Popular Posts!

Sunday, February 3, 2019

စီချွမ်စတိုင်လ် 🌶မာလာကြက်တုံးခြောက်စပ်ကြော်🌶ပြုလုပ်နည်း

ကိုယ်တိုင်ချက်စားခြင်လို့ အမှတ်စုဆောင်းထာရင်း ကြိုက်လွန်းလို့Namdar's Kichen မှတဆင့်ကူးယူဖော်ပြလိုက်တာပါ

စီချွမ်စတိုင်လ် 🌶မာလာကြက်တုံးခြောက်စပ်ကြော်🌶ပြုလုပ်နည်း

🌟စီချွမ်ဆိုပြီး မြင်လိုက်တာနဲ့ အားလုံးက မာလာရှမ်းကောနဲ့တွဲမြင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်က စီချွမ်ပြည်က စားသောက်ဆိုင်တွေမှာ နာမည်ကြီးဟင်းလျာတစ်ခုအဖြစ် နေရာယူထားတဲ့ နောက်ထပ်စားစရာတစ်မျိုးရှိပါသေးတယ်။ ဒါကတော့ ခုပြောပြမဲ့ "မာလာကြက်တုံးခြောက်စပ်ကြော်" ပါ။

🙋🏻‍♀️သူ့ကို ဘာလို့ လူကြိုက်များလဲဆို ကြက်သားတုံးလေးတွေကို ဟင်းခတ်အမွှေးကြိုင်တစ်ချို့နဲ့ သေချာအရသာဝင်အောင် အရင်နှပ်ထားပြီး ခပ်ခြောက်ခြောက်လေး ရအောင်ကြော်ရတယ်။ ပြီးတော့ အဲ့ကြက်တုံးကြော်လေးတွေ အနံ့မွှေးအောင် ငြုပ်သီးခြောက်တွေရဲ့ အမွှေးရနံ့ကို အဓိကယူပြီး လုပ်ရတဲ့အတွက် ငြုပ်ပွသီးခြောက်တွေကို ခပ်များများ နဲ့ ပညာသားပါပါထည့်လှော်ရတာကလည်း သူ့ရဲ့ အဓိကသော့ချက်ပါ။ နောက်ဆုံးမှာ အနံ့အရသာပိုပြီး ပြည့်စုံသွားအောင် ကြက်သွန်ဖြူ ၊ ဂျင်း ၊ ကြက်သွန်မြိတ်တွေရယ်၊ နန္ဒာတို့ မာလာရှမ်းကောလုပ်ရမှာသုံးနေကျဖြစ်တဲ့ အမွှေးကြိုင်အနှစ်ရယ်နဲ့ပါ အရသာပြန်သွင်းကြော်လိုက်တော့ အဲ့ထက်ကောင်းတဲ့ ကြက်တုံးကြော် ရှိပါ့ဦးမလား ပြော? 😄

💁🏻‍♀️သူ့ကို လုပ်တဲ့နည်းတွေကလည်း တစ်နေရာနဲ့တစ်နေရာ၊ လူတစ်ယောက်နဲ့တစ်ယောက်ပေါ်မူတည်ပြီး အနည်းငယ်စီ ကွဲပြားတတ်ပါတယ်။ မနန္ဒာကတော့ လူတိုင်းကို လိုက်လုပ်စားဖြစ်စေချင်တော့ ကိုယ်တွေနိုင်ငံရဲ့ ဈေးတွေ Supermarket တွေထဲမှာ လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ ပါဝင်ပစ္စည်းတွေကိုပဲ အသုံးပြုပြီး အလွယ်ဆုံး နဲ့ အရသာအရှိဆုံးဖြစ်အောင် ဖန်တီးပြုလုပ်နည်းလေးကို ပုံတစ်ပုံချင်းစီနဲ့ အဆင့်ဆင့်ရေးပေးထားပါတယ်။ ခုက တရုတ်နှစ်သစ်ကူးကာလလေးလည်း ဖြစ်နေတော့ နှစ်ကူးမှာ သာမာန်နဲ့ကွဲထွက်တဲ့ ဟင်းလျာတစ်မျိုးကို ဖန်တီးချက်ပြုတ်ဧည့်ခံချင်တဲ့ သူတွေအတွက်လည်း အိုကေမှာ စိုပြည်ဖြစ်မှာ အသေအချာပါပဲနော်။

👩🏻‍🍳ကဲ...စီချွမ်စတိုင်လ် "မာလာကြက်တုံးခြောက်စပ်ကြော်" ပြုလုပ်နည်း အဆင့်ဆင့်ကို တစ်ပုံချင်းစီအောက်မှာကြည့်ပြီး အိမ်မှာ လိုက်လုပ်စားလိုက်ကြရအောင်...




