Popular Posts!

Monday, February 11, 2019

စင်္ကာပူရဲ့ နိုင်ငံခြားသား (ပတ်စ်) ကိုင်ဆောင်သူ ဦးရေ






၂၀၁၃ ခုနှစ် ၂၀၁၈ ကာလထိ စင်္ကာပူရဲ့ နိုင်ငံခြားသား ပတ်စ်ကိုင်ဆောင်သူ ဦးရေကို အမ်အိုအမ်ကနေ ထုတ်ပြန်ခဲ့တဲ့ စာရင်းပါ။

လွန်ခဲ့တဲ့ ၅ နှစ်ကာလကတည်းက စင်္ကာပူအစိုးရဟာ ပြည်တွင်းမှာခန့်ထားတဲ့ နိုင်ငံခြားသား ဝန်ထမ်းဦးရေ နှစ်စဉ်တိုးမြှင့်ခြင်းကို ခွင့်မပြုဘူးလို့ ပြောဖူးပါတယ်။ ပြောတဲ့စကားဟာ အင်မတန်မှ လိမ္မာ ပါးနပ်တယ်။ ဘာလို့လဲဆိုတော့ နှစ်စဉ်ဆိုသလို ပြည်တွင်းက လုပ်ငန်းတွေအတွက် ခန့်ထားတဲ့ နိုင်ငံခြားသားဝန်ထမ်းဦးရေကို အမြဲ တိုးမြှင့်လာတာမျိုး မလုပ်ဖူးဆိုတာဟာ လက်ရှိ အရေအတွက် လျှော့ချမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ လူပြိန်းနားလည်အောင် ပြောရရင် လူထပ်ပြီး အပိုမခေါ်ဘူးလို့ ပြောတာပါ။

စင်္ကာပူအစိုးရအနေနဲ့ အခုလို ပြောရတာဟာ နိုင်ငံသားအချို့နဲ့ အတိုက်ခံပါတီများဘက်မှ နိုင်ငံခြားသားမလိုလားမှုတွေ အကြောင်းပြပြီး လက်ရှိအစိုးရကို ပြည်သူ ထောက်ခံမှုကျဆင်းအောင်လုပ်နေတဲ့ လုပ်ရပ်များကို ပြန်ပြီးတုန့်ပြန်တာပါဘဲ။ ဒါတွေက နိုင်ငံရေး လုပ်ရပ်တွေပါ။

ဒါပေမယ့် လက်ရှိ ပြည်တွင်း စီးပွားရေးတိုးတက်နှုန်းမကောင်းဘူးလို့ ညည်းတွားနေသည့်တိုင် အသေးစား၊ အလတ်စားအပါအဝင် ကုမ္ပဏီကြီးများမှာ ဝန်ထမ်းမလုံလောက်တာတွေ ရင်ဆိုင်နေရဆဲပါ။ ကုမ္ပဏီတွေအတွက် နိုင်ငံခြားသားဝန်ထမ်း ကိုတာတွေ ဖြတ်ချနေတာတွေရယ်၊ နိုင်ငံသားဝန်ထမ်းမလုံလောက်တာတွေဟာလည်း လုပ်ငန်းများအတွက် အကျိုးသက်ရောက်မှုများကို အစိုးရဘက်မှ ထိုက်သင့်သလို ဖြေရှင်းပေးနေရဆဲပါ။

ဒါကြောင့်လည်း အမ်အိုအမ်ရဲ့ စာရင်းအရ နိုင်ငံခြားသား ဦးရေဟာ EP နဲ့ ဆောက်လုပ်ရေးက WP ကိုင်ဆောင်သူတွေသာ မဆိုသလောက် ကျဆင်းခဲ့ပေမယ့် ကျန်တဲ့သူတွေ ဦးရေကတော့ မြင်တဲ့အတိုင်း ပိုပြီးတိုးလာပါတယ်။

အခုလိုမျိုး နိုင်ငံခြားသားတွေ ပိုပြီးခန့်ထားတာကို သာမန် နိုင်ငံသားများနဲ့ အောက်ခြေအလုပ်တွေကို လုပ်ကိုင်နေသူ နိုင်ငံသားအပါအဝင်၊ နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနဲ့ အပြိုင်လုပ်နေရသူ ဒီနိုင်ငံသားတွေကတော့ လုံးဝ မလိုလားပါဘူး။ ဒါကြောင့်လည်း ဒီလူတွေမှာ နိုင်ငံခြားသား မုန်းတီးတဲ့ စိတ်များ ကိန်းအောင်းနေတာကြောင့် မနေ့က သတင်းလို မြန်မာတစ်ဦး ဆိုင်က ပိုက်ဆံ အလွဲသုံးစားလုပ်တယ်ဆိုတာမျိုးမှာ အားပါးတရ ဆွမ်းကြီးလောင်းကြတာပါဘဲ။

ဒီလိုမျိုး နိုင်ငံခြားသား မုန်းတီးတဲ့ သူတွေရှိနေသလို နိုင်ငံခြားသားမခန့်ရင် စီးပွားရေးလည်ပတ်မှု အဆင်မပြေနိုင်တဲ့ လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားသားများနဲ့အတူ ရောနှော လုပ်ကိုင်နေသူ နိုင်ငံသားတွေမှာတော့ အခုလို ဆွမ်းကြီးလောင်းဖို့တောင် မစဉ်းစားနိုင်ပါဘူး။ မကျေနပ်တဲ့သူတွေဟာလည်း သူတို့ခံစားချက်တွေကို အခုလိုသတင်မျိုးကြုံရတိုင်း အမြဲရင်ဖွင့်တတ်တာမို့ မြန်မာတွေ ဥပေက္ခာပြုနိုင်ရင် စိတ်သက်သာရာရပါလိမ့်မယ်။

ဘယ်လိုဘဲ မကျေမနပ်ဖြစ်နေပါစေ အမ်အိုအမ်စာရင်းအရ စင်္ကာပူရဲ့ နိုင်ငံခြားသား ဝန်ထမ်းဦးရေကတော့ နှစ်စဉ်တိုးနေဆဲပါ။ ဒါကြောင့် မြန်မာတွေကို စီအန်အေ သတင်းပို့စ်အောက်မှာ စလုံးတွေ နှိပ်ကွပ်နေပေမယ့် အစိုးရကတော့ လုပ်စရာရှိတာ လုပ်နေဆဲ ခန့်စရာရှိတဲ့ သူတွေကို အလုပ်လုပ်ခွင့်ပေးနေဆဲမို့ သူတို့ ရေးတာတွေကို ဥပေက္ခာ ပြုထားလိုက်ပါ အမျိုးတို့....

စလုံးမှာ အမျိုးတို့ မရှိလို့ မဖြစ်ပါ၊ ကဲ...ကျေနပ်တော့

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!