[Zawgyi]
[Unicode]
လှိုင်သာယာက ဂရန်အမည်ပေါက်ရမယ့် မြေကွက်တွေ သိန်း ၂ဝဝ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ - ကျပ်သိန်း ၂ဝဝ နဲ့ ဂရန်အမည်ပေါက်ရမယ့် လှိုင်သာယာမြို့နယ် ရန်ကုန်- ပု သိမ်ကားလမ်းမကြီးပေါ်က ဘက် စုံသုံးမြေကွက်တွေကို ဝယ်ယူနိုင် မှာပါ။
စီးပွားရေးစတင်လုပ်ကိုင်ဖို့ စီ စဉ်နေသူတွေ၊ စီးပွားရေးလုပ်ငန်း ထပ်မံတိုးချဲ့ဖို့ စီစဉ်နေသူတွေအ တွက် သင့်တော်မယ့်လှိုင်သာယာ မြို့နယ် ရန်ကုန်- ပုသိမ်ကားလမ်း မကြီးပေါ်က ဘက်စုံသုံးမြေကွက် တွေနဲ့ shop house တွေ ရှိနေပါ တယ်။ စုစုပေါင်းမြေအကျယ် အ ဝန်း ၇၈,၆ဝဝ စတုရန်းပေ ဂရန်အ မည်ပေါက်အမျိုးအစားအပေါ်မှာ ပေ ၂၀ x ပေ ၆၀၊ ပေ ၂၀ x ပေ ၉၀ အကျယ်အဝန်းနဲ့ ဘက်စုံသုံးမြေ ကွက်နဲ့ shop house တွေ ဖြစ်ပါ တယ်။
ငွေပေးချေမှုပုံစံအနေနဲ့ အ နည်းဆုံး သိန်း ၂ဝဝ ခန့်ကို ၁၈ လ အရစ်ကျစနစ်နဲ့ ပေးချေနိုင်မှာဖြစ် ပါတယ်။ ဒါ့အပြင် သိန်း ၄ဝဝ ခန့် တန်ဖိုးရှိတဲ့ 1 storeyed, 2 store-yed shop house တွေကိုလည်း ကနဦး ၅၀ ရာခိုင်နှုန်းကို ၁၈ လအ တွင်း ပေးချေရုံနဲ့ အဆောက်အအုံ ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို တစ်နှစ်မှ ငါးနှစ်အ တွင်း အိမ်ရာချေးငွေနဲ့ အရစ်ကျ ဝယ်ယူနိုင်မှာပါ။
ဘက်စုံသုံးမြေကွက်နဲ့ shop house တွေကို လာမယ့် ဖေဖော်ဝါ ရီလ ၉ ရက်၊ ၁၀ ရက် စိန်ဂေဟာ (လှိုင်သာယာ)နဲ့ Myanmar Culture Velly နှစ်နေရာစလုံးမှာ တစ်ပြိုင်တည်း ပြပွဲကျင်းပမှာဖြစ် ပါတယ်။ ပြပွဲကို ဖေဖော်ဝါရီ ၉၊၁၀ ရက်နေ့ မနက် ၉းဝဝ နာရီမှ ညနေ ၆းဝဝ နာရီအထိ ပြုလုပ်မှာ ဖြစ် ပါတယ်။
အနီးအနားရှိ ထင်ရှားတဲ့ နေ ရာတွေမှာ ကမ္ဘောဇဘဏ်၊ ဒဂုံ ဧရာအဝေးပြေး၊ ရန်ကုန် နည်းပညာတက္ကသိုလ်၊ မြန်မာဖော့စက် ရုံ၊ Scania Myanmar, ABC store ၊ အမှတ် (၉) ရဲစခန်း၊ ကုန် တင်ယာဉ်ရပ်နားစခန်း၊ Max ဆီ ဆိုင်၊ SKY Hotel ၊ ကမ်းသာယာ အိမ်ရာတို့ ဖြစ်ပါတယ်။
Author: မေသက်: https://www.kumudranews.com/news-32254
No comments:
Post a Comment