Popular Posts!

Sunday, February 3, 2019

နိုင်ငံတော်သမ္မတကြီးက အဂတိလိုက်စားတဲ့လူကြီးမင်းများအထောက်အထားမလိုဘူးတဲ့ ကျော်ဇောသတင်းနဲ့တိုင်ရင် အဂတိတိုက်ဖျက်ရေးအဖွဲ့ကစစ်ဆေးမည်ဆိုပါလားဗျာ



ကြားတယ်နော်  နားထောင်ကြည့် နိုင်ငံတော်သမ္မတကြီးက အဂတိလိုက်စားတဲ့လူကြီးမင်းများအထောက်အထားမလိုဘူးတဲ့ဗျာ!

ကျော်ဇောသတင်းနဲ့တိုင်ရင် အဂတိတိုက်ဖျက်ရေးအဖွဲ့ကစစ်ဆေးမည်ဆိုပါလားဗျာ•••

"သတိ”အကြီးကြီးရှိနေကြဗျို့ဆင်စာ ဆိတ်စာ ပုရွက်ဆိတ်စာ...အားလုံးဗျို့~~~~


ANTI-CORRUPTION COMMISSION MYANMAR" 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

လာဘ်စားခြစားတိုက်ဖျက်မှု


သတိပေးချက်။

- မည်သူမဆို ခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် ရည်ရွယ်၍ မမှန်မကန် သတင်းပို့ခြင်း၊ တိုင်တန်းခြင်း ပြုလုပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။ 


လာဘ်စားခြစားတိုက်ဖျက်မှု

- အကယ်၍ e-Complaint စနစ်ဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရပါက myanmaracc2014@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

http://www.accm.gov.mm/complaint/

IMG_1996.png


တိုင်ကြားစာပုံစံ ဖြည့်သွင်းခြင်း


ဤတိုင်ကြားစာပုံစံသည် နစ်နာသူက အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားနိုင်ပါသည်။ မိမိ တိုင်ကြားခဲ့သော တိုင်ကြားစာ ၏ အနှစ်ချုပ်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။


ဖြစ်နိုင်ပါက၊တိုင်ကြားသူအနေဖြင့် တိုင်ကြားစာတွင် အောက်ပါ အချက်အလက်များအား ထည့်သွင်းသင့်ပါသည်။


- မည်သည့်နေရာ၊ မည်သည့် အချိန်တွင် အဂတိ လိုက်စား မှုက မည်သို့ ဖြစ်ပွားခဲ့သည်။


- မည်သူပါဝင်ခဲ့သည်။


- ၎င်းကို မည်သည့်အတွက်ကြောင့် အဂတိလိုက်စားမှု ဟု ယူဆသည်။

http://www.accm.gov.mm/complaint/


IMG_1997.png


http://www.accm.gov.mm/complaint/index.php?route=complainer/register



တိုင်ကြားစာအပေါ် ကောင်မရှင်၏ ဆောင်ရွက်ပုံ

အဆင့်(၁) တိုင်ကြားစာအား လက်ခံခြင်း။ 

အဆင့်(၂) ရရှိသည့် တိုင်ကြားစာအား တိုင်ကြားစာ စိစစ်သုံးသပ်ရေးကော်မတီသို့ စိစစ်နိုင်ရန်ပေးပို့ခြင်း။ 

အဆင့်(၃) သတင်းအချက်အလက် ထပ်မံလိုအပ်ပါက တိုင်ကြားသူအား အကြောင်းကြား အသိပေးခြင်း။


တိုင်ကြားစာပေးပို့ရန် အခြားနည်းများ

၁။ လူကိုယ်တိုင်လာရောက်တိုင်တန်းခြင်း 


ရုံးဖွင့်ချိန် 

တနင်္လာနေ့မှ သောကြာနေ့ထိ (တရားဝင်ရုံးပိတ်ရက်များ မပါ) 

မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ


၂။ စာတိုက်မှပေးပို့ရမည့် လိပ်စာ 

ဥက္ကဋ္ဌ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ 

အဆောင်(၁၀)၊ အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊ 

ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်။

http://www.accm.gov.mm/complaint/


IMG_2004.jpeg

IMG_2005.jpeg

IMG_2010.jpeg

IMG_2007.jpeg

IMG_2008.jpeg

IMG_2009.jpeg


အသိပေးတင်ပြခြင်း

===========

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(က)(၂) တွင် ”မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောာင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း” ဖြစ်သည်ဟု စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေ၌ အဂတိလိုက်စားမှုဆိုသည့် စကားရပ်၏အဓိပ္ပာယ်ကို ဖြည့်စွက်ပြဋ္ဌာန်းခဲ့ပါသည်။ 


