[Zawgyi]
ပြက္ေလာရိုက္ခဲ့ရတဲ့ RED DOT ကုမၸဏီ ပိတ္သိမ္းမႈ
ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္း နိုင္ငံျခားသားႏွစ္ဦးပိုင္သည့္ အြန္လိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈ လုပ္ကိုင္ေသာ RED DOT ကုမၸဏီသည္ ျမန္မာနိုင္ငံအႏွံ႕ရွိ အေရာင္းကိုယ္စားလွယ္မ်ားထံမွ ႀကိဳတင္အပ္ေငြမ်ား ျပန္လည္ေပးအပ္ျခင္းမရွိေသးဘဲ လုပ္ငန္းပိတ္သိမ္းၿပီး ကိုယ္ေပ်ာက္သြားသည့္ သတင္းမွာ အေတာ္ပြက္ေလာရိုက္ခဲ့သည္။
RED DOTကုမၸဏီသည္ ျမန္မာနိုင္ငံတြင္ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီမွစ၍ ဆက္သြယ္ေရးေအာ္ပေရတာေလးခုႏွင့္ အက်ိဳးတူပူးေပါင္းၿပီး ဖုန္းေဘလ္အား အီလက္ထ႐ြန္နစ္နည္းျဖင့္ အေရာင္းကိုယ္စားလွယ္ဆိုင္မ်ားမွတစ္ဆင့္ လက္လီျပန္လည္ေရာင္းခ်သည့္ လုပ္ငန္းအဓိကလုပ္ကိုင္ခဲ့သည္။ တစ္ႏွစ္အၾကာတြင္ ျမန္မာနိုင္ငံအႏွံ႕ ဖုန္းေဘလ္အေရာင္းကိုယ္စားလွယ္ ဆိုင္ေပါင္း ႏွစ္ေသာင္းခန႔္ ရွိလာခဲ့သည္။
အေရာင္းကိုယ္စားလွယ္မ်ားအေနျဖင့္ တစ္ပတ္လွ်င္ သုံးသိန္းဖိုး၊ တစ္လလွ်င္ သုံးသိန္းဖိုး စသည္ျဖင့္ ေရာင္းရၿပီးေရာင္းရ ေငြ၏ ေလးရာခိုင္ႏႈန္းကို အျမတ္အျဖစ္ ျပန္လည္ရရွိၾကသည္။
ယင္းလုပ္ငန္းအျပင္ Viber, Ananda, Iflix, Viu တို႔ႏွင့္ ပူးေပါင္း၍ အြန္လိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးခဲ့ၿပီး မီတာေဆာင္ျခင္းႏွင့္ ေဗဒင္ေမးျမန္းျခင္း စသည့္ဝန္ေဆာင္မႈလုပ္ငန္းမ်ားကိုလည္း လုပ္ကိုင္ခဲ့သည္။ အျခားအြန္လိုင္းေငြေပးေခ်မႈ လုပ္ငန္းမ်ားလည္း လုပ္ကိုင္ခဲ့ၿပီး Prepaid Card ကိုလည္း မိတ္ဆက္ခဲ့သည္။
Red Dot ထံမွ ကိုယ္စားလွယ္ရယူၿပီး အြန္လိုင္ဖုန္းေဘလ္ဝန္ေဆာင္မႈ လုပ္ကိုင္ၾကသည့္ အေရာင္းကိုယ္စားလွယ္အမ်ားစုမွာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာမွစတင္ၿပီး ဖုန္းေဘလ္ထုတ္မရေတာ့ဘဲ ကုမၸဏီကို ဆက္သြယ္ေမးျမန္းရာတြင္ သည္းခံေစာင့္ေပးရန္ အေၾကာင္းျပန္ခဲ့ေၾကာင္း ကိုယ္စားလွယ္မ်ားထံမွ သိရသည္။ ထပ္တိုးဝန္ေဆာင္မႈမ်ား (ကားလက္မွတ္၊ ေလယာဥ္လက္မွတ္ စသည္) ျပဳလုပ္ေနသည္ဟု အေၾကာင္းျပခဲ့သည္။
ေစာင့္ဆိုင္းေနစဥ္ ကိုယ္စားလွယ္မ်ားအား တစ္စုံတစ္ရာအေၾကာင္းၾကားျခင္းမရွိဘဲ ေဖေဖာ္ဝါရီ ၁ ရက္တြင္ ကုမၸဏီကိုပိတ္သိမ္းခဲ့သည္။ ကုမၸဏီေရွ႕တြင္ကိုယ္စားလွယ္အခ်ိဳ႕သာ ေငြျပန္ေတာင္းနိုင္ခဲ့သည္။
လက္ရွိျဖစ္ပြားခဲ့သည့္ လိမ္လည္မႈမွာ ဖုန္းေဘလ္အေရာင္းကိုယ္စားလွယ္မ်ားအား ေပးရန္ရွိသည္မ်ားကို မရွင္းလင္းရေသးဘဲ ကုမၸဏီေရာလူပါေပ်ာက္သြားျခင္းျဖစ္သည္။ ျမန္မာတစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ ကိုယ္စားလွယ္ေပါင္း ၂၀၀၀၀ ေက်ာ္ ရွိနိုင္ၿပီး ဆုံးရႈံးသည့္ ေငြေၾကးပမာဏမွာ သိန္းေပါင္း ေသာင္းဂဏန္းမွ် ရွိနိုင္သည္ဟု အေရာင္းကိုယ္စားလွယ္မ်ားက ခန႔္မွန္းသည္။ စက္ထဲတြင္ က်န္ရွိေနသည့္ ရရန္ရွိေငြပမာဏမွာ ရွစ္သိန္းဝန္းက်င္အထိပင္ ရွိသူလည္း ရွိသည္ဟု သိရသည္။
RED DOTအေရာင္းကိုယ္စားလွယ္မ်ား၏ ဆုံးရႈံးနစ္နာရမႈမ်ားႏွင့္ပတ္သက္၍ ကိုယ္စားလွယ္တစ္ဦးက ျပဳလုပ္သည့္ အြန္လိုင္းစစ္တမ္းတစ္ခုတြင္ ေျဖဆိုသူ ၁၃၂ ဦးအနက္ စက္လုံးဝျပန္မအပ္ရေသးသူ ၄၆ ဦး၊ စက္ျပန္အပ္ၿပီး ေငြျပန္အမ္းရန္အတြက္ ေစာင့္ေနသူမ်ား ၇၆ ဦး၊ ေငြျပန္ရၿပီးသူခုနစ္ဦးႏွင့္ Application ျပန္အမ္းေငြ မရေသးသူ သုံးဦးရွိသည္ဟု ေျဖဆိုထားသည္ကို ေတြ႕ရသည္။
အျခားစစ္တမ္းတစ္ခု၌ RED DOTစက္ထဲတြင္ က်န္ရွိေနသည့္ လက္က်န္ပမာဏႏွင့္ ပတ္သက္၍ေျဖဆိုသူ ၁၆၄ ဦးအနက္ ၁ဝဝဝဝဝမွ ႏွစ္သိန္းၾကား (၁၀၀၀၀၀ မွ ၂၀၀၀၀၀) က်န္ရွိေနသူ ၇၀၊ ငါးေသာင္းမွ ၁၀၀၀၀၀ ၾကား (၅၀၀၀၀ မွ ၁၀၀၀၀၀) ၄၉ ဦး ၊ ႏွစ္သိန္းအထက္ ၃၁ ဦး၊ ငါးေသာင္းေအာက္ ၁၀ ဦး၊ ၁၀၀၀၀၀ ႏွစ္ေသာင္း ႏွစ္ဦး၊ သုံးသိန္းခုနစ္ေသာင္း က်န္ရွိေနသူ ႏွစ္ဦးရွိ ေနသည္ဟု ေျဖဆိုထားသည္။
RED DOTဘယ္သူ႕ ‘တာ’ က လြတ္သြားတာလဲ
RED DOTႏွင့္ ပတ္သက္ၿပီး အစိုးရပိုုင္းဆိုင္ရာဌာနမ်ားသည္ ၎တို႔ႏွင့္မသက္ဆိုင္ေၾကာင္း အေၾကာင္းျပခ်က္ကိုယ္စီႏွင့္ အၿပိဳင္ျငင္းခ်က္ထုတ္ၾကသည္။ အလိမ္ခံလိုက္ရသည့္ အေရာင္းကိုယ္စားလွယ္မ်ားမွာလည္း အဆိုပါအခ်က္ကို စိတ္ပ်က္လ်က္ရွိသည္။
“တစ္နိုင္ငံလုံးဆိုရင္ ကိုယ္စားလွယ္ေပါင္းက ႏွစ္ေသာင္းေက်ာ္ သုံးေသာင္းေလာက္ရွိတယ္။ တစ္ဦးက ၁၀၀၀၀၀ နဲ႕တြက္ရင္ေတာင္ သိန္းေပါင္း အမ်ားႀကီးပဲေလ။ အဲဒါကို ဘာမွမလုပ္ေပးဘူး။ ဘာလုပ္လို႔ လုပ္ရမွန္းလည္းမသိဘူး။ ဘယ္သူ႕ကို ဘယ္လိုအကူအညီေတာင္းလို႔ ေတာင္းရမွန္း မသိဘူးဆိုေတာ့ ေတာ္ေတာ္ေလးေတာ့ အံ့ၾသတယ္။ ဒီနိုင္ငံမွာ ဒီလိုဥပေဒေတြ ျဖစ္ေနတာ” ဟု ကရင္ျပည္နယ္ ဘားအံၿမိဳ႕မွ အေရာင္းကိုယ္စားလွယ္တစ္ဦးျဖစ္သူ ေဒၚဇင္ဇင္ေက်ာ္က ေျပာသည္။
အဆိုပါ RED DOTကုမၸဏီ၏ လိမ္လည္မႈႏွင့္ပတ္သက္၍ မီဒီယာမ်ား၏ ေမးျမန္းမႈကို ဗဟိုဘဏ္က ေဖေဖာ္ဝါရီ ၆ ရက္၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ားအား ေသးငယ္ေသးသည့္အခ်ိန္၌ စည္းကမ္းတင္းက်ပ္လိုက္ပါက လုပ္ငန္းႀကီးထြားလာရန္ အခက္အခဲရွိေၾကာင္း၊ အျခားတစ္ဖက္တြင္လည္း တစ္စုံတစ္ရာႀကီးထြားၿပီး လုပ္ငန္းမ်ားကို မႀကီးၾကပ္ပါက အမ်ားျပည္သူထိ ခိုက္နစ္နာနိုင္ေၾကာင္းႏွင့္ RED DOTသည္ ယင္းႏွစ္ခုၾကား(ႀကီးလည္းမႀကီး၊ ေသးလည္းမေသးသည့္ လုပ္ငန္း)တြင္ ရွိေၾကာင္း ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဘိုဘိုငယ္က ေျဖၾကားသည္။
ယင္းအျပင္ RED DOT သည္ ေငြေပးေခ်မႈလုပ္ငန္းတစ္ခု မဟုတ္ဘဲ မိုဘိုင္းလ္ေအာ္ပေရတာမ်ားထံမွ ဖုန္းေဘလ္အားယူ၍ ကို္ယ္စားမ်ားမွတစ္ဆင့္ ျပန္လည္ေရာင္းခ်ေသာ လုပ္ငန္းသာ ျဖစ္ေၾကာင္း၊ အြန္လိုင္းမွ ကုန္ပစၥည္းတစ္ခုခုအား RED DOT ျဖင့္ ဝယ္ယူ ေငြေပးေခ်ျခင္းမ်ိဳး မလုပ္နိုင္ေၾကာင္း၊ ျပည္သူလူထု၏ အပ္ေငြမရွိေသာ လုပ္ငန္းျဖစ္ေသာေၾကာင့္ ဗဟိုဘဏ္က ထိန္းခ်ဳပ္မႈ မျပဳလုပ္ခဲ့ေၾကာင္း ရွင္းလင္းခဲ့သည္။
