လုပ်ငန်းစတင်
အခက်အခဲတွေ
ဘက်စမာတီ
Author: အောင်ထွန်းဦး
သိဒ္ဓိ ကျန်းမာရေးဆန်ထုတ်လုပ်ရောင်းချတဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦး
အိန္ဒိယနည်း ပညာနဲ့ ပေါင်းဆန်ထုတ် လုပ်တာ ကို လေ့လာပြီး သိဒ္ဓိကျန်း မာ ရေး ဆန် ထုတ်လုပ်ရောင်းချတဲ့ မဝတ်ရည်ဇော်။ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ - ကျွန်မ ဆန် လော ကထဲကို စရောက်တော့ သ မားရိုးကျ ဆန်ကြိတ်ရောင်းတဲ့ လုပ်ငန်းကနေ ဖောက်ထွက်နိုင်တဲ့ လုပ်ငန်းရှင် တစ် ယောက်ဖြစ်ဖို့ ဆုံး ဖြတ်လိုက်တယ်။ အိန္ဒိယနည်း ပညာနဲ့ ပေါင်း ဆန်ထုတ် လုပ်တာ ကို လေ့လာပြီး သိဒ္ဓိကျန်း မာ ရေး ဆန် ထုတ်လုပ်ရောင်းချတဲ့ လမ်း ကြောင်းပေါ်ကို ရောက်ရှိလာပါ တယ်။
- မဝတ်ရည် ဇော် ပါ။ အသက် ၃၁ နှစ်ရှိပါပြီ။ ငယ်ငယ်က ဒဂုံအထက(၁)ကျောင်း မှာ ပညာသင် ယူရင်း ၁၀ တန်း အောင်ပါတယ်။ နိုင်ငံ တကာဆက် ဆံရေး BA (IR) ဘွဲ့ရပြီး နောက် စင်ကာပူသွားပြီး Raffles ကနေ Diploma in Hospitality Ma-nagement ကို ရယူခဲ့ပါတယ်။ အဲ သည့် နောက် Diploma in Tourism and Hotel Management (Abe,UK) နဲ့ Diploma in Acc-ounting (LCCI), UK) တို့ကို လည်း ရယူပါတယ်။ Single Diploma in HR (ICM.UK) စတဲ့ ဘွဲ့တွေ ကို လည်း ရရှိခဲ့ပါတယ်။
- ဟို တယ်လုပ်ငန်းတွေမှာ အ လုပ် ဝင်ဖြစ် ပါတယ်။ စင်ကာပူမှာ Hilton Hotel (FO Dept, Singapore), Park Royal Hotel (F&B dept, Sin-gapore), Matropolitan YMCA (Hotel Management) အတွေ့ အ ကြုံရခဲ့ တယ်။ Chatrium Hotel Ro-yal Lake ရန်ကုန်မှာ (FO dept and engineering department) တာ ဝန်တွေယူခဲ့ပြီး ချောင်းသာကမ်း ခြေ မှာ ဧရာဦးဟိုတယ်ရဲ့ အတွေ့ အကြုံ တွေ ရှိခဲ့တယ်။ လက်ရှိမှာ တော့ ရှေ့ က ရခဲ့တဲ့ အတွေ့အကြုံ တွေနဲ့ မတူတဲ့ သိဒ္ဓိတံဆိပ်နဲ့ ကျန်း မာရေးအကျိုး ပြု ဆန် ထုတ်လုပ် ဖြန့်ဖြူးတဲ့ ဧရာဦးကုမ္ဗ ဏီ လီမိ တက်ရဲ့ မန်နေးဂျင်းဒါရိုက် တာ အ ဖြစ်နဲ့ ဦးဆောင်လုပ်ကိုင်နေ တာပါ။
