Popular Posts!

Sunday, February 24, 2019

အိပ္ခန္းထဲမွာ ႏ်ဴးကလီယားစြမ္းအင္ထုတ္နုိင္တဲ့ ဓါတ္ေပါင္းဖုိကုိ တီထြင္နုိင္ခဲ့တဲ့ အသက္ ၁၂ ႏွစ္အရြယ္ အငယ္ဆံုးသိပၸံပညာရွင္

အိပ္ခန္းထဲမွာ ႏ်ဴးကလီယားစြမ္းအင္ထုတ္နုိင္တဲ့ ဓါတ္ေပါင္းဖုိကုိ တီထြင္နုိင္ခဲ့တဲ့ အသက္ ၁၂ ႏွစ္အရြယ္ အငယ္ဆံုးသိပၸံပညာရွင္ 

အိပ္ခန္းထဲမွာ ႏ်ဴးကလီယားစြမ္းအင္ထုတ္နုိင္တဲ့ ဓါတ္ေပါင္းဖုိကုိ တီထြင္နုိင္ခဲ့တဲ့ အသက္ ၁၂ ႏွစ္အရြယ္ အငယ္ဆံုးသိပၸံပညာရွင္
အေမရိကန္ႏုိင္ငံ Memphis ျမိဳ႕မွာေနထုိင္တဲ့ Jackson Oswalt ဆိုတဲ့ အသက္ ၁၂ ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ Nuclear Fusion Reactor ကုိသူ႕ရဲ႕ စမ္းသပ္ခန္းထဲမွာေအာင္ျမင္စြာတည္ထြင္ႏုိင္ခဲ့ပါတယ္။
ဒီစက္ကုိေတာ့ ေလစုပ္စက္ ၊ ပန္႕ ၊ ျပြန္ေတြနဲ႕တည္ေဆာက္ထားတာျဖစ္ျပီး ဒါေတြအားလံုးကုိ သူ႕မိဘေတြက ေဒၚလာ ၁ ေသာင္းအကုန္အက်ခံျပီး ဝယ္ေပးခဲ့တာပဲျဖစ္ပါတယ္။
သူ႕တီထြင္ထားတဲ့စက္ဟာ အက္တမ္ႏွစ္ခုကုိေပါင္းစည္းျပီး အက္တမ္ရဲ႕အတြင္းပိုင္းက စြမ္းအင္ကုိထုတ္ႏုိင္ေလာက္တဲ့အထိ တတ္ႏုိင္စြမ္းရွိပါတယ္ ။ ဒီစက္ကုိတီထြင္ဖုိ႕အတြက္ လိုအပ္တဲ့အခ်က္အလက္အားလံုးကို အြန္လုိင္းေပၚကပဲ ေလ့လာခဲ့တာျဖစ္ျပီး ၂၀၁၈ ခုႏွစ္ ဂ်န္နရဝါရီလ ၁၉ ရက္ေန႕ အသက္ ၁၃ ႏွစ္မျပည့္ခင္ နာရီပုိင္းအလုိမွာတီထြင္ျပီးစီးခဲ့တာပဲျဖစ္ပါတယ္။

ယခင္ Nuclear Fusion Reactor အငယ္ဆံုးတီထြင္ဖန္တီးရွင္ဆုကုိ ပိုင္ဆုိင္ထားတဲ့သူကေတာ့ Taylor Winson ျဖစ္ျပီး အသက္ ၁၄ ႏွစ္အရြယ္မွာတီထြင္ခဲ့တာပဲျဖစ္ပါတယ္ ။
“သူမ်ားေတြ Nuclear Fusion Reactor နဲ႕ ဘာလုပ္ၾကလဲဆိုတာကုိ ကြ်န္ေတာ္အရင္ဆံုးေလ့လာခဲ့တာပါ ။အဲ့ဒီေနာက္ေတာ့ ဘယ္လုိဆင္ရမလဲဆိုတာ ကြ်န္ေတာ္ သင္ယူခဲ့တယ္ ။ လုအပ္တဲ့ ပစၥည္းေတြကုိေတာ့ eBay ေပၚကမွာယူခဲ့ျပီး eBay ေပၚမွာမရႏုိင္တဲ့ပစၥည္းေတြကုိေတာ့ ကြ်န္ေတာ္ကုိယ္တိုင္ဖန္တီးခဲ့ပါတယ္” လုိ႕ သူကေျပာပါတယ္။
သူ႕ရဲ႕စက္ဟာ Deuterium Gas ( ဟိုက္ဒရုိဂ်င္အိုင္ဆုိတုပ္) ကို ေလဟာနယ္ထဲမွာ ဗို႕အား ၅ ေသာင္းေပးျပီးေတာ့ ေပါင္းစည္းေပးႏုိင္ပါတယ္။
ဒီနည္းလမ္းဟာ ေနလံုးၾကီးရဲ႕ စြမ္းအင္ထြက္ေပၚတဲ့ နည္းလမ္းနဲ႕အတူတူပါပဲ ။ သူရဲ႕နည္းလမ္းဟာ ထြက္ရွိတဲ့စြမ္းအင္ထက္ ထည့္သြင္းရတဲ့စြမ္းအင္က ပိုမ်ားေနေသးေၾကာင္းလည္း Jackson ကေျပာျပထားပါတယ္။ ဓါတ္ေပါင္းဖုိအတြက္ စြမ္းအင္ကို လ်ပ္စစ္စြမ္းအင္ကေနရယူေနရေသးတာေၾကာင့္ ကြ်န္ေတာ္ ဘီလ်ံနာမျဖစ္ႏုိင္ေသးတာလုိ႕လည္း Jackson ကေျပာပါေသးတယ္။
Open Source Fusor Research Consortium ဆိုတဲ့အြန္လိုင္းဖုိရမ္တစ္ခုဟာ လူငယ္သိပၸံပညာရွင္ေတြ စုေဝးရာေနရာတစ္ခုျဖစ္ပါတယ္ ။ Jackson ဟာ သူ႕ရဲ႕ ဓါတ္ေပါင္းဖုိအတြက္ အုိင္ဒီယာကို ဒီဖုိရမ္မွ ရခဲ့တာပဲျဖစ္ပါတယ္ ။ Jackson ရဲ႕အေဖ Chris ကလည္း သူ႕သားလုပ္ခ်င္တဲ့ကိစၥကို လုပ္ဖုိ႕ခြင့္ျပဳခဲ့ေပမယ့္ သူအႏၱရာယ္မျဖစ္ေအာင္ေတာ့ အျမဲတေစေစာင့္ၾကည့္ေနခဲ့ေၾကာင္း အင္တာဗ်ဴးမွာေျဖၾကားခဲ့ပါတယ္။