သို႔ေသာ္ RED DOT ႏွင့္ပတ္သက္၍ ျငင္းဆိုၾကေသာ အစိုးရဌာနမ်ားအနက္ (ႏွိုင္းယွဥ္ျခင္းအားျဖင့္) ဗဟိုဘဏ္မွာ အသက္ဆိုင္ဆုံးဟု ဆိုနိုင္သည္။ RED DOTသည္ ဖုန္းေဘလ္အား ကိုယ္စားလွယ္ယူ၍ လက္လီျပန္ေရာင္းသည့္ အလုပ္တစ္ခု တည္းသာမက Anada, Chanal+, iflix စသည့္ လုပ္ငန္းမ်ားႏွင့္ ခ်ိတ္ဆက္၍ မိုဘိုင္းေငြေပးေခ်ျခင္း လုပ္ငန္းမ်ားလည္း လုပ္ကိုင္ခဲ့သည္။ ၎၏ ဝန္ေဆာင္မႈတစ္ခုျဖစ္သည့္ Red Dot Pay PIN ဝန္ေဆာင္မႈသည္ အြန္လိုင္းဂိမ္းမ်ားရွိ Hero, Items မ်ားႏွင့္ ႐ုပ္ရွင္၊ သီခ်င္းမ်ား စသည္တို႔အား ဝယ္ယူရာတြင္ အသုံးျပဳနိုင္သည္။
ထို႔ထက္ RED DOTကုမၸဏီသည္ RED DOTVISA CARD ဆိုသည့္ Prepaid Card အား UAB, ဘဏ္ VISA ကုမၸဏီတို႔ႏွင့္ ပူးေပါင္း၍ ထုတ္လုပ္ခဲ့သည္။ ယင္းကတ္အတြင္းသို႔ ထည့္ထားနိုင္သည့္ေငြေၾကးပမာဏမွာလည္း အမ်ားဆုံး ၂၅၀၀၀၀ က်ပ္အထိ ထည့္နိုင္ၿပီး ေနာက္ပိုင္းတြင္ အမ်ားဆုံး ၅၀၀၀၀၀၀ က်ပ္အထိ ထည့္သြင္းနိုင္မည္ဟု ေဖာ္ျပထားသည္။ ယင္းကတ္အား အသုံးျပဳနိုင္သည့္ ေနရာမ်ားမွာ အြန္လိုင္းစတိုးမ်ား၊ VISA ႏွင့္ခ်ိတ္ဆက္ထားေသာ ဆိုင္မ်ားတြင္ အသုံးျပဳနိုင္မည္ျဖစ္ေၾကာင္း၊ အျခားကတ္သို႔ ေငြေပးပို႔ျခင္း ၊ ေငြလႊဲျခင္းမ်ား လုပ္ေဆာင္နိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ကိုယ္စားလွယ္မ်ားအား RED DOTVISA CARD ႏွင့္ပတ္သက္၍ ေမးျမန္းရာတြင္ အဆိုပါ Network Error စျဖစ္သည့္ ေအာက္တိုဘာတြင္ Prepaid Visa Service (PAVS) ဝန္ေဆာင္မႈအား လာေရာက္မိတ္ဆက္ခဲ့ၿပီး ကိုယ္စားလွယ္မ်ားႏွင့္ အဆိုပါ Prepaid ကတ္ႏွင့္ပတ္သက္၍ ထပ္တိုးစာခ်ဳပ္ခ်ဳပ္ခဲ့သည္မ်ား ရွိသည္ကိုေတြ႕ရသည္။
“(လာေရာက္မိတ္ဆက္ျခင္း) ရွိခဲ့ပါတယ္။ အဲဒါအေၾကာင္းျပၿပီး ႀကိဳတင္ေငြယူဖို႔ ႀကံေသးတယ္။ ေငြျဖည့္ကတ္ဘက္က ဟိုမရ ဒီမရ ျဖစ္ေနလို႔ Visa ကတ္အတြက္ ႀကိဳတင္ ေငြမေပးလိုက္ၾကဘူး” ဟု အေရာင္းကိုယ္စားလွယ္တစ္ဦးက ဆိုသည္။ အဆိုပါကတ္အတြက္ အေရာင္းကိုယ္စားလွယ္မ်ားမွ တစ္ကတ္တန္ ဖိုး ၅၀၀၀ က်ပ္ျဖင့္ မိမိမွယူသေလာက္က်သင့္သည့္ ေငြပမာဏအား ေပးေခ်ရမည္ျဖစ္သည္။ ယင္းကိုယ္စားလွယ္မ်ားမွတစ္ဆင့္ ဆက္သြယ္ေဆာင္႐ြက္သူမ်ား (Customers) ထံသို႔ ျပန္လည္ရွင္းျပ၍ သုံးစြဲလာေစရန္ ျပဳလုပ္ရမည္ျဖစ္သည္။
အထက္ပါဝန္ေဆာင္မႈသည္ ဗဟိုဘဏ္၏ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းစာရင္းတြင္ အက်ဳံးဝင္သည္။ အဘယ္ေၾကာင့္ မွတ္ပုံတင္ထားျခင္းမရွိရသနည္း။ ကိုယ္စားလွယ္မ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုေနသည့္ အေနအထားျဖစ္ေသာေၾကာင့္ လုပ္ငန္းစတင္လည္ပတ္ေနၿပီဟုဆိုနိုင္သည္။
ယခုျဖစ္ပြားခဲ့သည့္ လိမ္လည္မႈသည္ ဖုန္းေဘလ္ဝန္ေဆာင္မႈအား အဓိကလုပ္ကိုင္ေနသည့္ အေရာင္းကိုယ္စားလွယ္မ်ား ကိစၥျဖစ္ေနျခင္းေၾကာင့္ ဗဟိုဘဏ္က ၎တို႔၏ ကြပ္ကဲမႈေအာက္တြင္ ရွိမေနေၾကာင္း ျငင္းပယ္ျခင္းျဖစ္နိုင္သည္။
၂၀၁၆ ခုႏွစ္ မတ္ ၃၀ ရက္တြင္ ဗဟိုဘဏ္က ထုတ္ျပန္သည့္ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ားဆိုင္ရာ စည္းမ်ဥ္းတြင္ မိုဘိုင္းလ္ေငြေရးေၾကးေရးဝန္ေဆာင္မႈ (Mobile Financial Services MFS) အား မိုဘိုင္းနည္းပညာအသုံးျပဳ၍ ေငြေပးေခ်မႈႏွင့္ ေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးျခင္းလုပ္ငန္းဟု အဓိပၸာယ္ဖြင့္ဆိုထားသည္။ အဆိုပါ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးသူအျဖစ္ ေဆာင္႐ြက္လိုေသာလူပုဂၢိဳလ္ (သို႔မဟုတ္) အဖြဲ႕အစည္းသည္ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း ေဆာင္႐ြက္ရန္ ျမန္မာနိုင္ငံကုမၸဏီမ်ား အက္ဥပေဒအရ ကုမၸဏီသီးျခားတည္ေထာင္၍ ဗဟိုဘဏ္သို႔ သတ္မွတ္ခ်က္ႏွင့္အညီ မွတ္ပုံတင္လက္မွတ္ ေလွ်ာက္ထားရမည္ဟု ေဖာ္ျပထားသည္။
RED DOTကိစၥတြင္ ဗဟိုဘဏ္ႏွင့္ မသက္ဆိုင္ေၾကာင္းျငင္းခ်က္မွာ ကုမၸဏီသည္ အမ်ားျပည္သူထံမွ အပ္ေငြရယူထားျခင္း မရွိဟူသည့္အခ်က္ျဖစ္သည္။ ဥပေဒတြင္ မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈႏွင့္ ပတ္သက္၍ ပါဝင္ပတ္သက္သူ သုံးမ်ိဳးပါဝင္သည္။ ဝန္ေဆာင္မႈေပးသူ (Red Dot Network)၊ ကိုယ္စားလွယ္ (အေရာင္းကိုယ္စားလွယ္မ်ား)ႏွင့္ ဆက္သြယ္ေဆာင္႐ြက္သူ (Customers) ဟူ၍ ျဖစ္သည္။ အမ်ားျပည္သူဆိုသည္မွာ ဆက္သြယ္ေဆာင္႐ြက္သူမ်ားကို သာရည္ၫြန္းျခင္းျဖစ္ၿပီး (ဖုန္းေဘလ္ဝန္ ေဆာင္မႈကိစၥတြင္) ၎တို႔မွာ ေငြအပ္ႏွံျခင္းမဟုတ္ဘဲ ကုန္ပစၥည္းတစ္ခုကို လက္ငင္းဝယ္ယူသူအေနျဖင့္သာ ရွိေနသည္။ ထို႔ေၾကာင့္ ထိုကဲ့သို႔ တစ္စုံတစ္ခုအား မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈျဖင့္ ဝယ္ယူသည့္ လုပ္ငန္းမ်ားတြင္ ကိုယ္စားလွယ္မ်ားအေနျဖင့္ ႀကိဳတင္ေပးထားသည့္ ေငြမ်ားသည္ အမ်ားျပည္သူမွ လုပ္ငန္းတစ္ခုကို ႀကိဳတင္ေငြေပးထားျခင္း (သို႔မဟုတ္) ယုံၾကည္မႈတစ္ခုျဖင့္ အပ္ႏွံထားျခင္းဟု သတ္မွတ္မထားသည္က RED DOTလြတ္သြားရသည့္ အဓိက ‘တာ’ တစ္ခု ျဖစ္နိုင္သည္။
မည္သို႔ပင္ဆိုေစကာမူ RED DOT ျဖစ္စဥ္သည္ မိုဘိုင္း ေငြေရးေၾကးေရးဝန္ေဆာင္မႈ လုပ္ငန္းတစ္ရပ္လုံးသို႔ ဂယက္ရိုက္သြားေစသည္ကေတာ့ ျငင္းမရေပ။ ယင္းကုမၸဏီ ဖ်က္သိမ္းၿပီးေနာက္ ဗဟိုဘဏ္က တရားဝင္ မွတ္ပုံတင္ရရွိၿပီး လုပ္ကိုင္ေနေသာ Wave Money၊ OK$ႏွင့္ True Money စသည့္ လုပ္ငန္းမ်ားက ရွင္းလင္းခ်က္မ်ား အသီးသီး ထုတ္ျပန္ခဲ့ရသည္။ ၎တို႔၏ ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္ တင္ထားေသာ ရွင္းလင္းခ်က္မ်ားေအာက္တြင္ Comment အမ်ားစုမွာ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈက႑အေပၚ အပ်က္သေဘာရႈျမင္သည္က မ်ားေနသည္။ ယခုကိစၥ မေျဖရွင္းနိုင္လွ်င္ (သို႔ မဟုတ္) ယခုထက္ပို၍ မႀကီးၾကပ္နိုင္လွ်င္ အဆိုပါက႑အေပၚ အမ်ားျပည္သူ၏ ယုံၾကည္စိတ္ခ်မႈ က်ဆင္းသြားနိုင္သည္။