လုပ်ငန်းစတင်
၂၀၁၆ ခုနှစ်လောက်က သည် လုပ်ငန်းကို စတင်မယ်ဆိုတော့ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ကနေ ဦးစီးဖွင့်တဲ့ သင်တန်း ကျောင်းတွေ တက်ဖြစ်ပါတယ်။ အဲသည်ကနေ ကို ကာကိုလာ လက် လီ သင်တန်းကို တက် ခဲ့ တယ်။ လက်လီသင်တန်းမှာ ဝင်ရောက် ဆွေး နွေးရင်းနဲ့ ပြည်တွင်း မှာ ကျန်းမာ ရေးအကျိုးပြုဆန် ထုတ် လုပ်တဲ့ လုပ်ငန်းကို စွန့် ဦးလုပ်ကိုင်နိုင် ဖို့ တွန်းအားတွေ၊ အကြံဉာဏ်တွေ အ များကြီး ရခဲ့ပါ တယ်။ ဥပမာ အ နေနဲ့ ပြရရင် “ကျန်း မာလှပဖို့ သိဒ္ဓိ ဆန်ကို စားကြစို့” ဆို တဲ့ စာသား လေး ကို ကို ကာ ကို လာ သင်တန်း သားတွေ ဝိုင်း ပြီး စဉ်းစား ပေးခဲ့တာ ပါ။
၂၀၁၅ အောက်တိုဘာ ၃၀ ရက်က စပြီး သည်ဆန်စပါးလော ကကို စတင် ဝင် ရောက်ခဲ့တာပါ။ မိဘ တွေ အစဉ် အ ဆက် မိရိုးဖလာလုပ် ကိုင်လာတဲ့ လုပ် ငန်းဖြစ်လို့လည်း ဒါကို စတင်ဖြစ် ပါ တယ်။ မိရိုးဖလာ လုပ်ငန်း အဆင့်မြှင့်တင်ဖို့ ကြိုးစား တာပါ။ ခေတ်မမီ တော့တဲ့ ဆန်စက် တွေကို အဆင့် မြင့် ဆန်စက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပါ တယ်။ အဲ သည်အတွက် ခြောက်လ လောက် အချိန်ယူပြင်ဆင်ရပါတယ်။ အရင် တန် ၃၀ ကျကို တန် ၅၀ ကျဖြစ် အောင် ပြောင်းလဲပါတယ်။ ပြည်ပ ကို တင်ပို့နိုင်တဲ့အထိ ကြိတ်ခွဲ ရောင်းချ နေတာဖြစ်တယ်။ သိဒ္ဓိဆို တဲ့ ကျန်း မာရေးအတွက် အဆီ ထုတ်ထား တဲ့ ဆန်ကို စတင်ထုတ် လုပ်တာကတော့ တစ်နှစ်ခွဲ လောက်ပဲ ရှိသေးတယ်။
အခက်အခဲတွေ
ကျွန်မက ဝန်ထမ်း အရင်လုပ် ခဲ့ရတာဆိုတော့ လုပ်ငန်းရှင်တစ် ယောက်ဖြစ်လာတဲ့အခါ ကွာခြားမှု တွေက အများကြီးပါပဲ။ အရင်က ဟို တယ်လုပ်ငန်းကနေ ကုန်ထုတ် လုပ် ငန်းကို ဝင်ရတဲ့အခါ စိန်ခေါ်မှု တွေ များပါတယ်။ ဟိုတယ်မှာက တော့ လူ တ ကာကို ပြုံးပြနေရ တယ်။ စိတ်မဆိုး ရ ဘူး။ ဒေါသ မထွက်ရဘူး။ လူတစ် ယောက်ကို လက်ခံနိုင်အောင် ပြုံးပြုံး လေးပဲ ဆက်ဆံပြောဆိုရတယ်။ ကုန် ထုတ်လုပ်ရေးအပိုင်းမှာကျတော့ ရက်စ်အော်နိုးပဲ ပြောလို့ရတယ်။ Ma-nagement အပိုင်းက လုံးဝ ပြောင်း လဲ သွားပါတယ်။ ပထမဆုံး စဝင်လာချိန် မှာ ကိုယ်နဲ့တွေ့တဲ့ အ လုပ်သမားတစ် ယောက်ကို ပြောတယ်။ အိတ်တွေကို သည်လိုမစီနဲ့ သည်လိုတန်းပြီးစီ ထား လို့ပြောတဲ့ အခါ သူက တံမြက်စည်းကို ပစ်ချ ပြီး “ခင်ဗျားကို ဒီလိုမျိုး လုပ်ဖူးလို့ လား၊ သူများကို လက်ညှိုးထိုးခိုင်း ရုံ လောက်နဲ့ ခိုင်းလို့မရဘူး၊ သူက မနက် ၈းဝဝ နာရီကတည်းက လုပ် နေရတာ၊ ပင်ပန်းနေပြီ”လို့ ပြန်ပြော တော့ ပထမ စိတ်ဆိုးမိတယ်။ ပြန် စဉ်းစားကြည့် တော့ သူတို့ရဲ့ဘဝ တွေကို ပြန်လေ့ လာ ဖို့ လိုအပ်တယ် ဆိုတာ သွားတွေ့ တယ်။ နိစ္စဓူဝ မနက်မိုးလင်း သူတို့ဘာ လုပ်လဲဆို တာကအစ လေ့လာရ တယ်။ ကိုယ် တိုင်ကတော့ စပါးအိတ် မထမ်းနိုင် ဘူး။ ဒါပေမဲ့ အနီးအနား မှာ နေပြီး တာလီချိုးပေးတယ်။ တံမြက် စည်း လှည်းပေးတာကနေစရပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက် ဘာတွေရှိ လဲဆိုတာကအစ လေ့လာပါတယ်။ အဲ သည်ကနေ တစ်ဆင့်ပြီးတစ် ဆင့် လို တိုးပိုလျှော့လေးနဲ့ ကြိုးစား ခဲ့ရပါ တယ်။
ကျွန်မဝင်ဝင်ချင်းမှာလည်း ဆန် စပါးလောကက တဖြည်းဖြည်း ထောင် တက်သွားတယ်။ မှော်ဘီ ဆိုတာက လည်း နယ်မြို့လိုဖြစ်နေ တော့ ဈေးကွက် အပြောင်းအလဲ က အရမ်းများ ပါတယ်။ တချို့ည တွေဆို အိပ်လို တောင် မပျော်ပါ ဘူး။ ဘာလို့လဲဆို တော့ အစိုးရက သတ်မှတ်တဲ့ စပါး ဈေး က ကျပ်ငါး သိန်း၊ ကိုယ့်အနားက ပေါက်ဈေး က ကျပ်ခြောက်သိန်းတွေ ဖြစ်နေ တယ်။ ဆန်ဈေးက ကျလာ တယ်။ စပါးဈေးက တက်လာတယ်။ Balance ညီဖို့ မနည်းကြိုးစားရပါ တယ်။ တချို့က ပြောကြတယ်။ ဆန် ၂၄ ပြည်ရမှ ငွေလေး ကျပ် ၃ဝဝ/၄ဝဝ လောက်မြတ်ဖို့ကို ဖျစ် ဖျစ်မြည်အောင် ကြိုးစားရတယ်။ ဟိုတယ်မှာ လုပ်ရ တာနဲ့ ဆန်စပါး လောကမှာလုပ်ရတာ ပိုပင်းပန်းရ ပါတယ်။ လယ်ထဲမှာ ပေါက် နေတဲ့ စပါးပင်လေးတွေကစပြီး ဂရုစိုက် ခဲ့ရပါတယ်။ ဓာတ်မြေဩဇာ အ များကြီးမသုံးဖို့ကို လယ်သမားတွေ ကို ပြောရတယ်။ အထွက်နှုန်းတိုး အောင် ဓာတ်မြေဩဇာတွေ အများ ကြီး သုံးတဲ့ အကျိုးဆက် တွေက ဆန် ကြိတ်ခွဲတဲ့အထိ လာ သက်ရောက်ပါ တယ်။ လယ်ထဲအ ထိ ဆင်းရတယ်။ စပါး ခြင်ရတယ်။ တင်းတောင်းနဲ့ စပါးပုံပေါ်က ခြင် ယူတာကအစ ပညာပါ တယ်။ တင်းတောင်းရဲ့အတွင်းဘက် မှာ ထောင့်ချိုးတွေ ချိုးထားလား။ ဘယ်လောက်ခိုးထားလဲဆိုတာက အ စ ပြန်သင်ယူရပါတယ်။ စပါးပွဲစားတွေ ဆီက ပြန်သင်ယူရတာ လည်း ရှိပါ တယ်။ အိတ်ထဲထည့်တဲ့ ပုံတွေ၊ကမာ ရိုက်တဲ့ပုံစံတွေကအစ သူတို့ဆီက ပြန် သင်ခဲ့ရပါတယ်။
ဆန်ရောင်းတယ်ဆိုရင်လည်း ဝါး တန်းလမ်း ကုန်စည်ဒိုင်တို့၊ ဘုရင့် နောင် ကုန်စည်ဒိုင်တို့ကို မနက် ၆းဝဝ နာရီလောက် သွားရ တယ်။ သွားပြီး တော့ ဘယ်လို အ ရောင်းအဝယ်လုပ် နေ လဲ၊ ဘယ် ဟာတွေက ဈေးသက် သာ လဲ၊ ဘယ်လိုဟာတွေက တန်းမြင့် ဆန် တွေ ဖြစ်နေလဲ လိုက်လေ့လာရပါ တယ်။ ကိုယ့်ဒေသကထွက်တဲ့ဟာ နဲ့ သူတို့ဆီမှာ တန်းမြင့်ဝင်နိုင် အောင်လို့ ကြိုးစားရပါတယ်။
ကျန်းမာရေးဆန်
(ပေါင်းဆန်)
ကျန်းမာရေးဆန်ကို ထုတ်ဖြစ် သွားတာကတော့ ကျွန်မရဲ့အမေ ဆီး ချို ရောဂါဖြစ်တာကနေ စပါ တယ်။ ညီမလေးက အိုဗာဝိတ်ပေါ့ နော်။ သူ က အရမ်းပိန်ချင်တယ်။ အမေက ထ မင်းခိုးစားတယ်။ ညီမ က ပိန်ဆေးတွေ သောက်တယ်။ အ မြဲတမ်း နှစ်ယောက် စလုံးကို မိသား စု ဆရာဝန်ဆီ လိုက်ပို့ နေ ရတယ်။ ကျန်းမာရေးက မကောင်း လာကြ ဘူး။ ဆန်စပါးလောကကို ဝင် လိုက် တဲ့အချိန် စပါးမျိုးတွေ၊ ဆန်အ မျိုး အစားတွေ လေ့လာလိုက်တဲ့အခါ ကျန်းမာရေးဆန် (ပေါင်းဆန်) ကို စတွေ့တယ်။ သုတေသနလုပ် ကြည့် တယ်။ ပါဝင်တဲ့ အာဟာရ ဓာတ်တွေ ကို လေ့လာတယ်။ ပေါင်း ဆန်ကို ယုံ ကြည် စိတ်ချစွာနဲ့ ထုတ် လုပ်နိုင်ပြီဆို တဲ့ အခါ အမေနဲ့ ညီမ ကို စမ်းပြီး စား စေတယ်။ အမေက မနက်လင်းလာ တာ နဲ့ ဆီးချိုတိုင်း တာ ၂၈၀ လောက် ရှိတယ်။ သည် ဆန်စားပြီး နောက်ပိုင်း မှာ ဆီးချို က ၁၄၀/ ၁၂၀/ ၁ဝဝ ဝန်း ကျင် ပုံမှန် အတိုင်း ဖြစ်လာတယ်။
