Popular Posts!

Saturday, February 9, 2019

#တောပျား နှင့် မွေးမြူရေး ပျား (ဆေးဘက်ဝင် အာနိသင်)

#တောပျား နှင့် မွေးမြူရေး ပျား (ဆေးဘက်ဝင် အာနိသင်)

       ပျားနှင့်ပါတ်သက်၍ လူတိုင်းမသိသေးသည့်အကြောင်းအရာတွေရှိနေပါသည်။

        မွေးမြူရေးပျား နှင့်ပါတ်သက်ပြီးမိမိသည်တာဝန်ခံနှင့်ပျားရည်ထုတ်လုပ်ရေး တာဝန်ယူခဲ့ဘူးရာ မွေးမြူရေးရုပ်ရှင်ကြည့်ရခြင်းနှင့်လက်တွေသဘော ပေါင်းစပ်ပြီး ဤ ပို့ကို တင်ပြထားခြင်းဖြစ်ပါသည်။

          #ပျား #အမျိုးအစား

         ကျောင်းသုံးစာအုပ်တွင်ပါရှိသည့်အတိုင်း ပျားဘုရင်မ၊ပျားထီး၊လုပ်သားပျားဟုသုံးမျိုးရှိသည်။ ပျားဘုရင်မသည်သားဥ ဥပေးခြင်း၊ပျားထီးသည်မိတ်လိုက်ခြင်းနှင့် လုံခြုံရေး၊လုပ်သားပျားက အစာရေစာရှာဖွေရခြင်းတို့တာဝန်ယူလုပ်ဆောင်ကြရသည်လူ၊ တိုင်းလိုသိကြသည်။




         #ပျားဘုရင်မ

         တအုံတွင် တကောင်တည်းရှိသည်။ကိုယ်လုံးပိုရှည်အရွယ်အကြီးဆုံးဖြစ်သည်။ပျားဘုရင်မ ပေါက်ဖွါးလာပါက အရွယ်ရောက်သည့်အခါကိုက်သတ်ပြစ်သည်။အရင်ဘုရင်မမရှိပါက ပျားဘုရင်မ  အချင်းချင်းအသေကိုက်သည်။
           တိုက်ခိုက်လိုခြင်းမရှိသော ပျားဘုရင်မသည် သူ့ကိုသဘောကျသူပျားများ နှင့်ပူးပေါင်းပြီး အိမ်ခွဲ ထွက်သွားသဖြင့် တောပျားဖြစ်သွားသောကြောင့် လူတွေက အိမ်ခွဲပေးရသည်။

           #ပျား ထီး

       လုပ်သားပျားထက် အနည်းငယ်ကြီးသည်။လုံခြုံ ရေးတာဝန်အရ နှောက်ရှက်ဖျက်ဆီးသူ လူ တိရစ္ဆာန်တို့အား အမြီးပိုင်းရှိ အစွယ်ဖြင့်ထိုးသည်။အဆိပ်ပြင်းသည်။သုံးကောင်လောက်အတုပ်ခံရလျှင်လူဆိုဖျားပါသည်။
            လူကိုပျားတုပ်ခံရပါက မိနစ်ပိုင်းအတွင်းပျောက်ကင်းရန် ကျောက်ချဉ်သွေးလိမ်းရသဖြင့် ကျောက်ချဉ်ဆောင်ထားရသည်။
            ပျားထီးသည် အသက်နှင့်လဲ၍ကာကွယ်ရသည်သဘောဖြစ်သည်။အကြောင်းမှာ တုတ်လိုက်သောပျားထီးမှာ မကြာခင်သေဆုံးသွားလို့ပါ။

           #လုပ်သားပျား

            အရွယ်အငယ်ဆုံးဖြစ်သည်။ပန်းပွင့်အသေးအကြီးတို့မှ ဝတ်မှုံ ရည်စုတ်ယူပြီး ပါးစပ်မှ အရည်တမျိုးနှင့်ရောစပ်ကာ သယ်ယူစုဆောင်းပေးရသည်။

             #မိတ်လိုက်ပုံက  ထူးဆန်း

           ပျားဘုရင်မ သည် မိတ်လိုက်လိုသောအခါ ပျားအုံမှ ထွက်ကါ အထက်အမြင်သို့ တဟုန်ထိုးတည့်တည့်ပျံတက်။ပျားထီးတွေက စုပြုံ လိုက်။
 လိုက်မှီသော ပျားထီးတကောင်တည်းဖြင့်သာ မိတ်လိုက်ခံသည်။
             အဲဒီ ပျားထီးက ကံအကောင်းဆုံးဖြစ်ပြီး မကြာခင်ကံအဆိုးဆုံးဖြစ်သွားရသည်။အကြောင်းမှာ မိတ်လိုက်အပြီး မကြာခင်သေဆုံးရ၍ဖြစ်သည်။
ကာမတဏှာက အသက်ကိုသတ်လိုက်တာလို့ ပြောရမှာပေါ့။

