Popular Posts!

Thursday, February 14, 2019

အရမ်းလည်းမွှေး၊ အရမ်းလည်းစိမ့်တဲ့ လဖက် ကြက်ဥ ပြုလုပ်နည်းအဆင့်ဆင့် “




ကြက်ဥ ၁၀ လုံးစာ လုပ်ရတာ လွယ်ကူပါတယ်။

ပါဝင်ပစ္စည်း

– ကြက်ဥ၁၀လုံး

– လက်ဖက်ခြောက် ထမင်းစားဇွန်း ၂ဇွန်း

– နာနတ်ပွင့် ၄ ပွင့်

– ကရဝေးရွက် ၂ ရွက်

– ဂျင်း ၂ ပြား

– သစ်ဂျပိုးခေါက် ၁ ခု

– ငရုပ်သီး အနီခြောက် ၂ တောင့်

– ဟွားကြောင်း (မာလဟင်းထဲက လျှာထုံ) (မရှိလျှင်ငရုပ်ကောင်းလှော်မှုန့်ထည့်) လက်ဖက်ရည်ဇွန်း ၂ ဇွန်း

– သကြား ထမင်းစားဇွန်း ၁ ဇွန်း

– ပန်းကန်လုံးမှာ ပဲငံပြာရည် အကြည် ၁ ပုံ အနောက် ၃ ပုံရော

လဖက်ကြက်ဥ ပြုလုပ်နည်း

– ကြက်ဥကို ၁၀မိနစ်ပြုတ်

– အအေးခံပြီး ဇွန်းနဲ့ အခွံကို အက်အောင် အသာလေးရိုက်

– ပြုတ်မဲ့အိုးမှာ ရေ(ကြက်ဥနစ်သလောက်) အစာပလာတွေနဲ့ ကြက်ဥနဲ့ရော်ပြီး ပြုတ်

– ပွက်ရင် မီးအေးအေးနဲ့ မိနစ် ၃၀ ပြုတ်

– ပြီးရင် စားလို့ရပါပြီ။

အရသာ ပိုကောင်းချင်ရင် ရေခဲသေတ္တာမှာ တစ်ည ပြုတ်ရည်နဲ့စိမ်ထားပါ နှစ်ညလောက်ဆို ပိုပြီးကောင်းပါတယ်။

အရသာက အထဲထိ ပိုဝင်ပါတယ်။ အေးနေတဲ့ ကြက်ဥကို သူ့အရည်နဲ့ ပူအောင် ပြန်ပြုတ်ပြီး ပူပူလေး စားလို့ရသလို အေးအေးလေးလည်း စားလို့ကာင်းပါတယ်။

(ကြက်ဥ ဘဲဥအပြင် ကြက်ဘဲဝက်တို့ ပဲပြားတို့ ပြုတ်စားလည်း ကောင်းပါတယ်)

မှတ်ချက် – အရသာ ရှိရှိ စားချင်ပါက ၆ နာရီခန့်မျှ ပြုတ်ပေးပါ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!