‘RED DOT ပိတ္သိမ္းလိမ္လည္သြားရင္ တျခား Mobile Money မလိမ္ဘူးလို႔ ဘယ္သူအာမခံထားလဲ’ ဆိုသည့္ အြန္လိုင္းစစ္တမ္းတြင္ ေျဖဆိုသူ ၆၀ အနက္ ‘တစ္ခုမွမရွိ ဘူး လိမ္ရင္ခံရမွာပဲ’ ဟု ေျဖဆိုသူ ၄၁ ဦး၊ ‘စာခ်ဳပ္ရွိတာေတာင္ အလိမ္ခံေနရတာ စာခ်ဳပ္မရွိတာေတာ့ အယုံအၾကည္မရွိ’ ဟု ေျဖဆိုသူ ၁၈ ဦး ပါဝင္ေနသည္ကို ေတြ႕ရသည္။
ဗဟိုဘဏ္၏ သတ္မွတ္ခ်က္ႏွင့္အညီ လုပ္ငန္းလုပ္ကိုင္သည့္ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးသူသည္ ေမွ်ာ(Float) ထားသည့္ ေငြေၾကး၏ ၁၀၀ ရာခိုင္ႏႈန္းႏွင့္ တူညီေသာ ပမာဏတစ္ရပ္ကို ဘဏ္၌ ယုံၾကည္အပ္ႏွံေငြစာရင္းဖြင့္လွစ္၍ အစဥ္ထိန္းသိမ္းထားရမည္ျဖစ္ၿပီး အဆိုပါေငြအား ေငြျဖစ္လြယ္ေသာ ရရန္ပိုင္ခြင့္မ်ား အျဖစ္ထားရွိ၍ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးသူ၏ အျခားေငြစာရင္းမ်ားႏွင့္ ေပါင္းစပ္ျခင္းမရွိဘဲ သီးသန႔္ထိန္းသိမ္းထားရမည္ ျဖစ္သည္။ ထို႔ေၾကာင့္ အမ်ားျပည္သူ၏ အပ္ေငြမ်ားအတြက္ အာမခံခ်က္ရွိသည္။
RED DOTလိမ္လည္မႈကို ေျဖရွင္းေပးရန္ ေမးျမန္းျခင္းခံရသည့္ အစိုးရဌာနမ်ားတြင္ စားသုံးသူကာကြယ္ေရး ဦးစီးဌာန၏ ျငင္းခ်က္မွာ က်ိဳးေၾကာင္းဆီေလ်ာ္မႈအရွိဆုံးဟု ဆိုနိုင္သည္။ ဝန္ေဆာင္မႈေပးသူႏွင့္ ကိုယ္စားလွယ္ၾကား လုပ္ငန္းရွင္ခ်င္း (Business to Business) ျဖစ္သည့္အတြက္ စားသုံးသူမ်ားႏွင့္မဆိုင္ေပ။ နစ္နာသူမ်ားမွာ ကိုယ္စားလွယ္မ်ားသာ ျဖစ္သည္။
ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန (DICA) အေနျဖင့္ ကုမၸဏီမွတ္ပုံတင္သည့္အခါ လုပ္ငန္းအမ်ိဳးအစားကိုသာ အဓိကျပရၿပီး လုပ္ငန္းလိုင္စင္ကိစၥသည္ မွတ္ပုံတင္ရရွိၿပီးမွ သက္ဆိုင္ရာ ဝန္ႀကီးဌာနက ေဆာင္႐ြက္ရသည္။ ၎ဌာန အေနျဖင့္လည္း RED DOT ကိစၥသည္ ဆက္သြယ္ေရးဝန္ႀကီးဌာနကိုသာ ေမးျမန္းရမည္ျဖစ္ေၾကာင္း ေျဖဆိုထားသည္ကို ေတြ႕ရသည္။
အဆိုပါကုမၸဏီသည္ ‘Myanmar Red Dot Network Limited’ ဟူေသာအမည္ျဖင့္ ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ Register No 1114520641 ႏွင့္ ကုမၸဏီမွတ္ပုံတင္ခဲ့ၿပီး ကုမၸဏီဒါရိုက္တာမ်ားမွာ အိုင္ယာ လန္နိုင္ငံသား John Nagle ႏွင့္ နယ္သာလန္ နိုင္ငံသား Wouter De Jong တို႔ျဖစ္ေၾကာင္း ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာန (DICA) တြင္ ထုတ္ျပန္ထားသည္။
သို႔ေသာ္ RED DOT သည္ ျမန္မာနိုင္ငံတြင္ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီကတည္းက မိုဘိုင္းေငြေၾကး ဝန္ေဆာင္မႈလုပ္ငန္း စတင္လုပ္ကိုင္ခဲ့ေသာေၾကာင့္ ကုမၸဏီမွတ္ပုံမတင္မီကပင္ လုပ္ကိုင္ခဲ့ျခင္းျဖစ္သည္။
နိုင္ငံျခားသားႏွစ္ဦးတည္ေထာင္သည့္ လုပ္ငန္းတစ္ခုသည္ ထိုကဲ့သို႔ျဖစ္ေနျခင္းမွာ ျမန္မာနိုင္ငံတြင္ စီးပြားေရးလုပ္ငန္းမ်ားအေပၚ ႀကီးၾကပ္မႈအားနည္းေၾကာင္း ေဖာ္ျပေနသည္။
DICA ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနအား ေမးျမန္းရမည္ျဖစ္ေၾကာင္း ေျပာေသာ္လည္း ပို႔/ ဆက္ဝန္ႀကီးဌာနက ၎တို႔မွာ ဆက္သြယ္ေရး လုပ္ငန္းဆိုင္ရာမ်ားအတြက္ လုပ္ငန္းလိုင္စင္ထုတ္ေပးျခင္းသာျဖစ္ၿပီး RED DOT သည္ ဆက္သြယ္ေရး ေအာ္ပေရတာမ်ားထံမွ ကိုယ္စားလွယ္ယူ လုပ္ျခင္းျဖစ္ေသာေၾကာင့္ လိုင္စင္ထုတ္ေပးထားျခင္းမရွိေၾကာင္း ေျဖဆိုထားသည္။
မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္နိုင္ရန္အတြက္ မိုဘိုင္းကြန္ရက္ ေဆာင္႐ြက္သူႏွင့္ပတ္သက္၍ ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာဝန္ႀကီးဌာနက ကန႔္ကြက္ရန္မရွိေၾကာင္းစာႏွင့္ ဘဏ္မဟုတ္ေသာ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားအတြက္ အဆိုပါအဖြဲ႕အစည္း၏ ၾကပ္မတ္ကြပ္ကဲသူ (Regulator) ထံမွ ကန႔္ကြက္ရန္မရွိေၾကာင္း စာအား ဗဟိုဘဏ္သို႔တင္ျပရန္ လိုအပ္ခ်က္သည္ ပို႔/ဆက္ ဝန္ႀကီးဌာနႏွင့္ သက္ဆိုင္သည့္အပိုင္း ျဖစ္သည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနကလည္း အီလက္ထ႐ြန္နစ္စနစ္ျဖင့္ မိုဘိုင္းဖုန္းေဘလ္ေရာင္းခ်ျခင္းသည္ မိုဘိုင္းလ္ဖုန္းဆက္သြယ္ေရး ေအာ္ပေရတာမ်ားႏွင့္ အဓိကခ်ိတ္ဆက္လုပ္ေဆာင္ေနျခင္း ျဖစ္သည့္အတြက္ ၎တို႔ႏွင့္ မသက္ဆိုင္ေၾကာင္း ျငင္းဆိုထားသည္။
ကိုယ္စားလွယ္မ်ားအေနျဖင့္ သာမန္ျပည္သူမ်ားသာ ျဖစ္သည့္အတြက္ ဥပေဒပိုင္းဆိုင္ရာမ်ားကို နားမလည္ဘဲ အစိုးရဌာနမ်ား၏ ၾကားဝင္ေျဖရွင္းေပးမႈမ်ိဳးကို လိုလားေနၾကသည္။
ေရွးယခင္ လိမ္လည္မႈမ်ားႏွင့္ ေနာင္မျဖစ္ရေလေအာင္
RED DOT မတိုင္ခင္က ျမန္မာျပည္တြင္ ျပည္သူမ်ား၏ ေငြေၾကးမ်ားလိမ္လည္ခံရမႈ ျဖစ္စဥ္မ်ားစြာ ရွိခဲ့သည္။
၂၀၁၅ ခုႏွစ္က ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္မွ နိုင္ငံျခားေငြလဲလွယ္ေရာင္းဝယ္ခြင့္ လိုင္စင္ရယူထားသည့္ Global Growth ကုမၸဏီသည္ နိုင္ငံတကာေ႐ႊေပါက္ေစ်း အတက္အက်၊ ေငြလဲလွယ္ႏႈန္း အတက္အက်အေပၚ ဝင္ေရာက္ကစားျခင္းျဖင့္ အက်ိဳးအျမတ္ရရွိေစရန္ လုပ္ေဆာင္ေပးမည္ဟုဆိုကာ ျမန္မာနိုင္ငံမွ ယင္းေစ်းကြက္ကို စိတ္ဝင္စားသူ အမ်ားအျပားထံမွ ေငြသိန္းေပါင္းမ်ားစြာ လိမ္လည္ခဲ့သည္။ Global Growth ကုမၸဏီတည္ေထာင္သူသည္ NG Kwok Fai (ေခၚ)Mr.ED ဆိုသူျဖစ္ၿပီး ၎သည္ အျပည္ျပည္ဆိုင္ရာ ရဲတပ္ဖြဲ႕က အလိုရွိေနသူ တစ္ဦးျဖစ္သည့္အျပင္ ဗီယက္နမ္နိုင္ငံတြင္လည္း အလားတူ ေငြေၾကးလိမ္လည္ခဲ့ျခင္းေၾကာင့္ ဗီယက္နမ္အာဏာပိုင္မ်ားက အလိုရွိေနသူတစ္ဦး ျဖစ္သည္။