ညီမလေးဆိုရင်လည်း သည် ဆန် စားပြီးနောက်ပိုင်းမှာ အိုဗာ ဝိတ်ကနေ တဖြည်းဖြည်းကျလာ ပါတယ်။ ဆွေ မျိုး နီးစပ်နဲ့ သူငယ် ချင်းတွေကိုလည်း သည်ဆန်ကို စမ်းသပ်ပြီး စားသုံးစေ တဲ့ အခါ ကျန်းမာရေးဆန်ရဲ့ အကျိုး သက် ရောက်မှုတွေက ခိုင်လုံတယ်လို့ ပြောလို့ရတယ်။ အဲသည်ကနေ ကာ စတန် မာတွေဆီချပြတာဟာ တစ်နှစ် ခွဲလောက်ရှိသွားပါပြီ။ လူ တိုင်းစား ဖို့ဆိုရင် သည်ဆန်ကို ဓာတ်ခွဲခန်း တွေ မှာ စစ်ထားတဲ့ အ ဖြေတွေ၊ သက်ဆိုင် ရာ ဆရာဝန် တွေရဲ့ ထောက်ခံချက် တွေ ရယူပြီး ပြည်သူတွေကို ပညာပေး တဲ့ ပွဲလေးတွေ လုပ်ပေးပါမယ်။ ဈေး နှုန်းကိုလည်း လျှော့နိုင်သမျှ လျှော့ နိုင်အောင် အခြေခံလူတန်းစား အထိ စားနိုင် အောင် ထုတ်လုပ်နိုင် တဲ့ နည်း လမ်း တွေ ရှာဖွေသွားမှာ ပါ။ ကျန်းမာ ရေးဆန်ကို ထုတ်လုပ် တဲ့နေရာမှာ အိန္ဒိယ နည်းပညာကို အသုံးပြု ထားပြီး ဂျာမနီစက်တွေနဲ့ ကြိတ်ခွဲ တာ ဖြစ် တယ်။
ထုတ်လုပ်ပုံအဆင့်ဆင့်
ကျန်းမာရေးဆန်ကို ထုတ် လုပ်တဲ့ နေရာမှာ စပါးဘဝကနေ အဆီ စ ထုတ် ရပါတယ်။ အဲသည် နေရာမှာ ဓာ တုဗေဒပစ္စည်းတွေ လုံးဝ သုံးမထား ပါဘူး။ သဘာဝ နည်းပညာအတိုင်းပဲ အရင်ဆုံး ရေနဲ့ ၆၀ ဒီဂရီကနေ ၈၀ ဒီ ဂရီအထိ အပူပေးပါတယ်။ ကြက် သိမ်း နွေး အခြေအနေမှာ စပါးတွေ ထည့်ပြီး မော်တာနဲ့မွှေပါတယ်။ ရှစ် နာရီကြာ ထားပြီးရင် အဲသည်ရေတွေ ကို ဖောက်ချပါတယ်။ ဆန်အတွင်းမှာ ရှိတဲ့ ရေမှာပျော်ဝင်နိုင်တဲ့ ကစီ ဓာတ် တွေ၊ အချိုဓာတ်တွေဟာ ရေနဲ့ ပါ သွား ပါတယ်။ တ ခြား ဗီတာမင် အေ တွေ၊ ဘီတွေ ဇင့်ဓာတ်တွေလည်း ပါ သွားပါ တယ်။ နောက်ထပ် ဒုံး ကျည် ပုံစံမျိုး ထည့်စရာထဲမှာထည့်ပြီး ရေနွေး ငွေ့နဲ့ ၁၅ မိနစ်ကြာ ပေါင်းပေး ရပါ မယ်။ အဲသည်အခါ ပွနေတဲ့ ဆန် သားတွေ က ပြန်ကျစ်သွားပြီး စပါး ခွံနဲ့ ဆန်သား ကြားမှာရှိတဲ့ ဖွဲနုု ဓာတ် တွေက ဆန်ထဲ ကို ပြန်ဝင် သွားပါ တယ်။ ဖွဲ့နုထဲမှာ ပါ ဝင်တဲ့ ဗီတာမင် အေ၊ ဗီတာမင်ဘီနဲ့ ဇင့် ဓာတ်တွေက သည်ဆန်ထဲကို ပြန်ဝင် လာ ပါတယ်။ ၁၅ မိနစ်ကြာ တဲ့အခါ စပါး ကို ဖောက်ချ တယ်။ အခြောက် ခံတယ်။ ပြီးတော့ ကြိတ် လိုက်တဲ့အခါ ကျန်းမာရေးဆန် ဖြစ် တဲ့ ပေါင်းဆန်ကို ရရှိပါတယ်။
