကိုင္က အႏွစ္ရာေက်ာ္ ကိုးကန့္ဘုံေက်ာင္းႀကီး


ေနာက္ၿပီး ေစာ္ဘြားစနစ္ဖ်က္ၿပီးေနာက္ ဖ်က္ဆီး သိမ္းပိုက္ခံရတဲ့ ေဟာ္ေတြနဲ႕ ရွမ္းသမိုင္းအေမြေတြကို ျပန္လည္ထိန္းသိမ္းေပးဖို႔လည္း ေတာင္းဆိုမႈေတြ ရွိေနပါတယ္။
ရာစုႏွစ္ေတြနဲ႕ခ်ီၿပီး တဆင့္ခံအုပ္ခ်ဳပ္ေရးနဲ႕ ေနခဲ့တဲ့ ရွမ္းျပည္မွာ ေျမျပန့္အစိုးရရဲ႕ တိုက္ရိုက္အုပ္ခ်ဳပ္ေရးဟာ ဘယ္ေလာက္ထိ ေအာင္ျမင္သလဲ၊ ျပည္ေထာင္စု စိတ္ဓာတ္ကို ေပၚထြန္းေစသလားဆိုတာကေတာ့ အႏွစ္ ၆ဝ အတြင္း ျဖစ္ရပ္ ေတြက သက္ေသျပေနပါတယ္။
အိႏၵိယနဲ႕မတူဘဲ ျပည္တြင္းစစ္ သက္တမ္းရွည္ေနတာနဲ႕ လူမ်ိဳးစုနိုင္ငံေရး ကြဲျပားမႈပိုႀကီးတာ၊ နိုင္ငံေရးမရင့္က်က္တာ၊ စစ္တပ္အာဏာခ်ဳပ္ကိုင္မႈ ႏွစ္ရွည္တာေတြေၾကာင့္ ျမန္မာျပည္က ရွမ္းေစာ္ဘြားအုပ္ခ်ဳပ္ေရးဟာ ပ်က္သုဥ္း သြားေပမယ့္လည္း ဒဏ္ရာဒဏ္ခ်က္ေတြ အသားမေသဘဲ ရွိေနပါတယ္။

Shanဓာတ္ပုံ မူပိုင္AGF


ယဥ္ေက်းမႈျပတိုက္ျဖစ္သြားတဲ့ ေညာင္ေ႐ႊေဟာ္


ကမ္ဗောဇ၊ ပျောက်ကွယ်သွားတဲ့ ဖက်ဒရယ်ရှမ်းပြည်များ

Shanဓာတ်ပုံ မူပိုင်WIKICOMMON
Image captionပျောက်ကွယ်သွားတဲ့ ပဒေသရာဇ်ရှမ်းပြည်နယ်စု

ရှမ်းပြည်နယ် ဆိုတဲ့ စကားပေါ်လာတာ ၁၉၄၈ ကပါ။ ဒီအရင်က ပဒေသရာဇ်ရှမ်းပြည်နယ်စုလို့ ခေါ်ပါတယ်။ မြန်မာပြည်မနဲ့ ပူးတွဲအုပ်ချုပ်မှုအောက်မှာ မရှိဘဲ ဗြိတိသျှဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်တာ ဖြစ်ပါတယ်။ 

ရှမ်းနဲ့တကွ ကချင်တောင်တန်းနဲ့ ချင်းတောင်၊ ကရင်ပြည်နယ်ဖြစ်လာမယ့် သံလွင်ခရိုင်၊ နာဂတောင်တန်းတွေမှာလည်း နယ်ခြားအုပ်ချုပ်ရေးထားရှိလို့ ဒေသခံ စော်ဘွားနဲ့ ဒူးဝါး၊ တောင်အုပ်တွေက အာဏာကြီးခဲ့ပါတယ်။ 

ဒီပြည်နယ်တွေထဲမှာ ထိပ်ဆုံးက ကျိုင်းတုံ၊ မိုးနဲ၊ သီပေါ၊ ညောင်ရွှေဆိုတဲ့ အဓိက စော်ဘွားနယ်ကြီးတွေ ရှိပါတယ်။ ဒီနယ်က စော်ဘွားကြီးတွေ မြန်မာပြည်ဆင်းရင် ဘူတာမှာ အမြောက် ကိုးချက် ပစ်ဖောက် ကြိုဆိုရလို့ အမြောက်ရ စော်ဘွားလို့ ခေါ်ပါတယ်။ 