နိုင်ငံတော်သမ္မတရုံးမှလည်း အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ၀န်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံး လုပ်နည်းများကို ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)ဖြင့် ထုတ်ပြန်ထားပါသည်။


နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများအား ထိခိုက်နစ်နာပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အား လေ့လာဖတ်ရှုနိုင်ပါရန် ဖော်ပြအပ်ပါသည်။

https://www.facebook.com/894946967328691/posts/1088006794689373/


EQMM-Anti-Corruption-Policy-2017-Burmese.pdf




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်


အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။


Phone: +၉၅ ၆၇ ၈၁၀ ၃၃၄

email:  myanmaracc2014@gmail.com

Website:http://www.accm.gov.mm/acc/




ဘာမှဟုတ်ဘူး လိပ်စာမေ့နေမှာစိုးလို့ လမ်းကြုံလို့လာပေးတာ ! 


-တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ရှိ ဝန်ကြီးချုပ် ဝန်ကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ 

   လာဘ် ယူခဲ့ရင်သော်လည်းကောင်း 


-လုပ်ငန်းလုပ်ဆောင်မှုပိုင်းအားနည်းခဲ့လျှင်သော်လည်းကောင်း 


-တာဝန်ယူမှု တာဝန်ခံမှုမရှိခဲ့လျှင်သော်လည်းကောင်း 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှိ အောက်ဖော်ပြပါ လိပ်စာအတိုင်း တိုင်ကြားနိုင်ပါသည်။


ဒေါက်တာမျိုးညွှန့်

တိုင်ကြားစာလက်ခံသည့်ဌာန

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း

ဗဟန်းမြို့နယ်

ရန်ကုန်မြို့




မြန်မာနိုင်ငံရဲ့ လာဘ်စားမှု ဗိုလ်စွဲသော ဌာနများ စာရင်း ထွက်ရှိ

https://news-green.com/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%8%E1%80%9C%E1%80%AC%E1%80%98%E1%80%B9%E1%80%85%E1%80%AC/0%84%E1%80%B6%E1%80%9B%E1%80%B2%E1%82%95-

နိုင်ငံတွင်းရှိ ရဲစခန်း၊ လ၀က၊ တရားရုံး၊ လျပ်စစ်ရုံး၊ကျောင်း နှင့် ဆေးရုံ များတွင် လာဒ်ပေးလာဒ်ယူ မှုများ ရှိနေဆဲဟု နိုင်ငံတကာ စစ်တမ်း ထုတ်ပြန်အမျိုးသား ဒီမိုကရေစီ အစိုးရ မှ ၂၀၁၆ တွင် အာဏာရရှိခဲ့ချိန်ကစပြီး နိုင်ငံသားများ၏ အကျိုး နှင့် ပြည်ပ ရင်းနှီး မြုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး အတွက် အစိုးရ၀န်ထမ်းများအား လာဒ်ပေးလာဒ်ယူမှု ပပျောက်ရေးအတွက် လိုက်နာရမည့် စည်းမျဉ်း များ ထုတ်ပြန်ခဲ့သည့်အပြင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဥပဒေအားလည်း ပြင်ဆင်ပြဠာန်း ပေးခဲ့ပြန်ပါတယ်။

သို့သော်လည်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်တယ်ဆိုတာကို International Transparency (IT) မှနိုင်ငံတွင်း ကွင်းဆင်း လေ့လာပြီး ထုတ်ပြန်လိုက်တဲ့စစ်တမ်း များက ပြဆိုနေပါတယ်။


IT အဖွဲ့ကြီးမှ နိုင်ငံတွင်းရှိ အိမ်ထောင်စုပေါင်း ၁,၂၂၄ စုအား မျက်နှာချင်းဆိုင် တွေ့ ဆုံပြီး မေးခွန်း သုံးခု ကုအဓိက ထား မေးမြန်းခဲ့ပါတယ်။

ပထမ မေးခွန်းကတော့ ပြီးခဲ့သည့် ၂၀၁၆ အတွင်း ရဲ၊ လ၀က၊ တရားရုံး၊ ဆေးရုံ၊ လျပ်စစ်ရုံး နဲ့ ကျောင်းတွေနဲ့ ထိတွေ့ ဆက်ဆံမှု ရှိခဲ့ပါသလား၊ ရှိခဲ့ရင် လာဒ်ပေးခဲ့ရပါလားဆိုတဲ့ မေးခွန်း ဖြစ်ပြီး ပြန်လည်ဖြေဆိုရာမှာ ဖြေဆိုသူများထဲမှ ….