၂၀၁၇ ခုႏွစ္ ဇြန္လအတြင္း Saxon Capital Limited (SCL) သည္ အစုရွယ္ယာမ်ားကို အတိုးႏႈန္းျမင့္မားစြာေပးၿပီး တိုင္းေဒသႀကီးေလးခုတြင္ ဘဏ္လုပ္ငန္းစနစ္ႏွင့္ မိုဘိုင္းစနစ္ကို အသုံးျပဳ၍ ျပည္သူမ်ားကို လိမ္လည္ေရာင္းခ်ၿပီး ကုမၸဏီတာဝန္ရွိသူမ်ား ထြက္ေျပးမႈျဖစ္စဥ္ျဖစ္ခဲ့သည္။ လိမ္လည္မႈေၾကာင့္ မြန္ျပည္နယ္ ဇင္းက်ိဳက္ၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္တည္း၌ပင္ က်ပ္သိန္းႏွစ္ေထာင္ခန႔္ပါသြား၍ ေဒသခံမ်ားက မြန္ျပည္နယ္လႊတ္ေတာ္ကို တိုင္ၾကားခဲ့သည္။
အဆိုပါျဖစ္စဥ္အေပၚ ေငြေခ်းသက္ေသခံလက္မွတ္ လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္က သတိေပးထုတ္ျပန္ခဲ့ေသာ္လည္း ထိေရာက္ေသာ အေရးယူနိုင္မႈမရွိခဲ့ေခ်။ Saxon Capital Limited (SCL) နည္းတူ mart သည္လည္း အလားတူလိမ္လည္မႈမ်ား ျပဳလုပ္ခဲ့ေသးသည္။
ယင္းအျပင္ စက္တင္ဘာလဆန္းပိုင္းတြင္ မေလးရွားနိုင္ငံသား တ႐ုတ္လူမ်ိဳးမ်ား၏ Myanmar Junwell Global ကုမၸဏီက ရွယ္ယာမ်ားကို ဆင့္ပြားေရာင္းခ်ၿပီး ေငြေၾကး ဂိမ္းပုံစံျပဳလုပ္၍ အေမရိကန္ေဒၚလာ တစ္သန္းခြဲေက်ာ္ လိမ္လည္ခဲ့မႈ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။
၂၀၁၈ ခုႏွစ္အတြင္းမွာလည္း နာမည္ေက်ာ္ခဲ့သည့္ ျဖစ္စဥ္မ်ားအျဖစ္ ေယာဂီဝတ္ေဒၚနႏၵမာလာ၏ က်ပ္သိန္းေထာင္ေသာင္းခ်ီလိမ္လည္မႈ၊ Jude Jude လုပ္ငန္းစုႏွင့္ ေမအိမ့္ဒါလီအမည္ရ အမ်ိဳးသမီးတစ္ဦး၏ ေငြေၾကးလိမ္လည္မႈမ်ားႏွင့္ စုမဲေငြေၾကးလိမ္လည္မႈမ်ားစြာ ျဖစ္ပြားခဲ့သည္။ ထိုသို႔လိမ္လည္မႈျဖစ္တိုင္း ျပည္သူမ်ားသာခံရသည့္ ျဖစ္စဥ္ရွိေနၿပီး ထိေရာက္ေသာ အေရးယူေဆာင္႐ြက္မႈ တစ္စုံတစ္ရာေတြ႕ ျမင္ရမႈမရွိ ေခ်။ လက္ရွိ RED DOT NETWORK ကုမၸဏီ တည္ေထာင္သူကို ျပန္ေလ့လာပါကလည္း တည္ေထာင္သူ John Nagle သည္ ၿဗိတိန္တြင္ ေဒဝါလီခံခဲ့ရသူတစ္ဦးျဖစ္ေနသည္။ လက္ရွိ Red Dot Network ကုမၸဏီတြင္ အမ်ားျပည္သူ၏ အပ္ေငြရွိမေနေသာ္လည္း လုပ္ေဖာ္ကိုင္ဖက္မ်ား၏ ေငြမ်ား ႀကိဳတင္ေပးထားရသည့္အတြက္ စည္းမ်ဥ္းဥပေဒတစ္ရပ္ရပ္ျဖင့္ ေသခ်ာစြာ ၾကပ္မတ္နိုင္ရန္ လိုအပ္ေပသည္။ မူဝါဒႏွင့္ ဥပေဒမ်ားသည္ အဆိုပါ ျဖစ္ရပ္မ်ိဳးအား ကာကြယ္တားဆီးနိုင္စြမ္းမရွိဘဲ လစ္ဟာကြက္မ်ား ရွိေနေၾကာင္း ကြၽမ္းက်င္သူမ်ားက သုံးသပ္သည္။
RED DOT ဖုန္းေဘလ္ဝန္ေဆာင္မႈကိစၥသည္ အထက္တြင္ ေဖာ္ျပထားသကဲ့သို႔ ကိုယ္စားလွယ္ႏွင့္ ဆက္သြယ္ေဆာင္႐ြက္သူဟူသည့္ ပါဝင္သူ ႏွစ္ဦးအနက္အမ်ား ျပည္သူ (ဆက္သြယ္ေဆာင္႐ြက္သူ) ထံမွ ေငြမ်ား လက္ခံထားျခင္းမရွိဘဲ လုပ္ေဖာ္ကိုင္ဖက္မ်ားထံမွ ယူထားျခင္းအျဖစ္သာ သတ္မွတ္နိုင္ေသာေၾကာင့္ ဗဟိုဘဏ္၏ ထိန္းခ်ဳပ္မႈ ေအာက္မွ လြတ္ေနခဲ့ရျခင္းျဖစ္သည္။
RED DOT ကုမၸဏီႏွင့္ အေရာင္းကိုယ္ စားလွယ္မ်ား ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္တြင္ တစ္လႀကိဳတင္အေၾကာင္းၾကား၍ စာခ်ဳပ္အား ဖ်က္သိမ္းနိုင္ေၾကာင္း၊ ထို႔ေနာက္ Red Dot Termianl (စက္) ပုံမွန္အတိုင္း လည္ပတ္မႈ ရွိ-မရွိ စစ္ေဆးမည္ျဖစ္ၿပီး ပ်က္စီးေပ်ာက္ဆုံးမႈတို႔အတြက္ စေပၚေငြမွ ႏုတ္ယူမည္ ျဖစ္ေၾကာင္း၊ စေပၚေငြျဖင့္ေပးေလ်ာ္ရန္ မလုံေလာက္ပါက ဥပေဒအရ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း စသည္ျဖင့္သာ ပါရွိၿပီး Weekly Eleven သတင္းစာက ဖတ္ခြင့္ရသည့္စာခ်ဳပ္တြင္ ကိုယ္စားလွယ္မ်ား နစ္နာမႈအတြက္ ျပန္လည္ေပးေလ်ာ္မည့္ အစီအစဥ္မ်ားအား မေတြ႕ရေပ။
ကိုယ္စားလွယ္မ်ားအတြက္ လုပ္ငန္းႏွင့္ ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္မွာ အေရးႀကီးေပသည္။ ႏွစ္ဦးသေဘာတူခ်ဳပ္ဆိုထားေသာ စာခ်ဳပ္သည္ တရားမွ်တမႈ ရွိ-မရွိ၊ နစ္နာမႈတစ္စုံတစ္ခု ျဖစ္ေပၚလာခဲ့လွ်င္ ျပဳလုပ္မည့္ အစီအစဥ္မ်ားႏွင့္ ပတ္သက္၍ ေလ်ာ္ကန္မႈ ရွိ-မရွိ စစ္ေဆးေပးမည့္ အဖြဲ႕အစည္း လိုအပ္ေနေၾကာင္း၊ သာမန္ျပည္သူအမ်ားစုမွာ စာခ်ဳပ္ စာတမ္းႏွင့္ ပတ္သက္၍ မကြၽမ္းက်င္ေသာေၾကာင့္ အစိုးရ၏ မူဝါဒမ်ားျဖင့္ ညွိေပးရန္လိုအပ္ေၾကာင္း မူဝါဒေရးရာ ေလ့လာသုံးသပ္သူ ေဒၚျဖဴယမင္းျမတ္က ဆိုသည္။
“ေငြေၾကးနဲ႕ ပတ္သက္ရင္ ဗဟိုဘဏ္က ကိုင္တာ အေကာင္းဆုံးပဲ။ သက္ဆိုင္တယ္လို႔ ေျပာတာ သူ႕ကို အျပစ္တင္တာေတာ့ မဟုတ္ဘူး။ တကယ္ေတာ့ သူတို႔လည္း ကိုင္တြယ္လို႔ မရဘူး။ ဥပေဒမွာကိုက လြတ္ေပါက္ရွိေနတာ။ ဒီလို အဖြဲ႕အစည္းမ်ိဳး၊ အထူးသျဖင့္ နည္းပညာနဲ႕ လုပ္တဲ့ အဖြဲ႕အစည္းမ်ိဳးကို ဘယ္လိုထိန္းမလဲ။ ဘယ္လိုခြင့္ျပဳခ်က္ေပးမလဲ။ ဘယ္အဖြဲ႕အစည္းက ဘယ္ေခါင္းစဥ္ေအာက္မွာ ထားမွာလဲ။ ဘယ္လို စည္းၾကပ္မႈမ်ိဳးလုပ္မွာလဲဆိုတာ စဥ္းစားထားသင့္တယ္။ မူဝါဒပိုင္းေရာ ဥပေဒပိုင္းေရာ စည္းၾကပ္ဖို႔ လိုတယ္။ ဘယ္ဥပေဒ မွမရွိရင္ ရွိေအာင္ေရးရမွာေပါ့။ သူမ်ားနိုင္ငံမွာ ဘယ္လိုလုပ္လဲ ၾကည့္ရမွာေပါ့” ၎က ေျပာၾကားသည္။
Red Dot Network ကုမၸဏီသည္ မည္သည့္လုပ္ငန္းလိုင္စင္မွ မယူခဲ့ဘဲ ကုမၸဏီမွတ္ပုံတင္ၿပီး ေငြေပးေခ်မႈဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္။ အမ်ားျပည္သူထံမွ စေပၚေငြမ်ား သိန္းေသာင္းခ်ီယူထားၿပီး လြတ္လြတ္လပ္လပ္ လည္ပတ္နိုင္ခဲ့သည္။ ကုမၸဏီပိတ္သိမ္းသြားခ်ိန္တြင္ မည္သည့္ ဌာနမွ တာဝန္မရွိေၾကာင္း ျငင္းဆိုၾကသည္။ နည္းပညာဝန္ေဆာင္မႈ လုပ္ငန္မ်ားတိုးတက္ေနသည့္အခ်ိန္တြင္ ယခုကဲ့သို႔ ျဖစ္ရပ္မ်ိဳး ေနာက္ထပ္မျဖစ္ေစရန္ လိုအပ္သည္။
ထို႔အတူပင္ ေငြေၾကးလိမ္လည္ခံရမႈ ျဖစ္စဥ္မ်ား ျဖစ္ပြားခ်ိန္တိုင္း တာဝန္ယူ တာဝန္ခံမႈေပ်ာက္ေနေသာ ျမန္မာနိုင္ငံတြင္ ျပည္သူမ်ား၏ နစ္နာမႈအေပၚ တာဝန္ယူ၊ တာဝန္ခံေျဖရွင္းနိုင္ေသာ အစိုးရအဖြဲ႕အစည္းမ်ား လိုအပ္ေနေၾကာင္း အၿမဲတေစ ျဖစ္ပြားေနသည့္ ေငြေၾကးလိမ္လည္မႈမ်ားႏွင့္ ေပ်ာက္ရွေနေသာ တာဝန္ယူ၊ တာဝန္ခံမႈမ်ားက မီးေမာင္းထိုးျပေနသည္။
[Unicode]
ပွက်လောရိုက်ခဲ့ရတဲ့ RED DOT ကုမ္ပဏီ ပိတ်သိမ်းမှု