Shanဓာတ်ပုံ မူပိုင်PRINT COLLECTOR
Image captionဒေလီဒါဘာကိုတက်လာတဲ့ ရှမ်းစော်ဘွားကြီး

အဲဒီနောက်က စော်ဘွားကြီးငယ်လတ် အဆင့်ဆင့် အာဏာခွဲထားမှာ အငယ်ဆုံးနယ်လေးတွေမှာတော့ မြို့စားနဲ့ ငွေခွန်မှူး အုပ်ချုပ်ပါတယ်။ ဒီစော်ဘွားနယ်တွေမှာ ပြည်မက တိုက်ရိုက် ချုပ်ကိုင်မှု တော်တော်နည်းပြီး ကာကွယ်ရေး၊ နိုင်ငံခြားဆက်သွယ်ရေးနဲ့ သတ္တုတွင်းလို အရေးကြီးတဲ့ ကိစ္စတွေမှာသာ ဗြိတိသျှဘက်က ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ 

၁၉၃၇ က ရှမ်း၊ ကရင်နီနဲ့ ဝ ပြည်နယ် ၅၂ နယ်မှာ လူဦးရေ တသန်းကျော် နေထိုင်ခဲ့ပြီး နယ်မြေအကျယ်အဝန်း စတုရန်းမိုင် ၆၇,ဝဝဝ ကျော်ရှိတယ်လို့ ဗြိတိသျှ မှတ်တမ်းတွေက ဆိုပါတယ်။ ဒီနယ်တွေက အခွန်တော် ၁၃ သိန်းခွဲ ရတယ် လို့လည်း ဆိုပါတယ်။ 

ဒီထဲမှာ တချို့ ဝ နယ်တွေက ဗြိတိသျှ ဝင်လို့မရသေးတဲ့နယ်မြေတွေ ဖြစ်ပြီး အုပ်ချုပ်မှု အာဏာစက် မရှိသလောက် ဖြစ်ပါတယ်။ ကရင်နီနယ်တွေကိုတော့ ဗြိတိသျှ အစောင့်အရှောက်ခံ ပုံစံမျိုးထားရှိပြီး မော်ချီးသတ္တုတွင်းနဲ့ ကျွန်းသစ်လုပ်ငန်း ကိုတော့ ဗြိတိသျှက ချုပ်ကိုင်ထားတာပါ။

မဟာရာဇာရှင်းတမ်း

ဒီလို စော်ဘွား အုပ်ချုပ်မှု ပုံစံမျိုးကို အိန္ဒိယမှာလည်း တွေ့ရပြီး မဟာရာဇာခေါ် စော်ဘွားတွေရဲ့ အာဏာကို ဗြိတိသျှဘက်က တော်တော် ကာကွယ်ပေးထားခဲ့ပါတယ်။ အိန္ဒိယမှာ ၂၁ ချက် အမြောက်ရတဲ့ စော်ဘွားကြီးတွေအထိ ရှိပြီး တိဘက်က ဒလိုင်လားမားကတော့ ၁၉ ချက်ရတယ်ဆိုပါတယ်။ 

indiaဓာတ်ပုံ မူပိုင်THIERRY FALISE
Image captionဟိုတယ်ဖြစ်သွားတဲ့ ဟိုက်ဒရာဘတ်နန်းတော်

အိန္ဒိယစော်ဘွားတွေကိုတော့ ဗြိတိသျှက လွတ်လပ်ရေးမပေးခင်မှာ ပါကစ္စတန်နဲ့ အိန္ဒိယ ကြိုက်တဲ့ဘက်ကို ပေါင်းခွင့်ပေးခဲ့ပါတယ်။ ဒီထဲက ဟိုက်ဒရာဘတ်မဟာရာဇာက သီးသန့်နိုင်ငံထူထောင်ဖို့ ကြံစည်လို့ အိန္ဒိယက ဝင်သိမ်းခဲ့ပါတယ်။ တခြား စော်ဘွားတွေရဲ့ အာဏာကိုလည်း လွတ်လပ်ရေးရပြီးနောက်မှ ပါကစ္စတန်နဲ့ အိန္ဒိယခေါင်းဆောင်တွေက ကန့်သတ်လျှော့ချခဲ့ပါတယ်။ မြန်မာပြည်မှာလို စော်ဘွားတွေကို ဖမ်းတာ၊ စော်ဘွားတွေဘက်က ဖက်ဒရယ်စနစ်တောင်းတာ၊ သူပုန်ထတာမျိုးတွေ ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် သံတမန်ရေး၊ စစ်ရေးနည်းတွေသုံးပြီး သိမ်းသွင်းခဲ့ရပါတယ်။ 