🌶 စီချွမ်စတိုင်လ် "မာလာကြက်တုံးခြောက်စပ်ကြော်" ဆိုတာ ဟောဒီလိုပဲ ငြုပ်သီးဖတ်က ကြက်သားဖတ်ထက် များနေတတ်ပါတယ်။ ဒါတောင် မနန္ဒာ ငြုပ်သီးဖတ်လျှော့ထည့်ကြော်ထားတယ်။ အဲ့လောက် ငြုပ်သီးများနေတာ တအားစပ်မှာပေါ့လို့ ထင်ရင်တော့ မှားသွားမယ်နော်။ ငြုပ်သီခြောက်တွေရဲ့ အရောင် နဲ့ အနံ့ကိုပဲ အဓိကယူပြီး အစပ်ကိုပေါ့အောင် ဘယ်လိုတွေကြော်ပြထားလဲဆိုတာ နောက်မှာ ဆက်ကြည့်လိုက်ကြနော် 👉🏻





အိုကေ..စမယ်။ ဘာမှ မလုပ်ခင် ကြက်သားလေးတွေကို ဟောဒီလို လက်တစ်ဆစ်စာ အတုံးလေးတွေ တုံးပြီး အရသာအရင်နှပ်ထားပေးရပါမယ်။ ဒါမှ ကြော်တဲ့ခါ ကြက်သားအတွင်းထိပါ အရသာစိမ့်ဝင်ပြီး စားကောင်းနေမှာဖြစ်ပါတယ်။ အရသာနှပ်ဖို့အတွက် လိုတာတွေက - 

- ၅ မျိုးစပ်တရုတ်ဟင်းခတ် မဆလာ ( အထုတ်ပုံလေးကို Comment မှာပြထားပေးပါတယ်။ သူမရှိရင် ရှိတဲ့ တရုတ်မဆလာကိုပဲ အစားထိုး သုံးလိုက်လည်းရပါတယ်နော်)

- ဆား အနည်းငယ်

- သကြား အနည်းငယ်

- ပဲငံပြာရည် အကြည် (Light Soy Sauce)

- နှမ်းဆီ တို့ပဲဖြစ်ပါတယ်။



ရှေ့မှာပြောခဲ့တဲ့ ပစ္စည်းတွေအားလုံးနဲ့ ကြက်သားတုံးလေးတွေကို ခုလို နှံ့သွားအောင် နယ်ပေးလိုက်ပါ။ ပြီးရင် အဖုံးလေးအုပ်ပြီး ၁ နာရီလောက် နှပ်ထားလိုက်ရင် အရသာတွေ စိမ့်ဝင်သွားပြီး ကြက်သားက ကြော်ဖို့ Ready ဖြစ်သွားပါလိမ့်မယ်။

ကြက်သားနှပ်ထားတုန်း...Facebook ဆက်သုံးနေလို့တော့ မရပါဘူးနော်...ကြက်သားစကြော်ခါနီး အဆင်သင့်ဖြစ်နေအောင် လှီးစရာ ပြင်စရာတွေ ရှိပါသေးတယ်လို့ 😜




🌶 "မာလာကြက်တုံးခြောက်စပ်ကြော်" ဆိုတော့ သူ့ကို မာလာအရသာနဲ့အနံ့လေး သွင်းပေးမှ ပြည့်စုံဦးမှာကိုး။ မာလာအရသာသွင်းဖို့က ဘာတွေတောင် ဘယ်လောက်ဆက်လုပ်ရဦးမှာလဲဟင် လို့ တွေးကြောက်စရာမရှိပါဘူးနော်။ ကိုယ်တွေ မာလာရှမ်းကောချက်ရာမှ သုံးနေကြဖြစ်တဲ့ မာလာရှမ်းကောအနှစ်လေး ကောက်ထည့်ဖို့ပဲလိုတာ။ အဲ့တော့ ကိုယ့်အိမ်မှာ မာလာရှမ်းကောချက်ပြီး ပိုနေတဲ့ အနှစ်တွေဘာတွေရှိရင် အာ့လေး ယူချက်လိုက်ရုံပဲလေ။