Jackson ရဲ႕အေဖဟာ သူ႕သားကုိ ေရဒီယိုသတၱိၾကြမႈ နဲ႕ ဗို႕အားျမင့္လ်ပ္စစ္ေတြကို ဘယ္လိုကုိင္တြယ္ရမလဲဆုိတာကုိလည္း သင္ၾကားေပးခဲ့ပါေသးတယ္ ။ဒီေတာ့ ၁၂ ႏွစ္သားအရြယ္ေလးကေတာ့ အက္တမ္ဓါတ္ေပါင္းဖုိတစ္ခုကိုထြင္ျပသြားခဲျပီ။
ဒီစာကုိဖတ္ေနတဲ့လူငယ္ေလးေတြေရာ ဘာေတြတီထြင္ဖုိ႕စိတ္ဝင္စားၾကလဲ ။သင့္အေတြးထဲမွာ ရွိေနတဲ့ အိုင္ဒီယာေလးေတြကို ရွဲခဲ့ပါဦး။
Writer-Min Thu (Daily Hot News)
Unicode
အိပ်ခန်းထဲမှာ နျူးကလီယားစွမ်းအင်ထုတ်နိုင်တဲ့ ဓါတ်ပေါင်းဖိုကို တီထွင်နိုင်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် အငယ်ဆုံးသိပ္ပံပညာရှင်
အမေရိကန်နိုင်ငံ Memphis မြို့မှာနေထိုင်တဲ့ Jackson Oswalt ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ Nuclear Fusion Reactor ကိုသူ့ရဲ့ စမ်းသပ်ခန်းထဲမှာအောင်မြင်စွာတည်ထွင်နိုင်ခဲ့ပါတယ်။
ဒီစက်ကိုတော့ လေစုပ်စက် ၊ ပန့် ၊ ပြွန်တွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး ဒါတွေအားလုံးကို သူ့မိဘတွေက ဒေါ်လာ ၁ သောင်းအကုန်အကျခံပြီး ဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်။
သူ့တီထွင်ထားတဲ့စက်ဟာ အက်တမ်နှစ်ခုကိုပေါင်းစည်းပြီး အက်တမ်ရဲ့အတွင်းပိုင်းက စွမ်းအင်ကိုထုတ်နိုင်လောက်တဲ့အထိ တတ်နိုင်စွမ်းရှိပါတယ် ။ ဒီစက်ကိုတီထွင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်အားလုံးကို အွန်လိုင်းပေါ်ကပဲ လေ့လာခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဂျန်နရဝါရီလ ၁၉ ရက်နေ့ အသက် ၁၃ နှစ်မပြည့်ခင် နာရီပိုင်းအလိုမှာတီထွင်ပြီးစီးခဲ့တာပဲဖြစ်ပါတယ်။
ယခင် Nuclear Fusion Reactor အငယ်ဆုံးတီထွင်ဖန်တီးရှင်ဆုကို ပိုင်ဆိုင်ထားတဲ့သူကတော့ Taylor Winson ဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်မှာတီထွင်ခဲ့တာပဲဖြစ်ပါတယ် ။
“သူများတွေ Nuclear Fusion Reactor နဲ့ ဘာလုပ်ကြလဲဆိုတာကို ကျွန်တော်အရင်ဆုံးလေ့လာခဲ့တာပါ ။အဲ့ဒီနောက်တော့ ဘယ်လိုဆင်ရမလဲဆိုတာ ကျွန်တော် သင်ယူခဲ့တယ် ။ လုအပ်တဲ့ ပစ္စည်းတွေကိုတော့ eBay ပေါ်ကမှာယူခဲ့ပြီး eBay ပေါ်မှာမရနိုင်တဲ့ပစ္စည်းတွေကိုတော့ ကျွန်တော်ကိုယ်တိုင်ဖန်တီးခဲ့ပါတယ်” လို့ သူကပြောပါတယ်။
သူ့ရဲ့စက်ဟာ Deuterium Gas ( ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်) ကို လေဟာနယ်ထဲမှာ ဗို့အား ၅ သောင်းပေးပြီးတော့ ပေါင်းစည်းပေးနိုင်ပါတယ်။
ဒီနည်းလမ်းဟာ နေလုံးကြီးရဲ့ စွမ်းအင်ထွက်ပေါ်တဲ့ နည်းလမ်းနဲ့အတူတူပါပဲ ။ သူရဲ့နည်းလမ်းဟာ ထွက်ရှိတဲ့စွမ်းအင်ထက် ထည့်သွင်းရတဲ့စွမ်းအင်က ပိုများနေသေးကြောင်းလည်း Jackson ကပြောပြထားပါတယ်။ ဓါတ်ပေါင်းဖိုအတွက် စွမ်းအင်ကို လျပ်စစ်စွမ်းအင်ကနေရယူနေရသေးတာကြောင့် ကျွန်တော် ဘီလျံနာမဖြစ်နိုင်သေးတာလို့လည်း Jackson ကပြောပါသေးတယ်။
Open Source Fusor Research Consortium ဆိုတဲ့အွန်လိုင်းဖိုရမ်တစ်ခုဟာ လူငယ်သိပ္ပံပညာရှင်တွေ စုဝေးရာနေရာတစ်ခုဖြစ်ပါတယ် ။ Jackson ဟာ သူ့ရဲ့ ဓါတ်ပေါင်းဖိုအတွက် အိုင်ဒီယာကို ဒီဖိုရမ်မှ ရခဲ့တာပဲဖြစ်ပါတယ် ။ Jackson ရဲ့အဖေ Chris ကလည်း သူ့သားလုပ်ချင်တဲ့ကိစ္စကို လုပ်ဖို့ခွင့်ပြုခဲ့ပေမယ့် သူအန္တရာယ်မဖြစ်အောင်တော့ အမြဲတစေစောင့်ကြည့်နေခဲ့ကြောင်း အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။
Jackson ရဲ့အဖေဟာ သူ့သားကို ရေဒီယိုသတ္တိကြွမှု နဲ့ ဗို့အားမြင့်လျပ်စစ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုလည်း သင်ကြားပေးခဲ့ပါသေးတယ် ။ဒီတော့ ၁၂ နှစ်သားအရွယ်လေးကတော့ အက်တမ်ဓါတ်ပေါင်းဖိုတစ်ခုကိုထွင်ပြသွားခဲပြီ။
ဒီစာကိုဖတ်နေတဲ့လူငယ်လေးတွေရော ဘာတွေတီထွင်ဖို့စိတ်ဝင်စားကြလဲ ။သင့်အတွေးထဲမှာ ရှိနေတဲ့ အိုင်ဒီယာလေးတွေကို ရှဲခဲ့ပါဦး။
Writer-Min Thu (Daily Hot News) http://4ublack.info/?p=157123

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!