အိန္ဒိယမှာ ၁၉၇၁ ရောက်မှ စော်ဘွားအဆင့်အတန်းနဲ့ ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံမှာ အပြီးဖျက်သိမ်းနိုင်ခဲ့ပြီး ပါကစ္စတန်က ဘလူချီစတန်စော်ဘွားညီ စခဲ့တဲ့ ပုန်ကန်မှုကတော့ ၁၉၄၈ ကနေ ခုထိ ဖြစ်နေဆဲပါ။ 

၁၉၇၅ မှာတော့ အိန္ဒိယ အစောင့်ရှောက်ခံ ဆစ်ကင်စော်ဘွားနယ်မှာ အိန္ဒိယ အစိုးရက ဝင်သိမ်းပြီး စော်ဘွားကို ဆန္ဒခံပွဲနဲ့ ဖြုတ်ချခဲ့ပါတယ်။ 

အင်ဒိုနီးရှားမှာတော့ လွတ်လပ်ရေးမှာ ကူညီခဲ့တဲ့ ဂျော့ဂျာကာတာ စော်ဘွားကြီးကို ကနေ့အထိ စော်ဘွားအာဏာ ပေးထားဆဲ ဖြစ်ပါတယ်။ 

Shanဓာတ်ပုံ မူပိုင်PRINT COLLECTOR
Image captionအနှစ်တရာကျော်က ရှမ်းစော်ဘွားနဲ့ စော်ဘွားကတော်

ရာဇဝင်ထဲက စော်ဘွား

စော်ဘွားစနစ်ဟာ မြန်မာဘုရင်တွေ လက်ထက်ကတည်းက နှစ်ရာချီ ရှိခဲ့ပြီး မြန်မာသမိုင်းမှာ သိုဟန်ဘွား၊ အုန်းဘောင်ခုံမှိုင်း၊ မိုးဗြဲနရပတိစတဲ့ စော်ဘွားတွေကို မင်းမြှောက်အုပ်ချုပ်ခဲ့တဲ့ ခေတ်တွေ အင်းဝခေတ်က ရှိခဲ့ပါတယ်။ 

ဘုရင့်နောင်လက်ထက်မှာ စော်ဘွားနယ်တွေကို သိမ်းသွင်းပြီး အဲဒီဒေသတွေက စော်ဘွားသေရင် ကျွန်တွေကိုသတ်ပြီး မြှုပ်တဲ့စနစ်ကို ပယ်ဖျက်ခဲ့ပါတယ်။ စော်ဘွားသားတွေ ညီတွေကို ဘုရင့်နေပြည်တော်မှာ ခေါ်ပြီး ထီးမူနန်းရာနဲ့ ယဉ်ပါးအောင် ထားတဲ့အလေ့ကလည်း သူ့လက်ထက်ကနေ သီပေါမင်းခေတ်အထိ ရှိခဲ့ပါတယ်။ တကယ်တော့ ဒါဟာ စော်ဘွားတွေ မပုန်ကန်ရဲအောင် ဓားစာခံထားတာပါ။ ရှမ်းပြည်တောင်ပိုင်းက မိုးနဲမှာလည်း ဗိုလ်မှူးမင်းသားအဆင့် ရုံးစိုက်ပြီး မြန်မာတပ်ကို ချထားပါတယ်။ 