သည်ဆန်က အဆီဓာတ်ပါ ဝင်မှု နည်းတာကြောင့် ဆီးချိုရော ဂါသည် တွေ၊ နှလုံးသွေးကြော ကျဉ်းတဲ့ သူ တွေ၊ ကိုလက်စထရော များနေတဲ့ သူ တွေ၊ ကိုယ်အလေး ချိန် လျှော့ချချင်တဲ့ သူတွေအတွက် ရည်ရွယ်ပြီး ထုတ် လုပ် ပါတယ်။ သည်ဆန်ကို စားသုံး တဲ့သူတွေ ဟာ ဗီတာမင်ဘီအပြည့် အဝ ပါဝင် တာကြောင့် နှလုံးရောဂါ၊ သွေးတိုး ရောဂါဖြစ်တာတွေကနေ ကာ ကွယ်ပေးပါတယ်။ ဖိုက်ဘာ (အ မျှင် ဓာတ်) ပါဝင်တာကြောင့် အစာ ကြေလွယ်ပြီး ဝမ်းချုပ်သူတွေကို လည်း ဝမ်းမှန်စေပါတယ်။ ဇင့် ဓာတ် အ ပြည့်အဝ ပါဝင်တာကြောင့် ရောဂါ ကို တိုက်ထုတ်ပေးတဲ့ ဆဲလ် အသစ် တွေကို ဖြစ်ပေါ်စေပြီး ကိုယ် ခံစွမ်းအား မြှင့်တင်ပေးပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ စားသုံး ရင်လည်း ကလေး ငယ် ကို သူငယ် နာရောဂါ ကင်းစေပါ တယ်။
ကျွန်မက ကျန်းမာရေးဆန်လို့ အမည်ပေးထားတဲ့ ပေါင်းဆန်ကို တော့ ဧရာဝတီတိုင်းဘက်မှာ အ များ ဆုံး ထုတ်လုပ်ပါတယ်။ ပြည်ပ ကို တင်ပို့တာများပါတယ်။ ကျွန်မ အနေနဲ့ ပြည် တွင်းကို စဖြန့်တာ တစ်နှစ်ခွဲလောက်ရှိပါပြီ။ လူတွေ က အရင်က စား လို့ကောင်းတာကို ကြိုက်တယ်၊ ခံ တွင်းတွေ့တာကို ကြိုက်တယ်။ ဒါပေမဲ့ အသိပညာ မြင့်လာတော့ ကျန်းမာ ရေးကို လိုက်စားလာကြတယ်။ ဩဂဲ နစ်ကို စားသုံးလာကြတယ်။ ကျန်းမာ ရေး ကို လိုက်စားတဲ့သူတွေကတော့ ကျန်းမာရေးဆန်ကို မှာ စားလာကြ ပါတယ်။ လက်ရှိမှာ အညာဒေသ ဘက်တွေကစပြီး မှာစားတာ များ လာ ပါရတယ်။ ဘိတ်၊ ထားဝယ် ဘက်က လည်း အမှာများလာပါ တယ်။
ဘက်စမာတီ
နိုင်ငံခြားကနေ ဘက်စမာတီ ဆိုတဲ့ အမျိုးအစားက အိန္ဒိယက နေ ဝင်လာတယ်။ ဆီးချိုသမား တွေစား တာများပါတယ်။ ဈေးအ ရမ်းကြီးပါ တယ်။ ဆန်တစ်အိတ်ကို ကျပ်တစ် သိန်း ခွဲပတ်လည်လောက် ရှိပါတယ်။ ငွေကြေးချမ်းသာတဲ့သူ တွေပဲ စားနိုင်ပါတယ်။ လူလတ် တန်းစားနဲ့အခြေခံ လူတန်းစားတွေ အတွက် ထုတ်ကုန် တစ်ခု လိုအပ် နေပါတယ်။ ဟိုကနေ မျိုး ယူပြီး သည်မှာ စမ်းသပ်စိုက်ကြ တယ်။ ရှမ်းပြည်မှာ စိုက်တယ်။ လက်ရှိ မှာ ပြည်တွင်းကထွက်တဲ့ ဘက်စမာ တီဆိုပြီး တံဆိပ်အမျိုးမျိုးနဲ့ ထုတ် လုပ် တယ်။ ဈေးထဲမှာလည်း ပြည် ချင်နဲ့ ရောင်းကြပါတယ်။