  1. ရဲ ဌာန (၄၉%)
  2. လ၀က (၄၁%)
  3. တရားရုံး (၃၉%) (ထိတ်လန့်စရာ အကောင်းဆုံးဖြစ်ပါတယ်)
  4. ဆေးရုံ (၂၁%)
  5. လျပ်စစ်မီတာရုံး (၂၀%)နဲ့
  6. ကျောင်း (၁၆%) အသီးသီး က ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ စာရင်းများကို ပျမ်းမျ တွက်ချက်ခဲ့ရာမှာ ၃၂% က လာဒ်ပေးနေရဆဲ ဖြစ်တာ တွေ့ခဲ့ရပြီး ဖြေသာစရာ တခုက အရှေ့တောင်အာရှ နိုင်ငံများထဲတွင်ဗီယက်နမ်က လာဒ်ပေးရမှု မှာ မြန်မာနိုငိငံထက် နှစ်ဆ နီးပါး များပြီး ၆၁% ရှိတာ တွေ့ရပါတယ်။

နောက်မေးခွန်းတခုကတော့ လာဒ်မပေးပဲ နေဖို့ ရွေးချယ် ၍ ဖြစ်လားဆိုတဲ့ မေးခွန်းကို ရနိုင်တယ်လို့ဖြေကြားသူ ၁၀% ပဲ ရှိတဲ့ အတွက် ပြည်သူ အများစုအဖို့ အခြားရွေးစရာလမ်း မရှိဖူးဆိုတာ ပြဆိုနေပါတယ်။

တတိယ မေးခွန်းကတော့ အစိုးရကို တိုင်ကြားရင်ထိရောက်မယ်လို့ ထင်ပါသလား ဖြစ်ပြီး ၉% ကပဲထင်ပါတယ် လို့ ဖြေကြားနိုင်ခဲ့တာ တွေ့ရပြန်ပါတယ်။

နှစ်ပေါင်းများစွာ အနိုင်ကျင့် နှိပ်စက်ခံလာနေရတဲ့ပြည်သူများမှ အားကိုးတကြီး တင်မြှောက်ခံထားရတဲ့ အစိုးရ အနေနဲ့ မသိကျိုး က္ဈံ ပြုနေ၍ မဖြစ်တော့ပေ။မိမိတို့ ရှေ့လျောက် ဖေါ်ဆောင်မယ့် ဖွံ့ ဖြိုး တိုးတက်ရေး ခရီး မှာ ကြီးစွာသောဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာနေ၍ ဆက်လက် ထမ်းရွက်ထား၍ မဖြစ်နိုင်တော့။

လူချင်းတူတူ သူချင်းမျမျ မနေနိုင်ခဲ့ရ၍ စာရိတ္တ ပျက်ယွင်းခဲ့ရမှု များအား လတ်တလော ဖြေရှင်းနိုင်မည့်နည်းလမ်းများကတော့ ...

(၁) မလိုအပ်ပဲ ကြန့်ကြာနေသည့် ကြိုးနီစနစ်များဖယ်ရှားပြစ်ရေး

(၂) ဥပဒေ နဲ့ အညီ ထိရောက်စွာ အရေးယူခြင်း

(၃) ပြည်တွင်းရှိ ကုမ္ပဏီများက နိုင်ငံတကာ စံနှုန်းများ ဖြစ်သော အကျင့်ပျက်ခြစားမှု အား

       မပေးသည့်စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြခြင်း

(၄) ပြည်ပ ကုမ္ပဏီ များ အနေနဲ့ ယင်းကဲ့သို့ လိုက်နာသော ကုမ္ပဏီများနှင့်သာ ပူးပေါင်းေ

      ဆာင်ရွက်ရေးတို့ ဖြစ်ကြောင်း စင်္ကာပူ တွင် ရုံးထိုင်သည့် နိုင်ငံတကာ စီးပွားရေး လုပ်င  

      န်းများ အန္တရာယ် ဖြစ်မှု ဆန်းစစ်ရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဂ္ဈန် ဘရေး က ထောက်ပြခဲ့ပါ

      တယ်။











No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!