နောက် တနှစ်ကို သုံးကြိမ် မြန်မာဘုရင်ကို လက်ဆောင်ဆက်ရတဲ့ ဓလေ့လည်း စော်ဘွားတွေမှာ ရှိပါတယ်။ သင်္ကြန်နဲ့ ဝါဝင် ဝါထွက်မှာ အကန်တော့မရောက်တဲ့ စော်ဘွားကို ပုန်ကန်သူလို့ သတ်မှတ်တာ ဖြစ်ပါတယ်။

burmaဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionနန်းတော်ကို စော်ဘွားတွေ လာကန်တော့ရ

ဒါပေမဲ့ နယ်စပ်က တချို့စော်ဘွားတွေဟာ တရုတ်နဲ့ ယိုးဒယား စတဲ့ နီးစပ်ရာဘက်ကိုပါ လက်ဆောင်ဆက်နေရလို့ နှစ်ဘက်သုံးဘက် သစ္စာခံသလို ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာပြည် သိမ်းပြီးတဲ့နောက်မှာ သံလွင်အရှေ့ဘက်က ကျိုင်းရုံးကြီး၊ မိုင်းလျဉ်းစတဲ့ တချို့နယ်တွေကို တရုတ်ဘက်ကို ဗြိတိသျှက ပေးလိုက်တာကို ကြုံတွေ့ခဲ့ရပါတယ်။ 

သီပေါမင်းနန်းကျပြီးနောက်မှာတော့ တချို့စော်ဘွားတွေက ဗြိတိသျှ သစ္စာခံပြီး တချို့ကတော့ လင်းပင်မင်းသားကို နန်းတင်ဖို့ ပုန်ကန်ကြပါတယ်။ ရှမ်းပြည်ကို ဗြိတိသျှ သိမ်းပိုက်ပြီးနောက်မှာတော့ ချင်းနဲ့ ကချင်တောင်တွေလိုပဲ သွယ်ဝိုက်အုပ်ချုပ်ပြီး စော်ဘွားတွေက တဆင့်ခံကြိုးကိုင်ခဲ့ပါတယ်။ တောင်ကြီးမှာ ရှမ်းစော်ဘွားသားများကျောင်းဖွင့်ပြီး ပညာသင်ပေးသလို တချို့စော်ဘွားတွေကို ဆာဘွဲ့ပေးပြီး သူကောင်းပြုခဲ့ပါတယ်။

Shanဓာတ်ပုံ မူပိုင်KEYSTONE-FRANCE
Image captionသီပေါစော်ဘွား ဆာစောချယ်နဲ့ မဟာဒေဝီ လေဒီချယ်

အစပိုင်းမှာ ဗြိတိသျှ ထိန်းချုပ်မှု နည်းသေးပေမယ့် ၁၉၂၂ မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စု ဖွဲ့ပေးပြီးနောက် စော်ဘွားတွေရတဲ့ အခွန်တဝက်ကို ဗြိတိသျှဆီပေးရပါတယ်။ 

မြန်မာပြည်ကို အုပ်ချုပ်ရေးတိုးပေးတဲ့အခါတိုင်း ရှမ်းပြည်ကို ချန်ထားခဲ့သလို မြန်မာနိုင်ငံရေးသမားတွေကိုလည်း ရှမ်းပြည်အလာမခံဘဲ ထားခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ရှမ်းကျောင်းသားတချို့နဲ့ ကိုအောင်ဆန်း၊ ကိုနုစတဲ့ သခင်ကျောင်းသားတွေ နီးစပ်မှုကြောင့် ဒုတိယကမ္ဘာစစ်အတွင်းကစပြီး ရှမ်းပြည်မှာ နိုင်ငံရေး နိုးကြားလာပါတယ်။

စစ်အတွင်းမှာ ကျိုင်းတုံနဲ့ မိုင်းပန်နယ်ကို ဂျပန်က ထိုင်းကို ပေးတာနဲ့ ကရင်နီအရှေ့ပိုင်းကို ထိုင်းတပ်တွေ ဝင်လာတာတွေကြောင့်လည်း စော်ဘွားတွေရဲ့ အာဏာစက် ကျလာပါတယ်။

burmaဓာတ်ပုံ မူပိုင်ANADOLU AGENCY
Image captionပင်လုံစာချုပ်အမွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစား

ပင်လုံနဲ့ ရှမ်းပြည်

စစ်အပြီးမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလအဖွဲ့နဲ့ ရှမ်းနိုင်ငံရေးသမားတွေ ပူးပေါင်းပြီး ပင်လုံစာချုပ် ချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရှမ်းပြည်ကို အဓိကချုပ်ကိုင်ထားဆဲ ဖြစ်တဲ့ စော်ဘွားတွေ ပြည်ထောင်စုထဲ ဝင်ဖို့အတွက် ခွဲထွက်ခွင့်နဲ့ အရွေးချယ်မခံဘဲ အမတ်ဖြစ်ခွင့်အပါအဝင် ကိစ္စတွေကို ဖွဲ့စည်းပုံမှာ ထည့်သွင်းပေးခဲ့ရတာကို မြန်မာတပ်မတော်ဘက်က အဲဒီတည်းက မကျေနပ်ခဲ့ဘူးလို့ ကြည်ဝင်းစိန်ရဲ့ တော်လှန်ရေးကောင်စီ ဗိုလ်ချုပ်ကြီးများနဲ့ကျွန်တော် စာအုပ်မှာ ဖော်ပြပါတယ်။

ဒီလို စော်ဘွားတွေအကြိုက် လိုက်လျောရတာဟာ ဗြိတိသျှလူဖြစ်တဲ့ ဦးတင်ထွဋ်အကြံပေးမှုကြောင့် ဖြစ်တာဆိုပြီး မကျေနပ်ခဲ့တဲ့အတွက် လွတ်လပ်ရေးရပြီး နောက်ပိုင်း အာဏာလုပွဲတွေအတွင်း ဗြိတိသျှနဲ့ နီးစပ်တယ်လို့ ယူဆခံရသူတွေ ရာထူးဖြုတ်ခံရတာ၊ လုပ်ကြံခံရတာတွေ ဖြစ်ခဲ့ပါတယ်။ 

Shanဓာတ်ပုံ မူပိုင်KEYSTONE
Image captionလွတ်လပ်ရေးယူချိန်က ရှမ်းသမတ စဝ်ရွှေသိုက်

ဗြိတိသျှလူလို့ သတ်မှတ်ခံရတဲ့အထဲမှာ ပါတဲ့ စော်ဘွားတွေနဲ့ မြန်မာအစိုးရ ဆက်ဆံရေးကတော့ အစပိုင်းမှာ ကောင်းသလို ရှိပေမယ့် တရုတ်ဖြူ ကျူးကျော်မှုကြောင့် ရှမ်းပြည်မှာ မြန်မာတပ်တွေ ချခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာပါတယ်။ ဗြိတိသျှတပ်တွေ အများအစားချတာ မကြုံခဲ့ရတဲ့ ရှမ်းစော်ဘွားတွေ အတွက် ဒါဟာ သူတို့အာဏာကို ထိပါးတာအဖြစ် ယူဆခဲ့သလို စော်ဘွားတွေကို ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တွေ၊ ဗြိတိသျှလူတွေလို့ အမြင်ရှိတဲ့ တပ်မတော် ခေါင်းဆောင်ပိုင်း ကလည်း စော်ဘွားတွေ အာဏာကန့်သတ်ဖို့ စဉ်းစားလာပါတယ်။

ဒါကြောင့် ကရင်နဲ့ ပအိုဝ်းပုန်ကန်မှုနဲ့ ကွန်မြူနစ်သူပုန်ထမှုတွေအတွင်း မြန်မာဘက်က ရပ်ပေးခဲ့တဲ့ စော်ဘွားတွေ လျော်ကြေးပေးပြီး အာဏာစွန့်ဖို့ကိစ္စဟာ မြန်မာတပ်က အာဏာသိမ်းထားချိန် ၁၉၅၉ မှာ ဖြစ်ပေါ်လာပါတယ်။ အခြေခံဥပဒေ အရ ၁ဝ နှစ်ကျော်လို့ ခွဲထွက်ခွင့် ရှိနေချိန်မှာ စော်ဘွားတွေ အာဏာစွန့်ရပြီး မြန်မာလို မတတ်တဲ့ တချို့စော်ဘွားတွေဟာ သူတို့ဘာကို လက်မှတ်ထိုးလိုက်မှန်းကို မသိဘူးလို့ အာဏာစွန့်ချိန်က တပ်မတော် တပ်မင်းအဖြစ် ကြုံခဲ့ရတဲ့ စာရေးဆရာ မြတ်ထန်က ရေးသား ခဲ့ပါတယ်။ 