သုံးတဲ့အခါမှာလည်း ကိုယ်ကြိုက်တဲ့ ၊ အဆင်ပြေတဲ့ မာလာရှမ်းကော အနှစ်ကို သုံးနိုင်တာမို့ အေးဆေးပဲလေ။ နန္ဒာကတော့ MR SPICY မာလာရှမ်းကော အနှစ်ကို သုံးထားပါတယ်။ အဲ့တာထုတ်တဲ့ အစ်မက သူ့ကလေးတွေစားဖို့အိမ်မှာ စမ်းလုပ်ရင်း လုပ်ဖြစ်သွားတဲ့ အိမ်လုပ် မာလာရှမ်းကော အနှစ်လေးဆိုတော့ စိတ်ချရတဲ့ ကုန်ကြမ်းတွေနဲ့ပဲ လုပ်ထားပါတယ်တဲ့။ မနန္ဒာ စမ်းစားကြည့်ဖို့ဆိုပြီး လာပေးတာနဲ့ ဒီမှာ စမ်းထည့်ချက်ကြည့်ဖြစ်တယ်။ 

အဲ့ ၃ ဘူးက အစပ် Level တွေ မတူဘူးသိလား။ နာမည်အောက်လေးမှာ ရေးထားတဲ့ LS ဆိုတာက Low Spicy (အစပ်အနည်းဆုံး) ၊ MS ဆိုတာက Mild Spicy ( အစပ်ပုံမှန်) နဲ့ XS ဆိုတာက Extra Spicy (အစပ်အများဆုံး)။ 

ခု မာလာကြက်တုံးခြောက်စပ်လုပ်မှာက ငြုပ်သီးခြောက်တွေလည်း ထည့်ဦးမှာဆိုတော့ တစ်အားစပ်မှာစိုးလို့ မနန္ဒာကတော့ အစပ်အနည်းဆုံး (LS - Low Spicy) ဘူးလေးကိုပဲ ရွေးပြီး လုပ်ပြပေးပါ့မယ်နော်။

အဲ့ အနှစ်တွေနဲ့ပတ်သတ်ပြီး ထပ်မေးချင်တာ၊ မှာချင်တာရှိရင် မေးလို့ရအောင် သူတို့ Page Link လေးကို Comment မှာ ထည့်ပေးထားပါတယ်နော် 👇🏼





အိုကေ...ဒါလေးတွေကတော့ ကြက်သားကြော်ပြီးရင် မာလာအရသာဝင်အောင် ပြန်လှိမ့်ကြော်ပြီး အရသာသွင်းရာမှာ လိုတဲ့ ပါဝင်ပစ္စည်းလေးတွေပေါ့နော်။ ဘာတွေလဲဆိုတော့ - 

- MR SPICY မာလာရှမ်းကောအနှစ် (Low Spicy)

- ကြက်သွန်မြိတ် 

- ဂျင်း ( ပါးပါးရှည်ရှည်လေးတွေ လှီးထားပေးပါ)

- ကြက်သွန်ဖြူ (မထောင်းဘဲ ခုလို အတုံးသေးလေးတွေ ဖြစ်အောင် လှီးပေးထားပါ)

- နှမ်း တို့ပဲ ဖြစ်ပါတယ်။ ကဲ ဒီလောက်လေးပြင်ပြီးတာနဲ့ စီချွမ်စတိုင် မာလာကြက်တုံးခြောက်စပ်ကြော် လုပ်ဖို့ READY ဖြစ်ပါပြီ။





🌶 သူကတော့ စီချွမ်စတိုင်လ် "မာလာကြက်တုံးခြောက်စပ်ကြော်" ပြုလုပ်ရာမှ မပါမဖြစ် ဖြစ်တဲ့ ငြုပ်ပွရှည် အခြောက်တောင့်တွေပါ။ ဟိုလို ဘယာကြော်နဲ့ တွဲစားတဲ့ ငြုပ်ရှည်သီးအခြောက် အတောင့်သေးလေးတွေ လိုမဟုတ်ဘဲ နည်းနည်းပိုရှည်ပြီးပွတာမျိုးလေးတွေ ကို ဝယ်ရပါမယ်။ ဘာလို့ဆို သူက ဟိုအသေးလေးတွေထက် အစပ်နည်းပြီး ကြော်တဲ့အခါမှာလည်း အကြော်ခံတဲ့အပြင် အရောင်လည်း ပိုလှစေလို့ပါ။