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နိုင်ငံခြားသားနှစ်ဦးပိုင်သည့် အွန်လိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ကိုင်သော RED DOT ကုမ္ပဏီသည် မြန်မာနိုင်ငံအနှံ့ရှိ အရောင်းကိုယ်စားလှယ်များထံမှ ကြိုတင်အပ်ငွေများ ပြန်လည်ပေးအပ်ခြင်းမရှိသေးဘဲ လုပ်ငန်းပိတ်သိမ်းပြီး ကိုယ်ပျောက်သွားသည့် သတင်းမှာ အတော်ပွက်လောရိုက်ခဲ့သည်။
RED DOTကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီမှစ၍ ဆက်သွယ်ရေးအော်ပရေတာလေးခုနှင့် အကျိုးတူပူးပေါင်းပြီး ဖုန်းဘေလ်အား အီလက်ထရွန်နစ်နည်းဖြင့် အရောင်းကိုယ်စားလှယ်ဆိုင်များမှတစ်ဆင့် လက်လီပြန်လည်ရောင်းချသည့် လုပ်ငန်းအဓိကလုပ်ကိုင်ခဲ့သည်။ တစ်နှစ်အကြာတွင် မြန်မာနိုင်ငံအနှံ့ ဖုန်းဘေလ်အရောင်းကိုယ်စားလှယ် ဆိုင်ပေါင်း နှစ်သောင်းခန့် ရှိလာခဲ့သည်။
အရောင်းကိုယ်စားလှယ်များအနေဖြင့် တစ်ပတ်လျှင် သုံးသိန်းဖိုး၊ တစ်လလျှင် သုံးသိန်းဖိုး စသည်ဖြင့် ရောင်းရပြီးရောင်းရ ငွေ၏ လေးရာခိုင်နှုန်းကို အမြတ်အဖြစ် ပြန်လည်ရရှိကြသည်။
ယင်းလုပ်ငန်းအပြင် Viber, Ananda, Iflix, Viu တို့နှင့် ပူးပေါင်း၍ အွန်လိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးခဲ့ပြီး မီတာဆောင်ခြင်းနှင့် ဗေဒင်မေးမြန်းခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့သည်။ အခြားအွန်လိုင်းငွေပေးချေမှု လုပ်ငန်းများလည်း လုပ်ကိုင်ခဲ့ပြီး Prepaid Card ကိုလည်း မိတ်ဆက်ခဲ့သည်။
Red Dot ထံမှ ကိုယ်စားလှယ်ရယူပြီး အွန်လိုင်ဖုန်းဘေလ်ဝန်ဆောင်မှု လုပ်ကိုင်ကြသည့် အရောင်းကိုယ်စားလှယ်အများစုမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာမှစတင်ပြီး ဖုန်းဘေလ်ထုတ်မရတော့ဘဲ ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာတွင် သည်းခံစောင့်ပေးရန် အကြောင်းပြန်ခဲ့ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။ ထပ်တိုးဝန်ဆောင်မှုများ (ကားလက်မှတ်၊ လေယာဉ်လက်မှတ် စသည်) ပြုလုပ်နေသည်ဟု အကြောင်းပြခဲ့သည်။
စောင့်ဆိုင်းနေစဉ် ကိုယ်စားလှယ်များအား တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁ ရက်တွင် ကုမ္ပဏီကိုပိတ်သိမ်းခဲ့သည်။ ကုမ္ပဏီရှေ့တွင်ကိုယ်စားလှယ်အချို့သာ ငွေပြန်တောင်းနိုင်ခဲ့သည်။
လက်ရှိဖြစ်ပွားခဲ့သည့် လိမ်လည်မှုမှာ ဖုန်းဘေလ်အရောင်းကိုယ်စားလှယ်များအား ပေးရန်ရှိသည်များကို မရှင်းလင်းရသေးဘဲ ကုမ္ပဏီရောလူပါပျောက်သွားခြင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်ပေါင်း ၂၀၀၀၀ ကျော် ရှိနိုင်ပြီး ဆုံးရှုံးသည့် ငွေကြေးပမာဏမှာ သိန်းပေါင်း သောင်းဂဏန်းမျှ ရှိနိုင်သည်ဟု အရောင်းကိုယ်စားလှယ်များက ခန့်မှန်းသည်။ စက်ထဲတွင် ကျန်ရှိနေသည့် ရရန်ရှိငွေပမာဏမှာ ရှစ်သိန်းဝန်းကျင်အထိပင် ရှိသူလည်း ရှိသည်ဟု သိရသည်။
RED DOTအရောင်းကိုယ်စားလှယ်များ၏ ဆုံးရှုံးနစ်နာရမှုများနှင့်ပတ်သက်၍ ကိုယ်စားလှယ်တစ်ဦးက ပြုလုပ်သည့် အွန်လိုင်းစစ်တမ်းတစ်ခုတွင် ဖြေဆိုသူ ၁၃၂ ဦးအနက် စက်လုံးဝပြန်မအပ်ရသေးသူ ၄၆ ဦး၊ စက်ပြန်အပ်ပြီး ငွေပြန်အမ်းရန်အတွက် စောင့်နေသူများ ၇၆ ဦး၊ ငွေပြန်ရပြီးသူခုနစ်ဦးနှင့် Application ပြန်အမ်းငွေ မရသေးသူ သုံးဦးရှိသည်ဟု ဖြေဆိုထားသည်ကို တွေ့ရသည်။
အခြားစစ်တမ်းတစ်ခု၌ RED DOTစက်ထဲတွင် ကျန်ရှိနေသည့် လက်ကျန်ပမာဏနှင့် ပတ်သက်၍ဖြေဆိုသူ ၁၆၄ ဦးအနက် ၁ဝဝဝဝဝမှ နှစ်သိန်းကြား (၁၀၀၀၀၀ မှ ၂၀၀၀၀၀) ကျန်ရှိနေသူ ၇၀၊ ငါးသောင်းမှ ၁၀၀၀၀၀ ကြား (၅၀၀၀၀ မှ ၁၀၀၀၀၀) ၄၉ ဦး ၊ နှစ်သိန်းအထက် ၃၁ ဦး၊ ငါးသောင်းအောက် ၁၀ ဦး၊ ၁၀၀၀၀၀ နှစ်သောင်း နှစ်ဦး၊ သုံးသိန်းခုနစ်သောင်း ကျန်ရှိနေသူ နှစ်ဦးရှိ နေသည်ဟု ဖြေဆိုထားသည်။
RED DOTဘယ်သူ့ ‘တာ’ က လွတ်သွားတာလဲ
RED DOTနှင့် ပတ်သက်ပြီး အစိုးရပိုုင်းဆိုင်ရာဌာနများသည် ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း အကြောင်းပြချက်ကိုယ်စီနှင့် အပြိုင်ငြင်းချက်ထုတ်ကြသည်။ အလိမ်ခံလိုက်ရသည့် အရောင်းကိုယ်စားလှယ်များမှာလည်း အဆိုပါအချက်ကို စိတ်ပျက်လျက်ရှိသည်။
“တစ်နိုင်ငံလုံးဆိုရင် ကိုယ်စားလှယ်ပေါင်းက နှစ်သောင်းကျော် သုံးသောင်းလောက်ရှိတယ်။ တစ်ဦးက ၁၀၀၀၀၀ နဲ့တွက်ရင်တောင် သိန်းပေါင်း အများကြီးပဲလေ။ အဲဒါကို ဘာမှမလုပ်ပေးဘူး။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိဘူး။ ဘယ်သူ့ကို ဘယ်လိုအကူအညီတောင်းလို့ တောင်းရမှန်း မသိဘူးဆိုတော့ တော်တော်လေးတော့ အံ့သြတယ်။ ဒီနိုင်ငံမှာ ဒီလိုဥပဒေတွေ ဖြစ်နေတာ” ဟု ကရင်ပြည်နယ် ဘားအံမြို့မှ အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ဇင်ဇင်ကျော်က ပြောသည်။
အဆိုပါ RED DOTကုမ္ပဏီ၏ လိမ်လည်မှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဗဟိုဘဏ်က ဖေဖော်ဝါရီ ၆ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများအား သေးငယ်သေးသည့်အချိန်၌ စည်းကမ်းတင်းကျပ်လိုက်ပါက လုပ်ငန်းကြီးထွားလာရန် အခက်အခဲရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း တစ်စုံတစ်ရာကြီးထွားပြီး လုပ်ငန်းများကို မကြီးကြပ်ပါက အများပြည်သူထိ ခိုက်နစ်နာနိုင်ကြောင်းနှင့် RED DOTသည် ယင်းနှစ်ခုကြား(ကြီးလည်းမကြီး၊ သေးလည်းမသေးသည့် လုပ်ငန်း)တွင် ရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဖြေကြားသည်။
ယင်းအပြင် RED DOT သည် ငွေပေးချေမှုလုပ်ငန်းတစ်ခု မဟုတ်ဘဲ မိုဘိုင်းလ်အော်ပရေတာများထံမှ ဖုန်းဘေလ်အားယူ၍ ကို်ယ်စားများမှတစ်ဆင့် ပြန်လည်ရောင်းချသော လုပ်ငန်းသာ ဖြစ်ကြောင်း၊ အွန်လိုင်းမှ ကုန်ပစ္စည်းတစ်ခုခုအား RED DOT ဖြင့် ဝယ်ယူ ငွေပေးချေခြင်းမျိုး မလုပ်နိုင်ကြောင်း၊ ပြည်သူလူထု၏ အပ်ငွေမရှိသော လုပ်ငန်းဖြစ်သောကြောင့် ဗဟိုဘဏ်က ထိန်းချုပ်မှု မပြုလုပ်ခဲ့ကြောင်း ရှင်းလင်းခဲ့သည်။