အဲဒါနဲ့ မရှေးမနှောင်းမှာပဲ စော်ဘွားအမျိုးတွေပါတဲ့ ရှမ်းသူပုန်ပေါ်လာပြီး ရှမ်းဆိုးပုန်ကန်မှုလို့ မြန်မာသတင်းစာတွေက သတ်မှတ်ပါတယ်။ ပါလီမန်ထဲက စော်ဘွားအမတ်တွေနဲ့ စော်ဘွားဝန်ကြီးတွေကလည်း ရှမ်းနိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး ဖက်ဒရယ်မူခေါ် ရှမ်းမူကို ၁၉၆၁ မှာ တင်သွင်းပြီး အခြေခံဥပဒေပြင်ဖို့ ကြိုးစားပါတယ်။ 

Shanဓာတ်ပုံ မူပိုင်JEAN-MICHEL COUREAU
Image captionကမ္ဘာလှည့်တွေ လာနေကြတဲ့ သီပေါဟော်

အကျိုးဆက်အဖြစ် တပ်က အာဏာထပ်သိမ်းတာ ခံရပြီး အခြေခံဥပဒေပါ ပယ်ဖျက်ခံရပါတယ်။ စော်ဘွားအများအပြား အဖမ်းခံရသလို ရှမ်းနိုင်ငံရေးသမားတွေကိုလည်း ဖမ်းပါတယ်။ သမ္မတဟောင်း ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ထောင်ထဲမှာ ကွယ်လွန်ပြီး သီပေါစော်ဘွားကတော့ အကျဉ်းစခန်းမှာ သတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ခုထိ လက်စမပေါ်ဘဲ ဖြစ်နေပါတယ်။ 

အဲဒီနောက် ရှမ်းလက်နက်ကိုင်လှုပ်ရှားမှု ပိုကြီးလာပြီး ၁၉၆၈ နောက်ပိုင်းမှာတော့ ကွန်မြူနစ် လှုပ်ရှားမှုပါ ပိုကြီးလာပါတယ်။ အဲဒီအကျိုးဆက်အဖြစ် ဝနဲ့ ကိုးကန့်၊ မိုင်းလားတပ်တွေ ရှမ်းပြည်မှာ ခုထိ ကျန်နေပါတယ်။

တောင်ပေါ်မြေမှာ မေတ္တာပန်းတွေပျောက်

စစ်မီးတောက်နေတဲ့ ရှမ်းပြည်မှာ ရှမ်းစာပေသင်ကြားရေး အပါအဝင် လူမျိုးစု အခွင့်အရေးတွေ ဖိနှိပ်ခံခဲ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်း စော်ဘွားနယ်တချို့ ပျောက်ကွယ်သွားပြီး မြို့နယ်သစ်တွေထဲ ထည့်လိုက်လို့ တိမ်မြုပ်သွားတာ ရှိသလို ကျိုင်းတုံဟော်ကို ဖျက်ဆီးပစ်တာမျိုးနဲ့ ပင်လုံစာချုပ်အတွက် ပဏာမညှိနှိုင်းခဲ့တဲ့ ညောင်ရွှေဟော်ကို သိမ်းလိုက်တာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ 

ကျုံး၊ ပွေးလှ၊ ပင်မှီ စတဲ့ မြေလပ်ပိုင်းက ရှမ်းနယ်တွေဟာ ကျေးရွာအုပ်စုအဆင့် ကျသွားပြီး အင်းလေးနားက စံကားမြို့တဝက်ကတော့ ရေအောက်မြုပ်သွားပါတယ်။ အနှစ် ၄ဝ ကျော် ပြည်တွင်းစစ် ပြင်းထန်ခဲ့လို့ ရှမ်းပြည် အရှေ့ပိုင်းနဲ့ အတွင်းပိုင်းဒေသတွေရဲ့ တိုးတက်မှုလည်း ဆုတ်ယုတ်ခဲ့ရပါတယ်။ 