လက်ရှိ ကျွန်မရဲ့ ကျန်းမာရေး ဆန် ကတော့ ရိုးရိုးမြန်မာနိုင်ငံ ထွက်တဲ့ ဈေးသက်သာတဲ့ ဧည့် မထဆန် အမျိုး အ စားကနေ ထုတ် လုပ်ပါတယ်။ ဈေး သက်သာတဲ့ ဆန်အမျိုးအစားဖြစ်ပြီး လုပ် ဆောင်ခလေးပဲ ယူထားတဲ့ အ တွက် ဘက်စမာတီထက်တော့ ဈေး အများကြီး သက်သာပါတယ်။ အား သာချက်ကတော့ ဈေးသက် သာတာ ပါပဲ။
ကျန်း မာ ရေး ဆန် ကို တင် ရောင်း စဉ်တုန်းက မရောင်းရပါ ဘူး။ အကုန် လုံးကို လက်ဆောင် ပေးလိုက်ရတယ်။ အများက ပြော ဖူးတယ်။ မလှူတတ် ရင်ဈေးရောင်း ပေါ့။ လက်ဆောင်တွေ ပေး ပေးနေ ရာကနေ သည်ဆန် အ ကြောင်း သိလာကြတော့ တဖြည်း ဖြည်း နဲ့ ရောင်းလာရတယ်။ ပြည် တွင်းစား သုံးမှုက တစ်လကို တစ်တန် ကနေ နှစ်တန်အထိ တက်တက်လာပါ တယ်။ ကိုယ်စားလှယ်ယူချင်တဲ့သူ တွေဆိုရင် မန္တလေး၊ ကျောက်ပန်း တောင်း၊ မူဆယ်နဲ့ မြိတ်ဘက်က နေ ဆက်သွယ်လာတယ်။ နောက် ပိုင်းမှာ အခြေခံလူတန်းစားတွေပါ စားနိုင် အောင် ဈေးနှုန်းတွေကို သည်ထက် နိမ့်ရောင်းနိုင်အောင် စီစဉ်နေတယ်။
နောက်ထပ် မြန်မာ မုန့်အမျိုးမျိုး၊ ပေါင် မုန့်၊ ကြာဆံ၊ ခေါက်ဆွဲတွေအထိ ထပ် လုပ်ဖို့ ရှိပါ တယ်။ လက်ရှိမှာ သိဒ္ဓိ ကို မိတ်ဆက် တဲ့ အနေနဲ့ နို့ဆီဘူးနှစ်ဘူး ဝင်နဲ့ ခြောက်ဘူး ဝင် ပါကင် ထုပ် က လေး တွေနဲ့လည်း ဖြန့်ချိနေပါတယ်။ နှစ် ဘူးဝင် ပက်ကင်ထုပ်ကို ကျပ် ၁ဝဝဝ၊ ခြောက်ဘူးဝင်ပက်ကင် ထုပ်ကို ကျပ် ၂၈ဝဝ နဲ့ ဖြန့်ချိရောင်းချ ပါတယ်။ အား လုံးရဲ့ ကျန်းမာရေးကို ဖြည့် ဆည်းပေး ဖို့ ကျန်းမာရေးဆန်ကို ထုတ်လုပ်ပါ တယ်။ ကျန်းမာလှပဖို့ ဆို သိဒ္ဓိဆန်ကို စားကြပါလို့ တိုက် တွန်း ချင်ပါတယ်။
Ref: https://www.kumudranews.com/news-32359
No comments:
Post a Comment