သို့သော် RED DOT နှင့်ပတ်သက်၍ ငြင်းဆိုကြသော အစိုးရဌာနများအနက် (နှိုင်းယှဉ်ခြင်းအားဖြင့်) ဗဟိုဘဏ်မှာ အသက်ဆိုင်ဆုံးဟု ဆိုနိုင်သည်။ RED DOTသည် ဖုန်းဘေလ်အား ကိုယ်စားလှယ်ယူ၍ လက်လီပြန်ရောင်းသည့် အလုပ်တစ်ခု တည်းသာမက Anada, Chanal+, iflix စသည့် လုပ်ငန်းများနှင့် ချိတ်ဆက်၍ မိုဘိုင်းငွေပေးချေခြင်း လုပ်ငန်းများလည်း လုပ်ကိုင်ခဲ့သည်။ ၎င်း၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Red Dot Pay PIN ဝန်ဆောင်မှုသည် အွန်လိုင်းဂိမ်းများရှိ Hero, Items များနှင့် ရုပ်ရှင်၊ သီချင်းများ စသည်တို့အား ဝယ်ယူရာတွင် အသုံးပြုနိုင်သည်။
ထို့ထက် RED DOTကုမ္ပဏီသည် RED DOTVISA CARD ဆိုသည့် Prepaid Card အား UAB, ဘဏ် VISA ကုမ္ပဏီတို့နှင့် ပူးပေါင်း၍ ထုတ်လုပ်ခဲ့သည်။ ယင်းကတ်အတွင်းသို့ ထည့်ထားနိုင်သည့်ငွေကြေးပမာဏမှာလည်း အများဆုံး ၂၅၀၀၀၀ ကျပ်အထိ ထည့်နိုင်ပြီး နောက်ပိုင်းတွင် အများဆုံး ၅၀၀၀၀၀၀ ကျပ်အထိ ထည့်သွင်းနိုင်မည်ဟု ဖော်ပြထားသည်။ ယင်းကတ်အား အသုံးပြုနိုင်သည့် နေရာများမှာ အွန်လိုင်းစတိုးများ၊ VISA နှင့်ချိတ်ဆက်ထားသော ဆိုင်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အခြားကတ်သို့ ငွေပေးပို့ခြင်း ၊ ငွေလွှဲခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုယ်စားလှယ်များအား RED DOTVISA CARD နှင့်ပတ်သက်၍ မေးမြန်းရာတွင် အဆိုပါ Network Error စဖြစ်သည့် အောက်တိုဘာတွင် Prepaid Visa Service (PAVS) ဝန်ဆောင်မှုအား လာရောက်မိတ်ဆက်ခဲ့ပြီး ကိုယ်စားလှယ်များနှင့် အဆိုပါ Prepaid ကတ်နှင့်ပတ်သက်၍ ထပ်တိုးစာချုပ်ချုပ်ခဲ့သည်များ ရှိသည်ကိုတွေ့ရသည်။
“(လာရောက်မိတ်ဆက်ခြင်း) ရှိခဲ့ပါတယ်။ အဲဒါအကြောင်းပြပြီး ကြိုတင်ငွေယူဖို့ ကြံသေးတယ်။ ငွေဖြည့်ကတ်ဘက်က ဟိုမရ ဒီမရ ဖြစ်နေလို့ Visa ကတ်အတွက် ကြိုတင် ငွေမပေးလိုက်ကြဘူး” ဟု အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ အဆိုပါကတ်အတွက် အရောင်းကိုယ်စားလှယ်များမှ တစ်ကတ်တန် ဖိုး ၅၀၀၀ ကျပ်ဖြင့် မိမိမှယူသလောက်ကျသင့်သည့် ငွေပမာဏအား ပေးချေရမည်ဖြစ်သည်။ ယင်းကိုယ်စားလှယ်များမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်သူများ (Customers) ထံသို့ ပြန်လည်ရှင်းပြ၍ သုံးစွဲလာစေရန် ပြုလုပ်ရမည်ဖြစ်သည်။
အထက်ပါဝန်ဆောင်မှုသည် ဗဟိုဘဏ်၏ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းစာရင်းတွင် အကျုံးဝင်သည်။ အဘယ်ကြောင့် မှတ်ပုံတင်ထားခြင်းမရှိရသနည်း။ ကိုယ်စားလှယ်များနှင့် စာချုပ်ချုပ်ဆိုနေသည့် အနေအထားဖြစ်သောကြောင့် လုပ်ငန်းစတင်လည်ပတ်နေပြီဟုဆိုနိုင်သည်။
ယခုဖြစ်ပွားခဲ့သည့် လိမ်လည်မှုသည် ဖုန်းဘေလ်ဝန်ဆောင်မှုအား အဓိကလုပ်ကိုင်နေသည့် အရောင်းကိုယ်စားလှယ်များ ကိစ္စဖြစ်နေခြင်းကြောင့် ဗဟိုဘဏ်က ၎င်းတို့၏ ကွပ်ကဲမှုအောက်တွင် ရှိမနေကြောင်း ငြင်းပယ်ခြင်းဖြစ်နိုင်သည်။
၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်သည့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းတွင် မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှု (Mobile Financial Services MFS) အား မိုဘိုင်းနည်းပညာအသုံးပြု၍ ငွေပေးချေမှုနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အဆိုပါ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်လိုသောလူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းသည် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ကုမ္ပဏီသီးခြားတည်ထောင်၍ ဗဟိုဘဏ်သို့ သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဟု ဖော်ပြထားသည်။
RED DOTကိစ္စတွင် ဗဟိုဘဏ်နှင့် မသက်ဆိုင်ကြောင်းငြင်းချက်မှာ ကုမ္ပဏီသည် အများပြည်သူထံမှ အပ်ငွေရယူထားခြင်း မရှိဟူသည့်အချက်ဖြစ်သည်။ ဥပဒေတွင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူ သုံးမျိုးပါဝင်သည်။ ဝန်ဆောင်မှုပေးသူ (Red Dot Network)၊ ကိုယ်စားလှယ် (အရောင်းကိုယ်စားလှယ်များ)နှင့် ဆက်သွယ်ဆောင်ရွက်သူ (Customers) ဟူ၍ ဖြစ်သည်။ အများပြည်သူဆိုသည်မှာ ဆက်သွယ်ဆောင်ရွက်သူများကို သာရည်ညွန်းခြင်းဖြစ်ပြီး (ဖုန်းဘေလ်ဝန် ဆောင်မှုကိစ္စတွင်) ၎င်းတို့မှာ ငွေအပ်နှံခြင်းမဟုတ်ဘဲ ကုန်ပစ္စည်းတစ်ခုကို လက်ငင်းဝယ်ယူသူအနေဖြင့်သာ ရှိနေသည်။ ထို့ကြောင့် ထိုကဲ့သို့ တစ်စုံတစ်ခုအား မိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြင့် ဝယ်ယူသည့် လုပ်ငန်းများတွင် ကိုယ်စားလှယ်များအနေဖြင့် ကြိုတင်ပေးထားသည့် ငွေများသည် အများပြည်သူမှ လုပ်ငန်းတစ်ခုကို ကြိုတင်ငွေပေးထားခြင်း (သို့မဟုတ်) ယုံကြည်မှုတစ်ခုဖြင့် အပ်နှံထားခြင်းဟု သတ်မှတ်မထားသည်က RED DOTလွတ်သွားရသည့် အဓိက ‘တာ’ တစ်ခု ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ RED DOT ဖြစ်စဉ်သည် မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်လုံးသို့ ဂယက်ရိုက်သွားစေသည်ကတော့ ငြင်းမရပေ။ ယင်းကုမ္ပဏီ ဖျက်သိမ်းပြီးနောက် ဗဟိုဘဏ်က တရားဝင် မှတ်ပုံတင်ရရှိပြီး လုပ်ကိုင်နေသော Wave Money၊ OK$နှင့် True Money စသည့် လုပ်ငန်းများက ရှင်းလင်းချက်များ အသီးသီး ထုတ်ပြန်ခဲ့ရသည်။ ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ထားသော ရှင်းလင်းချက်များအောက်တွင် Comment အများစုမှာ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍအပေါ် အပျက်သဘောရှုမြင်သည်က များနေသည်။ ယခုကိစ္စ မဖြေရှင်းနိုင်လျှင် (သို့ မဟုတ်) ယခုထက်ပို၍ မကြီးကြပ်နိုင်လျှင် အဆိုပါကဏ္ဍအပေါ် အများပြည်သူ၏ ယုံကြည်စိတ်ချမှု ကျဆင်းသွားနိုင်သည်။