⚠️သတိ⚠️အတွင်းမှာ ချိုးကြည့်လို့ မှိုတက်နေတာမျိုးတွေ့ရင်တော့ လုံးဝလုံးဝ မဝယ်ပါနဲ့။ စိတ်ချပြီး လတ်ဆတ်တဲ့ နေရာမျိုးကပဲ သေချာရှာဝယ်ပေးပါနော်။ Supermarket တွေမှာဆိုရင်တော့ မှိုသတ်ပြီးသား ငြုပ်ခြောက်အထုတ်တွေရှိတတ်ပါတယ်။



ပြီးရင် အဲ့ငြုပ်ခြောက်တွေကို ဆီပူထဲတန်းထည့်မကြော်ရပါဘူးနော်။ အညှာခြွေမယ်။ ခုလို လက်တစ်ဆစ်စာလောက်လေးတွေ ဖြတ်ပေးပြီး ရေသန့်နဲ့ မိနစ် ၃၀ လောက် ကြိုစိမ်ထားရပါမယ်။ 

ရေနဲ့ဘာလို့ စိမ်ရလဲဆိုတဲ့ အဓိက အကြောင်းအရင်း ၂ ခုကို ဗဟုသုတရအောင် ပြောပြပေးပါ့မယ်။ ပထမတစ်ချက်က အဲ့လို ဖြတ်ပြီး စိမ်လိုက်တဲ့အတွက် ဟင်းကို ပိုစပ်စေတဲ့ ငြုပ်သီးအစေ့တွေနဲ့ ထွက်လာစေပါတယ်။ ဒုတိယတစ်ချက်ကတော့ အဲ့ငြုပ်သီးခြောက်တွေကို ဆီပူအိုးထဲ တန်းထည့်ကြော်ရင် ငြုပ်သီးထဲက ထွက်သင့်တဲ့ အမွှေးရနံ့တွေ အရောင်တွေ ထွက်မလာခင် အတူးမြန်သွားတတ်ပါတယ်။ 

ဒါ့ကြောင့် အဲ့လိုလေး ရေစိမ်ပြီးတော့မှ လုပ်တော့ အစပ်လည်းလျော့မယ်။ အနည်းငယ်ပွလာပြီး အကြော်လည်းခံပါလိမ့်မယ်နော်။ #NKtips



ကြော်နေတဲ့ ငြုပ်ခြောက်တွေက ရေခြောက်ပြီး အရောင်ရဲရဲစိုစိုလေး ပြောင်းလာပြီ (အရမ်းကြွပ်သည်အထိ ထားစရာမလို) ဆို အမွှေးအကြိုင်အတွက် ကြက်သွန်ဖြူ နဲ့ ဂျင်းတို့ထည့်ပြီး ရောမွှေကြော်လိုက်မယ်။




ကြက်သွန်မြိတ်အရင်းက နည်းနည်းထူတာလေးတွေပါ ထည့်မွှေမယ်။ ပိုမွှေးအောင်လေ။




အမွှေးကြိုင်လှော်တာ နှံလောက်ပြီဆို အရသာအစပ်အဟပ်ပိုပြည့်စုံသွားအောင် ဟောဒီလို မာလာရှမ်းကော အနှစ်လေး တစ်ဇွန်းလောက်ပါ ဒီအဆင့်လေးမှာ ထည့်ပေးလိုက်ပါ။




ပြီးရင် အရာအားလုံး နှံ့စပ်မွှေးကြိုင်လာအောင် ရောမွှေပေးလိုက်ပါလေ။ မွှေးလွန်းလို့ မသိရင် တရုတ်ပြည်က စားသောက်ဆိုင် တစ်ခုရဲ့ မီးဖိုချောင်ထဲ ဝင်ချက်နေသလားတောင် ထင်ယောင်ထင်မှား ခံစားလာရလိမ့်မယ် 😆( အဲ့နေရာရောက်ရင် အိမ်က လူတွေကလည်း လှမ်းပြီး..ဟဲ့..မွှန်လိုက်တာ (ဒါမှမဟုတ်) ဟယ်..မွှေးလိုက်တာ ဘာတွေလုပ်နေလဲဆိုပြီး ကိုယ့်ဆီ သူတို့ attention တွေ ပုံပြီး ရောက်လာပါလိမ့်မယ်နော်) 😂