Shanဓာတ်ပုံ မူပိုင်AGF
Image captionအစဉ်အလာမပျက် စော်ဘွားခေတ်ကလို လှည့်လည်ဆဲ အင်းလေးဖောင်တော်ဦးပွဲ

၁၉၇၄ မှာ ပေါ်လာတဲ့ လမ်းစဉ်ပါတီအစိုးရမှာ ရှမ်းလူကြီးတချို့ကို နိုင်ငံတော်ကောင်စီမှာ ခန့်အပ်ခဲ့ပေမယ့် အာဏာမရှိတဲ့နေရာတွေ ဖြစ်ခဲ့ပါတယ်။ စိုင်းထီးဆိုင်စတဲ့ ရှမ်းအဆိုတော်ရဲ့တေးတွေမှာလည်း စစ်တလင်းဖြစ်နေတဲ့ ရှမ်းပြည် အခြေအနေကို သွယ်ဝိုက်ဖွဲ့ဆိုခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း မြေပေါ် ရှမ်းနိုင်ငံရေး ပြန်ပေါ်လာပေမယ့် နှစ်ရှည်ဖမ်းဆီးခံရမှုတွေနဲ့ ဖိနှိပ်ခံခဲ့ရပါတယ်။ 

၂ဝဝဝ၈ ဖွဲ့စည်းပုံအရ ကိုးကန့်၊ ဝ၊ ပလောင်၊ ပအိုဝ်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေ ရှမ်းပြည်နယ်ထဲမှာ ပေးလိုက်တာကလည်း ရှမ်းနဲ့ တခြားလူမျိုးစုတွေကြား တင်းမာစေပါတယ်။ 

၂ဝ၁၅ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရှမ်းမဟုတ်သူကို ခန့်တာလို ကိစ္စတွေမှာလည်း ရှမ်းနိုင်ငံရေးသမားတွေနဲ့ သဘောကွဲခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပခဲ့ပေမယ့် ၁၉၄၇ က ပင်လုံကတိတွေကို ပြန်ပေးနိုင်မလားဆိုတာကတော့ မှန်းလို့မလွယ်သေးပါဘူး။ 

Shanဓာတ်ပုံ မူပိုင်XIAOLU CHU
Image captionလောက်ကိုင်က အနှစ်ရာကျော် ကိုးကန့်ဘုံကျောင်းကြီး

နောက်ပြီး စော်ဘွားစနစ်ဖျက်ပြီးနောက် ဖျက်ဆီး သိမ်းပိုက်ခံရတဲ့ ဟော်တွေနဲ့ ရှမ်းသမိုင်းအမွေတွေကို ပြန်လည်ထိန်းသိမ်းပေးဖို့လည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။ 

ရာစုနှစ်တွေနဲ့ချီပြီး တဆင့်ခံအုပ်ချုပ်ရေးနဲ့ နေခဲ့တဲ့ ရှမ်းပြည်မှာ မြေပြန့်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်ရေးဟာ ဘယ်လောက်ထိ အောင်မြင်သလဲ၊ ပြည်ထောင်စု စိတ်ဓာတ်ကို ပေါ်ထွန်းစေသလားဆိုတာကတော့ အနှစ် ၆ဝ အတွင်း ဖြစ်ရပ် တွေက သက်သေပြနေပါတယ်။ 

အိန္ဒိယနဲ့မတူဘဲ ပြည်တွင်းစစ် သက်တမ်းရှည်နေတာနဲ့ လူမျိုးစုနိုင်ငံရေး ကွဲပြားမှုပိုကြီးတာ၊ နိုင်ငံရေးမရင့်ကျက်တာ၊ စစ်တပ်အာဏာချုပ်ကိုင်မှု နှစ်ရှည်တာတွေကြောင့် မြန်မာပြည်က ရှမ်းစော်ဘွားအုပ်ချုပ်ရေးဟာ ပျက်သုဉ်း သွားပေမယ့်လည်း ဒဏ်ရာဒဏ်ချက်တွေ အသားမသေဘဲ ရှိနေပါတယ်။ 

Shanဓာတ်ပုံ မူပိုင်AGF
Image captionယဉ်ကျေးမှုပြတိုက်ဖြစ်သွားတဲ့ ညောင်ရွှေဟော်

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!