‘RED DOT ပိတ်သိမ်းလိမ်လည်သွားရင် တခြား Mobile Money မလိမ်ဘူးလို့ ဘယ်သူအာမခံထားလဲ’ ဆိုသည့် အွန်လိုင်းစစ်တမ်းတွင် ဖြေဆိုသူ ၆၀ အနက် ‘တစ်ခုမှမရှိ ဘူး လိမ်ရင်ခံရမှာပဲ’ ဟု ဖြေဆိုသူ ၄၁ ဦး၊ ‘စာချုပ်ရှိတာတောင် အလိမ်ခံနေရတာ စာချုပ်မရှိတာတော့ အယုံအကြည်မရှိ’ ဟု ဖြေဆိုသူ ၁၈ ဦး ပါဝင်နေသည်ကို တွေ့ရသည်။
ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းလုပ်ကိုင်သည့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူသည် မျှော(Float) ထားသည့် ငွေကြေး၏ ၁၀၀ ရာခိုင်နှုန်းနှင့် တူညီသော ပမာဏတစ်ရပ်ကို ဘဏ်၌ ယုံကြည်အပ်နှံငွေစာရင်းဖွင့်လှစ်၍ အစဉ်ထိန်းသိမ်းထားရမည်ဖြစ်ပြီး အဆိုပါငွေအား ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့်များ အဖြစ်ထားရှိ၍ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူ၏ အခြားငွေစာရင်းများနှင့် ပေါင်းစပ်ခြင်းမရှိဘဲ သီးသန့်ထိန်းသိမ်းထားရမည် ဖြစ်သည်။ ထို့ကြောင့် အများပြည်သူ၏ အပ်ငွေများအတွက် အာမခံချက်ရှိသည်။
RED DOTလိမ်လည်မှုကို ဖြေရှင်းပေးရန် မေးမြန်းခြင်းခံရသည့် အစိုးရဌာနများတွင် စားသုံးသူကာကွယ်ရေး ဦးစီးဌာန၏ ငြင်းချက်မှာ ကျိုးကြောင်းဆီလျော်မှုအရှိဆုံးဟု ဆိုနိုင်သည်။ ဝန်ဆောင်မှုပေးသူနှင့် ကိုယ်စားလှယ်ကြား လုပ်ငန်းရှင်ချင်း (Business to Business) ဖြစ်သည့်အတွက် စားသုံးသူများနှင့်မဆိုင်ပေ။ နစ်နာသူများမှာ ကိုယ်စားလှယ်များသာ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) အနေဖြင့် ကုမ္ပဏီမှတ်ပုံတင်သည့်အခါ လုပ်ငန်းအမျိုးအစားကိုသာ အဓိကပြရပြီး လုပ်ငန်းလိုင်စင်ကိစ္စသည် မှတ်ပုံတင်ရရှိပြီးမှ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆောင်ရွက်ရသည်။ ၎င်းဌာန အနေဖြင့်လည်း RED DOT ကိစ္စသည် ဆက်သွယ်ရေးဝန်ကြီးဌာနကိုသာ မေးမြန်းရမည်ဖြစ်ကြောင်း ဖြေဆိုထားသည်ကို တွေ့ရသည်။
အဆိုပါကုမ္ပဏီသည် ‘Myanmar Red Dot Network Limited’ ဟူသောအမည်ဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် Register No 1114520641 နှင့် ကုမ္ပဏီမှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီဒါရိုက်တာများမှာ အိုင်ယာ လန်နိုင်ငံသား John Nagle နှင့် နယ်သာလန် နိုင်ငံသား Wouter De Jong တို့ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် ထုတ်ပြန်ထားသည်။
သို့သော် RED DOT သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီကတည်းက မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း စတင်လုပ်ကိုင်ခဲ့သောကြောင့် ကုမ္ပဏီမှတ်ပုံမတင်မီကပင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသားနှစ်ဦးတည်ထောင်သည့် လုပ်ငန်းတစ်ခုသည် ထိုကဲ့သို့ဖြစ်နေခြင်းမှာ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအပေါ် ကြီးကြပ်မှုအားနည်းကြောင်း ဖော်ပြနေသည်။
DICA ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအား မေးမြန်းရမည်ဖြစ်ကြောင်း ပြောသော်လည်း ပို့/ ဆက်ဝန်ကြီးဌာနက ၎င်းတို့မှာ ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာများအတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းသာဖြစ်ပြီး RED DOT သည် ဆက်သွယ်ရေး အော်ပရေတာများထံမှ ကိုယ်စားလှယ်ယူ လုပ်ခြင်းဖြစ်သောကြောင့် လိုင်စင်ထုတ်ပေးထားခြင်းမရှိကြောင်း ဖြေဆိုထားသည်။
မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် မိုဘိုင်းကွန်ရက် ဆောင်ရွက်သူနှင့်ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကန့်ကွက်ရန်မရှိကြောင်းစာနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် အဆိုပါအဖွဲ့အစည်း၏ ကြပ်မတ်ကွပ်ကဲသူ (Regulator) ထံမှ ကန့်ကွက်ရန်မရှိကြောင်း စာအား ဗဟိုဘဏ်သို့တင်ပြရန် လိုအပ်ချက်သည် ပို့/ဆက် ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်အပိုင်း ဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အီလက်ထရွန်နစ်စနစ်ဖြင့် မိုဘိုင်းဖုန်းဘေလ်ရောင်းချခြင်းသည် မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေး အော်ပရေတာများနှင့် အဓိကချိတ်ဆက်လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသည်။
ကိုယ်စားလှယ်များအနေဖြင့် သာမန်ပြည်သူများသာ ဖြစ်သည့်အတွက် ဥပဒေပိုင်းဆိုင်ရာများကို နားမလည်ဘဲ အစိုးရဌာနများ၏ ကြားဝင်ဖြေရှင်းပေးမှုမျိုးကို လိုလားနေကြသည်။
ရှေးယခင် လိမ်လည်မှုများနှင့် နောင်မဖြစ်ရလေအောင်
RED DOT မတိုင်ခင်က မြန်မာပြည်တွင် ပြည်သူများ၏ ငွေကြေးများလိမ်လည်ခံရမှု ဖြစ်စဉ်များစွာ ရှိခဲ့သည်။
၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်ရယူထားသည့် Global Growth ကုမ္ပဏီသည် နိုင်ငံတကာရွှေပေါက်စျေး အတက်အကျ၊ ငွေလဲလှယ်နှုန်း အတက်အကျအပေါ် ဝင်ရောက်ကစားခြင်းဖြင့် အကျိုးအမြတ်ရရှိစေရန် လုပ်ဆောင်ပေးမည်ဟုဆိုကာ မြန်မာနိုင်ငံမှ ယင်းစျေးကွက်ကို စိတ်ဝင်စားသူ အများအပြားထံမှ ငွေသိန်းပေါင်းများစွာ လိမ်လည်ခဲ့သည်။ Global Growth ကုမ္ပဏီတည်ထောင်သူသည် NG Kwok Fai (ခေါ်)Mr.ED ဆိုသူဖြစ်ပြီး ၎င်းသည် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က အလိုရှိနေသူ တစ်ဦးဖြစ်သည့်အပြင် ဗီယက်နမ်နိုင်ငံတွင်လည်း အလားတူ ငွေကြေးလိမ်လည်ခဲ့ခြင်းကြောင့် ဗီယက်နမ်အာဏာပိုင်များက အလိုရှိနေသူတစ်ဦး ဖြစ်သည်။