အမွှေးကြိုင်အနှစ်က အားလုံး ပြည့်စုံအိုကေပြီဆို ခုနက ဆီစစ်ထားတဲ့ ကြက်တုံးကြော်လေးတွေ ပြန်ထည့်ပေးလိုက်ပါနော်။




အဲ့မှာ စီချွမ်အမွှေးကြိုင် ငြုပ်သီးကြော်တွေ နဲ့ ကြက်တုံးကြော်တွေကို တစ်သားတည်းဖြစ်အောင် မီးရှိန်နည်းနည်း မြှင့်ပြီး တရှဲရှဲ လှော်ပေးတော့ပဲ။ စားဖိုမှူးကြီးတွေလို အိုးတွေဘာတွေ ကိုင်လှုပ်ပြီး ကြက်သားတုံးတွေကို အပေါ်မြှောက်ကြော်ပစ် 😝



ကြက်သားတုံးလေးတွေထဲ မာလာအနှစ်အရသာတွေ ငြုပ်သီးအရောင်တွေ စိမ့်ဝင်သွားပြီး မွှေးကြိုင် ခြောက်စပ်သွားပြီဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ အပေါ်ကနေ နှမ်းလေးတွေ ကြက်သွန်မြိတ်ထိပ်ဖျားလေးတွေကို ဖြူးပေးပြီး....





နောက်ဆုံးအကြိမ် နှံ့အောင် တစ်ခေါက်မွှေလိုက်ပြီးရင် မီးပိတ်လိုက်လို့ ရပါပြီနော်။ 👌🏼




ပြီးရင် အိမ်ကလူတွေကို ကျွေးဖို့ ပန်းကန်လှလှလေးတစ်ခုထဲ ခုလို ထည့်ပြင်ပြီးသာ ပြကြည့်လိုက်...ဘယ်ဆိုင်က ဝယ်လာလဲဆိုပြီး မေးကြမှာ အသေအချာပဲရယ်။ ဘေးမှာက သူနဲ့တွဲစားဖို့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ထမင်းဖြူပူပူလေး တစ်ပန်းကန်ကိုပါ အသင့်ပြင်ထားလိုက်ရင်..ကဲ ဘာတွေများ ထပ်လိုသေးလဲ ပြောကြည့်ကြည့်? 😍

"စားသောက်ဆိုင်တွေမှာ ဈေးကြီးပေးစားရတဲ့ စီချွမ်စတိုင်လ် "မာလာကြက်တုံးခြောက်စပ်ကြော်" တစ်ပွဲ ကိုယ့်မျက်စိရှေ့ အတိုင်းအထက်အလွန် မွှေးကြိုင်တဲ့ အနေအထားနဲ့ ရောက်နေတာကို မယုံနိုင်ဘူး မနန္ဒာရယ်" ဆိုပြီး ဖြစ်သွားမယ် 😋




ကိုယ်ကတော့ ချက်ပြီး..ဓာတ်ပုံရိုက်ပြီးပြီဆိုတာနဲ့ ခုလို ထမင်းဖြူတစ်ပန်းကန်နဲ့ စီချွမ်စတိုင်လ် "မာလာကြက်တုံးခြောက်စပ်ကြော်" ကို စားတော့တာ...ရှူးရှူးရှဲရှဲ နဲ့ ထမင်းတစ်ပန်းကန် ဘယ်လို ကုန်လို့ ကုန်သွားမှန်း မသိလိုက်ပါဘူးနော်။ 🥰

ကဲ...ဒါ့ကြောင့် အားလုံးလည်း Nandar's Kitchen မှာ မနန္ဒာ ပြောပြသွားတဲ့ နည်းလေးတွေအတိုင်း စီချွမ်စတိုင်လ် "မာလာကြက်တုံးခြောက်စပ်ကြော်" ကို အိမ်မှာ လုပ်ဖြစ်အောင် လိုက်လုပ်စားကြည့်ပြီး အခြေအနေဘယ်လိုရှိလဲ လာပြောပြကြနော် 😉✌🏼



No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!