Popular Posts!

Wednesday, February 6, 2019

ရွှေဘုံပေါ်မှာ အသပြာထုတ်ကို ခေါင်းအုံးလုပ် ဒေါ်လာကို မွေ့ရာလိပ်ပြီး အိပ်ခဲ့တဲ့ သူဌေးသားဗျာ ဖတ်ကြည့်ပါဦး



တစ်ချိန်က ရွှေဘုံပေါ်မှာအသပြာထုတ်ကို ခေါင်းအုံးလုပ် ဒေါ်လာကို မွေ့ရာလိပ်ပြီး အိပ်ခဲ့တဲ့ သူဌေးသား ၊ မရှိဆိုတဲ့ စကားကို မကြားဖူးအောင်ထိ ပြည့်စုံတဲ့ သူဌေးသား သူဌေးသမီးတွေ ၀ိုင်းဝိုင်းလည်ခဲ့တဲ့ သူဌေးသား၊ လက်ညှိုးထိုး ဘာမဆိုဖြစ်နိုင်ခဲ့တဲ့ သူဌေးသား ၊ ဟင်းခွက် တစ်ရာနဲ့စားခဲ့တဲ့ သူဌေးသား၊ အကောင်းဆုံး စားဖိုမှူး တွေရဲ့ လက်ရာတွေကို တစ်နေ့တစ်ခြား မရိုးရအောင် စားခဲ့တဲ့သူဌေးသား။

အော်.. ခုတော့……
ရွာအသီးသီး လမ်းအသွယ်သွယ်မှာ ရပ်ဆွမ်းခံကြွပြီး ရလာတဲ့ဆွမ်းကြမ်း ဆင်းရဲ ချမ်းသာ မဟူ သဒ္ဓါဆွမ်းတွေဆိုတော့ အေးအေး ပူပူ ဆွမ်းအလှူရှင်တွေကို မေတ္တာပို့ ဓမ္မကိုနှလုံးပြုပြီး ဆွမ်းဘုန်းနေရတဲ့ အချိန်တွေ ၊တောနက်ထဲက ဓနိထန်းရွက် ကာထားတဲ့ ကြမ်းတမ်းတဲ့ ၀ါးကျောင်းပေါ်မှာပဲ ဓမ္မကိုအဖော်ပြုပြီး ပျော်ရွှင်ရတဲ့ ပီတိတွေကို လောကမှာ ဘာနဲ့ အစားထိုးနိုင်ပါအံနည်း…….

US$9.6 billion ချမ်းသာပြီး ၊ မလေး, ထိုင်း, သီရိလင်္ကာ, ပြင်သစ် ,အမေရိကန်စသည့် နိုင်ငံတကာတွင် စီးပွားရေး ကုမ္ပဏီများစွာ ပိုင်ဆိုင်ထား တဲ့ မလေးရှား သူဌေး Anada Krishnan ရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ ဆရာတော် အရှင် သီရိပုညော ဖြစ်ပါတယ်။ကမ္ဘာမှာ အချမ်းသာဆုံး နံပါတ် 89 ကိုရထားတဲ့ တစ်ဦးတည်းသော သား အရှင်သီရိပညော ဟာ UK မှ -Speaks 8 different languagerls ဖြင့် ဘွဲ့ရထားသူ လည်းဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မတွေကို တွေ့ထိတဲ့နေ့က စပြီး US$9.6 billion စည်းစိမ်ကိုစွန့်ကာ သာသနာမှာ အပြီးပိုင် ဝင်ရောက်သွားတော့..

ခမည်းတော်နှင့် မယ်တော်ခမျာ ဝမ်းနည်းဝမ်းသာဖြင့် လျှောက်တင်ရပြီလေ” သားရေ အဖေ အမေတို့ ပိုင်ဆိုင် ထားတဲ့ သန်းပေါင်းများစွာသော စည်းစိမ်ဥစ္စာတွေ ကို သားကျောင်းပြီးရင် အမွေအားလုံး လွဲပြောင်းတော့မလို့စာချုပ်စာတမ်း ရှေ့နေတွေနှင့်တကွ အဆင်သင့် လုပ်ထားနေတဲ့ကြားက ရဟန်းဝတ်သွားတော့ အဖေ အမေတို့ မျှော်လင့်ချက်တွေအားလုံး သဲထဲရေသွန်သလို ဖြစ်ရပြီပေါ့ကွယ် သားရေ အဖေ အမေတို့လည်း အသက်ကြီးနေပါပြီကွယ် ပြန်သေချာ စဉ်းစားပါအုန်းနော်..” လို့မိဘတွေ အတန်တန် ပြောဆိုခဲ့ပေမယ့်သူဟာ အမှန်တရားကို ရှာဖွေချင်တဲ့ စိတ်ကပြင်းပြနေလေတော့ သန်းပေါင်းများစွာသော စည်းစိမ်တွေနှင့် မိဘတွေရဲ့ မေတ္တာ ကို ဥပေက္ခာပြုပြီး “အသေမဦးခင် ဥာဏ်ဦးရမည်”လို့ ထိုင်းဆရာတော် Ajahn Chah ရဲ့တရားတွေက သူ့ရဲ့နားထဲမှာ အထပ်ထပ် ကြားလေတော့ “မရဏာနုဿတိ” ကို နှလုံးသွင်းပြီး သပိတ်တစ်လုံး သင်္ကန်း တစ်ထည်တည်း နဲ့ တောရပ်မြိုင်သွားပြီး ထိုင်းဆရာတော် Ajahn Chah ကို ဥပဇ္ဈာယ်ပြုပြီး တောထဲမှာ တရားအားထုတ် ခဲ့တဲ့ ရဟန်းငယ်ပေါ့ ခုတော့ နိုင်ငံတကာကြွပြီး တရားပြတဲ့ ဆရာတော်တစ်ပါးဖြစ်နေပါပြီ…(သစ္စာတရားကို တန်ဖိုးထားတတ်တဲ့လူဟာ ဘာကို မဆို စွန့်လွှတ်ရဲရမည် )

တစ်ချိန်တုန်းကတော့ ကမ္ဘာ့မီဒီယာလောကကို လှုပ်ကိုင်ခဲ့တဲ့ သူဌေးသားရဟန်းငယ်ပေါ့… သတင်းမျက်နှာဖုံးပေါ်မှာစာလုံးကြီးနဲ့ သူဌေးသား ရဟန်းဝတ်တဲ့အကြောင်းတွေ ပလူပျံခဲ့ဖူး တဲ့ ဆရာတော်ပါ။

ခုဆိုရင် ထိုင်း-မြန်မာ Dtao Dum တောနက်ကြီး နယ်စပ်မှာ ဓုတင် တောရပ်ဆောက်တည် သီတင်း သုံးနေပါတယ်။ ခုတော့ နိုင်ငံတကာ ကြွပြီး ကိုယ်တွေ့ တရားဟောကြားနေပါတယ်။

Credit : Ashin Pannathiha :https://medialann.com/8870/%E1%80%B1%E1%82%90%E1%82%8A%E1%80%98%E1%80%B6%E1%80%AF%E1%80%B1%E1%80%95%E1%81%9A%E1%80%99%E1%80%BD%E1%80%AC-%E1%80%A1%E1%80%9E%E1%81%BF%E1%80%95%E1%80%AC%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%80/


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!