၂၀၁၇ ခုနှစ် ဇွန်လအတွင်း Saxon Capital Limited (SCL) သည် အစုရှယ်ယာများကို အတိုးနှုန်းမြင့်မားစွာပေးပြီး တိုင်းဒေသကြီးလေးခုတွင် ဘဏ်လုပ်ငန်းစနစ်နှင့် မိုဘိုင်းစနစ်ကို အသုံးပြု၍ ပြည်သူများကို လိမ်လည်ရောင်းချပြီး ကုမ္ပဏီတာဝန်ရှိသူများ ထွက်ပြေးမှုဖြစ်စဉ်ဖြစ်ခဲ့သည်။ လိမ်လည်မှုကြောင့် မွန်ပြည်နယ် ဇင်းကျိုက်မြို့နယ် တစ်မြို့နယ်တည်း၌ပင် ကျပ်သိန်းနှစ်ထောင်ခန့်ပါသွား၍ ဒေသခံများက မွန်ပြည်နယ်လွှတ်တော်ကို တိုင်ကြားခဲ့သည်။
အဆိုပါဖြစ်စဉ်အပေါ် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က သတိပေးထုတ်ပြန်ခဲ့သော်လည်း ထိရောက်သော အရေးယူနိုင်မှုမရှိခဲ့ချေ။ Saxon Capital Limited (SCL) နည်းတူ mart သည်လည်း အလားတူလိမ်လည်မှုများ ပြုလုပ်ခဲ့သေးသည်။
ယင်းအပြင် စက်တင်ဘာလဆန်းပိုင်းတွင် မလေးရှားနိုင်ငံသား တရုတ်လူမျိုးများ၏ Myanmar Junwell Global ကုမ္ပဏီက ရှယ်ယာများကို ဆင့်ပွားရောင်းချပြီး ငွေကြေး ဂိမ်းပုံစံပြုလုပ်၍ အမေရိကန်ဒေါ်လာ တစ်သန်းခွဲကျော် လိမ်လည်ခဲ့မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
၂၀၁၈ ခုနှစ်အတွင်းမှာလည်း နာမည်ကျော်ခဲ့သည့် ဖြစ်စဉ်များအဖြစ် ယောဂီဝတ်ဒေါ်နန္ဒမာလာ၏ ကျပ်သိန်းထောင်သောင်းချီလိမ်လည်မှု၊ Jude Jude လုပ်ငန်းစုနှင့် မေအိမ့်ဒါလီအမည်ရ အမျိုးသမီးတစ်ဦး၏ ငွေကြေးလိမ်လည်မှုများနှင့် စုမဲငွေကြေးလိမ်လည်မှုများစွာ ဖြစ်ပွားခဲ့သည်။ ထိုသို့လိမ်လည်မှုဖြစ်တိုင်း ပြည်သူများသာခံရသည့် ဖြစ်စဉ်ရှိနေပြီး ထိရောက်သော အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာတွေ့ မြင်ရမှုမရှိ ချေ။ လက်ရှိ RED DOT NETWORK ကုမ္ပဏီ တည်ထောင်သူကို ပြန်လေ့လာပါကလည်း တည်ထောင်သူ John Nagle သည် ဗြိတိန်တွင် ဒေဝါလီခံခဲ့ရသူတစ်ဦးဖြစ်နေသည်။ လက်ရှိ Red Dot Network ကုမ္ပဏီတွင် အများပြည်သူ၏ အပ်ငွေရှိမနေသော်လည်း လုပ်ဖော်ကိုင်ဖက်များ၏ ငွေများ ကြိုတင်ပေးထားရသည့်အတွက် စည်းမျဉ်းဥပဒေတစ်ရပ်ရပ်ဖြင့် သေချာစွာ ကြပ်မတ်နိုင်ရန် လိုအပ်ပေသည်။ မူဝါဒနှင့် ဥပဒေများသည် အဆိုပါ ဖြစ်ရပ်မျိုးအား ကာကွယ်တားဆီးနိုင်စွမ်းမရှိဘဲ လစ်ဟာကွက်များ ရှိနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
RED DOT ဖုန်းဘေလ်ဝန်ဆောင်မှုကိစ္စသည် အထက်တွင် ဖော်ပြထားသကဲ့သို့ ကိုယ်စားလှယ်နှင့် ဆက်သွယ်ဆောင်ရွက်သူဟူသည့် ပါဝင်သူ နှစ်ဦးအနက်အများ ပြည်သူ (ဆက်သွယ်ဆောင်ရွက်သူ) ထံမှ ငွေများ လက်ခံထားခြင်းမရှိဘဲ လုပ်ဖော်ကိုင်ဖက်များထံမှ ယူထားခြင်းအဖြစ်သာ သတ်မှတ်နိုင်သောကြောင့် ဗဟိုဘဏ်၏ ထိန်းချုပ်မှု အောက်မှ လွတ်နေခဲ့ရခြင်းဖြစ်သည်။
RED DOT ကုမ္ပဏီနှင့် အရောင်းကိုယ် စားလှယ်များ ချုပ်ဆိုထားသည့် စာချုပ်တွင် တစ်လကြိုတင်အကြောင်းကြား၍ စာချုပ်အား ဖျက်သိမ်းနိုင်ကြောင်း၊ ထို့နောက် Red Dot Termianl (စက်) ပုံမှန်အတိုင်း လည်ပတ်မှု ရှိ-မရှိ စစ်ဆေးမည်ဖြစ်ပြီး ပျက်စီးပျောက်ဆုံးမှုတို့အတွက် စပေါ်ငွေမှ နုတ်ယူမည် ဖြစ်ကြောင်း၊ စပေါ်ငွေဖြင့်ပေးလျော်ရန် မလုံလောက်ပါက ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည်ဖြင့်သာ ပါရှိပြီး Weekly Eleven သတင်းစာက ဖတ်ခွင့်ရသည့်စာချုပ်တွင် ကိုယ်စားလှယ်များ နစ်နာမှုအတွက် ပြန်လည်ပေးလျော်မည့် အစီအစဉ်များအား မတွေ့ရပေ။
ကိုယ်စားလှယ်များအတွက် လုပ်ငန်းနှင့် ချုပ်ဆိုထားသည့် စာချုပ်မှာ အရေးကြီးပေသည်။ နှစ်ဦးသဘောတူချုပ်ဆိုထားသော စာချုပ်သည် တရားမျှတမှု ရှိ-မရှိ၊ နစ်နာမှုတစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် ပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လျော်ကန်မှု ရှိ-မရှိ စစ်ဆေးပေးမည့် အဖွဲ့အစည်း လိုအပ်နေကြောင်း၊ သာမန်ပြည်သူအများစုမှာ စာချုပ် စာတမ်းနှင့် ပတ်သက်၍ မကျွမ်းကျင်သောကြောင့် အစိုးရ၏ မူဝါဒများဖြင့် ညှိပေးရန်လိုအပ်ကြောင်း မူဝါဒရေးရာ လေ့လာသုံးသပ်သူ ဒေါ်ဖြူယမင်းမြတ်က ဆိုသည်။
“ငွေကြေးနဲ့ ပတ်သက်ရင် ဗဟိုဘဏ်က ကိုင်တာ အကောင်းဆုံးပဲ။ သက်ဆိုင်တယ်လို့ ပြောတာ သူ့ကို အပြစ်တင်တာတော့ မဟုတ်ဘူး။ တကယ်တော့ သူတို့လည်း ကိုင်တွယ်လို့ မရဘူး။ ဥပဒေမှာကိုက လွတ်ပေါက်ရှိနေတာ။ ဒီလို အဖွဲ့အစည်းမျိုး၊ အထူးသဖြင့် နည်းပညာနဲ့ လုပ်တဲ့ အဖွဲ့အစည်းမျိုးကို ဘယ်လိုထိန်းမလဲ။ ဘယ်လိုခွင့်ပြုချက်ပေးမလဲ။ ဘယ်အဖွဲ့အစည်းက ဘယ်ခေါင်းစဉ်အောက်မှာ ထားမှာလဲ။ ဘယ်လို စည်းကြပ်မှုမျိုးလုပ်မှာလဲဆိုတာ စဉ်းစားထားသင့်တယ်။ မူဝါဒပိုင်းရော ဥပဒေပိုင်းရော စည်းကြပ်ဖို့ လိုတယ်။ ဘယ်ဥပဒေ မှမရှိရင် ရှိအောင်ရေးရမှာပေါ့။ သူများနိုင်ငံမှာ ဘယ်လိုလုပ်လဲ ကြည့်ရမှာပေါ့” ၎င်းက ပြောကြားသည်။
Red Dot Network ကုမ္ပဏီသည် မည်သည့်လုပ်ငန်းလိုင်စင်မှ မယူခဲ့ဘဲ ကုမ္ပဏီမှတ်ပုံတင်ပြီး ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ဆောင်ခဲ့သည်။ အများပြည်သူထံမှ စပေါ်ငွေများ သိန်းသောင်းချီယူထားပြီး လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ခဲ့သည်။ ကုမ္ပဏီပိတ်သိမ်းသွားချိန်တွင် မည်သည့် ဌာနမှ တာဝန်မရှိကြောင်း ငြင်းဆိုကြသည်။ နည်းပညာဝန်ဆောင်မှု လုပ်ငန်များတိုးတက်နေသည့်အချိန်တွင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေရန် လိုအပ်သည်။
ထို့အတူပင် ငွေကြေးလိမ်လည်ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားချိန်တိုင်း တာဝန်ယူ တာဝန်ခံမှုပျောက်နေသော မြန်မာနိုင်ငံတွင် ပြည်သူများ၏ နစ်နာမှုအပေါ် တာဝန်ယူ၊ တာဝန်ခံဖြေရှင်းနိုင်သော အစိုးရအဖွဲ့အစည်းများ လိုအပ်နေကြောင်း အမြဲတစေ ဖြစ်ပွားနေသည့် ငွေကြေးလိမ်လည်မှုများနှင့် ပျောက်ရှနေသော တာဝန်ယူ၊ တာဝန်ခံမှုများက မီးမောင်းထိုးပြနေသည်။
No comments:
Post a Comment