             #ပျားရည် အမျိုးအစား

           အဝါ  အဖြူ  ပန်းပွင့်များမှစုပ် ယူရရှိသောပျားရည်မှာ အဝါရောင်။ပန်းပွင့်အသေးမျိုး ဖြစ်သည့်သရက်။ကုက္ကို ပွင့်တို့မှစုပ်ယူရရှိသောပျားရည်သည် အညို ရောင်သန်း။
              ဇီးပွင့်မှ ရရှိသော ပျားရည်မှာ ညိုညစ်ညစ် ဖြစ်ပြီး စားကြည့်ပါကချို ချဉ် အခါးဓါတ် အနည်းငယ်ရှိသည်

             #ပျားရည်ထုတ်လုပ်ပုံ

         ပန်းလှို င်လှို င်ပွင့်ချိန်တွင် ပျားအုံသေတ္တာ များကို သယ်ယူပြီး အနီးတွင်ထားရသည်။ဥပမာ နေကြာတော။သရက်တော။ဇီးတော။
             အခြေအနေအရ ကြည့်ရှုပြီးပျားလဘို့ထုတ်။အရည်ညှစ်။ ပျားသေတ္တာ ငါးဆယ်မှ တကြိမ် ပျားရည်ထုတ်လျှင် ငါးဂါလံဝင် တပုန်းစာရသည်။

          #ပျားရည် အစွမ်းသတ္တိ

           ပျားရည်ကို ဘယ်လောက်ကြာကြာထားထား။မပျက်စီး မှို မတက်။ပရွက်ဆိတ်မစား။

      #တောပျားရည်နှင့်မွေးမြူ ရေး ပျားရည် ဆေးစွမ်း မှု ပြောရလျှင်
            
       ဆေးစွမ်း အတူတူ ဖြစ်ပါသည်။ပျားရည်သည် ဝတ်မှုံ ရည်စုတ်ယူပြီးပါးစပ်မှ အရည်ဖြင့် ရောရတာမျိုးကိုတောပျားရော မွေးမြူ ရေးပျားပါလုပ်ကိုင်ခြင်းတူ လို့ပါ။နေရာသာကွာတာပါ။
                ပျားရည်ကို လူတွေ တုလုပ်၍မရပါ။ပျားပါးစပ်က အရည်ကို အတုလုပ်လို့မရပါ။

             #အထွေထွေ

       ပျားရည်ကို  ကား ရထားဖြင့်ခရီးသွားစဉ် အသည်တွေ့ပါက မဝယ်ပါနှင့်အသင့်ပြင်ထားသောသကာရည်တွေကို ပုလင်းထဲထည့်ထားပြီး ရွာနီးချောင်းစပ်မှ ယင်ပျားအုံ ဖွတ်ပြီး ပုလင်းဝတွင် ထည့်ထားထားခြင်းကြောင့်ပါ။

         စတိုးဆိုင်များမှ ဝယ်ယူပါကပုလင်းကိုဖွင့်ကြည့်ပါ။ပျားရည်သည်ရက်အနည်းငယ်ကြာလျှင် ပျားဖရောင်းအမှုံ များ ပုလင်းဝတွင် တက်ပိတ်ဆို့နေသဖြင့် လောင်းချ၍ ပင်အရည် အပြင်မထွက်ပါ။

          ဆယ်ချိုးတချိုး သကာရည်ရေရောလျှင်တော့ အတုအစစ် ခွဲလို့ ခက်မည် ထင်သည်။မိမိရောင်းချစဉ်အတွင်း ဘာမှ မရောခဲ့ပါ။

          ဇီးပျားရည်ပုလင်းကို  ဇီးပျားရည်ဟု တံဆိပ်ကပ်ပေးပါသည်။

          ပျားဘုရင်မလွဲပြီး ပျားထီးနှင့်လုပ်သားပျားများအား အရွယ် အရောင် မတူညီသော်လည်း လက်တွေ့တွင် ခွဲရခက်သည်။ ရှင်းလင်းလွယ်ကူစွာသိရှိနိုင်ရန် ပျားကောင်သုံးမျိုးစလုံး ယှဉ်ပြပေးထားပါသည်။

         စီးပွါး ဖြစ် မွေးမြူ ထုတ် လုပ်လိုလျှင် အရင်းအနှီး များသည်။ပျားအိမ်များ။ပျားကောင်များ ကိုပျားဂေဟာ တွေမှ  ရောင်းပေးပါသည်။














No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!